“Trump ရဲ့ နှစ်နိုင်ငံအတွက်စီမံကိန်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump ရဲ့ နှစ်နိုင်ငံအတွက်စီမံကိန်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ သူတို့ရဲ့ရုံးတော်မှ ပယ်ရှားနိုင်တဲ့အခြေအနေတွေ သူတို့ခေါင်းပေါ်ဝဲနေချိန်မှာ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump နဲ့ အစ္စရေးလ်နိုင်ငံဝန်ကြီးချုပ် Mr Benjamin Netanyahu တို့ဟာ အစ္စရေးလ်-ပါလက်စတိုင်းပဋိပက္ခအတွက် ငြိမ်းချမ်းရေးစီမံကိန်းတခု ကြေညာဘို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ Peace to Prosperity လို့နာမည်ပေးထားတဲ့ စာမျက်နှာ (၁၈၀) ခန့်ရှိတဲ့ စာရွက်စာတမ်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေးလ်ပြည်သူတို့ရဲ့ ဘဝမြင့်တင်ရေးနဲ့ တိုးတက်မှုကို ရှာဖွေထားပါတယ်။ လပေါင်းများစွာစေ့စပ်ညှိနှိုင်းမှုတွေကို များသောအားဖြင့် အစ္စရေးလ်အရာရှိတွေနဲ့ တချို့သောအာရပ်နိုင်ငံခေါင်းဆောင်တွေနဲ့ပြုလုပ်ပြီးတဲ့နောက် သမ္မတ Mr Trump ရဲ့ အရှေ့အလယ်ပိုင်းအတွက် အဓိကပုဂ္ဂိုလ်ဖြစ်တဲ့ Mr Jared Kushner ဟာ ပါလက်စတိုင်းလူမျိုးတွေကို အလွန်အမင်းလျစ်လျူပြုထားတဲ့ အဆိုပါအကျိုးဖြစ်ထွန်းစေမဲ့ စီမ...