Posts

Showing posts from April, 2020

COVID-19 ကာလ အိန္ဒိယနိုင်ငံ၏ ဂျုံ၊ စပါးများ ဖူလုံစွာသိုလှောင်ထားနိုင်မှုက အဓိက အသက်ရူချောင်စရာ ဖြစ်စေခဲ့ခြင်း

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ကာလ အိန္ဒိယနိုင်ငံ၏ ဂျုံ၊ စပါးများ ဖူလုံစွာသိုလှောင်ထားနိုင်မှုက အဓိက အသက်ရူချောင်စရာ ဖြစ်စေခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြပါရစေ။ COVID-19 က ဖန်တီးလိုက်သည့် တနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်မှု (lockdown) နှင့် အလွန်နည်းပါးသည့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများသာရှိနေသည့် ကာလမှာ အသေးစားစီးပွားရေးလုပ်ငန်းများတွင် မှတ်သားလောက်စရာ ဖြစ်ပေါ်တိုးတက်မှုအနေဖြင့် နိုင်ငံ၏ စပါးကျီတွင် ဂျုံနှင့်စပါး စာသောက်ကုန်များ စံချိန်တင် သိုလှောင်ထားနိုင်ခဲ့ခြင်းပင်ဖြစ်ပါတယ်။ ယခုလိုရလဒ်က လူတန်းစားအလွှာ အသီးသီးကို မျှော်လင့်ချက်များပေးပြီး အသက်ရူချောင်စေခဲ့ပါတယ်။ အလျှံပယ်ဖြစ်တဲ့ စားသောက်ကုန်များအားအသုံးပြုပြီး လုံလောက်မှုရှိစေရန် လုပ်ဆောင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်သည့် ယခုနှစ်ဘဏ္ဍာရေးနှစ်မှ ယခုအချိန်အထိ စားသောက်ကုန်သိုလှောင်ထားနိုင်မှုမှာ ၇၃.၈၅ မက်ထရစ်တန်ဖြစ်ပြီး၊ အမြင့်မားဆုံးဖြစ်ပြီး၊ ...

စိတ်နှလုံးမှ ပြောသော စကားများ (၂၆-၀၄-၂၀၂၀)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်း မင်္ဂလာပါခင်ဗျာ သင်တို့အားလုံးဟာ လက်ရှိလော့ဒေါင်းချထားတဲ့ကာလအတွင်း ဒီ “စိတ်နှလုံးမှပြောသော စကားများ” ကဏ္ဍဘက်ကို လှည့်လာကြပါတယ်။ ဒီအပိုင်းအတွက် အကြံပြုချက်တွေနှင့် ဖုန်းခေါ်ဆိုမှုတွေကလည်း အရင်ကလိုပဲ များပြားလှပါတယ်။ ကျနော်လည်း တတ်နိုင်သမျှ ဖတ်ရှုနားဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယခုလို ပြဿနာ အရေးကိစ္စအချိန်ကာလအတွင်းမှာ သတိပြုမှု မရရှိခဲ့ကြတဲ့ တချို့အရာလေးတွေ ရှိတယ်ဆိုတာကို သိရှိလာရပါတယ်။ ကပ်ရောဂါဆိုးနှင့် ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကာလအတွင်း ဖော်ပြပါ အချက်တချို့ကို ယခုအစီအစဉ်မှာ မိမိတို့ရဲ့ နိုင်ငံသူ/သားတွေနှင့် မျှဝေဖော်ပြလိုပါတယ်။ မိတ်ဆွေများခင်ဗျာ…. အမှန်ကန်ဆုံးစကားလုံးနှင့်သုံးရရင် အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာရောဂါ ဆန့်ကျင်တိုက်ပွဲဟာ ပြည်သူလူထု လှုံ့ဆော်မောင်းနှင်မှုဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာ အစိုးရနှင့် အုပ်ချုပ်ရေးအဖွဲ့တွေက ကပ်ရောဂါကို တိုက်ဖျက်နေကြသလိုပဲ ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်နေကြသူတွေဟာ ပြည်သူလူထုတွေဖြစ်ပြီး တိုက်ဖျက်ဖို့ လုပ်ဆောင်နေကြတာကလည်း သင်တို့ပင် ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ တက်တက်ကြွကြွ ကြိုးပမ်းအားထ...

COVID-19 တိုက်ဖျက်မှုတွင် ပြည်သူများအား ဝန်ကြီးချုပ်ကချီးကျူး

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 တိုက်ဖျက်မှုတွင် ပြည်သူများအား ဝန်ကြီးချုပ်ကချီးကျူး” ဆိုတဲ့အကြောင်း အစီအရင်ခံ တင်ပြပါရစေ။ ၂၀၂ဝခုနှစ် ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က All India Radio အစီအစဉ်အားလုံးမှ ထုတ်လွှင့်ခဲ့သည့် ၎င်း၏ Mann Ki Baat အစီအစဉ်မှတဆင့် ဝန်ကြီးချုပ် Narendra Modi က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင်အတူတကွပူးပေါင်လုပ်ဆောင်နေသည့် ပြည်သူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ တနိုင်ငံလုံး သွားလာလှုပ်ရှားမှုများကို ပိတ်ပင်သည့် (lockdown) အမိန့်ချမှတ်ထားသည့်ကာလအတွင်း ပြည်သူ-ဗဟိုပြု၊ ပြည်သူ-ဦးဆောင် ဆိုသည့်ဆောက်ရွက်မှုကို ရွေးချယ်ကာ လုပ်ဆောင်မှုက ကမ္ဘာပေါ်ရှိ ပေါ်လစီမူဝါဒရေးဆွဲသူများကြား ပြောစမှတ်တခု ဖြစ်လာခဲ့ကြောင်း Mr Modi က ပြောပါတယ်။ အိန္ဒိယနိုင်ငံ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်လာ အာယုဗေဓဆေးဝါး ချမ်းသာကြွယ်ဝမှုအား ဖော်ထုတ်ကြပါရန် အိန္ဒိယ လူငယ်လူရွယ်များအား ဝန်ကြီးချုပ်က တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၏ ရှေးယဉ်ကျေးမှု ဆေးဖက်ဆိုင်ရာ ကုထုံးများက လူအများခံစ...

“COVID-19 ပါကစ္စတန် အလစ်အငိုက် ဖမ်းခံလိုက်ရခြင်း”

ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါကစ္စတန်အရေး ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Dr. Zainab Akhter ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ပါကစ္စတန် အလစ်အငိုက် ဖမ်းခံလိုက်ရခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်တင်ပြပါရစေ။ လွန်ခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းမှာ နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူအနည်းငယ်ကို ပထမဦးဆုံးတွေ့ရှိခဲ့ချိန်မှစပြီး၊ COVID-19 တိုက်ဖျက်ရေးတွင် ပါကစ္စတန်နိုင်ငံ၏ လုပ်ဆောင်ချက်များမှာ အပြင်းပွားဖွယ်ကိစ္စများစွာနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသူများမှာ အီရန်နိုင်ငံသို့ ဘုရားဖူးသွားပြီး Taftan နယ်စပ်ဂိတ်မှတဆင့် နိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး၊ လက်ရှိအချိန်အထိ တနိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀,၀၀၀ ခန့်ရှိပြီး၊ သေဆုံးသူ ၂၀၀ ကျော် ရှိသွားပြီဖြစ်သည်။ ဒါပေမယ့်လည်း ပါကစ္စတန်နိုင်ငံသည် နေ့စဉ် ကူးစက်ခံရသူများနှင့် သေဆုံးသူများ၏ အရေအတွက်စာရင်းကို လျော့ချပြီး ထုတ်ပြန်နေပါတယ်။ အဲဒါက ပါကစ္စတန်နိုင်ငံမှာ ကူးစက်ပြန့်ပွားမှုနှုန်း လျင်မြန်စွာဖြစ်ပေါ်နေနိုင်တယ် ဆိုတာကို ပြသနေခြင်းပဲဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဝန်...

COVID-19 တိုက်ဖျက်ရေး တိုက်ပွဲတွင် အိန္ဒိယနိုင်ငံရှေ့သို့ ဆက်လက်ချီတက်

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 တိုက်ဖျက်ရေး တိုက်ပွဲတွင် အိန္ဒိယနိုင်ငံရှေ့သို့ ဆက်လက်ချီတက်” ဆိုသည့်အကြောင်း သတင်းဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ COVID-19 ကူးစက်ပြန့်နှံ့မှုအား ရင်ဆိုင်တိုက်ဖျက်ရာတွင် အိန္ဒိယနိုင်ငံသည် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် တည်ကြည်ခိုင်မာစွာဖြင့် ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်နှံ့မှုပြဿနာအား ရင့်ကျက်စွာ တုန့်ပြန်ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းကပင် ချီးကျူးပြောဆိုခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က ပြန်လာသည့် အိန္ဒိယကျောင်းသားတဦးမှ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအဖြစ် စစ်ဆေးတွေ့ရှိခဲ့ချိန်မှစပြီး အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့မှုကို ထိန်းချုပ်နိုင်ရန် လိုက်နာစောင့်ထိန်းရမည့် လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို ချမှတ်ကာ လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ အိန္ဒိယနိုင်ငံထဲသို့ပင်လယ်ရေကြောင်းလမ်းနှင့် လေကြောင်းမှ ဝင်ရောက်လာသော ခရီးသည်အားလုံးကို...

အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်းနှင့် COVID-19 တိုက်ဖျက်ရေး

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အာရှအရှေ့ပိုင်းနှင့် တောင်အာရှ ပိုင်းဆိုင်ရာ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်းနှင့် COVID-19 တိုက်ဖျက်ရေး” အကြောင်း သတင်းဆောင်းပါးကို အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးအတိုင်းအတာဖြင့် ကူးစက်ပြန့်ပွားနေသည့် COVID-19 ပြဿနာကြားက အိန္ဒိယနိုင်ငံ၏ အရှေ့သို့ လှမ်းမျှော်ခြင်း မူဝါဒကို ဖော်ဆောင်စေနိုင်ခဲ့သော အကျိုးရလဒ်တခုကတော့ ဝန်ကြီးချုပ် Narendra Modi က ဗီယက်နမ်၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့အပါအဝင် နည်းဗျူဟာကျ အဓိကလုပ်ဆောင်ဖက်များဖြင့် လူထုကျန်းမာရေး စီမံခန့်ခွဲမှုနှင့် စီးပွားရေး စိန်ခေါ်မှုများနှင့်စပ်လျင်းပြီး ဆွေးခဲ့ခြင်းဘဲဖြစ်ပါတယ်။ COVID-19 တိုက်ဖျက်ရေးတွင် SAARC အဖွဲ့၏ ထိရောက်သည့်ခေါင်းဆောင်မှု အရည်အသွေးကို ပြသနိုင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi သည် အိန္ဒိယနိုင်ငံ၏ အရှေ့သို့လှမ်းမျှော်ခြင်း ပေါ်လစီ၏ အဓိကျသူများဖြင့် နောက်ထပ် ပူးပေါင်းလုပ်ဆောင်မှုနယ်မြေသစ်ကို ရှာဖွေလိုက်ခြင်းဖြစ်ပါတယ်။ COVID-19 တို...

ရေနံလုပ်ငန်းနှင့် ကမ္ဘာ့စီးပွားရေးတို့အပေါ် ကိုရိုနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှု

သောတရှင်များခင်ဗျား၊ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ ရေနံလုပ်ငန်းအကြောင်း လေ့လာဆန်းစစ်သူ  ဆောင်းပါးရှင် Dr. Jeetendra Cheema ဝေဖန်ရေးသားပေးပို့ထားတဲ့ “ ရေနံလုပ်ငန်းနှင့် ကမ္ဘာ့စီးပွားရေးတို့အပေါ် ကိုရိနာဗိုင်းရပ်စ်၏ အကျိုးသက်ရောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ COVID-19 သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုဒဏ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစျေးကွက်ဟာ ကြီးမားစွာထိခိုက်နေပြီး၊ ခက်ခဲစွာ ရုန်းကန်နေရပါတယ်။ စွမ်းအင်ကဏ္ဍကလည်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အနီးကပ်လေ့လာစောင့်ကြည့်နေပါတယ်။ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေသည့် COVID-19 ၏ သက်ရောက်မှုများကြောင့် ရေနံထုတ်ကုန်တင်ပို့မှုပိုလျှံကာ၊ ဝယ်လိုအားလျော့ကျမှုဒဏ်နှစ်ခုကို ခံနေရသည့် ကုမ္ပဏီများအနေဖြင့် ပြဿများကို ကိုင်တွယ်ဖြေရှင်းရလွယ်ကူစေရန်၊ ပြည်တွင်းသဘာဝဓါတ်ငွေ့တန်ဖိုး ထိန်းချုပ်မှုကို အဆုံးသတ်ပေးရေးနှင့် ရေနံထုတ်လုပ်မှုအပေါ် ချမှတ်ထားသည့် အခွန်ငွေလျော့ချပေးရေးတို့ကို လုပ်ဆောင်ပေးပါရန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်သူများက စက်မှုလုပ်ငန်းအသင်းအဖွဲ့အများအပြားနှင့် အဖွဲ့အစည်းများမှတဆင့် အစ...

Covid-19 ကူးစက်ရောဂါအတွက် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ တုံ့ပြန်လုပ်ေဆာင်ချက်

သောတရှင်များခင်ဗျာ ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်ေဟာင်းဖြစ်တဲ့ ဆောင်းပါးရှင် Amb. Asoke Mukerji ဝေဖန်ရေးသား ပေးပို့ထားတဲ့ “Covid-19 ကူးစက်ရောဂါအတွက် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ တုံ့ပြန်လုပ်ေဆာင်ချက်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ Covid-19 ကူးစက်ရောဂါကေန ေပးအပ်လာတဲ့ စိန်ေခါ်ချက်ေတွအတွက် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတကာ တုံ့ပြန်လုပ်ေဆာင်ချက်ေတွဟာ လူသားဆိုင်ရာ အကျပ်အတည်းအတွက် အားကိုးထိုက်တဲ့ အဦးဆုံး တုံ့ပြန်သူအဖြစ် နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးေဆာင်မှု အေနအထားကို ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီကူးစက်ေရာဂါကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်ေန့မှာ နိုင်ငံတရာစိုးရိမ်ဖွယ် လူထုကျန်းမာေရး အေရးေပါ် အေခြအေနတရပ်အဖြစ် ေဖာ်ပြခဲ့ပါတယ်။ WHO အဖွဲ့အစည်းရဲ့ ေဖာ်ပြချက်အရ ဒီဗိုင်းရပ်စ်ဟာ တရုပ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့ေပမယ့် အဲဒီကေန လူသား ခရီးသွားလာသူေတွကတဆင့် အိန္ဒိယအပါအဝင် ကမ္ဘတဝှမ်းကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်မှုနှုန်း တဟုန်ထိုး မြင့်မားခဲ့တာေကြာင့် WHO ညွှန်ကြားေရးမှူးချုပ်ဟာ ...

အိန္ဒိယနိုင်ငံသည် Covid-19 ကူးစက်ရောဂါကို တိုက်ဖျက်လျှက်ရှိနေ

သောတရှင်များခင်ဗျာ ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် Covid-19 ကူးစက်ရောဂါကို တိုက်ဖျက်လျှက်ရှိနေ” ခြင်းအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့်အတူ ဒုက္ခခံစားလျှက် ရှိနေခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုပ်နိုင်ငံမှာ ဒီဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အချိန်ကတည်းက အိန္ဒိယ သိပ္ပံပညာနှင့် ဆေးပညာပိုင်း အသိုင်းအဝိုင်းတို့ဟာ ဒီဗိုင်းရပ်စ်ပိုးကို ဂရုတစိုက် လေ့လာနေခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် Kerala ပြည်နယ်မှာ ပထမဆုံး ကူးစက်ခဲ့တာဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကူးစက်ခံခဲ့ရသူဟာ နိုင်ငံရပ်ခြားမှ ပြန်လာသူဖြစ်ခဲ့ပြီး အဲဒီကတည်းက အိန္ဒိယနိုင်ငံဟာ တခြားသော နိုင်ငံရပ်ခြား တိုင်းပြည်အများအပြားတို့မှာပြုလုပ်နေကြတဲ့ အစီအစဉ်တွေကို နေရာချထားလာခဲ့ပါတယ်။ ဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့မှု ညွှန်ပြနေတဲ့အလျောက် ဖွံ့ဖြိုးပြီးကမ္ဘာဟာလည်း ကူးစက်ရောဂါရဲ့ ထိုးနက်မှုကို ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်။ ဆင်းရဲတဲ...