နီပေါနိုင်ငံသည် ဧဝရတ်တောင် လေ့လာရေးခရီးသွားရောက်မှုများအတွက် ပိုမိုတင်းကျပ်သည့် စည်းမဉ်းများ ချမှတ်ရန်ရှိ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံသည် ဧဝရတ်တောင် လေ့လာရေးခရီးသွားရောက်မှုများအတွက် ပိုမိုတင်းကျပ်သည့် စည်းမဉ်းများ ချမှတ်ရန်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
၈၈၄၈ မီတာအမြင့်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ရှိရာ နီပေါနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း တောင်တက်ခရီးသည်တွေထံကနေ အခွန်ဘဏ္ဍာတွေ ရရှိလျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် မေလအတွင်း တောင်တက်ခရီးသွားရောက်နေစဉ်မှာ ဒုတိယအကြိမ် အမြင့်ဆုံးအရေအတွက်ဖြစ်တဲ့ လူ ၁၁ ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး စိုးရိမ်လာခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ဟိမဝန္တာတောင်တန်းဒေသတခုလုံးလှုပ်ခတ်ခဲ့တဲ့ အလွန်ပြင်းထန်တဲ့ မြေငလျင် လှုတ်ခတ်ခဲ့ရာမှာ ရေခဲတောင်ပြိုကျမှုတွေပေါ်ပေါက်ခဲ့ပြီး တောင်တက်သမား အများအပြားတို့ ပိတ်မိခဲ့တဲ့အတွက် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရပါတယ်။ ယခုနှစ်မှာလည်း တောင်တင်သမား ၈၀၀ ကျော်တို့ဟာ တောင်ထိပ်အထိရောက်ဖို့ ကြိုးပမ်းခဲ့ကြပြီး အဲဒီအနက် တောင်တက်သမား အများအပြားတို့ဟာ အမြင့်ပေ မီတာ ၈၀၀၀ အထက်က သေမင်းတမန်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာမှာ တန်းစီး စောင့်ဆိုင်းခဲ့ကြပါတယ်။ ရာသီဥတုကောင်းမွန်တဲ့ ကာလတိုလေးအတွင်းမှာ လူတိုင်းလူတိုင်းက တောင်ထိပ်ကို ရောက်ရှိလိုခဲ့ကြပြီး ဒါက ပင်ပန်းနွမ်းနယ်မှုနှင့် ပင်လယ်ရေမြင်နှာပြင်အထက် မြင့်မားမှု ရောဂါအနာတရတို့ကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ နီပေါနိုင်ငံအစိုးရရဲ့ ဖော်ပြချက်အရ ယခုနှစ် မေလအတွင်း တရက်တည်းမှာ တောင်တင်သမား ၂၂၃ ဦးတို့ တောင်ထိပ်ကို ရောက်ရှိခဲ့ကြပြီး ၂၀၁၆ ခုနှစ်က ရောက်ရှိခဲ့ကြတဲ့ ၂၀၄ ဦးနှင့် ယခင်စံချိန်ကို ချိုးနိုင်ခဲ့ကြပါတယ်။
နီပေါနိုင်ငံအစိုးရဟာ နှစ်စဉ် တောင်တင်ရာသီကာလအတွင်း လူတွေ စုပြုံရောက်ရှိတာမှုအပေါ် စိုးရိမ်နေရပြီး ဒီလိုတိုးများလာနေတဲ့ တောင်တက်ဝါသနာရှင်တွေ ဘေးကင်းရေးအတွက် ပိုမိုတင်းကျပ်တဲ့ လမ်းညွှန်ချက်တွေထားရှိဖို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယခုနှစ်မှာတော့ အများဆုံး အရေအတွက်ဖြစ်တဲ့ ခွင့်ပြုသူ ၃၈၁ ဦး တို့ကိုထုတ်ပြန်ခဲ့ပါတယ်။ ကျွမ်းကျင်သူများအဖွဲ့ရဲ့ အစီရင်ခံချက်တရပ်အရ ၂၀၂၀ ခုနှစ် တောင်တက်ရာသီကစပြီး နီပေါနိုင်ငံအစိုးရက ကျင့်သုံးသွားဖို့ စီစဉ်ထားတဲ့ စည်းမျဉ်းနှင့် ထိန်းချုပ်ချက်အသစ်တွေကို ဖော်ထုတ်ထားကြောင်း သိရှိရပါတယ်။ တောင်တက်သမား အားလုံးတို့ဟာ လိုအပ်တဲ့အခငွေကြေး ဒေါ်လာ ၁၁၀၀၀ ပေးသွင်းထားပြီးဖြစ်တဲ့ အထောက်အထားလက်မှတ် ၁ ခု ပေးအပ်ရမှာဖြစ်ပြီး နီပေါနိုင်ငံအတွင်း အနည်းဆုံး မီတာ ၆၅၀၀ အမြင့်ရှိတဲ့တောင်ထိပ်ကို တက်ထားပြီးဖြစ်သူနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း အထောက်အထားလက်မှတ် ၁ ခု ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါအစိုးရဟာ ဧဝရတ်တောင်ခြေစခန်းမှာ ကျန်းမာရေးစစ်ဆေးမှု မဖြစ်မနေပြုလုပ်သွားဖို့လည်း ထည့်သွင်းစဉ်းစားလျှက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်တနေရာမှာ ပိတ်မိနေတဲ့အခါမျိုးမှာ တောင်တက်သမားအားလုံး အသက်အာမခံကလွဲလို့ ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ဆေးကုသမှုအာမခံတို့ပါဝင်ရမယ့် အာမခံချက် မရှိမဖြစ် လိုအပ်သွားမှာ ဖြစ်ပါတယ်။ လေ့လာရေး ခရီးသွားရောက်ဖို့အတွက် လမ်းညွှန်ချက်တွေဟာ ပင်လယ်ရေမျက်နှာပြင်ထက် တောင်တက်ခရီးတွေမှာ အနည်းဆုံး ၃ နှစ် အတွေ့အကြုံရှိထားသူလည်း ဖြစ်ရမှာဖြစ်ပါတယ်။
ဧဝရတ်တောင်တက်သမားတွေအတွက် တည်ဆဲဥပဒေတွေမှာ ၎င်းတို့အနေနှင့် နိုင်ငံကူးစာအုပ် မိတ္တူတစောင်၊ ကန့်သတ်ထားတဲ့ နောက်ကြောင်းအတ္ထုပ္ပတ္တိ အချက်အလက်နှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်တစောင် တင်သွင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ လေ့လာရေးခရီး သွားရောက်မှုလုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတွေဟာ ဧဝရတ်တောင် လေ့လာရေးခရီးအတွက် အခကြေးငွေ အနည်းဆုံး ဒေါ်လာ ၃၅၀၀၀ နှင့် မီတာ ၈၀၀၀ ထက်မြင့်တဲ့ တခြားတောင်တွေအတွက် ဒေါ်လာ ၂၀၀၀၀ ပေးရမယ်လို့လည်း အဆိုပါ ပါရဂူများအဖွဲ့က အကြံပြုထားပါတယ်။ နီပေါအစိုးရဟာ တောင်တက်ရာသီမှာ လူစုပြုံမှုမရှိစေဖို့ ဧဝရတ်တောင်တက်ခရီးအတွက် ခွင့်ပြုချက်အရေအတွက် တင်းကျပ်သွားဖို့ ရည်ရွယ်ထားပေမယ့် ဒီလိုတင်းကျပ်မယ်ဆိုရင် ဝင်ငွေလျော့နည်းမှုကိုလည်း ချင့်ချိန်လျှက်ရှိပါတယ်။
၁၉၅၃ ခုနှစ်မှာ Edmund Hillary နှင့် Tenzing Norgay တို့ ဧဝရတ်တောင်ထိပ်ကို ပထမဆုံး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့အချိန်ကတည်းက ဧဝရတ်တောင်ကို သီးသန့်အားဖြင့် ၁၉၉၀ ပြည့်နှစ်တွေအလွန်မှာ တောင်တက်သမား အရေအတွက် တိုးများလာခဲ့ပါတယ်။ တောင်တက်သမားတွေဟာ လူသားတွေရဲ့ အညစ်ကြေးတွေ၊ အစားအသောက် အညစ်ကြေးတွေ၊ ပေါက်ပြဲနေတဲ့ ရွက်ဖျင်တဲတွေ၊ ကြိုးတွေ၊ သုံးထားပြီးဖြစ်တဲ့ အောက်ဆီဂျင်ဗူးတွေ၊ လှေကားတွေ၊ ပလစ်စတစ် ပုလင်းတွေနှင့် စည်သွတ်ဗူးတွေ အမှိုက်ပစ်ခဲ့ကြပြီး ဧဝရတ်တောင်စောင်းတလျှောက် ထားရှိခဲ့ကြပါတယ်။ ဧဝရတ်တောင် လေ့လာရေးခရီးဆိုင်ရာ နီပေါအစိုးရဟာ ယခုနှစ်မှာ အမှိုက်သရိုက် ၁၁ တန်နှင့် လူသေအလောင်း ၄ လောင်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကမ္ဘာ့ဒေသအသီးသီးတို့မှာ ရေခဲတောင်တွေ အရည်ပျော်မှု မြန်ဆန်စွာဖြစ်ပွားနေပြီး ရေခဲတောင်ပြိုကျမှုတွေ၊ မြေပြိုကျမှုတွေနှင့် ရေလွှမ်းမိုးမှုတွေ ပေါ်ပေါက်နေမှုနှင့်အတူ ပျမ်းမျှ ရာသီဥတု ပြောင်းလဲလာမှုဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီး ပူနွေးလာမှုအပေါ် စိုးရိမ်မကင်း ဖြစ်လာခဲ့ရပါတယ်။ လေ့လာတွေ့ရှိချက် ၁ ရပ်အရ သိပ္ပံပညာရှင်တွေဟာ အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပါအဝင် အာဖကန်နစ္စတန်နိုင်ငံမှ မြန်မာနိုင်ငံအထိ သွယ်တန်းနေတဲ့ ဟိမဝန္တတာ ရေခဲတောင်တွေရဲ့ အနည်းဆုံး သုံးပုံ-တပုံတို့ဟာ လက်ရှိအခြေအနေအတိုင်းသွားနေမယ်ဆိုရင် ဒီရာစုနှစ်အကုန်မှာ အရည်ပျော်သွားလိမ့်မယ်လို့ သတိပေးထားကြပါတယ်။
အိန္ဒိယနိုင်ငံဟာ ဧဝရတ်တောင်ထိပ် တက်ရောက်ဖို့ကြိုးပမ်းသူ အရေအတွက်ကန့်သတ် တင်းကျပ်ဖို့ နီပေါနိုင်ငံရဲ့လုပ်ဆောင်ချက်ကို ကြိုဆိုလိုက်ပါတယ်။ နယူးဒေလီအစိုးရဟာ ဖော်ပြပါ ဆိုးကျိုးသက်ရောက်မှုတွေအပေါ် စိုးရိမ်နေခဲ့ပြီး ကိုယ်တိုင်ကလည်း ဟိမဝန္တာတောင်တန်းရဲ့ ဂေဟစနစ် ဆုတ်ယုတ်လာမှုထိန်းချုပ်ဖို့ ပိုင်းဖြတ်ထားပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ အမျိုးသားလှုပ်ရှားလုပ်ဆောင်ရေး စီမံကိန်းနှင့် ဟိမဝန္တာတောင်တန်း ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားလှုပ်ရှားမှု စီမံကိန်းတို့ကို ထားရှိ ဖော်ဆောင် လုပ်ကိုင်လျှက်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း Sikkim၊ Meghalaya၊ Nagaland နှင့် Uttarakhand ပြည်နယ်တို့အပါအဝင် တောင်းတန်းဒေသ ၁၂ ပြည်နယ်တို့ဟာ နေရာပေါင်း ၁၅၀၀ ကျော်တို့မှာ “ဟိမဝန္တာတောင်တန်း သန့်ရှင်းရေး” အစီအစဉ်ကို ပြုလုပ်ခဲ့ကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Rattan Saldi ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment