“အိန္ဒိယနဲ့ အိုမန်နိုင်ငံတို့ မဟာဗျူဟာကျဆက်ဆံရေးများအား ခိုင်မာစေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ခွဲခြမ်းလေ့လာသူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ အိုမန်နိုင်ငံတို့ မဟာဗျူဟာကျဆက်ဆံရေးများအား ခိုင်မာစေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိုမန်နိုင်ငံဟာ ပိုမိုကြီးမားပြီး၊ ကျော်ကြားတဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် နိုင်ငံတကာရဲ့အာရုံကို လျော့နည်းစွာ စွဲဆောင်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံဟာ သူ့ရဲ့နည်းဗျူဟာကျတဲ့ ပါရှင်ပင်လယ်ကွေ့ရဲ့ မုခ်ဝမှာ တည်ရှိနေဒါမို့ အိန္ဒိယနိုင်ငံရဲ့ တိုးချဲ့ထားတဲ့အိမ်နီးချင်းနိုင်ငံများထဲမှာ အရေးပါဆုံးနိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းအနှောင့်အယှက်တွေရဲ့ ရွံ့ဖွယ်ထဲ ကျရောက်နေပြီး၊ အချိန်တွေကြာကတည်းကဘဲ စီးပွားရေးဖွံ့ဖြိုးမှုကင်းမဲ့နေတဲ့ ဒီနိုင်ငံဟာ Sultan Qaboos ရဲ့အုပ်ချုပ်ရေးအောက် ထူးကဲတဲ့အခြေအနေ ပြောင်းပြန်ဖြစ်မှုတွေကို ဖန်တီးခဲ့ပါတယ်။ ဒီ Sultan သို့မဟုတ် စော်ဘွားကြီးဟာ ၁၉၇၀ ခုနှစ်ကတည်းက အိုမန်နိုင်ငံအား အုပ်ချုပ်လျှက်ရှိနေပါတယ်။ ပြည်သူတို့ရဲ့ အကျိုးစီးပွားအတွက် ရေနံကြွယ်ဝမှုကို အကျုံးဝင်ပတ်သက်စေခြင်းမှတဆင့် ပြုလုပ်ခြင်းဟာ ကြွယ်ဝချမ်းသာမှုကို ရရှိစေခဲ့ပါတယ်။ အိုမန်နိုင်ငံဟာ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ ညီမျှသောဆက်ဆံရေးတွေထားရှိကာ ၎င်းအားယို့ယွင်းပျက်စီးနေတဲ့ ပင်လယ်ကွေ့ဒေသပိုင်းမှာ အရေးပါလှတဲ့ ဒေသပိုင်းဆိုင်ရာ အခန်းကကဏ္ဍမှ ပါဝင်လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ အိုမန်နိုင်ငံရဲ့ ဒေသပိုင်းအတွင်း တင်းမာမှုတွေ လျော့နည်းသွားစေပြီး၊ ကြာရှည်ကတည်းက တည်တံ့နေတဲ့ အရေးကိစ္စတွေအား သံတမန်ရေးရာလမ်းကြောင်းထဲ ပြန်လည်နေရာပေးခြင်းတို့ဟာ ဒီနိုင်ငံရဲ့ အရေးပါပုံကို ထင်ရှားစေလျှက်ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ အိုမန်နိုင်ငံရဲ့ ထူးကဲတဲ့အကြောင်းအချက်တွေကို အသိအမှတ်ပြုထားပြီး၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းအနည်းငယ်ကတည်းက ခိုင်မာတောင့်တင်းတဲ့ အပြန်အလှန်ဆက်ဆံရေးတွေကို တည်ဆောက်ခဲ့ပါတယ်။ အဆိုပါအပြန်အလှန်ဆက်ဆံရေးမှာ နိုင်ငံရေး၊ သံတမန်ရေးရာ၊ ကူးသန်းရောင်းဝယ်ရေးနဲ့ မဟာဗျူဟာကျ ဆက်ဆံရေးတွေဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့အုပ်ချုပ်ရေးအောက်မှာ အိန္ဒိယနိုင်ငံရဲ့ ပင်လယ်ကွေ့နိုင်ငံတွေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးရာဆက်ဆံမှုတွေမှာ ထိပ်ဆုံးဦးစားပေး ပင်လယ်ကွေ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ဝန်ကြီးချုပ် Mr Narendra Modi ဟာ အိုမန်နိုင်ငံခြားရေးဝန်ကြီး Mr Yusuf bin Alawi က ဝန်ကြီးချုပ်အား သွားရောက်တွေ့ဆုံခဲ့တဲ့ ပထမဦးဆုံးသော နိုင်ငံခြားဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တဦးဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Mrs Sushma Swaraj က ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိုမန်နိုင်ငံကို သွားရောက်လည်ပါတ်ခဲ့ပြီး အဲဒီနောက်ပိုင်း ၂၀၁၆ ခုနှစ် မေလမှာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဟောင်း Mr Manohar Parrikar က အိုမန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ယခုအပါတ်စောစောပိုင်းမှာ အိုမန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အဲဒီခရီးစဉ်ကာလအတွင်းမှာ တခြားခေါင်းဆောင်တွေအပြင် Mr Jaishankar ဟာ အိုမန်နိုင်ငံခြားရေးဝန်ကြီး Mr Yusuf bin Alawi အား တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံတို့ရဲ့ အပြန်အလှန်အကျိုးဖြစ်ထွန်းစေနိုင်မဲ့အရေးကြီးသော အရေးကိစ္စများစွာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်စလုံးတို့ဟာ ရေကြောင်းသယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ ပူးပေါငးဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ Muscat မြို့မှာ နေထိုင်လျှက်ရှိကြတဲ့ အိန္ဒိယအမျိုးအနွယ်အသိုင်းအဝိုင်းတခုနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့ပါတယ်။ အိုမန်မြို့မှာ အိန္ဒိယအမျိုးအနွယ်ပေါင်း ၇၈,၀၀၀ ခန့်နေထိုင်လျှက်ရှိကြပြီး အဲဒီပမာဏာဟာ အကြီးမားဆုံးပြည်ပမှလာရောက်နေထိုင်ကြတဲ့ နိုင်ငံဖြစ်လာကာ၊ သူတို့ဟာ အိုမန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ထူးကဲစွာ ထည့်ဝင်ကြိုးပမ်းလုပ်ကိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အိုမန်နိုင်ငံအတွက် အရေးပါလှတဲ့ ကူးသန်းရောင်းဝယ်ရေး ဖက်စပ်လုပ်ကိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ၂၀၁၉ ခုနှစ်တွေမှာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာပေါင်း (၅) ဘီလီယံသို့ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အိုမန်နိုင်ငံကို ပင်လယ်ကွေ့ဒေသပိုင်းအတွင်း အရေးပါလှတဲ့ မဟာဗျူဟာကျ ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံအဖြစ် ရှုမြင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေါ်ပြချက်အရ Dr. Jaishankar ရဲ့ အိုမန်နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံအတွက် အိုမန်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အပြန်အလှန်ဆက်ဆံရေးတခုလုံး၊ ဒေသပိုင်းဆိုင်ရာ၊ ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စတွေကို အကျယ်တဝန့် ဆွေးနွေးဘို့ အခွင့်အလမ်းတခု ရရှိစေပြီး၊ အိန္ဒိယနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ အိုမန်နိုင်ငံနဲ့ အရပ်ဒေသပိုင်းဆိုင်ရာ ဆက်ဆံမှုတွေကို တိုးတက်မြင့်တင်စေရာမှာ အထောက်အကူဖြစ်စေတယ်လို့ သိရှိရပါတယ်။ အဆင့်မြင့်အလည်အပါတ်ခရီးစဉ်တွေကလည်း အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်နွယ်မှု ထပ်လောင်းတိုးချဲ့ခဲ့ကာ၊ အိန္ဒိယနိုင်ငံက တိုးချဲ့ထားတဲ့ အိမ်နီးချင်းဒေသပိုင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပင်လယ်ကွေ့ဒေသပိုင်းနဲ့ စေ့စပ်လုပ်ကိုင်မှုများ တိုးများဘို့ ဆက်လက်တည်မြဲစေရေးဘဲဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ အိုမန်နိုင်ငံသို့ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ အိုမန်နိုင်ငံနဲ့ဆက်ဆံရေးတွေ တောင့်တင်းခိုင်မာစေရေးအတွက် ကြိုးပမ်းမှုရဲ့ ထူးကဲထင်ရှားမှုတွေအား မှတ်ချက်ချ ဖေါ်ပြလျှက်ရှိပြီး၊ New Delhi အစိုးရရဲ့ ပင်လယ်ကွေ့ဒေသပိုင်းနဲ့ ကြီးထွားလာနေတဲ့နိုင်ငံရေးနဲ့ သံတမန်ရေးရာ လက်လှမ်းမှုဖြစ်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”