ကြီးမားတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ကြပါရန် ဝန်ကြီးချုပ်က စီးပွားရေးအစပြုလုပ်ငန်းတွေကို တိုက်တွန်းလိုက်ခြင်း
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကြီးမားတဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ကြပါရန် ဝန်ကြီးချုပ်က စီးပွားရေးအစပြုလုပ်ငန်းတွေကို တိုက်တွန်းလိုက်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ All India Radio က ထုတ်လွင့်တဲ့ ၎င်းရဲ့ Mann Ki Baat အစီအစဉ်ကတဆင့် တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အခုအစီအစဉ်ဟာ ၆၈ ကြိမ်မြောက် လစဉ်ထုတ်လွင့်တဲ့ Mann Ki Baat အစီအစဉ်ဖြစ်ပြီး၊ App တီထွင် ဖန်တီးထုတ်လုပ်တဲ့ ‘AatmaNirbhar Bharat’ ဖိတ်ခေါ်ပြိုင်ပွဲသို့ လူငယ်အများအပြား တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများထဲက ၃ ပုံ ၂ ပုံဟာ လူငယ်များဖြစ်ပြီး၊ ဒုတိယနဲ့ တတိယအဆင့် မြို့တွေကဖြစ်တာကို မှတ်သားသိရှိရပါကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Apps တွေထဲက Apps ပေါင်း ၂ ဒါဇင်ခန့်ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အဲသည့် Apps တွေဟာ ကဏ္ဍပေါင်းစုံထဲကဖြစ်ကြောင်း ဝန်...