ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များရှင် ဒီကနေ့ သတင်းဝေဖန်ချက် ဆောင်းပါးရှင် V. MOHAN RAO ဝေဖန်ရေးသား ပေးပို့ထားတဲ့ “ယခုသီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြ အစီရခံပါရစေ။ အိန္ဒိယနိုင်ငံအား မြင့်မားသောအခြေအနေသို့ရောက်အောင် မိမိအစိုးရက ကြိုးစားလိမ့်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi က ပြောဆိုရင်း နိုင်ငံ ၁ နိုင်ငံ၏စိတ်ကူးနှင့်အတူ ရှေ့ဆက်ဖို့ အတိုက်အခံတွေထံမှ ပူးပေါင်းဆောင်ရွက်မှုဆည်းကပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သမ္မတ Mr. Ram Nath Kovind က ပါလီမန် လွှတ်တော် ၂ ရပ်စလုံးကို ပူးတွဲမိန့်ခွန်းအတွက် ကျေးဇူးတင်ပြီး Mr. Modi က အောက်လွှတ်တော်၌ အဆိုပါအချက်ကို ပြောဆိုခဲ့ပါတယ်။ ထို့အပြင် ပါလီမန် လုပ်ငန်းများ ချောမွေ့စွာ လုပ်ဆောင်နိုင်ဖို့ကူညီစေရန် ၎င်းက အတိုက်အခံပါတီများအား မေတ္တာရပ်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ကြိုးပမ်းရန် ပြောဆိုခဲ့ပါတယ်။ နိုင်ငံရှိ စိန်ခေါ်ချက်အားလုံးတို့ကို အစိုးရနှင့် အတိုက်အခံပါတီများ စည်းလုံးညီညွတ်စွာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ခိုင်ခ...