အမေရိကန်ပြည်ထောင်စုက၊ ပါကစ္စတန်နိုင်ငံကို ဘာသာရေးခွဲခြားသော နိုင်ငံများစာရင်းတွင် ဆက်လက်ထားခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက် အခန်းမှာ အမေရိကန်ပြည်ထောင်စုက၊ ပါကစ္စတန်နိုင်ငံကို ဘာသာရေးခွဲခြားသော နိုင်ငံများစာရင်းတွင် ဆက်လက်ထားခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ AIR သတင်းခွဲခြမ်းစိတ်ဖြာလေ့လာသူ Padam Singh ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ အမေရိကန်ပြည်ထောင်စုဟာ ပါကစ္စတန်နိုင်ငံကို ဘာသာရေးခွဲခြားတာကို သီးခံတဲ့နိုင်ငံများစာရင်းမှာ ဆက်ပြီးသွင်းထားလိုက်ပါတယ်။ အဲဒီစာရင်းဝင်နိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်၊ Eritrea ၊ အီရန်၊ မြောက်ကိုးရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ တာဂျစ်ကစ္စတန်၊ တူကမေနစ္စတန်နဲ့ အခြားနိုင်ငံအချို့ ပါဝင်ပါတယ်။ ဒီနိုင်ငံအားလုံးကို အထူးသဖြင့် စိုးရိမ်စရာကောင်းသောနိုင်ငံများလို့ အမေရိကန်ပြည်ထောင်စုက ဆက်ပြီးသတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက၊ ၁၉၉၈ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အက်ဥပဒေအရ ဘာသာရေးခွဲခြားမှုရှိသောနိုင်ငံတွေကို ဒီလိုသတ်မှတ်တာဖြစ်ပါတယ်။ အဲဒီစာရင်းဝင်နိုင်ငံတွေဟာ၊ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ဆက်ပြီး စနစ်တကျ အကြမ်းဖက် ဖိနှိပ်နေခြင်းကို ဆက်ပြီးသည်းခံနေသောနိုင်ငံများဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ဖေါ်ပြပါတယ်။ အဲဒီစာရင်းမှာ အသွင်းခံရတဲ့နိုင်ငံတွေကို ဝါရှင်တန်က၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအပါအဝင်၊ နောက်ထပ်အရေးယူမှုတွေ ပြုလုပ်နိုင်ပါတယ်။ ပါကစ္စတန်နိုင်ငံကို အဲဒီလိုသတ်မှတ်တာဟာ၊ တမင်ရွေးပြီးလုပ်တာဖြစ်လို့၊ အမေရိကန်တို့ပြောတဲ့ ဘာသာရေးလွတ်လပ်ခွင့် မြှင့်တင်ချင်လို့ဆိုတာကို အထောက်အကူပြုမဲ့ပုံမပေါ်ဘူးလို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကိုးကွယ်တဲ့ဘာသာပေါင်းစုံရှိကြောင်း၊ ဘာသာရေးအုပ်စုအားလုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စောင့်ရှောက်မှုအောက်မှာ ဘာသာရေးလွတ်လပ်ခွင့်ကို ခံစားလျှက်ရှိပါကြောင်း၊ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အစိုးရမဏ္ဍိုင်အားလုံးက၊ ပါကစ္စတန်နိုင်ငံသားတိုင်း မိမိတို့နှစ်သက်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်နိုင်ကြရရေးကို အာမခံဘို့ တညီတညွှတ်ထဲ ကြိုးပမ်းလျှက်ရှိနေခဲ့ကြောင်း၊ ဆက်ပြီးပြောပါတယ်။ ဘာသာရေးလူနည်းစုများကိုးကွယ်ရာ ဘုရားကျောင်းကန်တွေရဲ့ စင်ကြယ်မှုနဲ့ လုံခြုံရေးကို အာမခံဘို့ ညွှန်ကြားသောသမိုင်းတွင်မဲ့ စီရင်ချက်များကို ပါကစ္စတန်နိုင်ငံရဲ့ တရားလွှတ်တော်များက ချမှတ်ထားတယ်လို့လဲပြောပါတယ်။ ဒါတင်မကသေးဘဲ၊ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်သွယ်ညှိနှိုင်းဆွေးနွေးကာ၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာများအပေါ် ပိုပြီးနားလည်မှုရအောင် ဆောင်ရွက်နေကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီနှစ်အစောပိုင်းမှာ၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ဂုဏ်ထူးဆောင် သံအမတ်ကြီး၊ ဆီးနိတ်လွှတ်တော်အမတ်၊ Samuel Brownback ဟာ ၊ နှစ်နိုင်ငံစလုံးရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ရည်မှန်းချက်များကို ရှေ့တိုးအကောင်အထည်ဖော်ရေး ဆွေးနွေးဘို့ ပါကစ္စတန်နိုင်ငံသို့ လာရောက်ခဲ့ပါတယ်။ ဒီလိုအပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို ဥပက္ခာပြုခဲ့တာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ ပါကစ္စတန်ကပြောပါတယ်။
အဲဒီဘာသာရေးခွခြားတဲ့နိုင်ငံများစာရင်းမှာ အိန္ဒိယနိုင်ငံကို ထည့်သွင်းခြင်းမပြုတာဟာ၊ မျက်နှာလိုက်တဲ့သဘောဖြစ်ကြောင်းကို ပြနေတယ်လို့ Islamabad က ဆက်ပြောပါတယ်။ ပါကစ္စတန်က အိန္ဒိယဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အများဆုံးချိုးဖေါက်တဲ့နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်မှာပြုလုပ်တဲ့ ကြားနာမှုနှစ်ခုစလုံးမှာ၊ အမေရိကန်လွှတ်တော်အမတ် ၇၀ ကျော်တို့က Kashmir လူမျိုးတို့အပေါ် အိန္ဒိယရဲ့ ဆက်ဆံပုံနဲ့ Jammu နဲ့ Kashmir ပြည်နယ်မှာ ပြည်နယ်သားတို့ရဲ့ အခြေခံအခွင့်အရေးများကို ကာလရှည်ကြာစွာ ချိုးဖေါက်လာခဲ့တဲ့ကိစ္စအပေါ် စိုးရိမ်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့တယ်လို့လဲ ပါကစ္စတန်က ပြောပါတယ်။ အမှန်တကယ့်အဖြစ်မှန်ကိုပြောရမယ်ဆိုရင်၊ အခြေခံဥပဒေပုဒ်မ ၃၇၀ ကိုဖျက်သိမ်းလိုက်ပြီး၊ Jammu နဲ့ Kashmir ပြည်နယ်ကို ပြည်ထောင်စုနယ်မြေတခုအဖြစ်သို့ ပြောင်းလဲလိုက်တဲ့အချိန်ကစပြီး၊ အဲဒီနယ်မြေဟာ ပုံမှန်အခြေအနေသို့ ဦးတည်ပြောင်းလဲလာခဲ့တာပါဘဲ။
အစ္စလာမ်မာဘတ်ဟာ ဝါရှင်တန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကို နောက်တကြိမ်ထပ်မံ စွက်ဖက်ကာ ဝေဖန်တိုက်ခိုက်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးလူနည်းစုတွေကို တန်ပြန်ဒဏ်ခတ်ခြင်းမခံရပဲ နှိပ်စက်နေပါတယ်လို့ ပါကစ္စတန်က စွပ်စွဲပါတယ်။ ပါကစ္စတန်ရဲ့ ဒီစွပ်စွဲချက်နဲ့ အဖြစ်မှန်ဟာ လုံးလုံးလျားလျား တခြားစီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ နိုင်ငံသားမှတ်ပုံတင်စာရင်းကောက်ယူရေး အဆိုပြုချက်ကိုလည်းကောင်း၊ မကြာမီကပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်မှု ပြင်ဆင်ချက်ဥပဒေကိုလည်းကောင်း မဆီမဆိုင် ရည်ညွှန်းဖေါ်ပြပါတယ်။ အိန္ဒိယအစိုးရရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူလူထုအကြား ခွဲခြားဆက်ဆံတာကို နောက်ဆုံးပြတဲ့ သာဓကတွေဖြစ်ကြောင်း၊ နောက်ပြီး ဘာသာရေးကို အခြေခံပြီး လူ့အဖွဲ့အစည်းကို သန့်စင်အောင် ပြုလုပ်ရေးသို့ ဦးတည်မဲ့လမ်းကြောင်းတခုထွင်နေတာဖြစ်ကြောင်းကိုလဲ သက်သေပြနေပါတယ်လို့ ပါကစ္စတန်က ဆိုပါသေးတယ်။
သောတရှင်များခင်ဗျား၊ အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတို့က၊ Afghanistan ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဘာသာရေးအရ နှိပ်စက်ခြင်းခံကြရသော ဘာသာရေးလူနည်းစုတွေကို အိန္ဒိယနိုင်ငံသား မှတ်ပုံတင်ထုတ်ပေးဖို့အတွက်သာ၊ နိုင်ငံသားဖြစ်မှုဥပဒေပြင်ဆင်ချက်ကို ပြဋ္ဌာန်းခဲ့တာဖြစ်ကြောင်း ရှင်းလင်းစွာ ကြေငြာထားပြီးပါပြီ။ နိုင်ငံသားမှတ်ပုံတင်စာရင်းကောက်ယူရေးကိစ္စကိုတော့ အိန္ဒိယအစိုးရအဖွဲ့အတွင်း ဆွေးတောင် မဆွေးနွေးရသေးပါဘူး။
ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးလူနည်းစုတွေရဲ့ ဘဝအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ တကမ္ဘာလုံးအသိဘဲဖြစ်တယ်ဆိုတာကို အလေးအနက် ဖေါ်ပြဘို့လိုပါတယ်။ ဒီနေ့ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးလူနည်းစုတွေရဲ့ လူဦးရေဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၅% ထက်တောင် နည်းနေပါပြီ။ ဒီပါကစ္စတန်မှာ ဘာသာရေးလူနည်းစုတွေဟာ အစိုးရထံမှဖြစ်စေ၊ အရပ်ဖက်လှုအဖွဲ့အစည်းထံမှဖြစ်စေ ခွဲခြားဆက်ဆံတာ ခံစားနေကြရပါတယ်။ ဒါတင်မက၊ သူတို့ဟာ သစ္စာဖေါက်တွေ၊ သူလျှိုတွေဖြစ်တယ်လို့ စွပ်စွဲတာတောင် ခံစားရရှာပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးလူနည်းစုတွေအတွက် ဘာသာရေးလွတ်လပ်ခွင့်ဆိုတာမရှိပါဘူး။ ဆစ်(ခ်)၊ ဟိန္ဒူနဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘုရားကျောင်းကန် အမြောက်အများ၊ ကာလရှည်ကြာစွာကတည်းက ၊ ဖျက်ဆီးစော်ကားတာ ခံစားလာခဲ့ကြရပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က၊ ‘Naya Pakistan’ ပါကစ္စတန်နိုင်ငံတော်သစ် တည်ဆောက်မယ်လို့ ကြေငြာခဲ့ပါတယ်။ သို့သော် အာဏာရလာခဲ့တာ ၁၈ လတောင်ရှိပါပြီ။ အဲဒီကတိဟာ စိတ်ကူးယဉ် အိမ်မက်တခုသာဖြစ်နေပါတယ်။ တလောကဘဲ၊ ကြောက်မက်ဖွယ်ကောင်းသော၊ ဘာသာရေးစော်ကားမှုဥပဒေကို ချိုးဖေါက်ကြောင်း စွပ်စွဲခြင်း ခံခဲ့ရပြီးနောက်ပိုင်း ရုံးတော်ကအပြစ်မရှိကြောင်း ဆုံးဖြတ်လို့ လွတ်လာရသူ Aasia Bibi ဆိုတဲ့ ခရစ်ယာန်အမျိုးသမီးက၊ သူမရဲ့မိသားစုဟာ လာပြီးတိုက်ခိုက်ခံရမှာကို အမြဲတန်းစိုးရိမ်ထိတ်လန့်ပြီး နေနေရပါတယ်လို့ ပြောခဲ့ပါတယ်။
အချုပ်အားဖြင့် Islamabad အနေနဲ့ နိုင်ငံရေးမှာ ရင့်ကျက်မှုရှိပြီး၊ သည်းညည်းခံမှုရှိကြောင်းပြသဘို့လိုပါတယ်။ မိမိရဲ့နိုင်ငံသားအားလုံးကို လွတ်လပ်စွာကိုးကွယ်ကိုင်းရှိုင်းခွင့်အပါအဝင် အခြေခံအခွင့်အရေးအားလုံး ပေးအပ်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဘာသာရေးလူနည်းစုများကို ဖိနှိပ်ညှင်းပန်းတဲ့ နိုင်ငံများစာရင်းမှာ၊ ပါကစ္စတန်နိုင်ငံ ဆက်ပြီးရှိနေဦးမှာဖြစ်ကြောင်း ဆောင်းပါးရှင် Padam Singh ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment