Posts

Showing posts from October, 2019

“တောင်တရုတ်ပင်လယ်ဟာ မီးတောက်လောင်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ နေရာသစ်တခုဖြစ်နိုင်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနဲ့ အိန္ဒိယသမုဒ္ဒရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင်ပါမောက္ခ Baladas Ghoshal ဝေဖန်ရေးသားပေးပို့ထားတဲ့ “တောင်တရုတ်ပင်လယ်ဟာ မီးတောက်လောင်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ နေရာသစ်တခုဖြစ်နိုင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းက မျဉ်းကြောင်းနီကိုဖြတ်ကျော်ပြီး ဗီယက်နမ်နိုင်ငံရဲက သီးသန့်စီးပွားရေးဇုံ (EEZ) ထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာရဲ့ ဥပဒေကို ချိုးဖောက်ပြီးဖြစ်တယ်လို့ စွတ်စွဲနေကြပါတယ်။ အဲဒီစွတ်စွဲမှုက တရုတ်နိုင်ငံရဲ့ တိုင်းတာလေ့လာရေးသင်္ဘောဟာ ဗီယက်နမ်နိုင်ငံကမ်းခြေဒေသနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ရေမိုင် (၆၀) အနီးရောက်ရှိသွားပြီဆိုဒါဘဲဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတခု ဖန်တီးနေပြီး၊ တရုတ်နိုင်ငံမှ ကြီးမားတဲ့ဝင်ရောက်ခိုလှုံမှုတွေဒါဏ် ခံနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးလုံခြုံမှုကို ခြိမ်းခြောက်လျှက်ရှိနေပါတယ်။ အဲဒီတရုတ်သင်္ဘောဟာ တခြားသင်္ဘော (၄) စီးတို့နဲ့ ခြံရံပြီး ဗီယက်နမ်နိုင်ငံရဲ့ သီးသန့်စီး...

“နယူးဒေလီနဲ့ Riyadh ရောင်းဝယ်ဖေါက်ကားမှု ဆက်ဆံမှုထက်ကျော်လွန်သွားခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JUN တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ P R Kumara Swamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “နယူးဒေလီနဲ့ Riyadh ရောင်းဝယ်ဖေါက်ကားမှု ဆက်ဆံမှုထက်ကျော်လွန်သွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ယခုအပါတ်အတွင်း ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ Saudi Arabia မင်းနိုင်ငံသို့ နှစ်ရက်ကြာအလည်အပါတ်ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ Riyadh အစိုးရသို့ ရှေ့ရှုတဲ့ပေါ်လစီထဲမှ ပြောင်းလဲမှုတွေနဲ့ ဒီလိုပြုလုပ်ခြင်းရဲ့ အများဆုံးအကျိုးအမြတ်တွေကို မီးမောင်းထိုးပြလျှက်ရှိပါတယ်။ အစဉ်အလာအားဖြင့် Haj ဘုရားဖူးနဲ့ စွမ်းအင်မှာယူတင်သွင်းမှုတွေကသာ ဆက်ဆံရေးရဲ့အခြေခံကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာမှီသောနှစ်များအတွင်း နှစ်နိုင်ငံစလုံးတို့ဟာ ဆက်ဆံမှုတွေကို ရောင်းဝယ်ဖေါက်ကားမှုရှုထောင့်ရဲ့ တဖက်တချက်သို့ ပြောင်းလဲရေးအတွက် ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ MbS လို့ အများအားဖြင့် သိရှိကြတဲ့ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman က ကြီးမှူးကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ‘Future Investment Initiative (FII)’ အစည်းအဝေးပွဲကြီးမှာ ဝန်ကြီးချုပ် M...

“Baghdadi သေဆုံးမှုက အာရပ်ကမ္ဘာမှာ ခေတ်သစ်တခုဆီသို့ သယ်ဆောင်သွားမည်လား”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ခွဲခြမ်းလေ့လာသူ ဆောင်းပါးရှင် Dr. Fazzur Rahman Siddiqui ဝေဖန်ရေးသားပေးပို့ထားတဲ့ “Baghdadi သေဆုံးမှုက အာရပ်ကမ္ဘာမှာ ခေတ်သစ်တခုဆီသို့ သယ်ဆောင်သွားမည်လား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ မိမိကိုယ်ကို ISIS အစ္စလမ္မစ်သူပုန်တို့ရဲ့ လူစွမ်းကောင်းအဖြစ် ကြေငြာအသိအမှတ်ပြုခံထားတဲ့ Abu Bakr Baghdadi ရဲ့ သေဆုံးသွားခြင်းသတင်းဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်အစ္စလာမ္မစ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတို့တည်ထောင်လိုက်ကြောင်း မင်းဆိုးမင်းညစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ အီရတ်နိုင်ငံ Mosul မြို့ရဲ့ လမ်းတွေပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအားပေးမှုတွေကို ခံနေရပါတယ်။ အဲဒီနောက်မှာ ပေါ်ထွက်လာတဲ့ဇာတ်လမ်းတွေကတော့ လူအမြောက်အများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူများစုပေါင်းအဓမ္မပြုကျင့်မှု၊ လမ်းတွေအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညစ်မှုနဲ့ အဆုံးမရှိတဲ့ အခင်းဖြစ်ပွားမှုတွေဖြစ်ပါတယ်။ Mosul မြို့အတွင်းကဘဲ ပြည်သူပေါင်း (၃) သိန်းကျော်တို့ဟာ အတင်းအဓမ္မ မြို့ထဲက နှင်ထုတ်ခံခဲ့ရပြီး ထောင်ပေါင...

စိတ်နှလုံးသားမှ ပြောသောစကားများ (အပိုင်း-၅)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ။ ဒီလိုထူးမြတ်တဲ့ ဒေပါဝါလီ ပွဲတော် အခါသမယမှာ အားလုံးအတွက် နှုတ်ခွန်းပဏာ ဆက်သလိုက်ပါတယ်။ ကျွန်ုပ်တို့ဟာ Shlok ကဗျာကျမ်းဂန်ထဲက “သုဘံ ကရောတိ ကလျာနံ၊ အာရောဂယံ ဒါန်သဗ္ဗဒါ။ သတ္တရုဗုဒ္ဓီ ဝိနာသယ၊ ဒီပါဇောတိ နမောစတုတီ” ဆိုတဲ့စာကြောင်းတွေနှင့် အလားသဏ္ဍာန်တူကြပါတယ်။ ဘယ်လောက်ကောင်းမွန်ပြီး မျှော်မှန်းချက်ပြည့်စုံတဲ့ ရေးသားဖော်ပြချက်ပါလဲ။ Shlok မှာ ရေးထားတာက မိမိတို့ရဲ့ ဘဝမှာ ဒုစရိုက်အတွေးအခေါ်တွေ ဖယ်ထုတ်ပြီး သုစရိုက်တရားတွေ ဆောင်ကြဉ်းပေးလျှက် ကျန်းမာပျော်ရွှင်မှုနှင့် သာယာဝပြောမှုတွေပေးတာဟာ အလင်းရောင်ဖြစ်တယ်လို့ ဆိုပါတယ်။ ယခုနှစ် ဒေဝါလီပွဲတော်ကို အမှတ်တရဖြစ်စေဖို့ သတ္တဝါခပ်သိမ်း အေးချမ်းသာယာဖို့ ဆုတောင်းမှုနှင့်အတူ သုစရိုက်တရားတွေ ထွန်းကားစေလျှက် အလင်းရောင်ခြည် ဖြာထွက်ပျံ့နှံ့အောင်လုပ်တာထက် ပိုကောင်းတဲ့နည်းလမ်း ရှိနိုင်ပါသလား။ ဒီလို ဒေဝါလီပွဲတော်တွေကို နိုင်ငံအများအပြားတို့မှာ ကျင်းပကြပါတယ်။ ဒီပွဲတော်ဟာ အိန္ဒိယအသိုင်းအဝိုင်းတွေအတွက်သာ ကန့်သတ်ထားတာ မဟုတ်ပါဘူး။ အစိုးရတွေ၊ နိုင်ငံသားတွေနှင့် လူမှုအဖွဲ့အစည်းတွေအားလုံးတို့ဟာ ဒေဝါလီပွဲတော်က...

အမေရိကန်ပြည်ထောင်စုသည် ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအား ဖိစီးနှိပ်စက်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စု သည် ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအား ဖိစီးနှိပ်စက်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေးရာ လူနည်းစုလေးတွေဟာ လူများစုကြီးစိုးရေးဝါဒီရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ကို ခံစားနေကြရပြီး ဒီနိုင်ငံကလည်း လူနည်းစု အရေအတွက် လျော့နည်းလာမှုကို ရင်ဆိုင်နေရပါတယ်။ ပါကစ္စတန်နိုင်ငံ ထူထောင်ခဲ့တဲ့ ကာလက ဟိန္ဒူ၊ Sikh၊ ခရစ်ယာန်၊ ပါစီနှင့် ဗုဒ္ဓဘာသာဝင်တွေအပါအဝင် လူနည်းစု အရေအတွက်စုစုပေါင်းတို့ဟာ ၂၈% ရှိခဲ့ပြီး အရှေ့ပါကစ္စတန်နိုင်ငံမှာ ဟိန္ဒူဘာသာဝင် လူဦးရေက လည်း ၂၂% ဝန်းကျင်ရှိခဲ့တယ်ဆိုပေမယ့် ဒီကနေ့ကာလမှာတော့ ပါကစ္စတန်နိုင်ငံရဲ့ လူနည်းစုအရေအတွက် ဟာ ၄% အောက်အထိ လျော့နည်းလျှက်ရှိနေပါတယ်။ ပါကစ္စတန်နိုင်ငံ ထူထောင်ခဲ့တဲ့ နိုင်ငံ့ဖခင်ကြီး Mohammad Ali Jinnah ဟာ ဘာသာရေးနှင့် ပတ်သက်မှုမရှိ တဲ့ ပါကစ္စတန်နိုင်ငံ ၁ နိုင်ငံကို မျှော်...

“အိန္ဒိယ-အမေရိကန် မဟာဗျူဟာရေးရာဆွေးနွေးပွဲဖြင့် စီးပွားရေးအမြင်ကို အတည်ပြုခြင်း”

သောတရှင်များရှင့်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The New Indian Express သတင်းစာမှ အထူးသတင်းထောက် Mr Manish Anand ဝေဖန်ရေးသားထားတဲ့ “အိန္ဒိယ-အမေရိကန် မဟာဗျူဟာရေးရာဆွေးနွေးပွဲဖြင့် စီးပွားရေးအမြင်ကို အတည်ပြုခြင်း” ဆိုသောခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယ-အမေရိကန်မဟာဗျူဟာ- ဒုတိယဆွေးနွေးပွဲဖြင့် (၂) နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ လာမည့် (၅) နှစ်ကာလအတွင်း အိန္ဒိယနိုင်ငံကို ဒေါ်လာငွေ (၅) ထရီလီယံ စီးပွားရေးနိုင်ငံဖြစ်လာစေရန် ကြိုးပမ်းမည့်အချက်များကို အိန္ဒိယဝန်ကြီးချုပ် Mr Modi က ၎င်းရဲ့ မကြာမှီက အမေရိကန်နိုင်ငံသို့ခရီးစဉ်အတွင်း အသေးစိတ် ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို နှစ်ဆတိုးမြှင့်စေရန် ၎င်း၏ဆုံးဖြတ်ချက်အပေါ် အိန္ဒိယ-အမေရိကန် မဟာဗျူဟာ ဖိုရမ်ကိုယ်စားလှယ်အဖွဲ့က ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ လာမည့် (၅) နှစ်အတွင်းဖြစ်လာမည့် အိန္ဒိယနိုင်ငံ၏ အခြေအနေသည် နောက်ကမ္ဘာ၏ (၂၅) နှစ်ကို သတ်မှတ်လိမ့်မည်ဟု အဆိုပါ ဖိုရမ်ရှိ ထိပ်သီးကော်ပိုရေးရှင်းအကြီးအကဲများနှင့် သံအမတ်များက သောတူညီခဲ့ပါတယ်။ ဖိုရမ်ကိုယ်စားလှယ်အဖွ...

“အိန္ဒိယနိုင်ငံက RCEP စေ့စပ်ဆွေးနွေးပွဲတွေမှာ ခိုင်မာစွာ ဆက်လက်ရပ်တည်နေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက RCEP စေ့စပ်ဆွေးနွေးပွဲတွေမှာ ခိုင်မာစွာ ဆက်လက်ရပ်တည်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ ဒေသပိုင်းဆိုင်ရာ ဘက်စုံစီးပွားရေး ဖက်စပ်လုပ်ကိုင်မှု (RCEP) ကို နားလည်သဘောပေါက်ရေးဆိုင်ရာ စေ့စပ်မှုတွေဟာ လာမဲ့အရှေ့အာရှ ထိပ်သီးညီလာခံ၊ ASEAN ထိပ်သီးညီလာခံနဲ့ တခြားသက်ဆိုင်တဲ့ အစည်းအဝေးတွေ ကျင်းပမဲ့အချိန် နိုဝင်ဘာလ (၂) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့မတိုင်မှီ ပြီးဆုံးသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီစေ့စပ်ဆွေးနွေးပွဲတွေဟာ လာမဲ့ ၂၀၂၀ ခုနှစ်မှ တရားဝင်ရေးဆွဲချမှတ်မဲ့ သဘောတူညီချက်တွေအတွက် လမ်းဖွင့်ပေးလိမ့်မယ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Mr Narendra Modi ရှေ့လစောစောမှာ ဘန်ကောက်မြို့မှာကျင်းပဘိုပရှိတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ တခြားအစည်းအဝေးပွဲတွေကို တက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ RCEP ကလည်း အေဂျင်ဒါမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ RCEP စေ့စပ်ညှိနှိုင်းမှုတွေမှာ အရှေ့တောင်အာရ...

“အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီကို ထပ်လောင်းတိုးမြှင့်နေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့တောင်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီကို ထပ်လောင်းတိုးမြှင့်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံသမ္မတ Mr Ram Nath Kovind ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီ Act East ရဲ့ အရေးပါလှသော အခြေစိုက်နိုင်ငံနှစ်နိုင်ငံဖြစ်ကြတဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ ခရီးစဉ်ရဲ့ ပထမရပ်နားစခန်းအဖြစ်သမ္မတ Mr Kovind က ဖိလစ်ပိုင်နိုင်ငံသို့ သံတမန်ရေးရာဆက်ဆံမှုများ စတင်တည်ဆောက်ခဲ့တဲ့အကြိမ် ၇၀ ပြည့် နှစ်ပါတ်လည်အခမ်းအနားသို့ တက်ရောက်ဘို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် သမ္မတဟာ Chrysanthemum ရာဇပလ္လင်သို့ ဂျပန်မင်းဧကရာဇ် Naruhito နန်းတက်တဲ့အခမ်းအနားတွေကို တက်ရောက်ဘို့ ရောက်ရှိသွားခဲ့ပါတယ်။ နည်းပညာဆိုင်ရာအကျိုးအမြတ်တွေကို မျှယူဘို့နဲ့ အပြန်အလှန်အကျိုးရှိရေးအတွက် ဖိလစ်ပိုင်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေ...

UN @ 74

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ် Asoke Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “UN @ 74” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံမှာ ကုလသမဂ္ဂနေ့ကို လွန်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၄၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ San Francisco ညီလာခံကြီးအတွင်း ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စတင်တည်ထောင်သူ နိုင်ငံပေါင်း (၅၀) အနက် တနိုင်ငံအဖြစ် ကုလသမဂ္ဂပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ ပဋိညာဉ်စာချုပ်ဟာ မူရင်းအမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံအပါအဝင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ အဖွဲ့ဝင်နိုင်ငံအများစုတို့ရဲ့ ပြင်ဆင်သတ်မှတ်မှုတွေပြုလုပ်ပြီးတဲ့နောက် ၁၉၄၅ အောက်တိုဘာလ (၂၄) ရက်နေ့ကစပြီး အကျုံးဝင်လာခဲ့ပါတယ်။ ၁၉၄၇ ခု အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှာ အောက်တိုဘာလ (၂၄) ရက်နေ့ကို “ကုလသမဂ္ဂနေ့” အဖြစ်ကျင်းပဖို့ ပြဋ္ဌာန်းချက်တခု ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါပြဋ္ဌာန်းချက်ရဲ့ရည်မှန်းချက်မှာ တက...

“LPG ဓါတ်ငွေ့ အပြုံလိုက်မှာယူတင်သွင်းရေးဆိုင်ရာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် MoU နားလည်မှုစာချွန်လွှာ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Statesman နေ့စဉ်သတင်းစာမှ အထူးကိုယ်စားလှယ်ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “LPG ဓါတ်ငွေ့ အပြုံလိုက်မှာယူတင်သွင်းရေးဆိုင်ရာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် MoU နားလည်မှုစာချွန်လွှာ” အကြောင်း သတင်းဆောင်းပါးကိုး ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ မကြားသေးမှီလေးက အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina တို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရည်အဖြစ်ဖန်တီးထားသောရေနံဓါတ်ငွေ့ LPG အများအပြား အပြုံလိုက် မှာယူတင်သွင်းရေးအတွက် MoU နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ကြခြင်းဟာ အိမ်နီးချင်းနှစ်နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံမှုတွေကို ထပ်လောင်းခိုင်မာစွဲမြဲစေရေးမှာ အရေးပါတဲ့ မှတ်ကျောက်တခုဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ အရှေ့မြောက်ပိုင်း Tripura ပြည်နယ်အတွက် ထူးကဲလှတဲ့ စိန်ခေါ်မှုဖြစ်တဲ့ LPG ဓါတ်ငွေ့တွေ ချောမောစွာ ဖြန့်ဖြူးနိုင်ရန် အဓိကအာရုံပြုခြင်းအားဖြင့် Bangladesh နိုင်ငံနဲ့ နားလည်မှုတခု ရရှိနိုင်စေခဲ့ဒါဟာ ရိုသေလေးစားမှုနဲ့ တဦးတယောက်ရဲ့ အခက်အခဲတွေကို နားလည်သဘောပ...

ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး တာဝန်ခံအဖွဲ့ FATF ရဲ့ သတိပေးမှုနောက်ပိုင်း ပဏာမ နာမည်ပျက်စာရင်းတွင် ဆက်လက်တည်ရှိရန်ရှိခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေး ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံမှာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး တာဝန်ခံအဖွဲ့ FATF ရဲ့ သတိပေးမှုနောက်ပိုင်း ပဏာမ နာမည်ပျက်စာရင်းတွင် ဆက်လက်တည်ရှိရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပါကစ္စတန်နိုင်ငံဟာ ထိန်းချုပ်ရေးမျဉ်းကြောင်း LoC တလျှောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံက သိမ်းပိုက်ထားတဲ့ Kashmir ပြည်နယ်အတွင်းက ရှေ့တန်းစခန်းတချို့နှင့် အကြမ်းဖက်သမားတွေ လေ့ကျင့်မွေးထုတ်ပေးတဲ့ ဒေသတချို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ အိန္ဒိယကြည်းတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat က အိန္ဒိယတပ်ဖွဲ့တွေနှင့် တုံ့ပြန်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်သားတွေနှင့် အကြမ်းဖက်သမားများစွာ သေဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ အထူးသဖြင့် Jammu & Kashmir ပြည်နယ်မှာ ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးတဲ့နောက် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်လျှက်ရှိနေပါတယ်။ အစ္စလာမာဘတ် ...

Kartarpur စင်္ကြံ ဖွင့်လှစ်ခြင်း

သောတရှင်များခင်ဗျာ ၂ ဖက် တင်းမာမှုတွေ ရှိနေတဲ့ကြားက ပါကစ္စတန်နိုင်ငံ၊ Punjab ပြည်နယ်၊ Narowal ခရိုင်မှာတည်ရှိတဲ့ Gurdwara Durbar Sahib ဝတ်ကျောင်းတော်သို့ ဘုရားဖူးများ သွားရောက်ဝတ်ပြုနိုင်အောင် Kartarpur Sahib စင်္ကြံကို ဖွင့်လှစ်ပေးဖို့ အိန္ဒိယနှင့် ပါကစ္စတန် ၂ နိုင်ငံတို့ သဘောတူ ဆုံးဖြတ်ပြီးပါပြီ။ Kartarpur Sahib ဝတ်ကျောင်းတော်ဟာ Sikh ဘာသာဝင်တို့ အထွဋ်အမြတ်ထားသော Sikh ဘာသာကို တည်ထောင်ခဲ့သူ Sri Guru Nanak Dev ji၊ မိမိဘဝရဲ့ နောက်ဆုံး ၁၈ နှစ်တာ ကာလပတ်လုံး သီတင်းသုံးပြီး တရားဓမ္မ ဟောကြားခဲ့ရာ ကျောင်းတော်ဖြစ်ပါတယ်။ အဲဒီကျောင်းတော်မှာပဲ Guru Nanak Dev ji ပျံလွန်တော်မူခဲ့ပါတယ်။ Sri Guru Nanak Dev ji ဖွားမြင်တော်မူခဲ့တာ နှစ်ပေါင်း ၅၅၀ ပြည့်မြောက်မယ့် နိုဝင်ဘာလမှာ အဲဒီစင်္ကြံကို ဖွင့်လှစ်ပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ Gurdaspur ခရိုင် Dera Baba Nanak ကနေ နိုင်ငံတကာ နယ်နိမိတ်အထိ ၄ လမ်းသွား စင်္ကြံတခုတည်ဆောက်ရေး စီမံကိန်းကို ယမန်နှစ် နိုဝင်ဘာလမှာ အိန္ဒိယအစိုးရ အတည်ပြုပေးခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ Sikh ဘာသာရေးဝတ်ကျောင်း စုစုပေါင်း ၁၇၃ ကျောင်း ရှိပါတယ်။ ဒါပေမယ့် ၁၉၇၄ ခုနှစ်မှာ ခ...

ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးတွင်ရှိနေသည့် စိန်ခေါ်ချက်များ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဒေလီမြို့ လူမှုသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးတွင်ရှိနေသည့် စိန်ခေါ်ချက်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ NAM ခေါ် ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးဟာ တချိန်က ကမ္ဘာ့အာရုံပြုမှုရရှိခဲ့ပေမယ့် လက်ရှိကာလမှာတော့ အာရုံပြုမှု မရှိတော့တဲ့အချိန်ကာလမှာ ၁၈ ကြိမ်မြောက် NAM ထိပ်သီးညီလာခံကို လာမယ့်သီတင်းပတ်အတွင်း အဇာဘိုင်ဂျန်နိုင်ငံက လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဘက်မလိုက်ရေး အဖွဲ့ကြီးမှာ အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှု မရှိတော့တာလည်း မဟုတ်ပါဘူး။ ဒီအဖွဲ့အစည်းကို စိတ်မဝင်စားကြတော့တာကတော့ ကမ္ဘာလုံးဆိုင်ရာ ပါဝါစွမ်းအား ပြောင်းရွှေ့သွားတာကြောင့်ဖြစ်ပြီး ဒီလိုပြောင်းရွှေ့မှုဟာ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ထင်ရှားကျော်ကြားမှု ကဏ္ဍသစ်တစ်ရပ် ပေါ်ပေါက်စေခဲ့ပါတယ်။ ဒီကနေ့ကမ္ဘာကြီးဟာ အတ္တလန်တိတ် ခေတ်ကာလအဆုံးသတ်ပြီး အာရှဒေသရဲ့ ရာစုနှစ် ပေါ်ထွန်းလာတဲ့ ပထဝီ နိုင်ငံရေး အသွင်အပြင် ခေတ်သစ်တပ်ရပ်ကို ကြုံတွေ့နေရပါတယ်။ တကယ်တော့...

အင်ဒို-ဒတ်ခ်ျ ဆက်ဆံရေးများ အဆင့်မြင့်တိုးတက်လျှက်ရှိနေ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Prof. Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “အင်ဒို-ဒတ်ခ်ျ ဆက်ဆံရေးများ အဆင့်မြင့်တိုးတက်လျှက်ရှိနေ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနှင့် နယ်သာလန်နိုင်ငံတို့ဟာ လွန်ခဲ့တဲ့ ၁၇ ရာစုကတည်းက နှစ်ကာလအားဖြင့် ကြာမြင့်နေပြီဖြစ်တဲ့ သမိုင်းနောက်ဆံ ဆက်ဆံရေးတွေ ရှိခဲ့ကြပြီး ၁၉၄၇ ခုနှစ်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ၂ နိုင်ငံတို့အကြား ဌာနဆိုင်ရာ တရားဝင်ဆက်ဆံရေးတွေကို ထူထောင်ခဲ့ကြပါတယ်။ စီးပွားရေးရာ ဆက်ဆံရေးတွေဟာ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်နှစ်တွေအတွင်း တဖြည်းဖြည်း ဖွံ့ဖြိုးခဲ့တယ်ဆိုပေမယ့် ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ အိန္ဒိယ စီးပွားရေးကဏ္ဍရဲ့ ဈေးကွက်ဖွင့် လျော့ပေါ့မှုတွေပြုလုပ်ပြီးနောက်ပိုင်းမှသာ တကယ်တမ်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးရာ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ၂ နိုင်ငံဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာခဲ့ပြီး ဒါကို အဆင့်မြင့်ခေါင်းဆောင်ပိုင်းတွေရဲ့ ခရီးစဉ်တွေ အပြန်အလှန် သွားရောက်ခြင်းဖြင့် ၂ နိုင်ငံစလုံး နိုင်ငံရေးရာ ဆက်ဆံရေးတွေ တိုးချဲ့န...

Trump သည် ဆီးရီးယားနိုင်ငံသို့ တူရကီတို့၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောမတူချက်ကို ပြသလိုက်ခြင်း

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် JNU တက္ကသိုလ်မှ အနောက်အာရှဒေသ လေ့လာရေးဌာနမှ Prof. P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump သည် ဆီးရီးယားနိုင်ငံသို့ တူရကီတို့၏ ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သဘောမတူချက်ကို ပြသလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ တူရကီနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဋ္ဌာန်းဖို့ အမေရိကန်သမ္မတ Mr. Donald Trump ရဲ့ ဆုံးဖြတ်ချက်ဟာ အမြဲတမ်း ပဋိပက္ခဆူပူမှု ဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသကို ဂယက်ရိုက် လှုပ်ရှားစေခဲ့ပါတယ်။ Kurd တွေကို စစ်ကူပံ့ပိုးဖို့ တပ်ချထားခဲ့တဲ့ အမေရိကန် တပ်ဖွဲ့တွေကို ဆီးရီးယားနိုင်ငံမှတပ်ဆုတ်ဖို့ ဆုံးဖြတ်ချက်အပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ အမေရိကန် သမ္မတဟာ Kurdish တို့အများစုပါဝင်တဲ့ ဆီးရီးယားနိုင်ငံ ဒီမိုကရက်တစ် တပ်ဖွဲ့ SDF တွေမပါဘဲ ကြားခံ စစ်ရေးကင်းမဲ့ဇုံဒေသ ဖန်တီးဖို့အတွက် ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်ဖို့ တူရကီနိုင်ငံရဲ့ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ တူရကီနိုင်ငံသမ္မတ Recce Tayyip Er...

အိန္ဒိယနိုင်ငံသည် ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့နှင့်အတူ ဆက်ဆံရေးများ တိုးတက်နက်ရှိုင်းစေလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့နှင့်အတူ ဆက်ဆံရေးများ တိုးတက်နက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံ ဒုသမ္မတ Mr. M Venkaiah Naidu ဟာ အာဖရိကတိုက်နှင့် ဆက်ဆံရေးတွေ ပိုမိုတိုးတက်နက်ရှိုင်းဖို့ကြိုးပမ်းရာမှာ ကော်မ္မရိုနှင့် ဆီရာလီယွန်နိုင်ငံတို့ကို ခရီးစဉ် သွားရောက်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း အိမ်နီးချင်းတွေအဖြစ် အိန္ဒိယနိုင်ငံဟာ ကော်မ္မရိုနိုင်ငံ ပြည်သူလူထုတွေနှင့်အတူ တိုးတက်မှုအတွေ့အကြုံတွေ မျှဝေပေးဖို့အသင့်ရှိနေပြီး ဒီနိုင်ငံရဲ့ အဓိကကျတဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်နိုင်ငံဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။ ဒုသမ္မတဟာ သမ္မတ Azali Assoumani နှင့် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး စိတ်လှုပ်ရှားဖွယ် အခွင့်အလမ်း အများအပြားတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ကျန်းမာရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ သတင်းပြန်ကြားရေး နည်းပညာနှင့် ပင်လယ်ရေကြောင်း လုံခြုံရေးနယ်ပယ်တွေမှာ ၂ နိုင်ငံ...

အိန္ဒိယ-တရုတ်တို့သည် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးရာ ဆွေးနွေးရေးယန္တယား ဖွဲ့စည်းသွားရန်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ တရုတ်နိုင်ငံရေါ်ရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rajdeep Pakanati ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-တရုတ်တို့သည် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးရာ ဆွေးနွေးရေးယန္တယား ဖွဲ့စည်းသွားရန်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ Mamallapuram မြို့မှာ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် သမ္မတ Mr. Xi Jinping တို့အကြား အလွတ်သဘော ညီလာခံအတွင်း သိသာထင်ရှားတဲ့ဆုံးဖြတ်ချက်ကတော့ အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွဝ်ရေးရာ ဆွေးနွေးရေး ယန္တယားတစ်ခု ဖွဲ့စည်းထူထောင်သွားဖို့ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နယ်စပ်ဒေသရေးရာတွေ အာရုံပြုဖိုပအတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေနှင့် အလားသဏ္ဍာန် တူပါတယ်။ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman နှင့် တရုတ်နိုင်ငံ ဒု-ဝန်ကြီးချုပ် Hu Chun Hua တို့က ဒီအဖွဲ့အစည်းကို ပူးတွဲ နာယကပြုသွားမှာ ဖြစ်ပါတယ်။ အလွတ်သဘော ဆွေးနွေးပွဲဟာ အမြင့်ဆုံး ခေါင်းဆောင်ပိုင်းအဆင့်မှာ အပြန်အလှန် ဆက်ဆံရေး ပိုမိုနက်ရှိုင်...