Posts

Showing posts from November, 2019

စီးပွားရေးကြီးထွားရန်အတွက် အိန္ဒိယနိုင်ငံ အခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးရန် အခိုင်အမာဆုံးဖြတ်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ စီးပွားရေးကြီးထွားရန်အတွက် အိန္ဒိယနိုင်ငံ အခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမှုကို တွန်းအားပေးရန် အခိုင်အမာဆုံးဖြတ်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဝါရင့်စီးပွားရေးသတင်းစာဆရာ G. Srinivasan ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ အိန္ဒိယအစိုးရဟာ၊ လာမဲ့ငါးနှစ်အတွင်း ရူပီးငွေကုဋေသိန်းပေါင်း ၁၀၀၊ အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံမဲ့ ဧရာမစီမံကိန်းကြီးတခုကို အစပြုလိုက်ပါတယ်။ ဒီစီမံကိန်းကြီးအားဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေခြင်းကို သိသိသာသာကျော်လွှားနိုင်မဲ့၊ စက်မှုလုပ်ငန်း အားပေးရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပါတယ်။ ဧရာမ ဒီစီမံကိန်းကြီးက၊ နိုင်ငံမှာ အခြေခံအဆောက်အဦးများကို အခိုင်အမာတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ မီးရထား၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်း ပြည်ထောင်စုဝန်ကြီး Mr Piyush Goyal က လေကြောင်းပို့ဆောင်ရေး၊ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ အဝေးပြေးလမ်းမကြီးများဖေါက်လုပ်ရေး၊ မီးရထားပို့ဆောင်ရေး၊ သင်္ဘောဆိပ်များတည်ဆောက်ရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွ...

“ဗိုလ်ချုပ်ကြီး Bajwa ရဲ့ ရာထူးသက်တမ်းတိုးခြင်းအပေါ် အငြင်းပွားဖွယ်များ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗိုလ်ချုပ်ကြီး Bajwa ရဲ့ ရာထူးသက်တမ်းတိုးခြင်းအပေါ် အငြင်းပွားဖွယ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့အင်္ဂါနေ့က ဖြစ်နေကျမဟုတ်တဲ့ လှုပ်ရှားမှုတခုအဖြစ် ပါကစ္စတန်တရားရုံးတော်ချုပ်ဟာ လွန်ခဲ့တဲ့ဩဂုတ်လ (၁၉) ရက်နေ့က ကြည်းတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ရဲ့ ရာထူးသက်တမ်းကို နောက်ထပ်သုံးနှစ်တိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ကြေငြာချက်ကို ရပ်ဆိုင်းထားလိုက်ပါတယ်။ အသက် (၅၉) နှစ်အရွယ်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟာ ၂၈ ရက်နေ့ ညသန်းခေါင်အချိန်ကစပြီး၊ ကြည်းတပ်မတော်ဦးစီးချုပ်အဖြစ်မှ ပထမအကြိမ် အနားယူသွားရမယ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးတော်ချုပ်က နောက်ထပ်သက်တမ်း (၆) လသာ တိုးမြှင့်ပေးခဲ့ပြီး၊ ဒီအရေးကိစ္စနဲ့ပါတ်သက်ကာ ပါလီမန်လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ဂတိပြုခဲ့ကြပါတယ်။ အဆိုပါအရေးကိစ္စဟာ နိုင်ငံအတွင်း အခြေအတင်းပြောဆိုမှုတွေပေါ်ပေါက်စေပြီး၊ တရားရုံးတော်ချုပ်မှာလည်း ဥပဒေရေးရာစစ်ပွဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရာ...

“ကောင်းကင်ပေါ် အိန္ဒိယနိုင်ငံရဲ့ တက်ကြွဆုံးမျက်လုံး”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဆန်းစစ်သူဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကောင်းကင်ပေါ် အိန္ဒိယနိုင်ငံရဲ့ တက်ကြွဆုံးမျက်လုံး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံဟာ သူ့ရဲ့အထက်မြက်ဆုံးမျက်လုံးကို ကောင်းကင်ပေါ် အရှေ့ဘက်ကမ်းရိုးတန်းပေါ်ရှိတဲ့ Satish Dhawan အာကာသဗဟိုဌာနကနေ လွင့်တင်ခဲ့ပါတယ်။ ISRO ရဲ့ Polar ဂြိုလ်တုလွင့်တင်ယာဉ် PSLV-C47 ရဲ့ ၄၉ ကြိမ်မြောက်ပျံသန်းမှုမှာ အိန္ဒိယနိုင်ငံရဲ့ တတိယမျိုးဆက်ခေတ်မှီလှတဲ့ ကမ္ဘာ့မြေပြင် ဓါတ်ပုံရိုက်ယူခြင်းနဲ့ မြေပုံရေးဆွဲရေးဂြိုလ်တု Cartosat-3 ကို သယ်ဆောင်စေခဲ့ပြီး၊ Sun- Synchronous Polar Orbit ထဲ ဒုံးပျံလွင့်တင်လို့ (၁၇) မိနစ်အတွင်း ပစ်သွင်းခဲ့ပါတယ်။ Cartosat-3 ဟာ ISRO က ဂြိုလ်ပါတ်လမ်းကြောင်းထဲ ပစ်လွှတ်ခဲ့တဲ့ အဆင့်မြင့်ဆုံး ရည်မှန်းချက်ထားရှိတဲ့ အရပ်သားဂြိုလ်တုဖြစ်ပါတယ်။ ဂြိုလ်တုလွင့်တင်ဘို့အတွက် အသုံးပြုတဲ့ လွင့်တင်ယာဉ် PSLV - C47 ဟာ PSLV အတန်းအစားတွေထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး၊ အဆင့် (၆) ဆင့်ကို အသုံးပြု...

“ဗြိတိန်နိုင်ငံမှာ ရုတ်တရက်ပေါ်ပေါက်သောရွေးကောက်ပွဲများနဲ့ပါတ်သက်တဲ့ သုံးသပ်လေ့လာမှုတခု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပအရေးကိစ္စများ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗြိတိန်နိုင်ငံမှာ ရုတ်တရက်ပေါ်ပေါက်သောရွေးကောက်ပွဲများနဲ့ပါတ်သက်တဲ့ သုံးသပ်လေ့လာမှုတခု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဗြိတိသျှဝန်ကြီးချုပ် Mr Boris Johnson ဟာ သူ့ရဲ့ Brexit အစီအစဉ်ကို အကောက်အထည်ဖော်ဘို့ရာ ပါလီမန်လွှတ်တော်မှာ အမတ်ဦးရေအများစုတို့အား ရယူနိုင်ရန် ကြိုးပမ်းမှုတခုအဖြစ် စောလျင်စွာ ရွေးကောက်ပွဲတွေကို လာမဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာကျင်းပဘို့ ကြေငြာလိုက်ပြီး၊ ဒီရွေးကောက်ပွဲတွေဟာ (၅) နှစ်အတွင်း စတုတ္ထအကြိမ်ကျင်းပခြင်းဖြစ်ပါလိမ့်မယ်။ ဝန်ကြီးချုပ်ဟာ ယခုလိုပြုလုပ်ရဒါက လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက Brexit သဘောဆန္ဒကောက်ယူပြီးတဲ့နောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးလိပ်ခဲတင်းလင်းဖြစ်မှုတွေအား ရှင်းလင်းဘို့ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နောက်ဆုံး ရုတ်တရက်ရွေးကောက်ပွဲတွေကို ၂၀၁၇ ခုနှစ်မှာ အဲဒီအချိန်က ဝန်ကြီးချုပ် Ms Theresa May ကျင်းပစေခဲ့ဒါဖြစ်ပေမဲ့ အာဏာမှာ ဆက်လက်တည်ရှိဘို့အတွက် Democratic Unio...

“အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံအား CPEC နှင့်ပတ်သက်၍ သတိပေးလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ တရုတ်နိုင်ငံရေးရာ ဆန်းစစ်လေ့လာသူဆောင်းပါးရှင် SANA HASHMI ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်နိုင်ငံအား CPEC နှင့်ပတ်သက်၍ သတိပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) ကို ဖွင့်လှစ်ခဲ့တဲ့အချိန်ကစပြီး၊ အထူးသဖြင့် China-Pakistan Economic Corridor (CPEC) ခေါ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ဟာ ဒေသပိုင်းအတွင်းက စည်းမျဉ်းဥပဒေ အခြေခံအမိန့်တွေနဲ့ပါတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်ပေါက်စေတဲ့အပြင် အိန္ဒိယနိုင်ငံအတွင်းမှာလည်း အိန္ဒိယနိုင်ငံရဲ့ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်နဲ့ပါတ်သက်ပြီးလည်း စိုးရိမ်ကြောင့်ကြမှုတွေကို ဖန်တီးလျှက်ရှိနေပါတယ်။ မူဝါဒနဲ့ကိုက်ညီပြီး၊ ခိုင်မာတဲ့ရပ်တည်ချက်တခုအနေနဲ့ အိန္ဒိယနိုင်ငံဟာ CPEC ကို ဆန့်ကျင်ခဲ့ပါတယ်။ အမှန်တကယ်ဆိုရရင် အိန္ဒိယနိုင်ငံဟာ BRI ကို ဆန့်ကျင်တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပြီး၊ တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အရင်က Belt and Road Forums အစည်းအဝေးနှစ်ခုသို့ ကိုယ်စားလှယ်တွေ...

စိတ်နှလုံးမှပြောသော စကားများ (အပိုင်း-၆)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ  ဒီကနေ့ ‘Mann Ki Baat’ အစီအစဉ်မှာ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ အပိုင်းမှာတော့ နိုင်ငံတော်ရဲ့ လူငယ်မောင်မယ်တွေ၊ တက်ကြွမှုတွေ၊ မျိုးချစ်စိတ်ဓာတ်တွေနှင့် ကိုယ်ကျိုးမဲ့ ဝန်ဆောင်မှုတွေနှင့် စတင်လိုက်ပါတယ်။ သင်တို့သိတဲ့အတိုင်း နှစ်စဉ် နိုဝင်ဘာလရဲ့ တနင်္ဂနွေနေ့တိုင်း အိန္ဒိယနိုင်ငံရဲ့ NCC ခေါ် နိုင်ငံတော် ဗိုလ်လောင်းတပ်သားနေ့ကို ကျင်းပလေ့ရှိပါတယ်။ ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ Pushkaram၊ Pushkaraalu နှင့် Pushkaraha ဆိုတဲ့ စကားလုံးတွေကို ကြားဖူးကြပါသလား။ ဒီစကားတွေက ဘာလဲဆိုတာကို သိကြပါသလား။ ကျွန်တော် ပြောပြပါ့မယ်။ ဒီစကားလုံးတွေဟာ နိုင်ငံတဝှမ်းမှာရှိတဲ့ မြစ်ကြီး ၁၂ သွယ်တို့အပေါ်ကျင်းပကြတဲ့ ပွဲတော်တွေရဲ့ အမည် အသီးသီးတို့ ဖြစ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း မြစ် ၁ ခုအပေါ် တကြိမ်သာကျင်းပကြတာကြောင့် ပွဲတော်ကျင်းပတဲ့ မြစ်အပေါ် နောက်တကြိမ် ပွဲတော်ကျင်းပဖို့ အချိန်ကာလ ၁၂ နှစ် ကြာမြင့်မှာဖြစ်ပြီး ဒီပွဲတော်ကို နိုင်ငံတဝှမ်းမှာရှိတဲ့ မြစ်ကြီး ၁၂ ခုတို့အပေါ် ၁ နှစ်စီ အလှည့်ကျ ကျင်းပလေ့ရှိပြီး ပွဲတော်အချိန်ကာလဟာ ၁၂ ရက်အထိ ကြာမြင့်ပါတယ်။ Kumbh ပွဲတော်လိ...

ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်တွင်း လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြီးခဲ့တဲ့သီတင်းပတ် ပါလီမန်လွှတ်တော်တွင်း လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ အထက်လွှတ်တော်ရဲ့ အကြိမ် ၂၅၀ မြောက် အစည်းအဝေးကျင်းပမှုနှင့်အတူ တနင်္လာနေ့က စတင်ခဲ့ပါတယ်။ ဒါဟာ ၃ ပတ်ကြာမြင့်မယ့် အစည်းအဝေးကာလရဲ့ အဓိက ဦးစားပေးချက်ဖြစ်ပါတယ်။ အခမ်းအနားသို့ အမှာစကား ပြောကြားရာမှာ ပါလီမန် လွှတ်တော်အမတ်တွေအနေနှင့် ပြည်သူလူထုအခြေခံ အရေးကိစ္စတွေကို မီးမောင်းထိုးပြဖို့ အဟန့်အတားတွေနှင့်ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုကို ပိုမိုနှစ်သက်သင့်ကြောင်းဖော်ပြလျှက် နိုင်ငံတော် ဦးတည်ချက်နှင့် ဒေသဆိုင်ရာ အကျိုးတရားများအကြား လိုက်လျောညီထွေရှိစေဖို့အတွက် ဝန်ကြီးချုပ် Mr. Narendra Modi က ၎င်းတို့ကို တောင်းဆိုဖော်ပြခဲ့ပါတယ်။ ဒီမိုကရေစီစနစ် ၁ ခုမှာ ဘက်မျှမှုရှိစေဖို့အတွက် အထက်လွှတ်တော် ထားရှိဖို့ မဖြစ်မနေလိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ အရောင်အသွေး ကွဲပြားစုံလင်မှုတွေနှင့် အိန္ဒိယနိုင်...

“ပြဿနာမဟုတ်သောကိစ္စများနှင့် အလုပ်ရှုပ်နေသောပါကစ္စတန်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ “ပြဿနာမဟုတ်သောကိစ္စများနှင့် အလုပ်ရှုပ်နေသောပါကစ္စတန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကာကွယ်ရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာရေးအဖွဲ့၊ တောင်အာရှဌာနမှ ညှိနှိုင်းရေးမှူး ဝါရင့်သုတေသီ ဒေါက်တာ Ashok Behuria ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့သော တလကျော်ကစပြီး အများမြင်တွေ့နေရတဲ့ အဖြစ်အပျက်တွေကြောင့် အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ပြီးခဲ့တဲ့တလလုံးလုံး မော်လာနာ Fazlur Rahman ရဲ့ “Azadi March” ဆိုတဲ့ လွတ်လပ်ရေးချီတက်ဆန္ဒပြပွဲကို၎င်း၊ ကျန်းမာရေးအခြေအနေယိုယွင်းနေသော ဝန်ကြီးချုပ်ဟောင်းတဦးကို ဆေးဝါးကုသမှုခံယူဘို့ နိုင်ငံခြားသို့ သွားရောက်ခွင့်ပေးရမလား၊ မပေးရဘူးလား ငြင်းခုန်နေကြခြင်းကို၎င်း ဗဟိုပြုပြီးဖြစ်နေတဲ့ နိုင်ငံရေးဆပ်ကပ်ပွဲကို မြင်တွေ့နေရပါတယ်။ ပါကစ္စတန်ရုပ်မြင်သံကြား Channel တွေရဲ့ လူကြည့်အများဆုံးအချိန် ထုတ်လွှင့်မှုတွေမှာရော၊ သတင်းစာမျက်နှာဖုံးတွေမှာပါ၊ ပါကစ္စတန်နိုင်ငံရဲ့အနာဂါတ်အတွက် စိုးရိမ်ရမဲ့ပြဿနာများကို အာရုံစိုက်ရမဲ့အစာ...

“ကပ္ပလီကျွန်းအရေးကိစ္စ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကပ္ပလီကျွန်းအရေးကိစ္စ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဟိမဝန္တာတောင်တန်းဒေသပိုင်း၊ အိန္ဒိယနိုင်ငံရဲ့ Uttarakhand ပြည်နယ်၊ Pithoragarh ခရိုင်းအတွင်း အိန္ဒိယ၊ နီပေါနဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်လမ်းစုံမှာတည်ရှိတဲ့ Kalapani ခေါ် ကပ္ပလီကျွန်းအုပ်ချုပ်ရေးအပေါ် ငြင်းခုံမှုတွေဟာ New Delhi အစိုးရက Jammu နဲ့ Kashmir ပြည်နယ်ကို ပြည်ထောင်စုနယ်မြေအဖြစ် ခွဲခြမ်းသတ်မှတ်လိုက်တဲ့နောက် ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့မြေပုံမှာ အိန္ဒိယနိုင်ငံပိုင် နယ်မြေအဖြစ် ဖေါ်ပြထားဒါမို့ တခါပြန်ပြီး အပြင်းပွားဘွယ်ပေါ်ပေါက်လာခဲ့ပါတယ်။ နီပေါနိုင်ငံဟာ ကပ္ပလီကျွန်းနရဲ့ တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်လို့ ဖေါ်ပြနေပါတယ်။ ကပ္ပလီကျွန်း အပြင်းအခုံတွေဟာ လွန်ခဲ့သော ရှေးပဝေသဏီ ၁၈၁၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သမိုင်းဝင်ထင်ရှားခဲ့တဲ့ Sagauli စာချုပ်ချုပ်ဆိုခဲ့တဲ့အချိန်ကတည်းက နီပေါဘုရင်နဲ့ ဗြိတိသျှအုပ်ချုပ်ရေးအောက် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိနေဒါဖြစ်ပါတယ်...

“အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ သီရိလင်္ကာနိုင်ငံသို့ နှောင်ကြိုးများခိုင်မာစေရေးအတွက် အလည်အပါတ်ခရီးစဉ်”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ သီရိလင်္ကာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. M. Samatha ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ သီရိလင်္ကာနိုင်ငံသို့ နှောင်ကြိုးများခိုင်မာစေရေးအတွက် အလည်အပါတ်ခရီးစဉ်” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ သတ္တမမြောက် သီရိလင်္ကာနိုင်ငံသမ္မတသစ်အဖြစ် ရွေးချယ်ခံရတဲ့ Mr Gotabaya Rajapaka နဲ့တွေ့ဆုံဘို့ Colombo မြို့သို့သွားရောက်ခဲ့ပါတယ်။ Dr. Jaishankar ဟာ သီရိလင်္ကာသမ္မတအား အိန္ဒိယနိုင်ငံသို့လာရောက်လည်ပတ်ရန် အိန္ဒိယဝန်ကြီးချုပ်ရဲ့ဖိတ်စာကို ကမ်းလှမ်းခဲ့ပါတယ်။ အသစ်ရွေးချယ်ခံရတဲ့ သီရိလင်္ကာသမ္မတက လာမဲ့နိုဝင်ဘာလ (၂၉) ရက်နေ့မှာ အိန္ဒိယနိုင်ငံသို့ လာရောက်ပါရန် ဖိတ်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ သီရိလင်္ကာသမ္မတအတွက် ပထမဦးဆုံး ပင်လယ်ရပ်ခြားခရီးစဉ်ဖြစ်ပါလိမ့်မယ်။ နိုင်ငံခြားရေးဝန်ကြီးကို Mr Rajapaksa နဲ့တွေ့ဆုံဘို့ စေလွှတ်ခြင်းဟာ အိန္ဒိယနိုင်ငံက အလျင်အမြန်ဆိုသလိုဘဲ New Delhi အစိုးရက အစိုးရသစ်နဲ့ လက်တွဲလုပ်ကိုင်ဘို့ ...

“အထက်လွှတ်တော် Rajya Sabha က အကြိမ် ၂၅၀ မြောက် အစည်းအဝေးပိုင်း အထိမ်းအမှတ်အား ကမ္ဗည်းထွင်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အထက်လွှတ်တော် Rajya Sabha က အကြိမ် ၂၅၀ မြောက် အစည်းအဝေးပိုင်း အထိမ်းအမှတ်အား ကမ္ဗည်းထွင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အထက်လွှတ်တော် Rajya Sabha ဟာ အကြိမ် ၂၅၀ မြောက် လွှတ်တော်အစည်းအဝေးပိုင်းကို ကမ္ဗည်းထွင်လိုက်ခြင်းနဲ့အတူ အောင်မြင်မှုဝေဖြာသော အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေး ဒီမိုကရေစီတိုးတက်မှုတွေအား ပြန်ပြောင်းသတိရကြဘို့လိုအပ်ပါတယ်။ အိန္ဒိယပါလီမန်လွှတ်တော်ဟာ လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်ကစပြီး နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ထိုက်ထိုက်တန်တန်ကြိုးပမ်းခဲ့ဒါကို ငြင်းဆိုနိုင်ဖွယ်မရှိပါဘူး။ လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ်က ဟင်ဒူးထိမ်းမြှားမင်္ဂလာနဲ့ ကွာရှင်းမှုဥပဒေမူကြမ်းကို ခွင့်ပြုခြင်းကအစ ၂၀၁၉ ခုနှစ်က မူစလင်အမျိုးသမီးများအား ထိမ်းမြှားလက်ထပ်မှုကို ကာကွယ်စောင့်ရှောက်ရေးဥပဒေမူကြမ်းနှင့် ၂၀၁၉ ခုနှစ် Jammu နဲ့ Kashmir ပြန်လည်စီမံဖွဲ့စည်းရေးဥပဒေမူကြမ်းအထိ ကြိုးပမ်းလုပ်ကိုင်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့သက်တမ်းရှည်လျားပြီး၊ ဂုဏ်သိက္ခာအပေါင်းနဲ့ပ...

“အိန္ဒိယ-ဘူတန် ဆက်ဆံရေးများက ထပ်လောင်းကြီးထွားလာရေးအတွက် အသင့်ရှိနေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA မှ သုတေသီ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဘူတန် ဆက်ဆံရေးများက ထပ်လောင်းကြီးထွားလာရေးအတွက် အသင့်ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဘူတန်နိုင်ငံခြားရေးဝန်ကြီး Dr. Lyonpo Tandi Dorji ရဲ့ တပတ်ကြာ အိန္ဒိယနိုင်ငံသို့ခရီးစဉ်ဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုတွေအတွက် အနည်းဆုံးဖြစ်ရမဲ့ အမှတ်အသားသစ်တခု တီထွင်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ Dr. Dorji က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ တွေ့ဆုံခဲ့ပြီး အင်ဒို-ဘူတန်ဆက်ဆံရေးများ အပြည့်အစုံတို့ကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။ နှစ်ဖက်စလုံးတို့ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုးရေး၊ ဖက်စပ်လုပ်ကိုင်ရေးနဲ့ Hydro Power ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အရေးကိစ္စအမြောက်အများတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့မတွေ့ဆုံမှီ Dr. Dorji ဟာ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Mr Vijay Gokhale နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ Delhi မြို့ကို လာရောက်လည်ပတ်ပြီးတဲ့နောက် ဘူတန်နိုင်ငံခြားရေးဝန်ကြီးဟာ B...

“Mr Gotabaya Rajapaksa အား သတ္တမမြောက် သီရိလင်္ကာနိုင်ငံရဲ့သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကကဏ္ဍမှာ IDSA မှာ သုတေသန ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှ်င Dr. Gulbin Sultana ဝေဖန်ရေးသားပေးပို့ထားတဲ့ “Mr Gotabaya Rajapaksa အား သတ္တမမြောက် သီရိလင်္ကာနိုင်ငံရဲ့သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ လွန်ခဲ့တဲ့စနေနေ့က သီရိလင်္ကာနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ Sri Lanka Podujana Peramuna (SLPP) ပါတီမှ Mr Gotabaya Rajapaksa ဟာ ရွေးကောက်ပွဲတွေမှာ မဲရေတွက်ပေါင်း ၅၂.၂၅% ရရှိခဲ့ပြီး၊ အဲဒီနိုင်ငံရဲ့ သတ္တမမြောက် အာဏာရအမှုဆောင်သမ္မတအဖြစ် ရွေးချယ်ခြင်းကို ခံလိုက်ရပါတယ်။ Mr Rajapaksa ဟာ သီရိလင်္ကာနိုင်ငံရဲ့ Anuradhapura မြို့မှာ ရုံးတော်ဆိုင်ရာ ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ကြေငြာလိုက်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက Mr Gotabaya အား သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ သူ့ရဲ့ Mr Gotabaya ထံပေးပို့တဲ့ သဝဏ်လွှာမှာ သီရိလင်္ကာနှင့် အိန္ဒိယနိုင်ငံတို့အကြား ဆက်ဆံရေးတွေ နက်ရှိုင်းစေဘို့ရာ ပိုမိုနီးကပ်စွာလုပ်ကိုင်လိုတဲ့ ၎င်း...

ပါလီမန်လွှတ်တော်၏ ဆောင်းရာသီ အစည်းအဝေးကာလမကျရောက်မီ အရေးကိစ္စရပ်များ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါလီမန်လွှတ်တော်၏ ဆောင်းရာသီ အစည်းအဝေးကာလမကျရောက်မီ အရေးကိစ္စရပ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံ ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး ဒီဇင်ဘာခ ၁၃ ရက်နေ့အထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း ဥပဒေမူကြမ်းတွေကို တင်သွင်းသွားမယ့်အသွင်ရှိပြီး နောက်ထပ် အရေးကြီးတဲ့ မူကြမ်း ၂ ခုတို့ကို ဥပဒေအဖြစ်ပြဋ္ဌာန်းသွားဖို့ စာရင်းသွင်းထားပါတယ်။ လာမယ့် အစည်းအဝေးကာလဟာ မူဝါဒပိုင်း တိုးမြှင့်ရေး၊ အကျိုးဖြစ်ထွန်းရေးနှင့် အရေးပါတဲ့ အမျိုးသား အကျိုးစီးပွားကိစ္စရေးရာတွေနှင့်ပတ်သက်ပြီး နိုင်ငံရေးရာ သဘောတူညီရေး စတဲ့ အချက် ၃ ချက်တို့အတွက် အရေးကြီးသွားမှာဖြစ်ပါတယ်။ အတိုက်အခံတွေဟာ လူမှုနိုင်ငံရေးရာနှင့် စီးပွားရေး အရေးကိစ္စအသီးသီးတို့နှင့်ပတ်သက်ပြီး ဗဟိုအစိုးရကို အကျပ်တွေ့စေဖို့ မျှော်မှန်းရတာကြောင့် ပါလီမန်လွှတ်တော်ရဲ့ ဆောင်းရာသီ အစည်းအဝေးကာလဟာ ဝရုန်းသုန်းကားဖြစ်လိမ့်မယ်လို့ ...

BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးခိုင်မာလျှက်ရှိခြင်း

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းမှာ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ဆက်ဆံရေးခိုင်မာလျှက်ရှိခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ မဟာဗျူဟာဆိုင်ရာ သုတေသီ ဒေါက်တာ Rupa Narayan Das ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ ဘရာဇီး(လ)၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နဲ့ တောင်အာဖရိကဆိုတဲ့ ငါးနိုင်ငံအဖွဲ့ စတင်ဖွဲ့စည်းချိန်ကစပြီး၊ ကျန်တဲ့ ၄ နိုင်ငံနဲ့ဆက်ဆံရေးဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒမှာ မဟာဗျူဟာအရ အလွန်အရေးကြီးတဲ့နေရာကို ယူလာခဲ့ပါတယ်။ ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးနဲ့ ပထဝီစီးပွားရေးတို့ကြောင့် ကမ္ဘာကြီးက တက်သစ်စစီးပွားရေးနိုင်ငံ ၅ ခုရဲ့ BRICS အဖွဲ့ကို အလေးပေးလာခဲ့ရပါတယ်။ ဒီအခြေအနေမှာ အိန္ဒိယနိုင်ငံတော်ဝန်ကြီးချုပ် Narendra Modi ၊ ဘရာဇီး(လ)နိုင်ငံ Brasilia မြို့တော်မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ တက်ရောက်ခံတာ လျော်ကန်လှပါတယ်။ အိန္ဒိယနဲ့ အခြား BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ BRICS အဖွဲ့ရဲ့ ဘောင်အတွင်း အကြမ်းဖက်ဝါဒနှိမ်နှင်းရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သောလုပ်ငန်းစနစ်များကို တည်ဆောက်ဖို့ အခွင့်အလမ်းရှာကြံလျှက်ရှိကြောင်း၊ BRICS...

“BRASILIA မြို့မှာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRASILIA မြို့မှာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ Brasilia မြို့မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့တဲ့ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံဟာ အုပ်စုဖွဲ့ခြင်းရဲ့ တွန်းအားနဲ့ အစဉ်အမြဲကြီးထွားလာနေတဲ့ စေ့စပ်အကျုံးဝင်မှုတို့ရဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ပူးတွဲကြေငြာစာတမ်းမှာ မှတ်ချက်ချဖေါ်ပြထားတဲ့အတိုင်း BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုအတွက် အဓိကတွန်းအားပေးကြသူများဖြစ်ခဲ့ကြပါတယ်။ BRICS အဖွဲ့ကြီးရဲ့ အရေးကြီးပုံတွေဟာ အသစ်ပေါ်ထွန်းလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအစဉ်အလာတွေအပေါ် ရောင်ပြန်ဟပ်လျှက်ရှိနေပါတယ်။ BRICS အဖွဲ့ကြီးဟာ အနောက်နိုင်ငံတွေရဲ့ ကမ္ဘာတလွှမ်းစိုးမိုးရေးအပေါ်သာ မေးခွန်းထုတ်ခဲ့ဒါမဟုတ်ဘဲ ဒီအဖွဲ့ကြီးဟာ အတွေးအခေါ်သစ်တွေနဲ့၊ ကမ္ဘာ့အမြင်သစ်တခုကို ရုပ်လုံးဖေါ်ဘို့ ကြိုးပမ်းလျှက်ရှိနေပါတယ်။ ၁၁ ကြိမ်မြောက် BRICS ထိပ်သီးညီလာခံရဲ့ဆောင်ပ...

“၂၀၁၉ ခုနှစ်ဆိုင်ရာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကြည်း၊ ရေ၊ လေ၊ တပ်မတော် (၃) ခုတို့ရဲ့ စစ်ရေးလေ့ကျင့်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၁၉ ခုနှစ်ဆိုင်ရာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ကြည်း၊ ရေ၊ လေ၊ တပ်မတော် (၃) ခုတို့ရဲ့ စစ်ရေးလေ့ကျင့်မှု” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဒုတိယမြောက် Modi အစိုးရရဲ့ သော့ချက်ကျဦးစားပေးမှုများမှ တခုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတခု တည်ဆောက်ရေးဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ များမကြာမှီကာလမှာ အိန္ဒိယနိုင်ငံရဲ့စီးပွားရေး ပြုပြင်တည်ဆောက်မှုနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ ကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်ရေးအတွက် စိတ်အားထက်သန်မှုမှာ မခွဲနိုင်တဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ပါတယ်။ ကာကွယ်ရေးဆက်ဆံမှုတွေက နှစ်နိုင်ငံ အပြန်အလှန်ဖက်စပ်လုပ်ကိုင်ရေးမှာ သော့ချက်ကျ တိုင်းလုံးတလုံးသဏ္ဍာန် ရပ်တည်နေပါတယ်။ မကြာမှီသောနှစ်များမှာ အပြန်အလှန်ဆက်ဆံမှုအလားအလာတွေ တိုးတက်ပွင့်လှမ်းလာခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ သူတို့ရဲ့ ပထမဦးဆုံးသော ကြည်း၊ ရေ၊ လေတပ်ပေါင်းစုတို့ရဲ့...