Posts

Showing posts from June, 2020

စိတ်နှလုံးမှပြောသော စကားများ (အပိုင်း - ၁၃)

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ… ယခုဆိုရင်တော့ စိတ်နှလုံးမှပြောသော စကားများအစီအစဉ်ဟာ ၂၀၂၀ ခုနှစ်အတွက် လမ်းခရီးမှာ ထက်ဝက်ခရီးကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ကျွန်ုပ်တို့တွေဟာ အကြောင်းအရာများစွာတို့အပေါ် ဆွေးနွေးခဲ့ကြပါတယ်။ သဘာဝအားဖြင့် မိမိတို့ ဆွေးနွေးပြောဆိုမှု အများအပြားတို့ဟာ ကမ္ဘာ့ကပ်ရောဂါကြောင်းနှင့် လူသားမျိုးနွယ်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးအကြောင်းတွေ ဖြစ်ခဲ့ကြပေမယ့် ယခုရက်ပိုင်းတွေအတွင်း ကျွန်ုပ် သတိပြုမိတာကတော့ ဒီနှစ်ကာလဟာ ဘယ်တော့ ဖြတ်သန်းကုန်လွန်မလဲဆိုတဲ့ခေါင်းစဉ်နှင့် ပြည်သူတွေအလယ်မှာ အဆုံးမရှိတဲ့ ဆွေးနွေးမှုအကြောင်းပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာဆိုရင် ဒီနှစ်ဟာ ဘာကြောင့် ဒီလောက်နှေးကွေးစွာ ဖြတ်သန်းနေရတာလဲလို့ ဝမ်းနည်းစွာဖော်ပြချက်တွေနှင့် စတင်ခဲ့ကြပါတယ်။ တချို့ကျပြန်တော့လည်း ဒီ ၂၀၂၀ ခုနှစ်ဟာ သုဂတိကာလမဟုတ်တာကြောင့် ဒီကာလကို တနည်းနည်းနှင့် ကျော်ဖြတ်ကုန်လွန်သွားလိုကြတာပဲဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျာ…. ဘာကြောင့် ဒီလိုတွေဖြစ်လာရတာလဲလို့ ကျွန်ုပ်ခံစားမိတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုခံစားချက်တွေရဲ့နောက်မှာ အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၆-၇...

စီးပွားရေးကဏ္ဍတွင် အဖူးအပွင့်များ မြင်တွေ့နိုင်ပြီဟု ဝန်ကြီးချုပ်က ဖော်ပြလိုက်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ “စီးပွားရေးကဏ္ဍတွင် အဖူးအပွင့်များ မြင်တွေ့နိုင်ပြီဟု ဝန်ကြီးချုပ်က ဖော်ပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဝန်ကြီးချုပ် Narendra Modi ဟာ ပထမအကြိမ် ပိတ်ဆို့မှုဖွင့်လိုက်ပြီးတဲ့နောက် ပေါ်ထွက်နေတဲ့ အခြေအနေတွေနှင့် Covid-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းနိုင်ရေး အစီအစဉ်တွေကို ဆွေးနွေးဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုနယ်မြေ အုပ်ချုပ်ရေး အရာရှိတွေနှင့်အတူ ဗီဒီယို ညီလာခံမှတဆင့် တုံ့လှယ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ ဆဋ္ဌမကြိမ်မြောက် ဆွေးနွေးမှုဖြစ်ပြီး ဒီအရင်ကလည်း၊ မတ်လ ၂၀ ရက်နေ့၊ ဧပြီလ ၂ ရက်နေ့၊ ဧပြီလ ၁၁ ရက်နေ့၊ ဧပြီလ ၂၇ ရက်နေ့နှင့် မေလ ၁၁ ရက်နေ့တို့မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ကပ်ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရာမှာ ရောဂါတိုက်ဖျက်ဖို့ ချမှတ်ခဲ့တဲ့ အချိန်ကိုက်ဖြစ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိရောက်မှုရှိခဲ့တယ်လို့ ဝန်ကြီးချုပ်က သုံးသပ်ခဲ့ပါတယ်။ ယခုဆိုရင် သယ်ယူပ...

နီပေါနိုင်ငံ၏ မြေပုံအသစ်အား အိန္ဒိယနိုင်ငံက လက်မခံပယ်ချလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ နိုင်ငံရေးဝေဖန်ရေးသမား Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံ၏ မြေပုံအသစ်အား အိန္ဒိယနိုင်ငံက လက်မခံပယ်ချလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ နီပေါနိုင်ငံရဲ့ အောက်လွှတ်တော် Pratinidhi Sabha က တိုင်းပြည်ရဲ့ နယ်နိမိတ် သတ်မှတ်ထားတဲ့မြေပုံကို ပြင်ဆင်ရေးဆွဲနိုင်မယ့် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ အတည်ပြုပေးခဲ့ပြီး၊ အဲသည့်မြေပုံအရ အိန္ဒိယနိုင်ငံ Uttarakhand ပြည်နယ်အတွင်းရှိ Pithoragarh ခရိုင်ထဲက တချို့နယ်မြေတွေဟာ နီပေါနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အဲသည့်ဥပဒေမူကြမ်းကို အောက်လွှတ်တော်မှာ အစောပိုင်းကာလမှာ ဆွေးနွေးဖို့ တင်သွင်းခဲ့ပါတယ်။ Kalapani, Limpiyadhura နဲ့ Lipulekh နယ်မြေများ နီပေါနိုင်ငံထဲကို ထည့်သွင်းထားတဲ့ နီပေါနိုင်ငံရဲ့ အဲသည့်မြေပုံအသစ်ကို ကက်ဘိနက်က ၂၀၂၀ ခုနှစ် မေလ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲသည့်နယ်မြေတွေဟာ အိန္ဒိယနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတွေဖြစ်ပြီး၊ Uttarakhand ပြည်နယ် Pithoragarh ခရိုင်ရဲ့ အုပ်ချုပ်ရေးအောက်မှာ အမ...

ဖွံ့ဖြိုးတိုးတက်ရေးဆိုဒါထက်ကျော်လွန်သည့် စံနမူနာကိုဖော်ဆောင်ဖို့ ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံတော်ပြည်သူ့ဘဏ္ဍာရေးနှင့် မူဝါဒရေးရာဌာနမှ ပါမောက္ခ ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဖွံ့ဖြိုးတိုးတက်ရေးဆိုဒါထက်ကျော်လွန်သည့် စံနမူနာကိုဖော်ဆောင်ဖို့ ဝန်ကြီးချုပ်ကတိုက်တွန်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ မည်သည့်အကြပ်အတည်းမျိုးမဆို ကျွန်ုပ်တို့ကို အခွင့်အရေးများ ဖန်တီးပေးကြောင်း ဝန်ကြီးချုပ် Narendra Modi က အိန္ဒိယကုန်သည်ကြီးများအသင်း (ICC) ရဲ့ ၉၅ ကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီ အခမ်းအနားပွဲမှာ မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ Atma Nirbhar Bharat ဟု ခေါ်သည့် ကိုယ့်အားကိုယ်ကိုး အိန္ဒိယကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျွန်ုပ်တို့အနေနဲ့ အဆိုပါ အခွင့်အရေးများကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ကျွန်ုပ်တို့သည် ရာသီဥတုပြောင်းလဲမှုပြဿနာ ဖြစ်ပွားနေတဲ့ကာလအတွင်း အများပြည်သူ ကျန်မာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ကြီးမားတဲ့အကြပ်အတည်းအား COVID-19 ကပ်ဘေးနှင့်အတူ ရင်ဆိုင်ဖြတ်သန်းနေရကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။ ...

COVID-19 ကာလ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “COVID-19 ကာလ ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ စိန်ခေါ်မှုနှစ်ခုရဲ့ ဂယက်အောက်မှာ ချာချာလည်ဖြစ်နေပါတယ်၊ ဥပမာကြည့်မယ်ဆိုရင် COVID-19 ကပ်ဘေးနဲ့ ကြီးမားတဲ့ စီးပွားရေး အကြပ်အတည်းတို့ဘဲ ဖြစ်ပါတယ်။ အဲသည့် စိန်ခေါ်မှုတွေဟာ နိုင်ငံရဲ့ အဆိုးဝါးဆုံးအချိန်ကာလမှာ တပြိုင်နက်တည်း ဝင်ရောက်လာတာဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေးချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ထုတ်ပေးခဲ့ပြီးနောက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တောင်းဆိုမှုများကို ချမှတ်ခဲ့သည့်အတွက် ပါကစ္စတန်နိုင်ငံဟာ စီးပွားရေးအကြပ်အတည်းအောက် ကျရောက်နေပြီးဖြစ်ပါတယ်။ ယမန်နှစ်က ဘတ်ဂျတ်မှာ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) မှာ အဓိကလိုငွေပြမှု ၀.၆% ရှိရန် ရည်ရွယ်ထားခဲ့ပါတယ်။ အဲသည့် ရည်ရွယ်ချက်ကို အခွန်လွတ်ကင်းခွင့် ဖျက်သိမ်းခြင်း၊ အထူးအခွင့်အရေးခံစားမှုများကို လျှော့ချဖြတ်တောက်ခြင်းနဲ့ အခွန်စီမံခန့်ခွဲမ...

အိန္ဒိယ-သြစတြေးလျားဆက်ဆံရေး အွန်လိုင်း ထိပ်သီးစည်းဝေးပွဲနှင့် ရလဒ်များ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အင်ဒို-ပစိဖိတ် လေ့လာရေးဗဟိုဌာနမှ ဆောင်းပါးရှင် ပါမောက္ခ Shankari Sundararaman ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-သြစတြေးလျားဆက်ဆံရေး အွန်လိုင်း ထိပ်သီးစည်းဝေးပွဲနှင့် ရလဒ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံး COVID-19 ကူးစက်ပျံ့နှံ့မှု ရောဂါကပ်ဘေးကျရောက်မှုကြောင့် သွားလာလှုပ်ရှားမှုများ ပိတ်ပင်သည့် (lockdown) ချမှတ်ထားတဲ့ကာလအတွင်း အိန္ဒိယနိုင်ငံနဲ့ သြစတြေးလျားနိုင်ငံတို့ဟာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ထိပ်သီးအစည်းအဝေးကို ပထမဦးဆုံး အွန်လိုင်းပေါ်မှ လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းထိပ်သီးအစည်းအဝေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးများကို ပိုမိုခိုင်မြဲဆောင်လုပ်ဆောင်သွားဖို့ နှစ်နိုင်ငံခေါင်းဆောင်များအကြား ၂၀၂၀ ခုနှစ် ဇန်နဝါရီလနှင့် မေလအတွင်း အပြန်အလှန်သွားရောက်လည်ပတ်ကာ လုပ်ဆောင်ဖို့ စီစဉ်ထားမှုရဲ့ နောက်ဆက်တွဲလုပ်ဆောင်ချက်ဖြစ်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု ကပ်ဘေးကျရောက်မှုကြောင့်၊ သွားလာလှုပ်ရှားရန် ခက်ခဲသည့်အတွက် နှစ်နိုင်ငံမှ ခေါင်းဆောင်တို့အကြား အွန်လိုင်းမှတဆင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ခြင်းဘဲ ဖြစ်ပါတယ်။...

အိန္ဒိယနိုင်ငံသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းသို့ပြောကြားလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းသို့ပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံကိုပြောင်းလဲစေကာ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပြီး၊ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိကာ၊ တိုးတက်ဖွံ့ဖြိုးရေးခရီးလမ်းပေါ်တွင် ပုဂ္ဂလိက ကဏ္ဍသည် ပူးပေါင်းလုပ်ဆောင်သူဖြစ်လာခဲ့ပါတယ်။ ဒါတွေကတော့ နယူဒေလီမှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့တဲ့ အိန္ဒိယစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (CII) ရဲ့ ၁၂၅ ကြိမ်မြောက် နှစ်ပတ်လည်အစည်းပွဲမှာ ဝန်ကြီးချုပ် Narendra Modi က ပြောကြားခဲ့တဲ့ အကျိုးပြုစေတဲ့ သတင်းစကားတွေဘဲဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi က တွယ်ဝိုက်ပြီးပြောမနေဘဲ၊ “အတူတကွပူးပေါင်းလုပ်ဆောင်ရင် ကျွန်ုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သေချာပေါ...

စိတ်နှလုံးမှ ပြောသောစကားများ (၃၁-၀၅-၂၀၂၀)

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးမှပြောသော စကားများအစီအစဉ်ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစီအစဉ်ပြောပြစဉ်က ခရီးသည်တင် မီးရထား၊ ဘတ်စကားနှင့် လေယာဉ်ခရီးစဉ်တွေ ရပ်နားထားရပြီဖြစ်ပါတယ်။ ယခုတကြိမ် ဝန်းကျင်အချိန်မှာလည်း အထူးကြိုတင်သတိပြုမှုတွေနှင့်အတူ အထူးမီးရထားတွေနှင့် လေကြောင်း ခရီးစဉ်တွေကို ပြန်လည်စတင်နေပြီဖြစ်ပြီး စက်မှုလုပ်ငန်းကဏ္ဍ ပုံမှန်အခြေအနေသို့ ပြန်လည်ဖြစ်တာနေတာကြောင့် စီးပွားရေးကဏ္ဍရဲ့ အဓိကနယ်ပယ်တွေကို ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ယခုလိုအနေအထားမျိုးမှာ ကျွန်ုပ်တို့ ပိုမိုသတိထား ဂရုစိုက်သွားဖို့ လိုအပ်ပါတယ်။ လူတဦးနှင့်တဦး ၂ ကိုက် အကွာအဝေးရှိဖို့၊ မျက်နှာဖုံးတွေ ဝတ်ဆင်ကြဖို့ ဒါမှမဟုတ် တတ်နိုင်သမျှ အိမ်မှာပဲ နေကြဖို့လိုအပ်ပြီး မိမိတို့ဘက်က အပြည့်အဝလိုက်နာမှုပြုကြရာမှာ ပေါ့ဆမမရှိ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဆန့်ကျင်တိုက်ပွဲဟာ နိုင်ငံအတွင်း စုပေါင်းကြိုးပမ်းမှုကနေ အင်တိုပ်အားတိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းကိုကြည့်မယ်ဆိုရင်လည်း အိန္ဒိယ ပြည်သူလူထုရဲ့ ဖော်ဆောင်လုပ်ဆောင်မှု ...

COVID-19 တိုက်ဖျက်နေစဉ်အတွင်း သတိမလပ်ရှိကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့လိုက်တဲ့ “COVID-19 တိုက်ဖျက်နေစဉ်အတွင်း သတိမလပ်ရှိကြရန် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို စုပေါင်းလုပ်ကိုင်မှုမှတဆင့် ပြင်းထန်သည့် လုပ်အားတို့ဖြင့် တိုက်ဖျက်ခဲ့ရကြောင်း ဝန်ကြီးချုပ် Narendra Modi က All India Radio မှ လစဉ်ထုတ်လွှင့်နေသည့် “Mann Ki Baat” အစီအစဉ်မှတဆင့် ပြည်သူများကို ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဆောင်တာများကို ပြန်လည် ဖွင့်လှစ်ပေးလိုက်သောလည်း၊ COVID-19 ကပ်ဘေးဆက်လက်ဖြစ်ပေါ်နေဆဲကာလအတွင်း ပိုမိုနိုးကြားမှုနှင့် ပိုမိုသတိရှိကြပါရန် ဝန်ကြီးချုပ်က ပြည်သူများကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ ရထားခရီးစဉ် ဝန်ဆောင်မှုပေါင်း ၂၀၀ လည်း ပြည့်စုံလုံလောက်တဲ့ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ဆောင်မှုများဖြင့် ပြန်လည်စတင်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ လေကြောင်းခရီးစဉ်ပြေးဆွဲမှုများလည်း ပြန်လည်စတင်ခဲ့ပြီး၊ စက...