စိတ်နှလုံးမှ ပြောသောစကားများ
ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါခင်ဗျာ ၂၀၁၉ ခုနှစ်ကို နှုတ်ဆက်ကြရတော့မယ့် အချိန်ကာလကို ရောက်ရှိလာတာနှင့်အတူ မိမိတို့ဟာ နှစ်သစ် ၁ နှစ်နှင့် ၂၁ ရာစုရဲ့ တတိယမြောက် ဆယ်စုနှစ်သစ် ၁ ခုအတွင်းကို ဝင်ရောက်ကြတော့မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ရောက်ရှိလာမှုနှင့်အတူ နိုင်ငံသား အားလုံးတို့ကို နှုတ်ခွန်းပဏာ ဆက်သလိုက်ပါတယ်။ ဒီနှစ်သက်ဟာ နိုင်ငံရဲ့ တိုးတက်မှုဖြစ်စဉ်ကာလဖြစ်တဲ့ ၂၁ ရာစုနှစ်အတွင်း မွေးဖွားလာကြသူတွေရဲ့ တက်တက်ကြွကြွ ပါဝင်ထမ်းရွက်မှုတွေကို မြင်တွေ့သွားကြရမှာဖြစ်ပြီး အဲဒီလူငယ်တွေဟာ လက်ရှိရာစုနှစ်နှင့်ပတ်သက်တဲ့ အရေးပါမှုတွေကို သဘောပေါက်နားလည်မှုနှင့် ကြီးပြင်းလာကြသူတွေဖြစ်ပါတယ်။ အဲဒီလူငယ်မျိုးဆက်တွေကို ဝေါဟာရ အသုံးအနှုန်း အများအပြားတို့နှင့် ဖော်ပြလေ့ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် အပြောများကြတာကတော့ လူမှုဆက်သွယ်ရေး မီဒီယာ မျိုးဆက်တွေလို့ ဖော်ပြကြပါတယ်။ ဒီမျိုးဆက်တွေဟာ အလွန်ထက်မြက်ထူးချွန်ကြတယ်ဆိုတာ ကျွန်ုပ်တို့အားလုံး အသိပဲ ဖြစ်ပါတယ်။ သူတို့တွေမှာ မတူကွဲပြားတဲ့ ဆန်းသစ်မှု တခုခုပြုလုပ်ဖို့ အိပ်မက်တွေရှိပြီး ကိုယ်ပိုင် ထင်မြင်ချက် အတွေးအခေါ်တွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်...