Posts

Showing posts from May, 2020

နီပေါနိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ မွမ်းမံပြင်ဆင်ချက်နှင့်ပတ်သက်သည့် ဆွေးနွေးမှုကို လိုလျောလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Amb. Manjeev Puri ရေးသားပေးပို့ထားတဲ့ “ နီပေါနိုင်ငံသည် ဖွဲ့စည်းအုပ်ချုပ်ပုံ မွမ်းမံပြင်ဆင်ချက်နှင့်ပတ်သက်သည့် ဆွေးနွေးမှုကို လိုလျောလိုက်ခြင်း ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနှင့် နီပေါနိုင်ငံတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များဖြစ်ကြသော Sikkim ၊ West Bengal ၊ Bihar ၊ Uttar Pradesh နှင့် Uttarakhand ပြည်နယ်တို့နှင့် နီပေါနိုင်ငံ ထိစပ်နေမှု ၁၇၅၀ ကီလိုမီတာ နယ်စပ်ဒေသတလျှောက် မျှဝေတည်ရှိကြပါတယ်။ ဒီနယ်စပ်ဒေသ အများစုတို့ကို အရှေ့အိန္ဒိယ ကုမ္ပဏီနှင့် နီပေါနိုင်ငံ Royal Court တို့အကြား ၁၈၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ Sugauli သဘောတူစာချုပ်နှင့် ဖြေရှင်းထားပါတယ်။ ဒါက ကာလီ ( မဟာကာလီ ) မြစ်ကို နီပေါနိုင်ငံရဲ့ အနောက်ဘက်စွန်ဆုံးအဖြစ် သတ်မှတ်ထားပါတယ်၊ ဥပမာ နီပေါနိုင်ငံရဲ့ မြေနယ်နိမိတ်ဟာ ကာလီရဲ့ အရှေ့ဘက်မှာသာရှိတယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ Kalapani ၊ Limpiyadhura နှင့် Lipulekh ဒေသတွေမှာ အကြမ်းဖျင်းအားဖြင့် ...

Covid-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးနည်းဗျူဟာ ချမှတ်မှုနှင့်အတူ အိန္ဒိယနိုင်ငံ ရှေ့သို့လှမ်းချီလျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Manish Anand ရေးသားပေးပို့ထားတဲ့ “Covid-19 ဗိုင်းရပ်စ် ထိန်းချုပ်ရေးနည်းဗျူဟာ ချမှတ်မှုနှင့်အတူ အိန္ဒိယနိုင်ငံ ရှေ့သို့လှမ်းချီလျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယ ကောင်းကင်ဝေဟင်ယံတို့မှာ အချိန်ကာလ ၂ လကျော် ပျံသန်းခဲ့ပြီးတဲ့နောက် လေယာဉ်ခရီးစဉ်ပေါင်း ၅၃၂ ကြိမ်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ ဖြေရှင်းလုပ်ဆောင်နိုင်မှု စွမ်းရည်ကို ဘယ်လို စိန်ခေါ်မှုမျိုးကမှ ကျော်လွှားနိုင်မှာမဟုတ်ဘူးဆိုတဲ့ သက်သေအထောက်အထားပင်ဖြစ်ပါတယ်။ လေဆိပ်တွေနှင့် ခရီးသည်တွေဟာ ဒီ အန္တရာယ်ကြီးလှတဲ့ Covid-19 ဗိုင်းရပ်စ်ပိုး ပြန့်ပွားစေဖို့ လက်ခံရာနေရာတွေရှာကြံဖို့ အလားအလာ နည်းပါးစေခဲ့ကြတာကြောင့် အိန္ဒိယနိုင်ငံဟာ ဒီရောဂါထိန်းချုပ်ဖို့ ကောင်းစွာ ပြင်ဆင်ထားတာကို ပြသလျှက်ရှိပါတယ်။ အသက် ၅ နှစ်အရွယ် ကောင်လေးတယောက် မျက်နှာဖုံးစွပ်လျှက် နယးဒေလီကနေ Bengaluru မြို့ကို တယောက်တည်း လေယာဉ်စီး ခရီးနှင်ခဲ့တာဟာ အခြေအနေတွေ များမကြာမီ ပုံမှန် ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို သာဓကပြုလိုက...

အိန္ဒိယနိုင်ငံသည် Covid-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်မှုကို ဥပမာပြ ဦးဆောင်လျှက်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် Covid-19 ကပ်ရောဂါ ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်မှုကို ဥပမာပြ ဦးဆောင်လျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံသည် Covid-19 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရာတွင် နိုင်ငံရပ်ခြားမှ အာဏာပိုင်များကို အထောက်အကူပြုရန် နိုင်ငံ၏ ဆေးဝါးအကူအညီ တိုးမြှင့်ပေးအပ်ခဲ့ပါတယ်။ ယခုချိန်ထိ အိန္ဒိယနိုင်ငံဟာ အခြေခံ ပံ့ပိုးပစ္စည်းတွေ၊ ဆေးဝါးတွေနှင့် ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အစည်းတွေနှင့်အတူ နိုင်ငံပေါင်း ၁၂၅ နိုင်ငံတို့ကို အကူအညီပေးခဲ့ပြီး တချို့ကိစ္စတွေမှာဆိုရင် ၎င်းတို့ရဲ့နိုင်ငံသားတွေကို အခြားသော နိုင်ငံတွေကနေ ကယ်ထုတ်ပေးခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ တောင်အာရှဒေသ၊ အိန္ဒိယ သမုဒ္ဒရာဒေသ၊ ပင်လယ်ကွေ့ဒေသ (ကူဝိတ်)၊ အာရှအလယ်ပိုင်းဒေသ (ကာဇစ္စတန်၊ အာမန်းနီးယား၊ တာဂျီကစ္စတန်၊ ယူကရိန်) စတဲ့ဒေသတွေမှ ၂၉ နိုင်ငံတို့နှင့် ဒိုမီနီကန်နှင့် အီကွေဒေါတို့လို ဝေးလံတဲ့ဒေသတွေအထိ ထောက်ပံ့မှုတွေ ပေးပို့ခဲ့ပြီ...

နီပေါနိုင်ငံသည် Kalapani အငြင်းပွားမှုအနိုင်ရရရှိရန် လုပ်ဆောင်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူဆောင်းပါးရှင် Rattan Saldi ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံသည် Kalapani အငြင်းပွားမှုအနိုင်ရရရှိရန် လုပ်ဆောင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ နီပေါနိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ Uttarakhand ပြည်နယ်၊ Pithoragarh ခရိုင်နှင့် နီပေါနိုင်ငံ အနောက်ဖျားပိုင်း၊ Dharchula ခရိုင်မှာရှိတဲ့ အိန္ဒိယ၊ နီပေါ၊ တရုပ် သုံးပွင့်ဆိုင် Kalapani ဒေသ နယ်နိမိတ် အငြင်းပွားမှုနှင့်ပတ်သက်ပြီး ရန်ပြုလိုတဲ့အရိပ်အရောင်ကို ထပ်မံပြသလိုက်ပါတယ်။ နီပေါနိုင်ငံ ကွန်မြူနစ်အစိုးရက မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီနိုင်ငံရဲ့ ပထဝီမြေပုံသစ်တခုဟာ ယခုနောက်ဆုံးသော အငြင်းပွားမှုကို ပြန်ဆွပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် K. P. Sharma Oli ရဲ့ ကတ်ဘိနက်အဖွဲ့ ၂ ရက်အကြာက အတည်ပြုပေးခဲ့တဲ့ မြေပုံသစ်မှာ Kalapani၊ Limpiyadhura နှင့် Lipulekh ဒေသများကို နီပေါနိုင်ငံ မြေနယ်နိမိတ်အဖြစ် ပြသထားသည်။ ဤဒေသများသည် နယူးဒေလီအစိုးရက Jammu ၊ Kashmir နှင့် Ladakh ဒေသများကို ပြည်ထောင်စုနယ်မြေများအဖြစ် ပြန်လည်သတ်မှတ်ထား...

အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်လျှက် Covid-19 ကူးစက်ရောဂါ တိုက်ဖျက်တုံ့ပြန်ချက်

ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Shankari Sundararaman ရေးသားပေးပို့ထားတဲ့ “အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့်လျှက် Covid-19 ကူးစက်ရောဂါ တိုက်ဖျက်တုံ့ပြန်ချက်” အကြောင်းသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ကမ္ဘာ့နိုင်ငံတွေဟာ Covid-19 ကပ်ရောဂါကို ကူးစက်ခံနေရတာကြောင့် ပုံမှန်အခြေအနေ တခုကို ချိန်ညှိယူဖို့ လိုအပ်လျှက်ရှိနေပါတယ်။ နိုင်ငံတွေဟာ ကမ္ဘာ့ကူးစက်ရောဂါကျရောက်နေတဲ့နိုင်ငံတွေကို ပူးပေါင်းလုပ်ဆောင်မှုတွေ၊ ပေါင်းစု ချည်းကပ်မှုတွေနှင့် အားဖြည့်ဆောင်ရွက်မှုတွေလို လုပ်ထုံးလုပ်နည်းတွေနှင့်အတူ ဆက်လက်ကြိုးပမ်းကြဖို့ လုပ်ဆောင်နေကြပါတယ်။ နိုင်ငံတွေဟာ ဒေသပိုင်း အတိုင်းအတာအထိ စုပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ တိုးမြှင့်ခဲ့ကြပါတယ်။ ပြောရာမယ်ဆိုရင် ဝန်ကြီးချုပ် Narendra Modi ဟာ တောင်အာရှဒေသအတွင်း အဲဒီ ကူးစက်ရောဂါ ပျံ့ပွားမှု အာရုံပြုဖို့အတွက် SAARC အဖွဲ့၊ ဒေသပိုင်းနှင့်ပတ်သက်တဲ့ ဥရောပနှင့် အရှေ့တောင်အာရှဒေသပိုင်းတွေအထိ နှိုးဆော်လုပ်ဆောင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ စုပေါင်းကြိုးပမ်းမှုဟာ အိန္ဒိယနိုင်ငံရဲ့ လှ...