“Madrid မြို့ညီလာခံမှာ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုသေးငယ်စေရေးအတွက် အေဂျင်ဒါ”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယသိပ္ပံဂျာနယ်၊ အထူးအမှုဆောင်အယ်ဒီတာဆောင်းပါးရှင် N. Bhadran Nair ဝေဖန်ရေးသားပေးပို့ထားတဲ့ “Madrid မြို့ညီလာခံမှာ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုပြောင်းလဲမှုသေးငယ်စေရေးအတွက် အေဂျင်ဒါ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ရာသီဥတုပြောင်းလဲမှုက အမှန်တခုဖြစ်ပြီး၊ ဒီအရာကို ရှောင်ခွင်လို့မရပါဘူး။ ကမ္ဘာပေါ် ဘယ်နိုင်ငံကမှ ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်တွေမှ ဝေးကွာစွာ မတည်ရှိနိုင်ဘဲ၊ ရာသီဥတုပြောင်းလဲမှုက နိုင်ငံတခုခုရဲ့အရေးယူလုပ်ကိုင်မှု သို့မဟုတ် အရေးမယူဘဲရှိနေမှုတခုတည်းအပေါ် မူတည်နေဒါမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ရာသီဥတုစနစ်မှာ ရာသီဥတုပြောင်းလဲမှုရဲ့ဒါဏ်ကို စတင်ခံစားနေပြီးဖြစ်ပါတယ်။ အခါမဟုတ်မိုးရွာသွန်းမှု၊ အလွန်ပြင်းထန်တဲ့ အပူလှိုင်းတွေ၊ စနစ်နဲ့ဆန့်ကျင်တဲ့အအေးရာသီအချိန်ကာလ စသည်တို့ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲတွေဖြစ်ကြပြီး၊ အဆိုပါအချက်တွေဟာ စားသောက်ကုန်ထုတ်လုပ်ရေးနဲ့ ကျန်းမာရေး စသည်တို့အပေါ် နစ်နာမှုတွေ ပေါ်ပေါက်စေပါတယ်။

မကြာသေးခင်လေးမှာဘဲ ပြီးဆုံးခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု သို့မဟုတ် CoP25 ညီလာခံက လာမဲ့သက္ကရာဇ် ၂၀၂၀ ခုနှစ်မှစပြီး၊ ၂၀၁၅ ခုနှစ်ဆိုင်ရာ Paris သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဘို့အတွက် အရေးယူဆောင်ရွက်ရေး အစီအစဉ်ကို ဘယ်ပုံဘယ်နည်းနဲ့ ပြီးပြတ်စေရမယ်ဆိုဒါကို ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါနှစ်ပါတ်ကြာညီလာခံကြီးမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုအပေါ် သိပ္ပံနည်းကျသော သတိပေးမှုတွေကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ၎င်းရဲ့နောက်ဆက်တွဲတွေနဲ့ လူသားတို့ရဲ့အသက်စည်းစိမ်အပေါ် ဆုတ်ယုတ်နစ်နာမှုတွေ ကျရောက်ခြင်းမှ ကမ္ဘာကြီးကို ဘယ်လိုကယ်တင်နိုင်ပါ့မလဲဆိုဒါကို ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂအေဂျင်စီ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရတွေရဲ့ ပင်နယ်အဖွဲ့ (IPCC) ဟာ အကယ်၍သာ နိုင်ငံတွေက သူတို့ရဲ့ အရေးယူဆောင်ရွက်မှုအရှိန် မြှင့်တင်ခြင်းမပြုဘူးဆိုရင် ကျွန်ုပ်တို့ဟာ သဘာဝအပေါ်ကျရောက်နေပြီးဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေအား လိုအပ်တဲ့အဆင့်အထိ လျော့ချဘို့ တတ်နိုင်စွမ်းရှိမယ်မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

အပြင်းထန်ဆုံးသတိပေးချက်အဖြစ် ကုလသမဂ္ဂပါတ်ဝန်းကျင်ရေးရာအစီအစဉ်အဖွဲ့မှ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းရဲ့အစီအရင်ခံချက် “Emission Gap Report 2019” မှာ ကျွန်ုပ်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို ၁.၅ ဒီဂရီ Celsius သို့ ကန့်သတ်ထိန်းချုပ်ထားရှိဘို့ရာ အခွင့်ရေးကို လက်လွှတ်ဆုံးရှုံးကြရမဲ့အခြေအနေမှာ ရောက်ရှိနေကြပါတယ် လို့ ဖေါ်ပြထားဒါဘဲဖြစ်ပါတယ်။

IPCC ဟု သူ့ရဲ့ ထောင်ပေါင်းများစွာသော သိပ္ပံပညာရှင်တွေအားကိုးကားပြုစုထားတဲ့ အထူးအစီအရင်ခံချက်မှာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုဟာ စက်ရုံများနဲ့ ဓါတ်ငွေ့ထုတ်လုပ်မှုအဆင့်မတိုင်မှီ သက္ကရာဇ်၂၀၃၀ ခုနှစ်နဲ့ ၂၀၅၂ ခုနှစ်များအကြား အကယ်၍သာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုက လက်ရှိထက် ဆက်လက်တိုးများလာမယ်ဆိုရင် ၁.၅ ဒီဂရီ Celsius အထိ တိုးများလာမှာကို သတိပေးထားပါတယ်။

တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အရိုးအကြွင်းကျန် လောင်စာများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လုပ်မှု ပမာဏရဲ့ ၆၀% အတွက် တာဝန်ရှိကြတယ်လို့ ဖော်ပြကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့အစိမ်းရောင်ဖန်အိမ်ထွက် ဓါတ်ငွေ့ GDP ရဲ့ တစ်ယူနစ်အထိ လျော့ချဘို့ သန္နိဋ္ဌာန်ပြုထားပြီး ၂၀၃၀ ခုနှစ်မှာ ၂၀၀၅ ခုနှစ်က အဆင့်သို့ ကျဆင်းလာစေဘို့ လုပ်ကိုင်နေပါတယ်။ New Delhi အစိုးရရဲကခံယူချက်ဖြစ်တဲ့ Carbon Dioxide ဓါတ်ငွေ့ထုတ်လွင်မှု ကျဆင်းရေးအတွက် ရည်မှန်းချက်တိုးမြှင့်စေရာမှာ သော့ချက်ကျအစပျိုးမှုဖြစ်တဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေအား မြေမှထွက်သောလောင်စာမဟုတ်သည့် အရင်းအမြစ်တွေအဖြစ် ပြောင်းလဲရေး၊ Zero Emission ခေါ် ဓါတ်ငွေ့လုံးဝမထုတ်လွင့်သောနည်းပညာများသို့ ရှေ့ရှုတဲ့စီးပွားရေးအခြေခံ အစိမ်းရောင်စက်မှုလုပ်ငန်းနည်းဗျူဟာဖွံဖြိုးရေး၊ အများပြည်သူတို့အား သယ်ယူပို့ဆောင်ရေးစနစ်ကို ကျယ်ပြန့်စေရေး၊ အမျိုးသားလျှပ်စစ်ဓါတ်အားရွှေ့လျားမှု၊ ရာနှုန်းပြည့်လျှပ်စစ်မော်တော်ကားတွေထုတ်လုပ်ရောင်းချရေးတို့ဖြစ်ကြပါတယ်။

Madrid ညီလာခံမှာ အိန္ဒိယနိုင်ငံဟာ Mahatma Gandhi ကြီးရဲ့တည်မြဲသောဖွံ့ဖြိုးမှုအတွက် ဥာဏ်အမြော်အမြင်ကို ဖေါ်ပြခဲ့ပြီး၊ Gandhi ကြီးရဲ့ လိုအပ်မှုအားလျော့နည်းစေပြီး၊ သာမန်ရိုးရိုးနေထိုင်ရေး အတွေးအခေါ်အယူအဆတွေအား ဖေါ်ပြခဲ့ပါတယ်။

ပါတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုအစိုးရဝန်ကြီး Mr Prakash Javadekar က “အိန္ဒိယနိုင်ငံဟာ Pairs ရာသီဥတုစာချုပ်မှာ ဂတိပြုခဲ့တဲ့အတိုင်း ဓါတ်ငွေ့ထုတ်လွင့်မှုကို ၂၁% အထိ လျော့ချနိုင်ခဲ့ကာ၊ မကြာမှီ ၃၅% အထိ လျော့ချဘို့ ကြိုးပမ်းနေကြောင်း” ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါဝန်ကြီးဟာ အိန္ဒိယနိုင်ငံက ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေပြုလုပ်တဲ့ ဆဋ္ဌမမြောက် နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အဆိုပါဝန်ကြီးရဲ့ ဖေါ်ပြချက်အရ အိန္ဒိယနိုင်ငံဟာ ဓါတ်အားပမာဏ 175 Gigawatt ထဲမှ 83 Gigawatt ကို ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်အဖြစ် Paris မြို့ခံယူချက်ကို ဖြည့်ဆည်းဘို့ ကြိုးပမ်းနေပြီးဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုအချိန်အခါမှာ မိမိတို့ရဲ့ ပစ်မှတ်ကို 450 Gigawatt အဖြစ် တိုးမြှင့်ဘို့ ကြိုးပမ်းလုပ်ကိုင်နေကြောင်း ဖေါ်ပြခဲ့ပါတယ်။

ရာသီဥတုဆိုင်ရာ သိပ္ပံပညာဟာ ရှင်းလင်းနေပါတယ်။ ကမ္ဘာကြီးဟာ အလွန်ကြီးမားတဲ့ စီးပွားရေးနဲ့ လူမှုရေးရာအကြပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။ အဆိုပါရာသီဥတုအရေးပါပုံတွေဟာ ကျွန်ုပ်တို့ကာလမှာ အရေးကြီးဆုံး၊ အရေးကိစ္စတခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကို တကမ္ဘာလုံးအား တွင်းထွက်လောင်စာအသုံးပြုမှု ရှောင်ရှားခြင်းမပြုသမျှ ပယ်ရှင်းနိုင်မယ်မဟုတ်ပါဘူး စသည်ဖြင့် ဆောင်းပါးရှင် N. Bhadran Nair ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments