ဆဋ္ဌမအကြိမ်မြောက် အိန္ဒိယနှင့် မော်လ်ဒိုက်နိုင်ငံတို့အကြား ပူးတွဲကော်မရှင်အစည်းအဝေးပွဲ”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. M Samatha ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဆဋ္ဌမအကြိမ်မြောက် အိန္ဒိယနှင့် မော်လ်ဒိုက်နိုင်ငံတို့အကြား ပူးတွဲကော်မရှင်အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဆဋ္ဌမအကြိမ်မြောက် အိန္ဒိယနဲ့ မော်လ်ဒိုက်နိုင်ငံတို့အကြား ပူးတွဲကော်မရှင် (JCM) အစည်းအဝေးပွဲကို New Delhi မြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးပွဲကို မော်လဒိုက်နိုင်ငံခြားရေးဝန်ကြီး၊ Mr. Abdulla Shahid နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar တို့ကြီးမှူးကျင်းပခဲ့ကြပါတယ်။ အဆိုပါ JCM ဟာ အိန္ဒိယနဲ့ မော်လဒိုက်နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံရေးတခုလုံးကို ပြန်လည်သုံးသပ်ဘို့ အခွင့်အရေးတခု ပေးဆောင်ပါတယ်။
လွန်ခဲ့တဲ့တနှစ်ကျော်က ဒီမိုကရေစီစနစ်အရ Solih အစိုးရတက်လာပြီးတဲ့နောက် နယ်ပယ်များစွာတို့ကို ကျယ်ပြန့်စွာလွှမ်ခြုံနိုင်တဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ဘို့ရာ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအထောက်အပံ့များမှတဆင့် မော်လဒိုက်နိုင်ငံမှာ လူမှုရေးနယ်ပယ်မှာ ဖွံ့ဖြိုးမှုရှိလာမှုအပြင် နှစ်နိုင်ငံစလုံးတို့ဟာ ရေကြောင်းသွားလာမှု၊ လုံခြုံရေးနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ဘို့ ကြိုပမ်းနေကြပါတယ်။ မော်လ်ဒိုက်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် အိန္ဒိယနိုင်ငံဟာ အမေရိကန်ဒေါ်လာပေါင်း (၁.၄) ဘီလီယံရှိတဲ့ စီးပွားရေးအထောက်အကူကို ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ချေးမငွေအဖြစ် ဒေါ်လာပေါင်း ၅.၆ သန်းကို အဆင့်မြင့်မားတဲ့ လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးရေးပရိုဂျက်တွေအတွက် အထောက်အပံ့အဖြစ် ကြေညာခဲ့ပါတယ်။ အဆိုပါထောက်ပံ့ရေးပရိုဂျက်တွေဟာ မော်လ်ဒိုက်နိုင်ငံကို ၎င်းရဲ့ကျွန်းအများအပြားတွေအကြား ဖွံ့ဖြိုးမှုကွာဟချက်တွေအား ပေါင်းကူးစေရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ဆိုင်ရာ ကုလသမဂ္ဂလူသားများဖွံ့ဖြိုးမှုအစီအရင်ခံချက်မှာ မော်လ်ဒိုက်နိုင်ငံအတွင်း မညီမမျှဖြစ်မှုတွေဟာ ဆက်လက်တည်ရှိနေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒေသပိုင်းအတွင်း သမရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန်ဆက်ဆံရေးမှာ ဦးစားပေးနယ်ပယ်အဖြစ် ပေါ်ထွန်းလာပါတယ်။ ပယ်လယ်ရေကြောင်းလုံခြုံရေးတိုးမြှင့်ဘို့အတွက် အိန္ဒိယနိုင်ငံဟာ မော်လ်ဒိုက်နိုင်ငံကို ကမ်းခြေစောင့်သင်္ဘော Kaamyaab ကို လက်ဆောင်ပေးခဲ့ပါတယ်။ အိန္ဒိယ-မော်လ်ဒိုက် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးမှာ မော်လ်ဒိုက်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (MNDF) ကို လေ့ကျင့်သင်တန်းပေးခြင်းနဲ့ အခြေခံလိုအပ်ချက်အဆောက်အအုံများတည်ဆောက်ခြင်းနဲ့ ပင်လယ်ကမ်းခြေ ကင်းစောင့်ရေးရေဒါစနစ် (CSR) တည်ထောင်ပေးခြင်းတို့ ပါဝင်ပါတယ်။ JCM အစည်းအဝေးပွဲမှာ နှစ်နိုင်ငံစလုံးတို့ဟာ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး အကြမ်းဖက်သော အစွန်းရောက်ဝါဒနဲ့ မူလအရင်းအမြစ် အယူစွဲစေခြင်းတို့ဆိုင်ရာ ပူးတွဲအမှုဆောင်အုပ်စုတခုရဲ့ အစည်းအဝေးပွဲကို စောလျင်စွာကျင်းပဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မော်လ်ဒိုက်နိုင်ငံဟာ အကြမ်းဖက်ဝါဒကို ရင်ဆိုင်တိုက်ခိုက်ဘို့အတွက် အစပျိုးလုပ်ကိုင်မှုအဖြာဖြာတို့ကို ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်ဝါဒ တားဆီးကာကွယ်ရေး အက်ဥပဒေမှာ ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး Syria နိုင်ငံ စစ်ဇုံတခုအဖြစ် ကြေငြာခဲ့ကာ၊ အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ Syria ကိုသွားရောက်ခြင်းဟာ ဒါဏ်ခတ်နိုင်တဲ့ ပြစ်မှုတခုအဖြစ် ကြေငြာလိုက်ပါတယ်။ မော်လ်ဒိုက်နိုင်ငံသမ္မတရေးရာကော်မရှင်ဟာ Islamic State (IS) အုပ်စုနဲ့ Al-Qaida တို့နဲ့ ဆက်နွယ်တဲ့ မော်လ်ဒိုက်နိုင်ငံသားတွေအပေါ် အရေးယူဘို့ တောင်းဆိုခဲ့ပါတယ်။ Mohamed Ameen ဟာမေရိကန်ပြည်ထောင်စုက အကြမ်းဖက်သမားအဖြစ် သတ်မှတ်စာရင်းသွင်းခြင်းခံခဲ့ရတဲ့ ပထမဦးဆုံးသော မော်လ်ဒိုက်နိုင်ငံသားဖြစ်ပါတယ်။ အဆိုပါ JCM အစည်းအဝေးပွဲက အိန္ဒိယနိုင်ငံမှ ထောက်ပံ့ကြေးတွေ ရရှိထားတဲ့ Hulhumale မြို့အတွင်းက Cricket ကစားကွင်း ဆောက်လုပ်ရေးဖွံ့ဖြိုးမှုတွေကို သုံးသပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ ရာဇဝတ်မှုဆိုင်ရာတို့မှာ အပြန်အလှန်ဥပဒေရေးရာ အထောက်အကူပြုရေးစာချုပ်ချုပ်ဆိုဘို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ဆဋ္ဌမအကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေး JMC ကို (၄) နှစ်ကျော်ကြာညှောင်းပြီးမှ ပြန်လည်ကျင်းပဒါဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအစည်းအဝေးပွဲကြီးဟာ အိန္ဒိယ-မော်လ်ဒိုက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် အားသစ်တခုလောင်းပေးခဲ့ပါတယ်။ ဒီအိမ်ဦးချင်းနှစ်နိုင်ငံတို့အတွက် စိန်ခေါ်မှုကတော့ သဘောတူထားတဲ့ ပရိုဂျက်တွေကို အကောင်အထည်ဖေါ်ရာမှာ အရှိန်အဟုန်မြင့်မားစေရေးအား အသေအချာဖြစ်စေဒါဘဲဖြစ်ပါတယ်။ မော်လ်ဒိုက်နိုင်ငံဟာ SAARC အဖွဲ့ကြီးရဲ့လက်အောက် ဒေသပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရလဒ်တွေထွက်ပေါ်စေနိုင်ပြီး ပြည်သူတွေအတွက် ထိရောက်တဲ့အကျိုးကျေးဇူးတွေရရှိစေရေးကို မျှော်လင့်နေပါတယ်။ ဒါကြောင့် နှစ်နိုင်ငံစလုံးအနေနဲ့ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးမှာရော၊ ဒေသပိုင်းဆိုင်ရာမှာပါ ပူးပေါင်းဆောင်ရွက်မှုတိုးများစေဘို့ရာ မနားမနေ ကြိုးပမ်းလုပ်ကိုင်ဘို့လိုအပ်ဒါဘဲဖြစ်ပါတယ်။ သတ္တမအကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေးပွဲ JCM ကို မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. M Samatha ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment