Posts

Showing posts from July, 2019

“အိန္ဒိယနိုင်ငံက မိုဇမ်ဘစ်နိုင်ငံနဲ့ ဆက်ဆံရေးများကို ခိုင်မြဲအောင်ပြုလုပ်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက မိုဇမ်ဘစ်နိုင်ငံနဲ့ ဆက်ဆံရေးများကို ခိုင်မြဲအောင်ပြုလုပ်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံက စီးပွားရေး ရင်းနှီးမျြပ်နှံမှု အတော်အတန်ရှိတဲ့ မိုဇမ်ဘစ်နိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးတွေအား တောင့်တင်းခိုင်မာစေဘို့အတွက် နှစ်နိုင်ငံတို့ဟာ များမကြာမှီက ကုန်ဆုံးခဲ့တဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Mr Rajnath Singh ရဲ့ ဒီအာဖရိကနိုင်ငံသို့ (၃) ရက်ကြာခရီးစဉ်မှာ White Shipping ရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ Hydrography နယ်ပယ်တို့မှာအရေးပါလှတဲ့ MoU နားလည်မှုစာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုးခြင်းဖြင့် ထင်ရှားတဲ့ခြေတလှမ်းကို လှမ်းခဲ့ကြပါတယ်။ မိုဇမ်ဘစ်ကာကွယ်ရေးဝန်ကြီး Mr Atanasio Mtumuke နဲ့ နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါ Mr Singh က အိန္ဒိယနိုင်ငံဟာ မိုဇမ်ဘစ်နိုင်ငံအား အာဖရိကတိုက်မှာ အရေးကြီးဆုံးမိတ်ဆွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံတနိုင်ငံအဖြစ် ယူဆကြောင်း ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ များသောအားဖြင...

“မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများက တင်းမာမှုများကို တခါပြန် တိုးမြှင့်လိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နဲ့အရှေ့တောင်အာရှဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများက တင်းမာမှုများကို တခါပြန် တိုးမြှင့်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ကိုးရီးယားကျွန်းဆွယ်မှာ ထာဝရငြိမ်းချမ်းရေးမျှော်ကိုးချက်တွေအပေါ် ထိုးနှက်ချက်နောက်တခုအဖြစ် လွန်ခဲ့တဲ့အပါတ်က မြောက်ကိုးရီးယားနိုင်ငံဟာ လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှု (၂) ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်ပစ်လွှတ်မှုတွေက မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် Mr Kim Jong-un နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump တို့ရဲ့ ကိုးရီးယားနှစ်နိုင်ငံတို့အကြား စစ်မဲ့ဇုံ (DMZ) အဖြစ် သတ်မှတ်ထားတဲ့အရပ်မှာ တွေ့ဆုံပွဲအပြီး တလကြာကာလအတွင်း ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ကျန်ရှိနေတဲ့ အရေးကိစ္စတွေအတွက် တိကျပြတ်သားတဲ့ဖြေရှင်းချက်အတွက် ဦးတည်ကြိုးပမ်းလုပ်ကိုင်ဘို့ သန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။ အဆ...

“BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ”

သောတရှင်ခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ လူမှု့ရေးသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။ ကမ္ဘာ့သမိုင်းစဉ်မှာ နည်းဗျူဟာကျ အခန်းကဏ္ဍဟာ အရှိန်အဟုန်မြင့်မားစွာနဲ့ လှုပ်ရှားနေပါတယ်။ စွမ်းအားဟာ အနောက်ဘက်မှ အရှေ့ဘက်သို့ နဲ့ မြောက်ဖက်မှ တောင်ဖက်သို့ ပြောင်းရွှေ့လာနေပါတယ်။ ပြောင်းလဲလာနေတဲ့ပုံစံဟာ တခြားဖွဲ့စည်းပုံတွေနဲ့ တမူထူးခြားနေပါတယ်။ ဒီလှုပ်ရှားမှုဟာ သမိုင်းဝင်ပြောင်းလဲမှုတခုဖြစ်ပါတယ်။ ခေတ်သစ်ကာလမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကြွယ်ဝချမ်းသာမှုနဲ့ ကမ္ဘာ့လူဦးရေကို တနေရာတည်းမှာဘဲ အာရုံပြုကြပါတယ်။ ဒီပြောင်းလဲမှုက BRICS အဖွဲ့ကြီးကို ဦးဆောင်လာဘို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အရှိန်နဲ့ ပြောင်းလဲလာစေဒါနဲ့အမျှ ခေါင်းဆောင်တွေလည်း ပြောင်းလဲလာကြပါတယ်။ ကမ္ဘာကြီးရဲ့အာရုံစိုက်မှုဟာ BRICS အဖွဲ့ကြီးအပေါ် ကျရောက်လျှက်ရှိနေပါတယ်။ ဒီအုပ်စုဟာ တခြားအုပ်စုတွေနဲ့မတူဘဲ အင်အားကြီးနိုင်ငံကောင်းတနိုင်ငံ၊ အာရှတခွင်မှာ အင်အားကြီးမားတဲ့ စွမ်းရည...

ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ Chandrayaan-2 ၏ အောင်မြင်စွာ လွှတ်တင်မှုအပေါ် အိန္ဒိယသမ္မတ Mr. Ram Nath Kovind၊ ဒုသမ္မတ Mr. M Venkaiah Naidu နှင့် ဝန်ကြီးချုပ် Mr. Narendra Modi တို့က ISRO ခေါ် အိန္ဒိယ အာကာသ သုတေသနအဖွဲ့အား ချီးကျူးခဲ့ပါတယ်။ သမိုင်းမှတ်ဝင် လွှတ်တင်မှုကြောင့် အိန္ဒိယပြည်သူပြည်သားအားလုံးတို့ ဂုဏ်ယူခဲ့ပြီး ဤမစ်ရှင်ဖြင့် ရှာဖွေတွေ့ရှိမှု အသစ်များနှင့် အသိပညာ စနစ်များကို ကြွယ်ဝစေနိုင်ဖို့ မျှော်လင့်ခဲ့တယ်လို့ Mr. Kovind က ပြောဆိုခဲ့ပါတယ်။ Chandrayaan-2 ရဲ့ အောင်မြင်စွာ ဆင်းသက်မှုဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ဒုသမ္မတ Mr. Naidu က ပြောဆိုခဲ့ပါတယ်။ အိန္ဒိယ သိပ္ပံပညာရှင်များရဲ့ ယုံကြည်စိတ်ချမှုနှင့် စွမ်းရည်များကိုအသုံးပြုပြီး ကြိုးစားအားထုတ်မှုကို ဝန်ကြီးချုပ် Mr. Narendra Modi က ချီးကျူးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံနှင့်ရှိနေသည့် ပ...

အများသိထားပြီးဖြစ်တဲ့ အဖြစ်မှန်ကို ပါကစ္စတန်နိုင်ငံက ဝန်ခံလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ၊ အများသိထားပြီးဖြစ်တဲ့ အဖြစ်မှန်ကို ပါကစ္စတန်နိုင်ငံက ဝန်ခံလိုက်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ AIR ရဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာသူ Kaushik Roy ရေးသားပေးပို့ထားတဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က၊ ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်ဝါဒီစခန်းပေါင်း ၄၀ နဲ့ ဂိုဏ်းပေါင်းစုံ အကြမ်းဖက်သမားစုစုပေါင်း ၄၀၀၀၀ လောက်ရှိနေကြောင်း ဝန်ခံပြောကြားလိုက်ပါပြီ။ Imran Khan ရဲ့ ဒီဝန်ခံချက်ဟာ ၎င်း ဝါရှင်တန်သို့ ပထမအကြိမ် တရားဝင်သွားရောက်စဉ် ထွက်ပေါ်လာခဲ့တာပါ။ ယခင် Islamabad အစိုးရအဆက်ဆက်တို့ဟာ ဒီအဖြစ်မှန်အကြောင်း အမေရိကန်ပြည်ထောင်စုကို အသိပေးခြင်းမရှိခဲ့ဘူးလို့လဲ သူကပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်ဝါဒနှိမ်နှင်းရေးတိုက်ပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့ပါတယ်လို့ Mr Khan က ပြောပါတယ်။ ပါကစ္စတန်ဟာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဘယ်လိုမှပတ်သက်ခြင်းမရှိဘူးလို့လဲ သူကမှတ်ချက်ချပါတယ်။ Al- Qaeda ဂိုဏ်းဟာ Afghanistan နိုင်ငံမှာရှိနေခဲ့တာပါလို့ ဆိုပါတယ်။ ပါကစ္စတန်မှာ Taliban စစ်သွေးကြွတွေမရှိခဲ့ပါဘူးလို့လဲ သ...

“အိန္ဒိယစီးပွားရေးက မြင့်မားသောကြီးထွားမှုကိုပေးဆောင်ရန် ဟန်ပြင်နေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားပေးပို့ထာတးဲ့ “အိန္ဒိယစီးပွားရေးက မြင့်မားသောကြီးထွားမှုကိုပေးဆောင်ရန် ဟန်ပြင်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က ၎င်းရဲ့ နောက်ဆုံးပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ “The World Economic Outlook” လေ့လာသုံးသပ်ချက်မှတ်တမ်းမှာ အိန္ဒိယနိုင်ငံရဲ့ GDP ကြီးထွားနှုန်းကို လက်ရှိဘဏ္ဍာရေးနှစ်အတွက် ၇% နဲ့ နောက်လာမဲ့ ဘဏ္ဍာရေးနှစ်အတွက် ၇.၂% ရှိလိမ့်မယ်လို့ ခန့်မှန်းဖေါ်ပြထားပါတယ်။ IMF ရဲ့ ကြိုတင်ခန့်မှန်းချက်ဟာ ၂၀၁၉ ခုနှစ်ဆိုင်ရာ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းကို မထုတ်ပြန်မှီ အစိုးရရဲ့ စီးပွားရေးဆိုင်ရာ လေ့လာတိုင်းတာမှု အစီအရင်ခံချက်မှာပါရှိတဲ့ ပရိုဂျက်တွေကို မှန်ကန်ကြောင်း အသိအမှတ်ပြု ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးက ဆက်လက်ပြီး အရှိန်အဟုန်မြင့်လားစွာနဲ့ ကြီးထွားလာမှာကို ဖေါ်ပြနေပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဟာ ကုန်သွယ်ရေးစစ်ပွဲတွ...

“ဗြိတိန်နိုင်ငံအတွက် ဝန်ကြီးချုပ်သစ်၊ BREXIT နှင့် ရှေ့သို့လမ်းခရီး”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဥရောပအရေးကိစ္စများ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗြိတိန်နိုင်ငံအတွက် ဝန်ကြီးချုပ်သစ်၊ BREXIT နှင့် ရှေ့သို့လမ်းခရီး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit ခေါ် ဥရောပသမဂ္ဂမှနုတ်ထွက်ရေး သဘောဆန္ဒကောက်ယူခဲ့တဲ့အချိန်ကစပြီး၊ ဗြိတိန်နိုင်ငံဟာ နိုင်ငံရေးလောကမှာ ရင်ဆိုင်တိုက်ခိုက်မှုတွေများစွာကို ကြုံတွေ့ခဲ့ရပါတယ်။ Mrs. Theresa May ဟာ Brexit အရေးကိစ္စမှာ အရေးနိမ့်သွားခဲ့ပြီး၊ သူမရဲ့ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးသွားခဲ့ဒါကြောင့် ယခုနှစ် ဇူလိုင်လ (၄) ရက်နေ့မှာ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ကြောင်းကို ကြေငြာခဲ့ပါတယ်။ ဒီအချက်ဟာ Tory လို့ခေါ်တဲ့ Conservative Party ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်ရေးကို ဦးတည်ခဲ့ပါတယ်။ ဒီယှဉ်ပြိုင်အရွေးခံပွဲမှာ Mr Boris Johnson ဟာ ရာထူးမှ နုတ်ထွက်သွားမဲ့ နိုင်ငံခြားရေးဝန်ကြီး Mr Jeremy Hunt ကို မဲအရေအတွက်ပေါင်း (၄၀,၀၀၀) ကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိသွားပါတယ်။ အောင်ပွဲခံ...

“Trump က တခါပြန်ပြီး အံ့အားသင့်စေလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Hindu နေ့စဉ်သတင်းစာမှ ထိပ်တန်းဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump က တခါပြန်ပြီး အံ့အားသင့်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ဟာ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi က သူတို့ Kashmir အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ဘို့နဲ့ ကြားဝင်စေ့စပ်ပေးသူတဦးအဖြစ် လုပ်ကိုင်ပေးဘို့ တိုက်တွန်းခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ဟာ ဇာတ်လမ်းထက်ဝက်သာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား နည်းဗျူဟာကျ ဆွေးနွေးပွဲက အိန္ဒိယနိုင်ငံအတွက် စိတ်ပါဝင်စားစွာ စောင့်ကြည့်ရမဲ့ အရာတခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုဟာ Kashmir အရေးကိစ္စဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား အပြန်အလှန်အရေးကိစ္စတခုဖြစ်ဒါကြောင့် ဝင်ရောက်စွက်ဖက်ဘို့ အခန်းကဏ္ဍတခုကို စောင့်မျှော်နေခြင်းမရှိဘူးလို့ ရှင်းလင်းဖေါ်ပြခဲ့ပါတယ်။ အမေရိကန်ပြည်...

အိန္ဒိယနိုင်ငံရဲ့ ဒုတိယလမစ်ရှင်စတင်ခြင်း

သောတရှင်များရှင်၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံဆောင်းပါးရှင် Mr Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ ဒုတိယလမစ်ရှင်စတင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်ကြီးသော အာကာသအစီအစဉ်အနက် တခုသည် တနင်္လာနေ့တွင် စတင်ခဲ့ပါတယ်။ နိုင်ငံ၏အင်အားအကြီးမားဆုံးသော ဒုံးပျံ GSLV Mk-III သည် Chandrayaan-2 အား သယ်ဆောင်ပြီး Andhra Pradesh ပြည်နယ် Sriharikota ရှိ Satish Dhawan အိန္ဒိယအာကာသငှာနမှ တနင်္လာနေ့ ၂ နာရီ ၄၃ မိနစ် အချိန်တွင် စတင်လွှင့်တင်ခဲ့ပါတယ်။ မိနစ် (၁၇) နောက်ပိုင်းတွင် chandrayann-2 သည် ကမ္ဘာမြေပတ်လည် ကြိုတင်သတ်မှတ်ထားသော လွှဲပြောင်းပတ်လမ်းသို့ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဆိုပါခရီးစဉ်ကို ဇူလိုင်လ (၁၅) ရက်နေ့က စီစဉ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့် တပတ်နောက်ကျခဲ့ပါတယ်။ အိန္ဒိယသိပ္ပံပညာရှင်များ၏ ကျွမ်းကျင်မှုကြောင့် အချိန်တိုအတွင်း အားနည်းချက်ကို ဖေါ်ထုတ်ပြီး ပြင်ပေးခဲ့ပါတယ်။ ISRO ခေါ် အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း၏ ကြိုးစားမှုကြောင့် အလွန်ရှုပ်ထွေးသော အာကာသမစ်ရှင်ကို အောင်မြင်...

သီရီလင်္ကာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr.M.Samatha ဝေဖန်ရေးသားထားတဲ့ “သီရိလင်္ကာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုတိုးမြှင့်” သောအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။ သီရိလင်္ကာနိုင်ငံရှိ Maho မှ Omanthai ဒေသအကြား ၁၃၀ ကီလိုမီတာ ရထားလမ်းကြောင်း၏ အဆင့်မြင့်တင်မှုအတွက် ဒေါ်လာငွေ ၉၁.၂၆ သန်းတန်ဖိုးရှိ သဘောတူညီမှုအပေါ် အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) အတွင်း ပထမဆုံးအကြိမ်၊ အဆိုပါရထားလမ်း၏ အဆင့်မြင့်တင်မှုကြောင့် ဒီသဘောတူညီချက်ဟာ အလွန်အရေးကြီးခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ ရထားလမ်းဖွံ့ဖြိုးတိုးတက်မှု၌ အိန္ဒိယနိုင်ငံရဲ့ ပါဝင်ကူညီမှုအကြောင်း အားလုံးသိထားပြီးဖြစ်သည့်အတွက် ဒီကျွန်းနိုင်ငံရဲ့ ရထားလမ်းဖွံ့ဖြိုးတိုးတက်မှုအတွက် ယခုအချိန်အထိ အိန္ဒိယနိုင်ငံက ဒေါ်လာငွေ ၁.၃ ဘီလီယံ ကူညီထောက်ပံ့ရန် ကတိပေးထားခဲ့ပါတယ်။ အဆိုပါအချက်ကိုကြည့်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံသည် မိမိရင်းနှီးမြှပ်နှံမှုများကို တိုးတက်လိုပြီး တတိယနိုင်ငံများနှင့်အတူ ပူးတွဲရင်းနှီးမြှပ်နှံမှုများပြုလုပ်ရန် အ...

တပတ်အတွင်း ပါလီမန်ရေးရာ

သောတရှင်များခင်ဗျာ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ သတင်းစာဆရာ V. Mohan Rao ရေးသားပေးပို့တဲ့ တပတ်အတွင်း ပါလီမန်ရေးရာကို ဖတ်ကြားအစီရင် ခံပါရစေ။ သောတရှင်များခင်ဗျာ၊ နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ စီရင်ချက် ထွက်ပေါ်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံသား Kulbhushan Jadhav ကို ပြန်လွှတ်ပေးပြီး အိန္ဒိယနိုင်ငံသို့ပြန်ပို့ဖို့ ပြည်ပရေးရာဝန်ကြီး Dr. S Jaishankar က ပါကစ္စတန်ကို တောင်းဆိုလိုက်ပါတယ်။ သူက ပါလီမန်လွှတ်တော် ၂ ရပ်စလုံးမှာ ဒီအကြောင်းကို ကြေညာခဲ့ပါတယ်။ နိုင်ငံတကာ တရားရုံးရဲ့ စီရင်ချက်ဟာ အိန္ဒိယနိုင်ငံနှင့် Kulbhushan တို့ရဲ့ ရပ်တည်ချက်တွေကို အတည်ပြုလိုက်ရုံသာမကဘဲ၊ တရားဥပဒေနှင့်အညီ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ စာချုပ်စာတမ်းများအပေါ် ယုံကြည်သက်ဝင်ကြသူများရဲ့ ရပ်တည်ချက်ကိုပါ အတည်ပြုလိုက်တာဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ Jadhav ဟာ သူ့အပေါ်စွဲဆိုထားတဲ့ ပစ်မှုမှန်သမျှမှ ကင်းစင်သူဖြစ်ကြောင်း သူ့အတွက် ဥပဒေအကျိုးဆောင်ပုဂ္ဂိုလ် ထားရှိပေးခြင်းမရှိရုံသာမက တရားဥပဒေအရ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေလည်း လိုက်နာခြင်းမရှိဘဲ အတင်းအဓမ္မ ဖြောင့်ချက်ဆိုတာကို ရယူခဲ့လင့်ကစား အဖြစ်မှန်ကိုတော့ ဖုံးကွယ်လို့မရကြောင်း Dr. ...

အိန္ဒိယ-ဥဇဘက်ကစ္စတန် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းခိုင်မာစေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အာရှအလယ်ပိုင်းဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဥဇဘက်ကစ္စတန် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု တောင့်တင်းခိုင်မာစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အိန္ဒိယ-ဥဇဘက်ကစ္စတန် ပူးတွဲလုပ်ငန်းဘောင်အဖွဲ့ရဲ့ အဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို နယူးဒေလီမြို့မှာပြုလုပ်ခဲ့ပြီး အဲဒီမှာ ၂ နိုင်ငံစလုံးတို့မှ ထိပ်တန်းအရာရှိတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ အရာရှိတွေဟာ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒနှင့် ဒေသပိုင်းအသီးသီးတို့အပြင် ကမ္ဘာ့အစိတ်အပိုင်း အသီးသီးတို့မှ အကြမ်းဖက်သမားအုပ်စု လှုပ်ရှားမှုတွေကြောင့်ပေါ်ပေါက်နေတဲ့ အန္တရာယ် အလားအတာတွေကို ဆန်းစစ်ခဲ့ကြပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး၊ အစွန်းရောက်မှု အာရုံပြုရေး၊ အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု ဆန့်ကျင်ရေး၊ အကြမ်းဖက်သမား ရည်ရွယ်ချက်ဖြင့် အင်တာနက်အသုံးပြုမှု ကာကွယ်ရေးနှင့် နိုင်ငံရပ်ခြားမှ အကြမ်းသမား တိုက်ခိုက်ရေးသမားတွေ ပြန်လာမှုနှင့...

“အိန္ဒိယနိုင်ငံ ဒေါ်လာ(၅) Trillion စီးပွားရေးလမ်းကြောင်းပေါ် ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံတော်ပြည်သူ့ဘဏ္ဍာရေးနဲ့ပေါ်လစီဌာနမှ ပါမောက္ခ Dr. Lekha S. Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ ဒေါ်လာ(၅) Trillion စီးပွားရေးလမ်းကြောင်းပေါ် ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ၂၀၁၉ ခုနှစ် ဘတ်ဂျက်ငွေစာရင်းမှာ ဘဏ္ဍာရေးဝန်ကြီး Mrs Nirmala Sitharaman က ၂၀၂၄ ခုနှစ်အရောက် ဒေါ်လာ (၅) Trillion စီးပွားရေးကို ရယူနိုင်ဘို့အတွက် လမ်းပြမြေပုံအပေါ် အာရုံပြုခဲ့ပါတယ်။ သူမဟာ “Vision for the decade” ခေါ် ၁၀ နှစ်မျှသောကာလအတွက် ရှုမြင်ချက်ကို ကြေငြာခဲ့ရာ ပေါ်လစီနည်းလမ်းအများအပြားတို့ကို ဖေါ်ပြခဲ့ပြီး၊ ယင်းကြေငြာချက်က ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးကြီးထွားမှုအပေါ် ရှင်းလင်းတဲ့အာရုံပြုမှုတခုဖြစ်ပါတယ်။ ပေါ်လစီနည်းလမ်းတွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးရာအခြေခံလိုအပ်ချက် အဆောက်အအုံတွေကို အားဖြည့်တောင့်တင်းစေခြင်း၊ digital အခြေခံလိုအပ်ချက်အဆောက်အုံမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ ထည့်ဝင်မှုကို တိုးမြှင့်စေခြင်း၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် အဟာရဓါတ်နဲ့ ကောင်းမွန်တဲ့ကျန်းမာရေး၊...

“နိုင်ငံတကာ တရားမျှတမှုတရားရုံး၌ အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာအောင်ပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ် Mr Asoke Kumar Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတကာ တရားမျှတမှုတရားရုံး၌ အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာအောင်ပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လအတွင်း အိန္ဒိယနိုင်ငံသားတဦးဖြစ်တဲ့ Kulbhushan Sudhir Jadhav ကို ပါကစ္စတန်နိုင်ငံက အကြမ်းဖက်ဝါဒနဲ့ သူလျှိုလုပ်မှုနဲ့ စွတ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၇ ခု ဧပြီလမှာ ပါကစ္စတန် စစ်တရားရုံးက Jadhav ကို သေဒါဏ်ပေးလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မေလမှာ အိန္ဒိယနိုင်ငံက The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားမျှတရေး တရားရုံး ICJ မှာ ပါကစ္စတန်နိုင်ငံကိုဆန့်ကျင်ပြီး ပါကစ္စတန်နိုင်ငံက Vienna စာချုပ်ပါ ၁၉၆၃ ခုနှစ်ဆိုင်ရာ ကောင်စစ်ဝန်ဆိုင်ရာ ဆက်ဆံမှုတွေနဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖေါက်ခဲ့မှုနဲ့ အမှုဖွင့်တိုင်တန်းခဲ့ပတယ်။ အဆိုပါပြဋ္ဌာန်းချက်ရဲ့ စာပိုဒ်အမှတ် (၃၆) မှာ အထူးသဖြင့် ပါကစ္စတန်နိုင်ငံအနေနဲ့ နှောင့်နှေးခြင်းမပြုဘဲ အိန္ဒိယနိုင်ငံအား Kulbhushan Jadhav ကိ...

“ပါကစ္စတန်နိုင်ငံက Hafiz Saeed ကို တခါပြန် အာမခံနှင့်လွှတ်ပေးလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA တောင်အာရှဗဟိုဌာနမှ ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားထားတဲ့ “ပါကစ္စတန်နိုင်ငံက Hafiz Saeed ကို တခါပြန် အာမခံနှင့်လွှတ်ပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ Lahore မြို့မှာရှိတဲ့ ပါကစ္စတန်အကြမ်းဖက်ဝါဒဆန့်ကျင်ရေး တရားရုံး (ATC) ဟာ ပိတ်ပင်ထားတဲ့ Jamaat-ud-Daawa (JuD) ပါတီဥက္ကဌ Hafiz Muhammad Saeed နဲ့ တခြားသုံးဦးတို့ကို အဖမ်းမခံရမှီ ကြိုတင်အာမခံနဲ့ လွှတ်ပေးလိုက်တဲ့သတင်းတွေက အာရုံပြုဘို့ဖြစ်လာပါတယ်။ သို့သော် သတင်းများအရ ပါကစ္စတန်အာဏာပိုင်တွေက Saeed ကိုဖမ်းဆီးပြီး၊ ထိန်းသိမ်းခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီသတင်းက အံ့ဩစရာတော့မဟုတ်ပါဘူး။ ယခုအမှုက JuD ပါတီရဲ့ နယ်မြေတွေကို တရားမဝင် ဘာသာရေးသင်ကျောင်းဖွင့်လှစ်ထားခြင်းနဲ့ အကြမ်းဖက်ဝါဒအတွက် ငွေကြေးထောက်ပံ့မှုဖြစ်ပါတယ်။ စောစောပိုင်းကအဆိုပါ ယာယီအာမခံကို Saeed ၊ သူ့ရဲ့ညီ Hafiz Masood နဲ့ Lashkar-e-Taiba (LeT) အုပ်စုကို ပူးတွဲတည်ထောင်ခဲ့ကြတဲ့ Ameer Hamza နဲ့ Malik Zafar တို့အတွက် လာမဲ့ဩဂုတ်လ (၃၁) ရက်နေ့အထိ ပါကစ္စတန်ရူပီးငေါ ၅၀,၀၀၀ စီ စာ...

“အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က Kartarpur စင်္ကြန်နှင့်ပတ်သက်ပြီး နောက်ဆုံး၊ သဘောတူညီချက်ဆီသို့ ပိုမိုနီးကပ်စွာ ရွေ့လျားလျှက်ရှိခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့က Kartarpur စင်္ကြန်နှင့်ပတ်သက်ပြီး နောက်ဆုံး၊ သဘောတူညီချက်ဆီသို့ ပိုမိုနီးကပ်စွာ ရွေ့လျားလျှက်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ Wagha-Attari နယ်စပ်၊ ပါကစ္စတန်နိုင်ငံအတွင်းဘက်မှာကျင်းပခဲ့တဲ့ အိန္ဒိယနဲ့ပါကစ္စတန်အရာရှိများအကြား ဒုတိယအချီ ဆွေးနွေးပွဲတွေက နယ်စပ်တဖက်တချက်ပါကစ္စတန်နိုင်ငံရဲ့ Narowal ခရိုင်မှာတည်ရှိတဲ့ သမိုင်းဝင် Darbar Sahib Gurudwara သို့ အိန္ဒိယဘုရားဖူးတွေအတွက် ပေးဆောင်ရမဲ့ အခွင့်အလမ်းတွေရဲ့ အသွင်ပုံစံကို နောက်ဆုံးပြီးပြတ်ဆုံးဖြတ်ရေးမှာ ထူးကဲတဲ့တိုးတက်မှုတွေရရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်ကတည်ဆောက်ခဲ့တဲ့ အဲဒီ Gurudwara ဘုရားကျောင်းကြီးဟာ ကြီးမားတဲ့သမိုင်းစဉ်နဲ့ ဘုရားရေးတန်ဘိုးတွေရှိတဲ့ ဌာနကြီးဖြစ်ပြီး Sikh ဘာသာကို တည်ထောင်ခဲ့တဲ့ Guru Nanak Dev ji ဟာ သူ့ရဲ့ဘဝသက်တမ်းနှောင်းပိုင်းမှာ အဲဒီအရပ်မှာနေထိုင်ခဲ့ပြီး၊ (၁၅၃၉) ခုနှစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ အိန...

“England အသင်းက ၂၀၁၉ ခုနှစ် ICC ခရစ်ကက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အားကစားရေးရာဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Rahul Banerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “England အသင်းက ၂၀၁၉ ခုနှစ် ICC ခရစ်ကက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိမ်ရှင်နဲ့ ရေပန်းစားခဲ့တဲ့ England အသင်းဟာ ၂၀၁၉ ခုနှစ် ICC ခရစ်ကက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဘို့အတွက် အချိန်ကာလ (၄၄) နှစ်မျှ စောင့်မျှော်ကြိုးပမ်းခဲ့ပြီး၊ New Zealand အသင်းကို အသံထိပ်ရင်ဖို့ကောင်းလှတဲ့ တနင်္ဂနွေနေ့ညက Lords ခရစ်ကက်ကစားကွင်းကြီမာ ကျင်းပခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ Super Over ခေါ် အဆုံးဖြတ်ပေး Over မှာ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးခရစ်ကက်သမား Ben Stokes ရဲ့ အနိုင်မခံ၊ အရှုံးမပေး ကြိုးပမ်းကစားမှုနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ သာမန်ကစားရမယ့် Over (၅၀) စီမှာ နှစ်သင်းစလုံးက ပြေးမှတ် (၂၄၁) မှတ်စီနဲ့ သရေကျနေပါတယ်။ နောက်ဆုံး ဆုံးဖြတ်ပေးမဲ့ ဘော်လုံးပစ် Over မှာ Ben Stokes နဲ့ Jos Buttler တို့က New Zealand အသင်းအတွက် အနိုင်ယူဘို့ ပြေးမှတ် (၁၆) မှတ် သတ်မှတ်ခဲ့ကြပါတယ်။ တုန့်ပြန်သောအားဖြင့် New Zealand အသင်...