ပါကစ္စတန်နိုင်ငံသည် အမုန်းအာဃာတ တရားအတွက် လက်ခံလိုသူမရှိဖြစ်နေခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သီတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် အမုန်းအာဃာတ တရားအတွက် လက်ခံလိုသူမရှိဖြစ်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ Kashmir အရေးကိစ္စကို နိုင်ငံတကာအရေးဖြစ်ဖို့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Imran Khan ရဲ့ ကြိုးပမ်းချက်ဟာ အလုံးစုံ ကျဆုံးသွားခဲ့ရပါတယ်။ သူဟာ သူ့အဆိုအရတော့ အိန္ဒိယနိုင်ငံရဲ့ Jammu နှင့် Kashmir ပြည်နယ်ဒေသမှ ပြည်သူတွေရဲ့ ဘဝအခြေအနေနှင့်ပတ်သက်ပြီး ဆူပူကြိမ်းမောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ညီလာခံဟာ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို အရေးမစိုက်ခဲ့ကြပါတယ်။ အဲဒီနောက် Mr. Imran Khan ဟာ စစ်မက်ဖြစ်ပွားမှု အရေးကိစ္စကို ဖော်ပြခဲ့ပြီး အနုမြူ ဆိုတဲ့စကားလုံးကိုတောင် သုံးနှုန်းခဲ့ပါတယ်။ ဒါဟာ အာရုံပြု အရေးစိုက်မှုရရှိဖို့ ပါကစ္စတန်ခေါင်းဆောင်တွေရဲ့ ဖော်ပြချက် တစိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ခေါင်းဆောင်ဟာ အမေရိကန်ပြည်ထောင်စု အုပ်ချုပ်ရေးအဖွဲ့...