စိတ်နှလုံးမှ ပြောသော စကားများ (၂၉-၀၃-၂၀၂၀)
ကျနော်ဟာ ဒီလို အထွေထွေ ပြောကြားလေ့ရှိတဲ့ စိတ်နှလုံးမှပြောသောစကားများကဏ္ဍမှာ နယ်ပယ်အသီးသီးတို့ကို ပြောကြားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကနေ့တော့ နိုင်ငံအတွင်းနှင့် ကမ္ဘာတဝှမ်းလုံးမှာ အားလုံးရဲ့ စိတ်သန္တာန်အတွင်း အစိုးရိမ်ရဆုံးဖြစ်တဲ့ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စိ ပျံ့နှံ့ကူးစစ်မှု ကပ်ဘေးဆိုးကြီးကို ဖော်ပြလိုပါတယ်။ ဒီလိုဘေးဆိုးကြီး ဖြစ်ပွားနေချိန်မှာ ကျနော့်အနေနှင့် တခြားကိစ္စတွေနှင့်ပတ်သက်ပြီး ဖော်ပြသွားဖို့ဆိုတာ သင့်လျော်မှုတော့မရှိပါဘူး။ ပထမဆုံးအနေနှင့် နိုင်ငံသားအားလုံးတို့ကို တကယ့်ရင်ထဲကနေပြီး တောင်းပန်လိုပါတယ်။ တချို့ဆုံးဖြတ်ချက်တွေကို ချမှတ်သွားရမှာဖြစ်ပြီး သင်တို့အတွက် အခက်အခဲ အများအပြား ပေါ်ပေါက်စေမှာဖြစ်တာကြောင့် သင်တို့အနေနှင့် ကျွန်ုပ်ကို ခွင့်လွတ်ပေးကြလိမ့်မယ်လို့ နှလုံးသားကနေ ထင်မြင်ခံစားမိပါတယ်။ ကျွန်ုပ်တို့ရဲ့ ညီအကို မောင်နှမတွေအနေနှင့် ၎င်းတို့ကို အခက်တွေ့စေတဲ့ ဝန်ကြီးချုပ်မျိုးကိုရရှိထားတဲ့အပေါ် အံ့အားသင့်ကြမှာဖြစ်ပါတယ်။ ၎င်းတို့အတွက် အထူး မေတ္တာရပ်ခံ တောင်းပန်လိုက်ပါတယ်။ ပြည်သူအများအပြားတို့တွေဟာ ၎င်းတို့နေအိမ်တွေမှာ အပြင်မထွက်ဘဲ နေခိုင်းတဲ့အတွက် ကျွန်တော့ကို ငြီးငွေ့စိတ်...