“Afghanistan နိုင်ငံ သမ္မတရွေးကောက်ပွဲများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် M.K. Tikku ဝေဖန်ရေးသားပေးပို့ထားတဲ့ “Afghanistan နိုင်ငံ သမ္မတရွေးကောက်ပွဲများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Afghanistan နိုင်ငံမှာ သမ္မတရွေးကောက်ပွဲတွေရဲ့ ရှေးဦးရလဒ်တွေကို ကြေငြာလိုက်ခြင်းနဲ့အတူ ဒီစစ်ဘေးဒါဏ် အလူးအလဲခံနေခဲ့ရတဲ့နိုင်ငံဟာ နိုင်ငံအတွင်း ဒီမိုကရက်တစ်ဌာနကြီးတွေကို ခိုင်မြဲတောင့်တင်းစေရေးသို့ ရှေ့ရှုတဲ့နောက်ထပ်သမိုင်းမှတ်တိုင်တခုကို စိုက်ထူလိုက်ပါတယ်။ Afghanistan နိုင်ငံရဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲကော်မရှင်ဟာ လက်ရှိသမ္မတ Mr Ashraf Ghani ဟာ မဲအရေအတွက်များစွာရရှိခဲ့ပြီး မဲအရေအတွက်စုစုပေါင်း ၅၀.၄၆% ရရှိခဲ့ဒါကို ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Abdullah Abdullah ဟာ Mr Ghani ရဲ့ အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ မဲအရေအတွက်ပေါင်း (၂၀၀,၀၀၀) နှစ်သိန်းနဲ့ ရှုံးနှိမ့်ခဲ့ပါတယ်။ Taliban တို့ရဲ့ ဦးနှောက်မရှိ ကြမ်းကျုတ်တဲ့ အဓိကရုဏ်းတွေကို ခံစားခဲ့တဲ့ အဲဒီနိုင်ငံဟာ အရပ်သားအုပ်ချုပ်ရေးကို တည်ထောင်ဘို့ ရုန်းကန်နေတဲ့နိုင်ငံတနိုင်ငံအတွက် အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲဆိုင်ရာ မသမာ လိမ်လည်မှုတွေကို တားဆီးရှောင်ရှားဘို့အတွက် အလွန်အမင်းကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ရလဒ်တွေအရ ထောင်ပေါင်းများစွာသော မဲဆန္ဒရှင်တွေဟာ လက်ဗွေစမ်းစစ်ရာမှာ မအောင်မြင်ခဲ့ကြတဲ့အတွက် ပယ်ချခြင်း ခံခဲ့ရပါတယ်။ ဒီလိုပြုလုပ်ခဲ့သည့်တိုင် တိုင်တန်းချက်တွေ အမြောက်အများရှိခဲ့ပြီး၊ ရွေးကောက်ပွဲကော်မရှင်က တိုင်ချက်တိုင်းကို အာရုံပြုမယ်လို့ ကတိပေးခဲ့ရပါတယ်။

ဒီလုပ်ငန်းစဉ်ကိုယ်တိုင်က ရက်သတ္တပါတ်အနည်းငယ်ကြာလိမ့်မယ် သို့မဟုတ် အဲဒီလုပ်ငန်းစဉ်ရဲကအဆုံးမှာ အကယ်၍သာ Mr Ashraf Ghani ရဲ့ မဲအရေအတွက်ဟာ မဲစုစုပေါင်းရဲ့ ထက်ဝက်ထက် လျော့နည်းနေမယ်ဆိုရင်၊ အဓိကပြိုင်ဘက်နှစ်ဦးတို့အကြား နောက်တကြိမ် ရွေးကောက်ပွဲကျင်းပဘို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ အလွန်ရှည်လျားဒါမို့ ဒီလိုအခြေအနေမျိုးကို မသမာတဲ့ အသိုင်းအဝိုင်းတွေအတွက် နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတွေ သို့မဟုတ် နိုင်ငံရဲ့ ကြိုးပမ်းနေတဲ့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်တွေအပေါ် အနုတ်လက္ခဏာလွှမ်းမိုးမှုတွေကို ခွင့်မပြုဘို့ အသေအချာဖြစ်စေရမယ်ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့စပ်လျဉ်းပြီး ကမ္ဘာ့ခေါင်းဆောင်အတော်များများဟာ အခြေအနေကို စောင့်ကြည့်နေတုံးမှာ Mr Ashraf Ghani အား ချီးကျူးဂုဏ်ပြုဘို့ ပထမဦးဆုံးရှေ့ကို ရောက်ရှိလာခဲ့ဒါကတော့ ဝန်ကြီးချုပ် Mr Narendra Modi ဖြစ်ပါတယ်။ Afghan ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ Afghan တို့ဦးဆောင်ပြီး၊ Afghan တို့ပိုင်ဆိုင်ကာ၊ Afghan တို့ ထိန်းချုပ်စိုးမိုးတဲ့ ဘက်စုံငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုအတွက် အထောက်အကူပြုတဲ့မူဝါဒကို မှတ်ချက်ချ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကလည်း ဆန့်ကျင်မှုအပြင်းအထန်တွေကို ဆန့်ကျင်ပြီး ကျင်းပပြီးဆုံးခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ ကြီးမားတဲ့အောင်မြင်မှုတခုဖြစ်ပါတယ်။ ယခုကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ၂၀၀၁ ခုနှစ်မှာ Taliban တို့ကျဆုံးပြီးတဲ့နောက် စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲဖြစ်ပါတယ်။ Taliban တွေကို နောက်ကိုတွန်းပို့ထားပေမဲ့ သူတို့ဟာ ယခုတိုင် ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။ Kabul မြို့မှာ ရွေးကောက်ပွဲရလဒ်တွေကြေငြာပြီးလို့ ရက်အနည်းငယ်အတွင်းမှာဘဲ လွန်ခဲ့တဲ့ Taliban တို့ဟာ အနည်းဆုံးလုံခြုံရေးတပ်ဖွဲ့ဝင် (၁၅) ဦးတို့ကို Balkh ပြည်နယ်မြောက်ပိုင်းမှာ သတ်ဖြတ်ခဲ့ကြပါတယ်။ တချိန်တည်းမှာဘဲ Taliban တို့ဟာ ငြိမ်းချမ်းရေးလုပ်သား (၂၇) ဦးတို့ကို Farah ပြည်နယ်မှာ ပြန်ပေးဆွဲသွားခဲ့ကြပါတယ်။

အခက်အခဲတွေအားလုံးကိုဆန့်ကျင်ပြီး အာဖဂန်ပြည်သူတွေဟာ သေနတ်နဲ့အုပ်ချုပ်မှုတွေကို ရှောင်လွှားပြီး အရပ်သားအုပ်ချုပ်ရေးလွှမ်းမိုးမှုတည်ဆောက်ဘို့အတွက် ရုန်းကန်ခဲ့ကြပါတယ်။ ဒါကြောင့် New Delhi အစိုးရကလည်း Afghanistan နိုင်ငံကို Taliban တို့ ဆွဲယူသွင်းခဲ့တဲ့ သွေးမြေကျအခြေအနေတွေမှ နုတ်ယူပြီး ဒီမိုကရေစီလမ်းစဉ် ထွန်းတောက်ဘို့ရာ အစဉ်အမြဲကြိုးပမ်းခဲ့ပြီး စစ်ဘေးဒါဏ် အလူးအလဲခံခဲ့ရတဲ့ ဒီနိုင်ငံအတွင်းမှာ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဘို့ ဆန္ဒပြင်းပြလျှက်ရှိပါတယ်။ ယခုနောက်ဆုံးကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ အဆိုပါဦးတည်ချက်ကို ရှေ့ရှုတဲ့ နောက်ထပ်ခြေတလှမ်းဖြစ်တယ်လို့ မြင်တွေ့ကြပါတယ်။

သမ္မတ Mr Ashraf Ghani နဲ့ Dr. Abdullah Abdullah တို့ဟာ Afghanistan နိုင်ငံရဲ့ ခရစ်ယာန်ရဟန်းတာ Mosaic နဲ့သက်ဆိုင်တဲ့ လူမျိုးရင်းတွေနဲ့ ဒေသပိုင်းဆိုင်ရာ အမှတ်အသားတွေ အများအပြားတွေထဲမှာ ကွဲပြားခြားနားတဲ့ မဲဆန္ဒနယ်မြေတွေအား ကိုယ်စားပြုကြပေမဲ့ အုပ်ချုပ်ရေးအာဏာ ခွဲဝေယူရာကို မကြုံးဖူးကြသူတွေဖြစ်ကြပါတယ်။ တတိယအကြိမ် သမ္မတရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ပိုင်း သူတို့နှစ်ဥိးကို အစိုးရရဲ့ တာဝန်ဝတ္တရားတွေအား ခွဲဝေကျင့်သုံးကြဘို့ရာ သွေးဆောင်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ အထက်တန်းပညာ အစိတ်အပိုင်းကောင်းတွေရရှိခဲ့တဲ့ Dr. Abdullah နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ သမ္မတ Mr Ghani တို့ဟာ Afghanistan နိုင်ငံထဲက ထိပ်တန်းပညာရှိအသိုင်းအဝိုင်းတွေကို အကောင်းဆုံးကိုယ်စားပြုကြပါတယ်။ ပြီးခဲ့တဲ့အချိန်ကပြုလုပ်ခဲ့ကြသလို သူတို့နှစ်ဦးအား အစိုးရကဦးဆောင်ဘို့အတွက် သွေးဆောင်ရာမှာ သိပ်ပြီးခက်ခဲနိုင်မယ်တော့ မဟုတ်ပါဘူး။ Afghanistan နိုင်ငံအတွက် ပိုမိုကြီးမှားတဲ့ စိန်ခေါ်မှုကို Taliban တို့ထံမှဖြစ်ပြီး ရှေးစကားပုံလို တံခါးဝမှာ ဝံပုလွေကြီးစောင့်နေဒါနဲ့ သဏ္ဍာတူကာ၊ ဒီအရေးကိစ္စကို တခြားပြဿနာတွေထက် အရင်ဖြေရှင်းဘို့ လိုအပ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် M.K. Tikku ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”