“ဝန်ကြီးချုပ်က စီးပွားရေးမှာ တိုးချဲ့ရေးလမ်းကြောင်းပေါ်ရှိနေသည်ဟု ပြောကြားခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The New Indian Express နေ့စဉ်သတင်းစာမှ အထူးဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဝန်ကြီးချုပ်က စီးပွားရေးမှာ တိုးချဲ့ရေးလမ်းကြောင်းပေါ်ရှိနေသည်ဟု ပြောကြားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr Narendra Modi ဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးက တိုးချဲ့ရာလမ်းကြောင်းပေါ်ရှိနေတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ GDP ကြီးထွားမှုနှုန်းနှေးကွေးလာနေဒါနဲ့ပါတ်သက်ပြီး ဖေါ်ပြရာမှာ ဝန်ကြီးချုပ်ဟာ သူ့ရဲ့အစိုးရက လာမဲ့ (၅) နှစ်မျှသောကာလအတွင်း အိန္ဒိယနိုင်ငံရဲ့စီးပွားရေးကို (၅) ထရီလီယံသို့ရောက်ရှိရေးအတွက် ခံယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ အစိုးရရဲ့စီးပွားရေးပေါ်လစီမူဝါဒနဲ့ပါတ်သက်ပြီး အဓိပ္ပါယ်မကွဲပြားတဲ့ ထပ်လောင်းအတည်ပြုချက်တခုအဖြစ် အတိတ်ကာလမှာ ပြုပြင်ထိန်းသိမ်းရေးခြေလှမ်းများစွာ လှမ်းထားဒါမို့ လာမဲ့နှစ်တွေမှာ အကျိုးခံစားမှုတွေ ရရှိလာမယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။ ASSOCHAM ခေါ် အိန္ဒိယစက်မှုလုပ်ငန်းများအဖွဲ့ချုပ်ရဲ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကို တက်ရောက်အမှာစကားပြောကြားတဲ့အခါ Mr Modi က အိန္ဒိယစီးပွားရေးဟာ ကျဆင်းနေတယ်ဆိုတဲ့မှတ်ချက်အပေါ် အပြင်းအထန်ပြင်းဆိုချေပခဲ့ပါတယ်။ အမှန်တကယ်တော့ ပြည်သူအများအပြားတို့ဟာ လွန်ခဲ့တဲ့လပိုင်းအနည်းငယ်တို့မှာ GDP ကြီးထွားမှု ကျဆင်းနေဒါနဲ့ပါတ်သက်ပြီး၊ ထုတ်ဖော်ပြောဆိုကြပါတယ်။ ဒီလိုဖြစ်ရဒါက ကမ္ဘာလုံးဆိုင်ရာစီးပွားရေး နှေးကွေးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ယခုအချိန်အခါမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲတွေလည်း ဖြစ်ပွားနေဒါကလည်း၊ အိန္ဒိယစီးပွားရေးအပေါ် ထိခိုက်စေဒါကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် Mr Modi က ဆိုးဝါးတဲ့ချေးမငွေဒါဏ်ကို အပြင်းအထန်ခံစားနေရတဲ့ စီးပွားရေးတခုကို အမွေခံခဲ့တယ်ဆိုခြင်းအား ငြင်းဆိုနိုင်မယ်မဟုတ်ပါဘူး။
ပြည်သူပိုင်နယ်ပယ်က ဘဏ်လုပ်ငန်းဌာန်တွေဟာ အလွန်ကြီးမားတဲ့လည်ပါတ်ခြင်းမရှိတဲ့ ပိုင်ဆိုင်မှု (NPAs) တွေကို သူတို့ရဲ့မှတ်တမ်းမှာ တွေ့ရှိရပါတယ်။ ဘဏ်လုပ်ငန်းဌာနတွေက စက်မှုလုပ်ငန်းတွေကို ငွေထုတ်ချေးခြင်းမပြုနိုင်ဒါနဲ့အတူ စီးပွားရေးတိုးချု့ရေးနယ်ပယ်ဟာ ကျင်းမြှောင်းသွားခဲ့ဒါက သက်သေဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ မှန်ကန်စွာဘဲ သူ့ရဲ့အစိုးရနဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းဟာ ပြည်သူပိုင်နယ်ပယ်က ဘဏ်လုပ်ငန်းဌာနတွေကို ပြန်လည်ခိုင်မာလာအောင် ပြုလုပ်ရေးဘဲဖြစ်ပါတယ်။ Mr Modi က ဗဟိုဘဏ်တိုက်ကြီး RBI ရဲ့ ကြီးကြပ်မှုအောက်မှာ ပြည်သူပိုင်နယ်ပယ်က ဘဏ်တိုက်တွေအမြောက်အများ ပေါ်ထွက်လာခဲ့ပါတယ်။
ASSOCHAM အစည်းအဝေးပွဲမှာ ဝန်ကြီးချုပ်ဟာ ဘဏ်လုပ်ငန်းစနစ်ရဲ့ ငွေထုတ်ချေးမှုအနေအထားတွေဟာ ဆိုးဝါးတဲ့ သို့မဟုတ် ပြန်မဆပ်ကြတဲ့ ထုတ်ချေးငွေကြောင့် ယိမ်းယိုင်ပျက်ပြားသွားရတဲ့အတွက် စီးပွားရေးအပေါ်ကျရောက်တဲ့ အန္တရာယ်တွေကို အကျယ်တဝင့် ပြောကြားခဲ့ပါတယ်။
Essar သံမဏိလုပ်ငန်းရဲ့ အကြွေးပြန်မဆပ်နိုင်ကြတဲ့ အရေးကိစ္စတွေ အဆုံးသတ်ဘို့အတွက် ချမှတ်ခဲ့တဲ့ ပြဋ္ဌာန်းချက်ဟာ အလွန်လိုအပ်နေတဲ့ ဘဏ်လုပ်ငန်းဌာနတွေအတွက် သက်သာမှုများစွာ ပေးလိမ့်မယ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်က “ကျွန်ုပ်တို့ရဲ့ BJP ပါတီက အာဏာရလာချိန်မှာ စီးပွားရေးဟာ ပျက်ပြားဆုံးရှုံးရေးဆီသို့ ဦးတည်နေခဲ့ပါတယ်။ ကျွန်ုပ်တို့က စီးပွားရေးကို တည်တံ့အောင်ပြုလုပ်ခဲ့ပြီး၊ လိုအပ်တဲ့စည်းမျဉ်းဥပဒေတွေလည်း ချမှတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Mr Modi ဟာ ၂၀၁၄ ခုနှစ်မှာ ရောင်းဝယ်ဖောက်ကားရန်လွယ်ကူမှုမှာ နိုင်ငံပေါင်း (၁၉၀) အနက် (၁၄၂) နေရာမှာရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ (၆၃) နေရာအဆင့်ကို ရယူထားလိုက်ပြီမို့ သူ့ရဲ့အစိုးရရဲ့ ပွင့်လင်းမြင်သာမှုရှိဘို့နဲ့ ရင်းနှီးမြှပ်နှံမှုကမ်းလှမ်းချက်တွေအတွက် လွယ်ကူမြန်ဆန်စွာ အတည်ပြုထောက်ခံဘို့ရာ ကြိုးပမ်းခဲ့တဲ့လုပ်အားပမာဏကို သိရှိနိုင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အကြွေးပြန်မဆပ်နိုင်မှုနဲ့ ဘဏ်များဒေဝါလီကျခံရမှု စည်းမျဉ်း (IBC) ကို ထပ်လောင်းပြန်ဆပ်မှုတွေပြုလုပ်ခြင်းက အစိုးရရဲ့ ဘဏ်တွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့ အကျိုးသက်ရောက်စေမှု ကာကွယ်ရေးအတွက် အစိုးရရဲ့အတည်ပြုချက်တခုသာဖြစ်ပါတယ်။ ဒီနယ်ပယ်တွေဟာ စီးပွားရေးအရှိန်ကို မြင့်တင်ပေးနိုင်ပါတယ်။
ဝန်ကြီးချုပ် Mr Modi က အိန္ဒိယစီးပွားရေးကို ဒေါ်လာပေါင်း (၅) ထရီလီယံစီးပွားရေးအဖြစ် တိုးချဲ့ရေးရည်မှန်းချက်ဟာ အလွန်ဘဲ စဉ်းစားသတ်မှတ်ခဲ့ဒါဖြစ်ပြီး၊ လက်လှမ်းမှီလောက်တဲ့ အနေအထားမှာရှိနေတယ်လို့ ထပ်လောင်းအတည်ပြုဖော်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ယခင်က သူ့ရဲ့အစိုးရကချမှတ်ခဲ့တဲ့ ရည်မှန်းချက်ဟာ အောင်မြင်ဖွယ်ရှိတယ်လို့ သရုပ်ပြ ဖေါ်ပြခဲ့ပါတယ်။ The ‘Swatchch Bharat’ သို့မဟုတ် သန့်ရှင်းသောအိန္ဒိယနိုင်ငံ လူထုအစည်းအဝေးနိုးဆော်ပွဲက အစိုးရဲ့ ရည်မှန်းချက်ဆီသို့ ဦးတည်မှုရဲ့ စစ်မှန်တဲ့သက်သေအထောက်အထားတခုဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment