“အိန္ဒိယ-ပေါ်တူဂီဆက်ဆံရေးများက တိုးတက်မှုသို့ ဦးတည်နေခြင်း”

သောတရှင်များခင်များ၊ ဒီကနေ့သတင်းဝေဖန်အခန်းကဏ္ဍမှာ Delhi မြို့ လူမှုရေးသိပ္ပံတက္ကသိုလ်မှ ညွှန်ကြားရေးမှူး Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ပေါ်တူဂီဆက်ဆံရေးများက တိုးတက်မှုသို့ ဦးတည်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ် Mr Antonio Costa ရဲ့ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ခံရပြီးတဲ့နောက် ပထမဦးဆုံးသော ဥရောပအပြင်ဘက် အပြန်အလှန်ခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းက အကြောင်းအချက်အမျိုးမျိုးတို့ကြောင့် ကြီးမားတဲ့ ထူးကဲမှုကို ဖေါ်ဆောင်နေပါတယ်။ Mr Costa ဟာ အိန္ဒိယဝန်ကြီးချုပ် Mr Modi ကို သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ပေါ်တူဂီဝန်ကြီးချုပ်ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံက သူ့ကို “Pravasi Bharatiya Samman” ဆုကို ချီးမြှင်ခဲ့တဲ့အခါ ရောက်ရှိခဲ့ပါတယ်။ Mr Costa ဟာ Gandhi Nagar မြို့မှာကျင်းပခဲ့တဲ့ အရှိန်မြင့်မားတဲ့ Gujarat ပြည်နယ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံသို့လည်း တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီနှစ်နောက်ပိုင်းမှာဘဲ အိန္ဒိယဝန်ကြီးချုပ်ဟာ ၎င်းရဲ့ တူရကီနိုင်ငံသို့ခရီးစဉ်မှာ ကျယ်ဝန်းတဲ့အရေးကိစ္စတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖွယ် အထူးနယ်ပယ်တွေကို ရှာဖွေတွေ့ရှိဘို့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ Mr Modi ဟာ ပေါ်တူဂီနိုင်ငံမှာနေထိုင်လျှက်ရှိကြတဲ့ အိန္ဒိယအမျိုးအနွယ် ၆၅,၀၀၀ တို့ကိုလည်း ချီးကျူးခဲ့ပြီး၊ ၎င်းတို့ကို အိန္ဒိယနိုင်ငံရဲ့ စစ်မှန်တဲ့ သံတမန်တွေဖြစ်ကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ (ဒု) သမ္မတ Mr Venkaiah Naidu က ပေါ်တူဂီနိုင်ငံကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ရန်ဖန်ရန်ခါ စေ့စပ်မှုတွေပြုလုပ်ခဲ့ကြပြီးတဲ့နောက် အိန္ဒိယနိုင်ငံခြားရေးပေါ်လစီရေးဆွဲကြသူတို့အဖို့ ပေါ်တူဂီနိုင်ငံဟာ လေ့လာရာရေဒါမြင်ကွင်းထဲ ကျရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပေါ်တူဂီနိုင်ငံမှ အမြတ်အစွန်းရရှိဘို့အတွက် တရားသေအကြောင်းရင်းတွေ ရှိနေပါတယ်။ ဝန်ကြီးချုပ် Mr Costa က ဖေါ်ပြခဲ့သလိုဘဲ ပေါ်တူဂီနိုင်ငံဟာ အိန္ဒိယနိုင်ငံအတွက် ဥရောပသို့ တံခါးမုခ်အဖြစ် တည်ရှိလိုပါတယ်။ အမှန်တကယ်ဘဲ ပေါ်တူဂီနိုင်ငံဟာ ဥရောပနိုင်ငံပေါင်းစုံရဲ့ ဗဟိုအချက်အချာမှာ တည်ရှိနေပါတယ်။ ဒီနိုင်ငံဟာ အစအဦးကတည်းက Euro ငွေကြေးစနစ်မှာ ပါဝင်ခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံဟာ ဥရောပသမဂ္ဂ နိုင်ငံရေးကို ပုံသွင်းခြင်း-Lisbon သဘောတူစာချုပ်နဲ့ Lisbon Strategy of growth နှင့် တခြားအရေးကိစ္စတွေမှာ အရေးပါတဲ့ လက်နက်တခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ပေါ်တူဂီနိုင်ငံဟာ ဥရောပအဆောက်အအုံအဖွဲ့အစည်း (၅) ခုတို့ရဲ့ လုပ်ငန်းဆောင်တာနဲ့ ရင်းနှီးမြှပ်နှံရေး ရံပုံငွေတွေကို အတူတကွဖြစ်စေရေးအတွက် ဥရောပကော်မရှင်နဲ့ သဘောတူစာချုပ်တခု ချုပ်ဆိုခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံဟာ လိမ်မာပါးနပ်ပြီး၊ တည်တံ့နိုင်ဖွယ်ရှိကာ၊ ဘက်စုံကြီးထွားမှုတို့ကို ၂၀၂၀ ခု ဥရောပမဟာဗျူဟာမှတဆင့် ကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ အိန္ဒိယနိုင်ငံအပေါ် သစ်ဆန်းတဲ့ ရှုမြင်ချက်တွေထားရှိခြင်းက ကမ္ဘာ့စင်မြင့်ပေါ် အိန္ဒိယနိုင်ငံရဲ့ ခြေလှမ်းတွေဟာ ထပ်တူထပ်မျှ စွဲဆောင်မှုရှိပြီး၊ တနေ့တခြားကြီးထွားလာဒါကြောင့်ဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုကို တကမ္ဘာလုံးက မျက်စိကျကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနဲ့ ကြီးထွားမှုတို့က အတူတကွရှေ့သို့ချီနေဒါကို သက်သေထူခဲ့ပြီးဖြစ်ပါတယ်။

ဝန်ကြီးချုပ်နှစ်ဦးစလုံးတို့ဟာ အထူးနယ်ပယ်တွေဖြစ်ကြတဲ့၊ ကာကွယ်ရေး၊ သိပ္ပံနဲ့နည်းပညာနဲ့ ကုန်သွယ်ရေးတို့မှာ ဆက်ဆံမှုတွေကို ခိုင်မာတောင့်တင်းစေဘို့ အလေးအနက် ခံယူခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ ပူးပေါင်းဆောင်ရွက်မှုကို ခွဲခြားလိုခဲ့ကြပါတယ်။ ပညာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်တို့အပေါ် အများဆုံးအာရုံပြုလျှက်ရှိကြပါတယ်။ ပေါ်တူဂီနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆက်ဆံရေးတွေကို Lusophone လို့ခေါ်တဲ့ တခြားပေါ်တူဂီစကားပြောနိုင်ငံတွေနဲ့ ဆက်သွယ်ပေးလိမ့်မယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ကို စေ့စပ်ညှိနှိုင်းလျှက်ရှိပါတယ်။ နှစ်ဖက်စလုံးတို့ဟာ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှု သဘောတူစာချုပ်ကို အပြီးပြတ်ရေးဆွဲချမှတ်ဘို့ လိုအပ်ဒါကို မှတ်ချက်ချဖေါ်ပြခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ပေါ်တူဂီနိုင်ငံမှာ “အိန္ဒိယပွဲတော်” ကို ကျင်းပပြီး၊ ဂီတ၊ စားသောက်ဖွယ်ရာများ၊ Yoga လေ့ကျင့်ခန်းတွေအပါအဝင် ကြွယ်ဝတဲ့ ယဉ်ကျေးမှုနဲ့ အိန္ဒိယနိုင်ငံရဲ့ သဏ္ဍာန်အမျိုးမျိုးရှိတဲ့ ရောင်စုံကွဲပြားစုံလင်မှုတွေအား သရုပ်ပြခဲ့ပါတယ်။ ဝမ်းမြောက်ဖွယ်အဖြစ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဟာ တိုးမြှင့်လမ်းကြောင်းကို ဖေါ်ပြနေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့စွမ်းရည်ထက်များစွာ လျော့နည်းနေပါသေးတယ်။ စိတ်ကူးပေါက်လာမှုကဘာလဲလို့ဆိုရင် အိန္ဒိယနဲ့ ပေါ်တူဂီကုမ္ပဏီတွေက အာဖရိကနိုင်ငံတွေ အထူးသဖြင့် ပေါ်တူဂီဘာသာစကားပြောဆိုကြတဲ့ နိုင်ငံတွေမှာ အတူတကွလုပ်ကိုင်လိုကြဒါဘဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံတို့ဟာ တတိယနိုင်ငံတခုခုမှာ ပူးတွဲလုပ်ကိုင်ရေးကိုလည်း စူးစမ်းလေ့လာနေကြပါတယ်။

အိန္ဒိယနဲ့ ပေါ်တူဂီနိုင်ငံတို့ရဲ့ ဆက်ဆံမှုတွေက ရှေးပဝေသဏီအချိန်အခါကတည်းကတည်ရှိနေပြီး၊ ပေါ်တူဂီနိုင်ငံမှ စူးစမ်းလေ့လာသူ Vasco da Gama က ဥရောပမှ အိန္ဒိယနိုင်ငံသို့ ရေကြောင်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်ကစတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ Vasco da Gama ဟာ ၁၄၉၈ ခုနှစ် မေလအတွင်းမှာ Kozhikode မြို့သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယနဲ့ ပေါ်တူဂီနိုင်ငံတို့အကြား ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်မှုစတင်ခဲ့ပါတယ်။

ခေတ်သစ်သံတမန်ရေးရာဆက်ဆံမှုမှာ အဆင့်မြင့်နိုင်ငံရေး ဖလှယ်မှုတွေလိုအပ်ပါတယ်။ အိန္ဒိယနဲ့ ပေါ်တူဂီနိုင်ငံတို့ဟာ အပြန်အလှန်ဆက်ဆံရေးအား အရှိန်အဟုန်တွေကို ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်သစ်တွေမှာ အဆက်မပြတ်စေ့စပ်ညှိနှိုင်းမှု ဥပမာအားဖြင့် အာကာသ၊ လုပ်ငန်းသစ်စတင်မှု၊ သင်္ဘောသွားလာရေး၊ လူငယ်များဖလှယ်ရေးနဲ့ ယဉ်ကျေးမှု စသည်တို့မှတဆင့် ပြုလုပ်လျှက်ရှိကြပါတယ်။ ကောင်းမွန်တဲ့နိုင်ငံခြားရေးမူဝါဒအတွက် ယုံကြည်စိတ်ချရမှုလိုအပ်ပါတယ်။ ဒါပေမဲ့ ရဲရင့်ပြတ်သားမှုနဲ့ တွေးခေါ်မြော်မြင်မှုလည်း လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပေါ်တူဂီနိုင်ငံနဲ့ တိုးများလာနေတဲ့ နီးကပ်မှုနဲ့ ဘက်စုံပါဝင်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေဟာ ယုံကြည်စိတ်ချမှုနဲ့ တွေးခေါ်မြော်မြင်မှုတို့ရဲ့ ရလဒ်ဘဲဖြစ်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”