Posts

Showing posts from August, 2019

မကြံတတ်အောင် အကျပ်ရိုက်နေသော ပါကစ္စတန်နိုင်ငံ

သောတရှင်များခင်ဗျား၊ ဒီနေ့တသင်းဝေဖန်ချက်အခန်းမှာ “မကြံတတ်အောင် အကျပ်ရိုက်နေသော ပါကစ္စတန်နိုင်ငံ” ဆိုတဲ့ခေါင်းစဉ်နဲ့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် J.L. Koul Jalali ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယပိုင် Jammu နဲ့ Kashmir ပြည်နယ်နဲ့ပတ်သက်လို့ ပါကစ္စတန်နိုင်ငံဟာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် ချောင်ပိတ်မိသွားပါတယ်။ အဲဒီပြည်နယ်ကိုအထူးအခွင့်အရေးအပ်နှင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၀ ကို အိန္ဒိယနိုင်ငံဖျက်သိမ်းလိုက်တဲ့အချိန်ကစပြီး ပါကစ္စတန်ဟာ ဒီအရေးကိစ္စကို နိုင်ငံတကာအရေး ကိစ္စတခုအပြစ်ပုံကြီးချဲ့ဘို့ ကြိုးစားလာခဲ့ပါတယ်။ Islamabad ဘယ်လောက်ယမ်းပုံမီးကျဖြစ်သွားသလဲဆိုရင်၊ စစ်တိုက်မယ်လို့တောင် ခြိမ်းချောက်လာပါတယ်။ ဒါပေမဲ့ပါကစ္စတန်ဟာ နိုင်ငံတကာအသိုက်အဝန်းကို သူ့ဘက်ပါအောင် စွဲအောင်လို့မရပါဘူး၊ အရှေ့အလယ်ပိုင်းနဲ့အနောက်အာရှက သူ့ရဲ့အင်အားကြီးသော မဟာမိတ်နိုင်ငံတွေတောင် ပါကစ္စတန်ကို မထောက်ခံကြပါဘူး။ Kashmir အရေးနဲ့ပတ်သက်လို့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေရဲ့ အသိုက်အဝန်း ပထမဆုံးအကြိမ်အဖြစ် အဓိပ္ပါယ်ပါပါနှုတ်ဆိတ်နေကြပါတယ်။ ဩဇာကြီးမားတဲ့ မွတ်စလင်နိုင်ငံတချို့ဆိုရင်၊ အိန္ဒိယအစိုးရရဲ့ အရေးယ...

“အိန္ဒိယနဲ့-ရုရှားနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်များသို့ ရှေ့ရှုလုပ်ကိုင်နေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ရုရှားနိုင်ငံနှင့် CIS ဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Meena Singh Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့-ရုရှားနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်များသို့ ရှေ့ရှုလုပ်ကိုင်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ဒုတိယအကြိမ်အုပ်ချုပ်ရေးသက်တမ်းမှာ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေကို ပိုမိုသစ်ဆန်းတဲ့ အမြင့်များဆီ သယ်ဆောင်ဘို့ ပြင်ဆင်ထားကြပါတယ်။ Mr Modi ဟာ လာမဲ့စက်တင်ဘာလ (၄) ရက်မှ (၆) ရက်နေ့အထိ Vladivostok မြို့မှာကျင်းပဖို့ရှိတဲ့ ပဥ္စမမြောက် အရှေ့ပိုင်းစီးပွားရေး Forum ရဲ့ နှစ်ပါတ်လည်အခမ်းအနားမှာ ဂုဏ်ထူးဆောင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပြီး နှစ်နိုင်ငံတို့အကြား အကြိမ် (၂၀) မြောက် အပြန်အလှန်ထိပ်သီးညီလာခံ နှစ်ပတ်လည်အစည်းအဝေးပွဲကိုလည်း တက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခွင့်လမ်းသစ်တွေ ထည့်သွင်းဘို့ရာ နယ်ပယ်သစ်တွေကိုလည်း စူးစမ်းလေ့လာရှာဖွေလျှက်ရှိပြီး၊ အိန္ဒိယနဲ့ ရုရှားန...

“G-7 ထိပ်သီးညီလာခံ၌ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့၏ တွေ့ဆုံဆွေးနွေးပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အမေရိကန်အရေးကိစ္စများ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “G-7 ထိပ်သီးညီလာခံ၌ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့၏ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနဲ့ ပြင်သစ်နိုင်ငံတို့မှာ အီရန်အနုမြူသဘောတူစာချုပ်အား ထိန်းသိမ်းထားရေးနဲ့ ရာသီဥတုပြောင်းလဲမှု ဆန့်ကျင်တိုက်ဖျက်ရေး စတဲ့အရေးကိစ္စအများအပြားတို့မှာ ဘုံခံစားချက်တွေရှိနေတဲ့အလျောက် ပြင်သစ်နိုင်ငံသမ္မတ Mr Emmanuel Macron ဟာ ဝန်ကြီးချုပ် Mr Modi ကို ပြင်သစ်နိုင်ငံ Biarritz မြို့မှာကျင်းပခဲ့တဲ့ G-7 ထိပ်သီးညီလာခံသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီညီလာခံကြီးရဲ့ ကြားကာလမှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတတို့ တဦးကိုတဦး တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးအကြောင်းကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုသမ္မတက New Delhi အစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ကပေးကမ်းထားတဲ့ ဖွံ့ဖြိုးစဲနိုင်ငံအဖြစ် သတ်မ...

“ဂျပန်-တောင်ကိုးရီးယား ကုန်သွယ်ရေးတင်းမာမှုများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဂျပန်-တောင်ကိုးရီးယား ကုန်သွယ်ရေးတင်းမာမှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အရှေ့အာရှဒေသပိုင်းက အဓိကစီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတို့ဟာ ကုန်သွယ်ရေးတင်းမာမှုများမှာ တိုက်ပွဲတခုထဲ ကျရောက်နေကြပါတယ်။ ဂျပန်နိုင်ငံဟာ တောင်ကိုးရီးယားနိုင်ငံအပေါ် Hydrogen Fluoride ဓာတ်ငွေ့၊ Fluorinated Polyimide နဲ့ အဆင့်မြင့် စက်မှုလုပ်ငန်းတွေမှာအသုံးပြုလေ့ရှိတဲ့ Photo-resists အပါအဝင် ဓါတုဗေဒပစ္စည်း (၃) မျိုးတို့အပေါ် တင်ပို့ရောင်းချမှု ထိန်းသိမ်းရေးကို တင်းကြပ်စေလိုက်ခြင်းနဲ့ ကန့်သတ်ချုပ်ချယ်ထားတဲ့ကုန်သွယ်ရေးနည်းလမ်းတွေ ချမှတ်လိုက်ပါတယ်။ ဒီလိုပြုလုပ်ရဒါက နိုင်ငံတော်ရဲ့ လုံခြုံရေးအတွက်ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။ ဂျပန်နိုင်ငံဟာ စစ်ဖက်ဆိုင်ရာမှာလည်း အသုံးပြုနိုင်တဲ့ အဆိုပါဓါတုဗေဒပစ္စည်းတွေရဲ့နောက်ဆုံး အသုံးပြုတဲ့အဆင့်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကို ထောက်ပြပြောဆိုခဲ့...

G-7 ထိပ်သီးညီလာခံကြီး

သောတရှင်များရှင်၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ဟောင်း Amb. Asoke Mukerji ရေးသားပေးပို့ထားတဲ့ “G-7 ထိပ်သီးညီလာခံကြီး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။ ကမ္ဘာလုံးဆိုင်ရာပြဿနာများအပေါ် ဆွေးနွေးမျှုား ပြုလုပ်စေရန် ကမ္ဘာ့အဆင့်မြင့်စီးပွားရေး (၇) နိုင်ငံတို့ ပူးတွဲပြီး ပြင်သစ်နိုင်ငံက ၁၉၇၅ ခုနှစ်တွင် G-7 အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ G-7 နိုင်ငံ အဖွဲ့ဝင်မဟုတ်သောနိုင်ငံများကိုလဲ ဆွေးနွေးမှုများ၌ ပါဝင်စေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိနိုင်ပါတယ်။ ၁၉၈၉ ခုနှစ် G-7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ FATF ခေါ် ဘဏ္ဍာရေးလှုပ်ရှားရေးတပ်ဖွဲ့တခုကို ဖွဲ့စည်းစေခဲ့၍ ငွေမည်းကို ငွေဖြူဖြစ်အောင် လုပ်ခြင်းနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှု စသည်တို့ကို ရပ်တန့်စေရန် ဦးတည်ခဲ့ခြင်းဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ Biarritz မြို့၌ပြုလုပ်လေ့ရှိသော G-7 ထိပ်သီးညီလာခံကြီးသို့ တက်ရောက်စေရန် အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi ကို ပြင်သစ်နိုင်ငံက ဖိတ်ကြားခဲ့ရာ ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံအား အဓိကဒီမိုကရက်တစ်နို...

“ဝန်ကြီးချုပ်ရဲ့ UAE နဲ့ ဘာရိန်းနိုင်ငံသို့ခရီးစဉ်ဟာ အပြန်အလှန်ဆက်ဆံမှုများကို အားသစ်လောင်းပေးခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Mohd Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဝန်ကြီးချုပ်ရဲ့ UAE နဲ့ ဘာရိန်းနိုင်ငံသို့ခရီးစဉ်ဟာ အပြန်အလှန်ဆက်ဆံမှုများကို အားသစ်လောင်းပေးခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဝန်ကြီးချုပ် Mr Narendra Modi ဟာ လွန်ခဲ့တဲ့အပတ်အကုန်မှာ UAE နဲ့ ဘာရိန်းနိုင်ငံသို့ အလည်အပတ်ခရီးစဉ်တခုကို စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တတိယအကြိမ်ခရီးစဉ်ဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ်တဦးရဲ့ ဘာရိန်းနိုင်ငံသို့ ပထမဦးဆုံးသောခရီးစဉ်ဖြစ်ပါတယ်။ ဒီအလည်အပတ်ခရီးစဉ်တွေဟာ အိန္ဒိယနိုင်ငံရဲ့ အာရေးဗီးယားပင်လယ်ကွေ့နိုင်ငံတွေနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးများလာနေဒါကို ထောက်ပြလျှက်ရှိပါတယ်။ UAE ခေါ် အာရပ်စော်ဘွားများနိုင်ငံမှာ ဝန်ကြီးချုပ်ဟာ Abu Dhabi ရဲ့ အိမ်ရှေ့မင်းသား Mohammed bin Zayed al-Nahyan နဲ့ တွေ့ဆုံခဲ့ပြီး အရေးပါလှတဲ့ အပြန်အလှန်ဆက်ဆံမှု၊ နှစ်ဦးနှစ်ဖက်တို့အတွက် အကျိုးသက်ရောက်စေတဲ့ ဒေသပိုင်းနဲ့ နိုင်ငံတကာအရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ UAE နိုင်ငံရ...

စိတ်နှလုံးမှ ပြောသောစကား (အပိုင်း ၂.၁)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူ/သားအပေါင်း မင်္ဂလာပါခင်ဗျာ ဒီနေ့ရက်တွေအတွင်း ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ တဖက်မှာ မိုးရွာသွန်းမှုတွေကြောင့် ဝမ်းမြောက် ပျော်ရွှင်နေရသလို အခြားတဖက်မှာလည်း နိုင်ငံတော်ရဲ့နေရာဒေသတိုင်းတို့မှာလည်း ပွဲတော်တွေနှင့် ပြပွဲတွေကို ကျင်းပစီရင်လျှက်ရှိနေကြပါတယ်။ ဒါဟာ ဒေဝါလီပွဲတော်အထိ ရှိနေမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူ့ဘောင်အဖွဲ့အစည်းအတွင်း ပျင်းရိငြီးငွေ့ဖွယ် မဖြစ်စေတဲ့နည်းလမ်းနှင့် နှစ်စဉ် ရာသီစက်ဝန်းအလိုက်၊ စီးပွားရေး ရာသီအလိုက်နှင့် လူမှုနှင့်ဘဝနေထိုင်မှု စနစ်တွေကို အနုစိတ် ထားရှိခဲ့ကြဟန် ရှိပါတယ်။ ကုန်လွန်ခဲ့တဲ့နေ့တွေမှာလည်း ပွဲတော်အနည်းငယ်တို့ကိုလည်း ကျွန်ုပ်တို့ ကျင်းပခဲ့ကြပါတယ်။ ယမန်နေ့ကတော့ အိန္ဒိယနိုင်ငံတဝှမ်းကို Krishna နတ်ဘုရားရဲ့ ဖွားမြင်တော်မူခြင်း ပွဲတော်ဖြစ်တဲ့ Krishna- Janma Mahotsav ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ နှစ်ကာလ ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်မှာတောင် ပွဲတော်ဟာ အင်အားသစ်တွေ ဖော်ဆောင်လျှက် ထပ်ဆင့်ဆန်းသစ်မှုတွေနှင့်အတူ ပေါ်ပေါက်လျှက်ရှိတယ်ဆိုတဲ့ ကြီးမြတ်ထူးခြားချက်ကို ဘယ်သူ တွေးကြည့...

အိန္ဒိယ-ပြင်သစ်ဆက်ဆံရေး တွန်းအားရရှိသွားခြင်း

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက် အခန်းမှာ အိန္ဒိယ-ပြင်သစ်ဆက်ဆံရေး တွန်းအားရရှိသွားခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဂျဝါဟလာနေရူးတက္ကသိုလ်၊ ဥရောပရေးရာလေ့လာရေး ဗဟိုဌာန၊ Jean Monnet ဌာနမှ ပါမောက္ခ Ummu Salma Bava ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား အိန္ဒိယဝန်ကြီးချုပ် ဒီအပတ်အတွင်း ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ခရီးစဉ်က၊ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးကို၎င်း သက်တမ်းနှစ်ပေါင်း ၂၀ ရင့်ငြောင်းခဲ့ပြီဖြစ်တဲ့ ၁၉၉၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အိန္ဒိယ-ပြင်သစ် မဟာဗျူဟာမြောက် ဆက်ဆံရေးကို၎င်း ပိုပြီးခိုင်မာစေခဲ့ပါတယ်။ Jammu နှင့် Kashmir ပြည်နယ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်တိုးတက်လာခဲ့တာနဲ့ ပတ်သက်လို့ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတခုဖြစ်ကြောင်း ပြင်သစ်နိုင်ငံက ဖေါ်ပြလိုက်လို့ နယူးဒေလီအတွက် အရေးကြီးသော အားတက်စရာတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးညှိနှိုင်းမှုမှာ ပြင်သစ်နိုင်ငံက အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံလိုက်ပါတယ်။ အိန္ဒိယ-ပြင်သစ်ဆက်ဆံရေးကို လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်နဲ့ ညီရင်းအကိုစိတ်ဓါ...

“အိန္ဒိယနှင့် နီပေါနိုင်ငံတို့က အပြန်အလှန်ဆက်ဆံရေးများကို အဆင့်မြင့်သစ်များသို့ သယ်ဆောင်ရန်ရှိခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနှင့် နီပေါနိုင်ငံတို့က အပြန်အလှန်ဆက်ဆံရေးများကို အဆင့်မြင့်သစ်များသို့ သယ်ဆောင်ရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ မကြာသေးမှီက Kathmandu မြို့မှာကျင်းပခဲ့တဲ့ ပဥ္စမအကြိမ်မြောက် အိန္ဒိယ-နီပေါ ပူးတွဲကော်မရှင် အစည်းအဝေးပွဲ အပြန်အလှန်ဆက်ဆံမှုတွေ ပေါင်းစုံတို့ကို ဆက်နွယ်မှု၊ စီးပွားရေးဖက်စပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရေး၊ ကူးပြောင်းမှု၊ ဓာတ်အား၊ ရေအရင်းအမြစ်နဲ့ ယဉ်ကျေးမှုနဲ့ ပညာရေး စတဲ့နယ်ပယ်တွေအပေါ် အထူးအာရုံပြုခဲ့ကြပြီး၊ အသေးစိတ်ပြန်လှယ်သုံးသပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးပွဲကို နှစ်နိုင်ငံစလုံးတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြီးမှူးကျင်းပခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. Subrahmanyam Jaishankar ဟာ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်တွေနဲ့ အပြန်အလှန် အကျိုးပြုမဲ့ အရေးကိစ္စတွေနဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး အကျိုးဖြစ်ထွန်းစေတဲ့ အဆွေးနွေးပွဲတွေပြုလုပ်ပြီးတဲ့နောက် Dhaka မြို့မှ Kathmandu ...

အိန္ဒိယနိုင်ငံရဲ့ ဥရောပ မြောက်ပိုင်းဒေသသို့ ပေါက်ရောက်မှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA ဌာနမှ သုတေသီ ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ ဥရောပ မြောက်ပိုင်းဒေသသို့ ပေါက်ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဥရောပ မြောက်ပိုင်းနိုင်ငံတွေနှင့် အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးတွေမှာ အဓိက သမိုင်းမှတ်တိုင်နှင့် ဒီဒေသနှင့်အတူ အိန္ဒိယ သံတမန်ရေး လုပ်ဆောင်မှုတွေမှာ အမြင့်ဆုံးအဆင့်အဖြစ် ဒုသမ္မတ Mr. M Venkaiah Naidu ဟာ အစ္စတိုးနီးယား၊ လတ်ဗီးယားနှင့် လီသူးနီးယားနိုင်ငံတို့ကို ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ အဲဒီနိုင်ငံခေါင်းဆောင် အသီးသီးတို့နှင့် ဆွေးနွေးမှုတွေအပြင် Mr. Naidu ဟာ စီးပွားရေး ဆွေးနွေးပွဲတွေကို ဦးစီးကျင်းပခဲ့ပြီး အိန္ဒိယအနွယ်ဝင် ပျံ့နှံနေထိုင်သူတွေနှင့်အတူ စေ့စပ်လုပ်ဆောင်ခဲ့ကာ စိုက်ပျိုးမွေးမြူရေး၊ စိုက်ဘား လုံခြုံရေး၊ အီလက်ထရောနစ် အုပ်ချုပ်ရေးနှင့် ပညာရေးကဏ္ဍတွေမှာပူးပေါင်းလုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာများစွာတို့ကို လက်မှတ်ရေးထိုးခဲ့သလို အစ္စတိုးနီးယားနိုင်ငံ အကြီးအကဲများ ညီလာခံမှာလည်း အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလိုအဓိကကျတဲ့ ဆော...

“အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အလည်အပတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ The Statesman နေ့စဉ်သတင်းစာမှ အထူးကိုယ်စားလှယ် ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အလည်အပတ်ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် အလည်အပတ်ခရီးစဉ်ဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina အား အောက်တိုဘာလ ပထမအပတ်မှာ အိန္ဒိယနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်ဘို့ ဖိတ်ကြားချက်အား ကမ်းလှမ်းရေးအတွက် ပိုမိုတဲ့ တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ အိမ်နီးချင်းနှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးတွေကို တိုးမြင့်ဘို့ အရေးကြီးတဲ့ အချိန်အခါမှာ ပေါ်ပေါက်လာဒါဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အပြုသဘောဆောင်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲက Sheikh Hasina နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ အောက်တိုဘာလ တွေ့ဆုံဆွေးနွေးပွဲအတွက် အခြေခံတ...

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပါကစ္စတန်နိုင်ငံ အထီးကျန်ဘဝသို့ ရောက်မှု

သောတရှင်များရှင်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Ranjit Kumar ရေးသားပေးပို့ထားတဲ့ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပါကစ္စတန်နိုင်ငံ အထီးကျန်ဘဝသို့ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ပါကစ္စတန်နိုင်ငံရဲ့ Kashmir ပြဿနာကို အပြည်ပြည်ဆိုင်ရာရေးရာအချက်ဖြစ်ကြောင်း ဆောင်ရွက်မှုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့လက်ခံမှုမရသောကြောင့် နောက်တပြန်မအောင်မြင်ခဲ့ပေ။ တရုတ်နိုင်ငံရဲ့ အမြဲတန်းမိတ်ဆွေဖြစ်သူ ပါကစ္စတန်အတွက် ၎င်းက အဖွဲ့ဝင် (၁၅) နိုင်ငံတို့ရဲ့အရေးပေါ် အစည်းအဝေးတခုကို ဖိတ်ခေါ်ခဲ့ပါတယ်။ အစည်းအဝေးတွင် တရုတ်နိုင်ငံတဦးတည်းကသာ Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အပြောင်းအလဲကို ပြောဆိုခဲ့ရာ အခြားသောအဓိကအင်အားကြီးနိုင်ငံများက အဆိုပါအချက်အပေါ် ပါကစ္စတန်နဲ့ အိန္ဒိယ (၂) နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုများဖြင့် ပြဿနာဖြေရှင်းရန် ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အုပ်ချုပ်ပုံ အခြေခံဥပဒေ၏ Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ အပိုဒ် ၃၇၀ ရဲ့ ပြဋ္ဌာန်းချက်များကို ရုပ်သိမ်းခဲ့ပြီးနောက် ပါကစ္စတန်က Jammu နဲ့ Kashmir ပြည်နယ်ဆိုင်ရာ...

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်၏ ဘူတန်နိုင်ငံ ခရီးစဉ် - ၂ နိုင်ငံဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ငန်းစဉ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဘူတန်နိုင်ငံရေးရာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်၏ ဘူတန်နိုင်ငံ ခရီးစဉ် - ၂ နိုင်ငံဆက်ဆံရေးများ တိုးချဲ့ရန် လုပ်ငန်းစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ဘူတန်နိုင်ငံဝန်ကြီးချုပ် Dr. Lotay Tshering ရဲ့ ဖိတ်ကြားချက်ဖြင့် Thimphu မြို့ကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ဒုတိယမြောက် ဆက်တိုက်သက်တမ်းကာလအတွက် အာဏာရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ရဲ့ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဘူတန်နိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်ဖြစ်သလို ဝန်ကြီးချုပ်နှင့်အတူ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့ အတူလိုက်ပါသွားခဲ့ပါတယ်။ ဒုတိယအကြိမ် အာဏာရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟာ မော်လဒိုက်နှင့် သီရိလင်္ကာနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ အဲဒီ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေဟာ အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ အိမ်နီးချင်း ပထမဦးစားပေးရေး ပေါ်လစီအ...

ငြိမ်းချမ်းရေးနှင့် လွဲခဲ့ရသော ယီမင်နိုင်ငံ

သောတရှင်များခင်ဗျာ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းမှာ “ငြိမ်းချမ်းရေးနှင့် လွဲခဲ့ရသော ယီမင်နိုင်ငံ” ဆိုတဲ့ခေါင်းစဉ်နှင့် ကာကွယ်ရေးနှင့် မဟာဗျူဟာ ခွဲခြမ်းစိတ်ဖြာ လေ့လာရေးအဖွဲ့ကြီးမှ သုတေသီ Dr. Lakshmi Priya ရေးသားပေးပို့တဲ့ ဆောင်းပါးကို ဖတ်ကြား အစီရင်ခံပါရစေ။ သောတရှင်များခင်ဗျာ စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတခုအနေနှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံက ကြားဝင်စေ့စပ်ပေးမယ်လို့ ကမ်းလှမ်းလာခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အေဒင်မြို့ အာဏစာသိမ်းပွဲအပြီးမှာ ခွဲထွက်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်က ကြေညာလိုက်လို့ ယီမင်နိုင်ငံမှာ ငြိမ်းချမ်းရေးမျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့ပါတယ်။ အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စုက ထောက်ခံအားပေးသော ယီမင်တောင်ပိုင်း ခွဲထွက်ရေး အင်အားစုဟာ ပြင်းထန်စွာ တိုက်ပွဲဆင်နွှဲပြီး အေဒင်မြို့တော်က သမ္မတအိမ်တော်ကို သိမ်းပိုက်ခဲ့ရာမှာ လူ ၄၀ သေဆုံးၚပြီး ၂၆၀ ကျော် ဒဏ်ရာရသွားပါတယ်။ Abd’rabu Mansour Hadi ခေါင်းဆောင်တဲ့အုပ်စုက Houthi လှုပ်ရှားမှုအဖွဲ့ရဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုစားရာက ဒီအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့တာဖြစ်ကြောင်း ခွဲထွက်ရေး...

ပါကစ္စတန်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ၏ ပစ်ပယ်မှု ခံလိုက်ရခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သီတင်းများ သုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် ပင်လယ်ကွေ့နိုင်ငံများ၏ ပစ်ပယ်မှု ခံလိုက်ရခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပါကစ္စတန်နိုင်ငံဟာ ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေထံကနေ သူမျှော်လင့်ထားခဲ့တယ် ဘယ်လို ထောက်ပံ့မှုမျိုးကိုမှ မရရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၇၀ ကို ရုပ်သိမ်းလိုက်ပြီး Jammu & Kashmir ပြည်နယ်ဒေသနှင့် Ladakh ဒေသတို့ကို ပြည်ထောင်စုနယ်မြေအဖြစ် ပေးအပ်ထားရှိလိုက်တာကြောင့် အာရပ်နိုင်ငံတွေဟာ အများစုတို့က မလှုပ်မယှက် ဆက်လက်တည်ရှိနေခဲ့ကြပါတယ်။ ဒီလိုနှုတ်ဆိတ်နေတဲ့ တုံ့ပြန်မှုဟာ အိန္ဒိယနိုင်ငံအနေနှင့် တည်ငြိမ်ရင့်ကျက်တဲ့နိုင်ငံ ၁ နိုင်ငံအဖြစ် ပေါ်ပေါက်တည်ရှိနေမှု အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီအပြင် အိန္ဒိယနိုင်ငံဟာ ပင်လယ်ကွေ့ နိုင်ငံအားလုံးနီးပါးတို့နှင့်အတူ ရင်းနှီးတဲ့ မဟာဗျူဟာ ဆက်ဆံရေးတွေရှိနေပြီး နှစ်စဉ် ကုန်သွယ်ရေးကဏ္ဍမှာလည်း အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ...