“အိန္ဒိယနိုင်ငံက ပါကစ္စတန်အမျိုးသားလွှတ်တော်၏ သန္နိဋ္ဌာန်ကို ပြင်းထန်စွာကန့်ကွက်ပယ်ချလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းများ ခွဲခြမ်းဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတဲ့ “အိန္ဒိယနိုင်ငံက ပါကစ္စတန်အမျိုးသားလွှတ်တော်၏ သန္နိဋ္ဌာန်ကို ပြင်းထန်စွာကန့်ကွက်ပယ်ချလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံဟာ အဖွဲ့အစည်းဌာနအဖြာဖြာတို့အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ငြင်းခုံနေကြတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ပါကစ္စတန်နိုင်ငံမှာ အိန္ဒိယပြည်တွင်းအရေးကိစ္စတိုင်းကို ဆွေးနွေးတဲ့အကျင့်တိုင်းရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံပါလီမန်လွှတ်တော်ဟာ၊ အိန္ဒိယပါလီမန်လွှတ်တော်က ပြင်ဆင်ထားသော နိုင်ငံသားဖြစ်ပိုင်ခွင့်ဥပဒေမူကြမ်းအား ခွင့်ပြုလိုက်ပြီး၊ ယခုအခါ တရားဥပဒေတခုဖြစ်လာတာနဲ့တပြိုင်တည်း ပါကစ္စတန်အမျိုးသားလွှတ်တော်မှာ ဒီအရေးကိစ္စနဲ့ပါတ်သက်ပြီး အခြေအတင်ပြောဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ Islamabad သို့မဟုတ် တခြားဘယ်နိုင်ငံကမှ အဲဒီဥပဒေမူကြမ်းအပေါ် ဘယ်လိုရပ်တည်ချက်ကိုမှ ထုတ်ဖေါ်ခြင်းမရှိဘဲ အဆိုပါအရေးကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပြဿနာဖြစ်တာကို နားလည်ကြပါတယ်။ ပြင်ဆင်ထားတဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့်ဥပဒေမူကြမ်းဟာ Afghanistan ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ ရောက်ရှိလာကြတဲ့ လူနည်းစုအသိုင်းအဝိုင်းကို အိန္ဒိယနိုင်ငံသားအဖြစ် သတ်မှတ်ဘို့ ရည်ရွယ်ဒါဘဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ CAA ဥပဒေကြောင့် ပါကစ္စတန်နိုင်ငံအတွင်း အုတ်အော်သောင်းနှင်းဖြစ်နေဒါက Islamabad အစိုးရက ယခုအခါမှာ ၎င်းရဲ့လူနည်းစုအသိုင်းအဝိုင်းတို့ကို ဆက်ဆံမှုနဲ့ပါတ်သက်ပြီး၊ နိုင်ငံတကာမှာ အရှက်တကွဲဖြစ်ရဒါကြောင့်ဘဲဖြစ်ပါတယ်။ ဒီနိုင်ငံဟာ သူတို့ရဲ့ လူနည်းစုအသိုင်းအဝိုင်းအပေါ် ဆက်ဆံမှုနဲ့ပါတ်သက်ပြီး ဆိုးဝါးတဲ့မှတ်တမ်းတွေရှိနေပါတယ်။ အဲဒီနိုင်ငံမှာ ကြောက်ရွံ့မှုနဲ့အတူ နေထိုင်ကြတဲ့ ပြည်သူတွေအား ကာကွယ်စောင့်ရှောက်ဘို့ တာဝန်ရှိနေပါတယ်။ တကမ္ဘာလုံးဟာ ရှေးဟောင်းအခြေခံအယူသီးမှုဝါဒီတို့က လူနည်းစုတို့အပေါ် ဘယ်လိုဆက်ဆံကြတယ်ဆိုဒါကို နားလည်ထားကြပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ပါကစ္စတန်တရားရုံးတော်ချုပ်က ခရစ်ယာန်အမျိုးသမီး Aasia Bibi ကို လွတ်ပေးဘို့ အမိန့်ချမှတ်လိုက်တဲ့အခါ သူမနဲ့ သူမရဲ့မိသားစုအပြင် သူမရဲ့ရှေ့နေကပါ ပါကစ္စတန်နိုင်ငံမှ ထွက်ပြေးသွားပြီး၊ တခြားနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် တောင်းလျှောက်နေထိုင်လျှက်ရှိကြပါတယ်။
တခြားထင်ရှားတဲ့အဖြစ်အပျက်တခုကတော့ ပါကစ္စတန်နိုင်ငံဖွား တရားသူကြီး Dorab Patel ဟာ Zoroastrian သို့မဟုတ် Parsis လူမျိုးနွယ်ဖြစ်ဒါကြောင့် သူဟာ ဝန်ကြီးချုပ်ဟောင်း Mr Zulfikar Ali Bhutto အား သေဒါဏ်ချမှတ်ခဲ့တဲ့တရားသူကြီးတွေမှာ အသက်ရှင်လျှက်ရှိသူတဦးအား တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဘို့ ရှောင်ရှားခဲ့ပါတယ်။ ဥပမာတွေအမြောက်အများရှိနေပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အနုမြူအစီအစဉ်ရဲ့ဖခင် Dr. A Q Khan ကတောင် Ahmediya လူမျိုးအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်ဒါကြောင့် ခွဲခြားဆက်ဆံမှုကို ခံစားခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်လွှတ်တော်ရဲ့ သန္နိဋ္ဌာန်ပြုချက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ လုံးဝပြည်တွင်းအရေးကိစ္စတွေသက်သက်သာဖြစ်တဲ့ အကြောင်းကိစ္စတွေနဲ့ပါတ်သက်ပြီး ဝေဖန်သုံးသပ်ဒါကို ပြင်းထန်စွာ ကန့်ကွက်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလိုပြုလုပ်ခြင်းဟာ ပါကစ္စတန်နိုင်ငံရဲ့ Jammu နဲ့ Kashmir နဲ့ Ladakh အရေးကိစ္စကို ထပ်လောင်းပြီး မှားယွင်းစွာ အဓိပ္ပါယ်ဖော်ဘို့ ပါးလွှာစွာ လွှမ်းခြုံထားတဲ့ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။ အဲဒီကြိုးပမ်းမှုဟာ ပါကစ္စတန်နိုင်ငံရဲ့ အိန္ဒိယနိုင်ငံအတွင်း နယ်ခြားဖြတ်ကျော်အကြမ်းဖက်လှုပ်ရှားမှုအတွက် သနားညှာတာမှုကင်းမဲ့စွာ ထောက်ပံ့နေဒါတွေအား တရားမျှတမှုရရှိစေမှုကို ကြိုးပမ်းဒါဘဲဖြစ်ပါတယ်။ New Delhi အစိုးရက အဲဒီလိုကြိုးပမ်းမှုတွေ ဘယ်တော့မှအောင်မြင်လိမ့်မယ်မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ ဆက်လက်ပြီး အိန္ဒိယနိုင်ငံဟာ အဆိုပါသန္နိဋ္ဌာန်ပြုမှုက ပါကစ္စတန်နိုင်ငံရဲ့ ထိပ်လန့်ဖွယ်ကောင်းလှတဲ့ တုန့်ပြန်မှုနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘာသာရေး လူနည်းစုတွေအား ဖိနှိပ်ချုပ်ချယ်မှုတို့မှ အာရုံကို စွဲဆောင်ပြောင်းလဲနိုင်ရေးအတွက် သေးသိမ်တဲ့ ကြိုးပမ်းမှုတခုသာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟင်ဒူ၊ ခရစ်ယာန်၊ Sikh သို့မဟုတ် တခြားကိုးကွယ်ဘာသာကို ယုံကြည်သူတွေအား ပါကစ္စတန်နိုင်ငံအတွင်း ဒေသပိုင်းခွဲခြားနေရာချထားခြင်းက သက်သေထူလျှက်ရှိပါတယ်။
အဆိုပါထုတ်ပြန်ချက်ဟာ တမင်တကာ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ပြင်ဆင်ထားသော နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေမူကြမ်းကို ဂုဏ်သရေပျက်အောင် ပြုလုပ်ဒါဘဲဖြစ်ပါတယ်။
ရယ်စရာကောင်းလှဒါကတော့ ပါကစ္စတန်အမျိုးသားလွှတ်တော်မှာ ၎င်းတို့ကိုယ်တိုင် ဘာသာရေးဆိုင်ရာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ဥပဒေကို ခွင့်ပြုခဲ့ဒါမို့ သူတပါးကို လက်ညှိးထိုးပြနေဒါဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပါကစ္စတန်နိုင်ငံအား မိမိရဲ့ဂုဏ်သရေကို ထိန်းသိမ်းဘို့ အလေးအနက်လုပ်ကိုင်ပြီး၊ မိမိတို့ကိုယ်တိုင်က ယခုလိုအရေးကိစ္စမှာ အပြစ်ရှိနေဒါကြောင့် သူတပါးကို လွှဲမှားစွာမစွတ်စွဲသင့်ဘူးလို့ ဖော်ပြလိုက်ပါတယ်။
တိုက်ဆိုင်စွာဘဲ ပါကစ္စတန်နိုင်ငံလွှတ်တော်မှာ အိန္ဒိယနိုင်ငံရဲ့ CAA နဲ့ပါတ်သက်ပြီး၊ ဆွေးနွေးမှုတွေပြုလုပ်နေချိန်မှာ ပါကစ္စတန်အထူးတရားရုံးတခုက သမ္မတဟောင်း ဗိုလ်ချုပ်ကြီး Pervez Musharraf ကို နိုင်ငံတော်အား သစ္စာဖေါက်မှုနဲ့ သေဒါဏ်ပေးလိုက်ပါတယ်။ ယခုအချိန်အခါမှာ ဗိုလ်ချုပ်ကြီး Musharraf ဟာ ပြည်ပြေးအဖြစ် Dubai မြို့မှာနေထိုင်လျှက်ရှိပါတယ်။ ချက်ချင်းဆိုသလိုဘဲ ပါကစ္စတန်စစ်တပ်က ယင်းအမိန့်ကို ဆန့်ကျင်တုန့်ပြန်ပြီး ဗိုလ်ချုပ်ကြီး Musharraf ဟာ ပါကစ္စတန်နိုင်ငံအပေါ် သစ္စာစောင့်ထိန်းတဲ့ ပါကစ္စတန်နိုင်ငံသားတဦးဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။
ဒါကြောင့် ပါကစ္စတန်နိုင်ငံရဲ့ အဖွဲ့အစည်းအဖြာဖြာတို့အကြား တဦးအပေါ်တဦး စိုးမိုးနေဒါတွေက ပြဇာတ်တွေနဲ့သဏ္ဍာန်တူနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment