“အိန္ဒိယ-ပစိဖိတ်လမ်းကြောင်း ၁.၅ ဆွေးနွေးပွဲများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ပစိဖိတ်လမ်းကြောင်း ၁.၅ ဆွေးနွေးပွဲများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ပထဝီရေးရာနိုင်ငံရေး အာရုံပြုမှုတွေဖြစ်တဲ့ လွတ်လပ်ပြီး ပွင့်လင်းသော အိန္ဒိယ-ပစိဖိတ် မူဝါဒဟာ လမ်းကြောင်းသစ်တွေကို ဖန်တီးနိုင်ခဲ့ဒါမို့ New Delhi အစိုးရဟာ ဆဋ္ဌမအကြိမ်မြောက် အိန္ဒိယသမုဒ္ဒရာရေးရာဆွေးနွေးပွဲနဲ့ Delhi ဆွေးနွေးပွဲ XI တို့ကို ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ရည်စူးချက်ကတော့ လွတ်လပ်ပြီး၊ ပွင့်လင်းကာ၊ စည်းမျဉ်းဥပဒေအခြေခံ Indo-Pacific ဆိုင်ရာတွေကို မဟာနည်းဗျူဟာကျစွာ မူဝါဒတွေ ရေးဆွဲရေးနဲ့ပါတ်သက်ပြီး၊ အခြေအတင် ပြောဆိုဆွေးနွေးကြဖို့ ကျင်းပခဲ့ဒါဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ASEAN Outlook နဲ့ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း Shangrila ဆွေးနွေးပွဲတွေမှာ ဒီအရေးကိစ္စကို သုံးသပ်လေ့လာထားကြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar က အိန္ဒိယနိုင်ငံရဲ့ Indo-Pacific ဒေသပိုင်းအတွက် ရှုမြင်ချက်တွေဟာ ပင်လယ်ကွေ့နဲ့ အာဖရိကနိုင်ငံတွေအပြင် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းနိုင်ငံတွေအပါအဝင် ပထဝီရေးရာ လတ္တီတွက်အရ ထည့်သွင်းရေးဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲတွေမှာ အင်ဒို-ပစိဖိတ် ဆက်ဆံရေးနဲ့ပါတ်သက်ပြီး တာဝန်ရှိကြတဲ့နိုင်ငံတိုင်းရဲ့ အဓိပ္ပါယ်ဖေါ်မှု ကွဲလွှဲမှုတွေရှိသော်ငြားလည်း ပူးပေါင်းဆောင်ရွက်ရေးအတွက် ထိတွေ့နိုင်တဲ့ အဆောက်အအုံတခုကို ရှာဖွေတွေ့ရှိဘို့ရာ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေဘို့ သန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အင်ဒို-ပစိဖိတ် သမုဒ္ဒရာများမူဝါဒ အစပျိုးမှုကို စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရေကြောင်းဆိုင်ရာ ပါတ်ဝန်းကျင်ထိန်းသိမ်းကွပ်ကဲမှု သဘာဝဘေးအန္တရာယ်ကျရောက်မဲ့ အနေအထားတွေ သေးငယ်စေရေးနဲ့ ပင်လယ်ရေကြောင်းအ ရင်းအမြစ်တွေကို တာရှည်အသုံးပြုနိုင်ရေးတို့အပါအဝင် ပင်လယ်ရေကြောင်းလုံခြုံရေး အရေးကိစ္စများစွာတို့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် တည်တံ့တဲ့အခြေခံလိုအပ်ချက်အဆောက်အအုံတည်ဆောက်ရေး၊ အဆင့်တန်းမြင့်မားတဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ဒေသပိုင်းဆိုင်ရာ ဆက်နွယ်မှု၊ ASEAN အဖွဲ့ကြီးရဲ့ Master Plan ခေါ် အဓိကစီမံကိန်းအရ ဆက်နွယ်မှုနဲ့ကိုက်ညီမှု၊ တာဝန်ရှိကြသူနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ဘို့အခွင့်အရေးတွေ ဖွင့်လှစ်ပေးခြင်းတို့ ပါဝင်ပါတယ်။ ထပ်လောင်းပြီးဖေါ်ပြရမယ်ဆိုရင် စွမ်းအင်ဖူလုံမှု၊ သို့မဟုတ် အိန္ဒိယသမုဒ္ဒရာစက်ဝန်းအဖွဲ့ (IORA) အတွက် ကြီးမားသောအခွင့်အလမ်းများအပါအဝင် ဖက်စပ်လုပ်ကိုင်ရေးပရိုဂျက်များစွာတို့ကို တည်ဆောက်ပြီး၊ ဘွဲ့လွန်သင်တန်းအတွက် Fellowship စီမံကိန်းများ ဖွင့်လှစ်ပေးကာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးက ယခုဆွေးနွေးပွဲတွေရဲ့ တဖက်တချက်အထိ တိုးချဲ့သွားနိုင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာစက်ဝန်းဒေသအဖွဲ့ (IORA) ရဲ့ အထွေထွေအတွင်းရေးမှူး Dr. Namvuyo Nokwe က ဒေသပိုင်းဆိုင်ရာ လုပ်ငန်းဘောင်တွေဖြစ်ကြတဲ့ IORA ၊ ASEAN နဲ့ BIMSTEC စသည်တို့ထံမှ ဖြစ်နိုင်တဲ့ပေါင်းစည်းလုပ်ကိုင်နိုင်မှုတွေအား စူးစမ်းရှာဖွေရေးနဲ့ပါတ်သက်ပြီး အကျယ်တဝန့် ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ms. Retno L.P. Marsudi ဟာ ရေကြောင်းသွားလာမှု အထူးဒေသပိုင်းမှာ အဓိကအင်အားရှင် နိုင်ငံတို့အကြား အားပြိုင်မှု၊ မိမိနိုင်ငံကို ကာကွယ်ရေးစနစ်နဲ့ နိုင်ငံပေါင်းစုံပါဝင်သောစနစ်အပေါ် အယုံအကြည်လျော့နည်းနေချိန်မှာ ASEAN Outlook က အပြုသဘောဆောင်တဲ့ အချက်အလက်တွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲတွေမှာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း India-ASEAN ရေကြောင်းသွားလာမှု ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ခြင်းဟာ သမရိုးကျနဲ့ သမရိုးကျမဟုတ်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေအားထိန်းချုပ်ရာမှာ လိုအပ်ချက်တခုဖြစ်တယ်ဆိုဒါကို မီးမောင်းထိုး ပြသခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အိန္ဒိယနိုင်ငံကို သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ Indo-Pacific Infrastructure and Connectivity Forum ကို တက်ရောက်ဘို့ ဖိတ်ကြားခဲ့ပါတယ်။

Indo-Pacific အသိုင်းအဝိုင်းတခုတည်ဆောက်ရာမှာ စိန်ခေါ်ချက်တွေဟာ ယဉ်ကျေးမှုနဲ့ သမိုင်းစဉ်အရ ဆက်နွယ်မှုတွေထက် ကျော်လွန်နေပြီး၊ အလွန်အင်အားပြည့်ဝတဲ့ နည်းဗျူဟာကျ အရေးယူဆောင်ရွက်မှု လိုအပ်ဒါကို ဖေါ်ပြနေပါတယ်။ IORA နဲ့ ASEAN အဖွဲ့ကြီးတို့ရဲ့ ဖက်စပ်လုပ်ကိုင်သူတွေနဲ့ 1.5 Track Dialogues မှာ ဆွေးနွေးမှုတွေဟာ ပွင့်လင်းမှု၊ လွတ်လပ်မှု၊ ဘက်စုံပါဝင်မှု စည်းမျဉ်းဥပဒေအခြေခံတည်ဆောက်မှုနဲ့ နိုင်ငံအားလုံး ညီတူညီမျှဖြစ်စေမှု စသည်တို့နဲ့ ဖြည့်စည်းထားတဲ့ Indo-Pacific မူဝါဒလမ်းစဉ်ရေးဆွဲရေးကို ရှေ့သို့ချီစေလျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”