Posts

Showing posts from February, 2020

အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး

သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ခက်အခန်းမှာ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာတွင် အခိုင်အမာ လက်တွဲမည့် အိန္ဒိယ-နယူးဇီလန် ဆက်ဆံရေး ဆိုတဲ့ခေါင်းစဉ်နဲ့ JNU တက္ကသိုလ် နိုင်ငံတကာလေ့လာရေး မဟာဌာန၊ အင်ဒို-ပစ္စိဖိတ်သမုဒ္ဒရာ ရေးရာလေ့လာရေးဌာနမှ ပါမောက္ခ Shankari Sundararaman ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ အိန္ဒိယ-နယူးဇီလန် နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့ ဒီ ၂၀၂၀ ပြည့်နှစ်ပွဲဦးထွက်မှာပဲ၊ အစကောင်းခဲ့ပါတယ်။ ယခင်လက၊ နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ Ian Lees-Galloway, Mumbai မြို့သို့ လာရောက်သွားခဲ့ပြီးလို့မှ ရှေ့ဆင့်နောက်ဆင့်ဆိုသလို၊ ဖေဖေါ်ဝါရီလအတွင်းမှာဘဲ နယူးဇီလန် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး၊ Winston Peters ၊ ကုန်သွယ်ရေးဝန်ကြီး David Parker တို့ဟာ စီးပွားကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့တဖွဲ့နဲ့အတူ ဆိုက်ရောက်လာပြန်ပါတယ်။ ဒီအရေးကြီးတဲ့ခရီးစဉ်က၊ အိန္ဒိယ-နယူးဇီလန် နှစ်ဖက်အကျိုးစီးပွားချင်း တိုက်ဆိုင်သော အရေးကြီးတဲ့ကဏ္ဍအချို့ကို ကိုင်တွယ်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်၊ အိန္ဒိယနဲ့ နယူးဇီလန်နှစ်နိုင်င...

“စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ နည်းဗျူဟာကျဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံရဲ့ အဓိကစဉ်းစားတွေးခေါ်ရေးအဖွဲ့ကြီး Manohar Parrikar ကာကွယ်ရေးနဲ့ ခွဲခြမ်းစိတ်ဖြာလေ့လာမှုဌာနကြီးက New Delhi မြို့မှာ စတုတ္ထအကြိမ်မြောက် အနောက်အာရှညီလာခံကြီးကို အနောက်အာရှမှာ ဆယ်နှစ်မျှသောကာလအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု စိန်ခေါ်မှုများ၊ သင်ခန်းစာများနဲ့ အနာဂါတ်လမ်းကြောင်းဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကြီးမှူးကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာ Lebanon နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr Fouad Siniora နဲ့ ဒေသပိုင်းနဲ့ဆိုင်တဲ့ အရေးကြီးလှသော အကြောင်းကိစ္စအဖြာဖြာတို့ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr Nabil Fahmy တို့အပါအဝင် အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် ပါရဂူများစွာတို့ တက်ရောက်ခဲ့ကြဒါကို တွေ့ရှိခဲ့ပါတယ်။ နှစ်ရက်ကြာဆွေးနွေးပွဲတွေအား အပိုင်း (၆) ပိုင်းခွဲခြမ်...

“အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဘက်စုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဘက်စုံပါဝင်သော ကမ္ဘာလုံးဆိုင်ရာ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ စိုးမိုးအုပ်ချုပ်ပိုင်ခွင့်ရှိပြီး၊ အရှိန်အဟုန်နဲ့ လှုပ်ရှားနေတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ ခေါင်းဆောင်များဖြစ်ကြတဲ့အလျောက် လွတ်လပ်မှု၊ နိုင်ငံသားတို့အား ညီတူညီမျှဆက်ဆံရေး၊ လူသားများရပိုင်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးတို့ရဲ့ အရေးကြီးပုံကို အသိအမှတ်ပြုလျှက် အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump တို့ဟာ အပြန်အလှန်ယုံကြည်မှု၊ အတွေးအခေါ်များ မျှဝေမှု၊ ချစ်ကြည်ရေးနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အင်အားကြီးမားတဲ့ စေ့စပ်မှုကို အခြေစိုက်ထားတဲ့ အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ဘက်စုံပါဝင်တဲ့ ကမ္ဘာလုံးဆိုင်ရာမဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ခိုင်မာတောင့်တင်းစေဘို့အတွက် သန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi နဲ့ သမ္မတ Mr Trump တို့ဟာ ကာ...

အမေရိကန်ပြည်ထောင်စုသမ္မတရဲ့ အလည်အပတ်ခရီးစဉ်က အပြန်အလှန် မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား တိုးမြင့်စေခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဆောင်းပါးရှင် Navtej Sarna ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စုသမ္မတရဲ့ အလည်အပတ်ခရီးစဉ်က အပြန်အလှန် မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား တိုးမြင့်စေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ရဲ့ အိန္ဒိယနိုင်ငံသို့ (၃၆) နာရီမျှသော အလည်အပတ်ခရီးစဉ်ဟာ အခမ်းအနားတွေရော၊ လုပ်ငန်းဆောင်တာနဲ့ပါ ပြည့်နှက်နေခဲ့ပါတယ်။ Mr Trump ဟာ အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ သတ္တမမြောက်သမ္မတဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်အတွင်း ရောက်ရှိလာခဲ့ကြတဲ့ အမေရိကန်သမ္မတ (၄) ဦးစလုံးတို့ဟာ အိန္ဒိယ-အမေရိကန်ဆက်ဆံမှုရဲ့ အထက်သို့မြင့်တက်တဲ့ လမ်းကြောင်းကို ညွှန်ပြခဲ့ကြသူတွေဖြစ်ကြပါတယ်။ သမ္မတ Mr Trump ဟာ First Lady Melania Trump ၊ သူ့ရဲ့သမီး Ivanka Trump နဲ့ သားမက် Jared Kushner တို့အပြင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရောက်ရှိလာခဲ့ပါတယ်။ သမ္မတ Mr Trump ဟာ Ahmedabad မြို့မှာ မကြုံဘူးတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတိ...

စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း-၉)

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့….. ကျနော့်အနေနှင့် နိုင်ငံတဝှမ်းမှာရှိတဲ့ Kutch ဒေသကနေ Kohima မြို့အထိ၊ Kashmir ဒေသကနေ Kanyakumari မြို့တို့အထိ အနယ်နယ်အရပ်အရပ်တို့မှ နိုင်ငံသားတွေနှင့် ထပ်မံတွေ့ဆုံရဖို့ အခွင့်အရေးတရပ်ရရှိခဲ့တာ အင်မတန် ကံကောင်းလှပါတယ်။ အားလုံးပဲ မင်္ဂလာပါ။ ကျွန်ုပ်တို့နိုင်ငံဟာ အိန္ဒိယနိုင်ငံသား တယောက်ချင်းစီတိုင်းရဲ့ ဂုဏ်ယူဝင့်ကြွားမှုတွေနှင့်အတူ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ အရောင်အသွေး စုံလင်လှပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက ဒေလီမြို့ရဲ့ Hunar Haat ဆိုတဲ့နေရာမှာ မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာ အသီးသီးတို့နှင့် ရိုးရာအစားအစာတွေအပြင် နွေးထွေးပျူငှာတဲ့ စိတ်ခံစားချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ရှေးရိုးအစဉ်အလာအတိုင်း ပန်ဂျပ်ပြည်နယ်ထွက် အဝတ်အထည်တွေ၊ လက်မှုပညာတွေ၊ ဝါးနှင့်လုပ်ထားတဲ့ ပစ္စည်းလေးတွေ၊ Andhra Pradesh ပြည်နယ်ရဲ့ ဆန်းပြားလှတဲ့ သားရေပစ္စည်းတွေ၊ Tamil Nadu ပြည်နယ်မှ လှပလှတဲ့ ပန်းချီကားတွေ၊ Uttar Pradesh ပြည်နယ်ထွက် ကြေးထည်ပစ္စည်းတွေနှင့် တီးမှုတ်တူရိယာပစ္စည်းတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှု အနုပညာတွေဟာ တကယ့်ကို ဆန်းကျယ်ထူးခြားလှပါတယ်။ အနုပညာရှင်တွေရဲ့ ...

“FATF အဖွဲ့ကြီးက အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်း၌ ထည့်သွင်းပြီး၊ ပါကစ္စတန်နိုင်ငံအား Grey list ခေါ် သင်္ကာမကင်းဖြစ်ရသည့်နိုင်ငံများစာရင်းမှာ ထည့်သွင်းထားလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Singapore နိုင်ငံ အမျိုးသားတက္ကသိုလ်မှ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “FATF အဖွဲ့ကြီးက အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်း၌ ထည့်သွင်းပြီး၊ ပါကစ္စတန်နိုင်ငံအား Grey list ခေါ် သင်္ကာမကင်းဖြစ်ရသည့်နိုင်ငံများစာရင်းမှာ ထည့်သွင်းထားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံတင်ပြလိုက်ရပါတယ် ခင်ဗျား။ အကြမ်းဖက်အုပ်စုတွေကို ဘဏ္ဍာရေးအထောက်ပံ့နဲ့ အားပေးကူညီဒါကို ထိန်းချုပ်ခြင်းနဲ့ နိုင်ငံတကာအကြမ်ဖးက်ဝါဒကို ဆန့်ကျင်ကာ ကမ္ဘာကြီးအား ပိုမိုဘေးရန်ကင်းရေးကို ရှေ့ရှုလျှက် လွန်ခဲ့တဲ့ သောကြာနေ့က ကမ္ဘာလုံးဆိုင်ရာအစိုးရတွေရဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီး Financial Action Task Force (FATF) ဟာ အီရန်နိုင်ငံကို Blacklist ခေါ် နာမည်ပျက်စာရင်းမှာ ထည့်သွင်းဘို့ ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပါတယ်။ ဒီအတော်အတွင်းမှာဘဲ ပါကစ္စတန်နိုင်ငံကို အဆင့်အနည်းငယ်လျော့နည်းတဲ့ Grey List ခေါ် သင်္ကာမကင်းစောင့်ကြည့်နေရတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။ Paris မြို့မှာ ဌာနချုပ်ရှိပြီး၊ အဖွဲ့ဝင်နိုင်ငံပေါင်း...

FATF အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို အပြည့်အဝ နာမည်ပျက်စာရင်းမှာမဟုတ်ဘဲ ပဏာမ အမည်ပျက်စာရင်းမှာထည့်သွင်းပြီး နောက်ထပ် အခွင့်အရေး ပေးလိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA၊ တောင်အာရှဒေသရေးရာဌာနမှ ဝါရင့်သုတေသီ ဆောင်းပါးရှင် Dr. Asok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “FATF အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကို အပြည့်အဝ နာမည်ပျက်စာရင်းမှာမဟုတ်ဘဲ ပဏာမ အမည်ပျက်စာရင်းမှာထည့်သွင်းပြီး နောက်ထပ် အခွင့်အရေး ပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပဲရစ်မြို့မှာ တရားမဝင် ငွေကြေးလည်ပတ်မှု စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ မျက်နှာစလုံညီအစည်းအဝေးဟာ ကမ္ဘာတဝှမ်းရှိ ၂၀၅ နိုင်ငံတို့မှ ကိုယ်စားလှယ်တော်ပေါင်း ၈၀၀ ကျော်တို့နှင့်အတူ စတင်ခဲ့ပြီး အဲစီအစည်းအဝေးမှာ ပါကစ္စတန်နိုင်ငံကို ပဏာမ နာမည်ပျက်စာရင်းကနေ အဆင့်မြှင့်တင်သွားနိုင်ဖွယ် အနေအထားတွေ ခန့်မှန်းမှု ရှိခဲ့ကြပါတယ်။ ဒီအစည်းအဝေးဟာ တရားမဝင် ငွေကြေးလွှဲပြောင်းသိမ်းဆည်းမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေး ထောက်ပံ့မှုတို့ တိုက်ဖျက်ဖို့ဖြစ်တဲ့ ၎င်းတို့ရဲ့ သန္နိဋ္ဌာန်ပြုချက်တွေကို ကိုက်ညီစေရာမှာ ပါကစ္စတန်နှင့် တခြားနိုင်ငံတွေပြုလုပ်ခဲ့ကြတဲ့ ဖြစ်စဉ်အခြေအနေတွေကိုဆွေးနွေးသွားကြဖို့ ဖြစ်ပါတယ်။ ၂၀၂၀ ...

Ashraf Ghani ၊ အာဖရန်နစ္စတန် သမ္မတရွေးကောက်ပွဲအနိုင်ရခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Ashraf Ghani ၊ အာဖရန်နစ္စတန် သမ္မတရွေးကောက်ပွဲအနိုင်ရခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ တောင်အာရှမဟာဗျူဟာ သုတေသီ ဒေါက်တာ Smruti S Pattanaik ရေးသားပေးပို့တဲ့ ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။ သောတရှင်များခင်ဗျား၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံ့သမ္မတ ရွေးကောက်ပွဲနဲ့ရလဒ်ကို နောက် ၅ လ အကြာ၊ ဒီနှစ်ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကျမှ ထုတ်ပြန်လိုက်ပါတယ်။ အာဖဂန်သမ္မတရွေးကောက်ပွဲဟာ သမ္မတလောင်းတွေ ခါးသီးစွာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲတခုဖြစ်ပါတယ်။ အခုလက်ရှိသမ္မတ Ashraf Ghani ဒီရွေးကောက်ပွဲမှာလဲ ဆက်ပြီးအနိုင်ရကြောင်း ကြေငြာပါတယ်။ ဒါပေမဲ့ သူ့ရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့ ဒေါက်တာ Abdullah Abdullah ကတော့၊ ဒီရွေးကောပွဲရလဒ် ထုတ်ပြန်ချက်ကို လက်ခံဘို့ ငြင်းပယ်ပါတယ်။ သူက ရွေးကောက်ပွဲကော်မရှင်ကို ကလိန်ကျတယ်လို့ စွပ်စွဲပါတယ်။ သူကဘဲ အစိုးရသစ်ကို ဦးဆောင်ဖွဲ့စည်းမယ်လို့ ကြေညာပါတယ်။ အဲဒီသမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒထည့်ဝင်သူဦးရေ နည်းပါတယ်။ မဲတွေရေတွက်တော့ အစောပိုင်းမှာ၊ Mr Ghani ကဘဲ ဦးဆောင်နေတာကို ပြခဲ့ပါတယ်။ မဲဆန္ဒထည့်ဝင်သူ မဲဆန္ဒရှင်ရာခိုင်နှုန...

“အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ရဲ့ ဘက်စုံပါဝင်တဲ့ ဖက်စပ်လုပ်ကိုင်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ ဂျာမဏီနိုင်ငံတို့ရဲ့ ဘက်စုံပါဝင်တဲ့ ဖက်စပ်လုပ်ကိုင်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ၊ Munich လုံခြုံရေးညီလာခံကို တက်ရောက်ဘို့ရာ ဂျာမဏီနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီအလည်အပတ်ခရီးစဉ်ကာလမှာ Dr. Jaishankar ဟာ အိုမန် ၊ စပိန်၊ ကူဝိတ်၊ အာမေးနီးယား၊ ဆော်ဒီအာရေးဗီးယား နဲ့ ဩစတြေးလျားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ စင်္ကာပူ။ ဂျာမဏီနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ Dr. Jaishankar ဟာ ဥရောပကောင်စီဥက္ကဌနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဟာ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး Mr Heiko Mass နဲ့ ဂျာမန်ကာကွယ်ရေးဝန်ကြီး Ms. Annegrete Kramp – Karrenbauer တို့နဲ့တွေ့ဆုံပြီး၊ အပြန်အလှန်ဆက်ဆံရေးတွေနဲ့ ဒေသပိုင်းဆိုင်ရာနဲ့ နှစ်ဦးနှစ်ဖက်တို့နဲ့သက်ဆိုင်တဲ့ အရေးက...

“အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ တူရကီနိုင်ငံရဲ့ဝင်ရောက်စွက်ဖက်မှုအား ရှုတ်ချခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ မကြာသေးမှီက ပါကစ္စတန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကာလမှာ တူရကီနိုင်ငံသမ္မတ Mr Recep Tayyip Erdogan ဟာ Kashmir ပြည်နယ်အတွင်းပေါ်ပေါက်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပြီး၊ တူရကီနိုင်ငံဟာ အဆိုပါဒေသပိုင်းက မကြာသေးမှီသောကာလအတွင်း လိုအပ်တဲ့ နည်းလမ်းအလုံစုံကို အသုံးပြုခဲ့ပေမဲ့ အနေအထိုင်ခက်ခဲတင်းကြပ်တဲ့ အခြေအနေကို ရောက်ရှိနေဒါမို့ အလွန်အမင်း စိုးရိမ်မကင်းဖြစ်ရကြောင်း ဖော်ပြခဲ့ပါတယ်။ Turkey နိုင်ငံဟာ Kashmir အရေးကိစ္စကို ကုလသမဂ္ဂရဲ့ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီစွာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းစေလိုပြီး၊ တူရကီနိုင်ငံက Kashmir ပြည်သူတို့ရဲ့မျှော်လင့်ချက်နဲ့အညီ ဖြစ်စေလိုပါတယ်။ Mr Erdogan က တူရကီနိုင်ငံရဲ့ Kashmir ပြည်နယ်ရဲ့ စည်းလုံးစွာရပ်တည်နေဒါကို ဖော်ပြခဲ့ပြီး၊ ယခု Kashmir ပြည်သူတို့ရ...

“အိန္ဒိယ-ဥရောပသမဂ္ဂ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ထင်ရှားစေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဥရောပသမဂ္ဂ မဟာနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား ထင်ရှားစေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာကောင်စီ (FAC) နဲ့ တွေ့ဆုံဆွေးနွေးဘို့အတွက် Brussels မြို့ကို သွားရောက်ခဲ့ပါတယ်။ အဆိုပါခရီးစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ထိပ်တန်းကိုယ်စားလှယ်နဲ့ နိုင်ငံခြားအရေးကိစ္စများနဲ့ လုံခြုံရေးပေါ်လစီ ဒုဥက္ကဌ Mr Josep Borrell Fontelles ရဲ့ဖိတ်ကြားချက်ကြောင့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ဥရောပသမဂ္ဂကော်မရှင်သစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလအတွင်း ရုံးထိုင်ပြီးတဲ့နောက် ပထမဦးဆုံးခရီးစဉ်ဖြစ်ပါတယ်။ အဲဒီနိုင်ငံခြားအရေးကိစ္စများကောင်စီကို ဥရောပသမဂ္ဂမှ ထိပ်တန်းကိုယ်စားလှယ်နဲ့ ဥရောပသမဂ္ဂဝင်နိုင်ငံတွေမှ နိုင်ငံခြားရေးဝန်ကြီး (၂၇) ဦးတို့နဲ့ ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးပေါ်လစီ...

၂၀၂၀ ခုနှစ်၊ မြူးနစ်မြို့ လုံခြုံရေး ညီလာခံ - အဓိက အချက်အလက်များ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဥရောပဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၂၀ ခုနှစ်၊ မြူးနစ်မြို့ လုံခြုံရေး ညီလာခံ - အဓိက အချက်အလက်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ၅၆ ကြိမ်မြောက် MSC ခေါ် မြူးနစ်မြို့လုံခြုံရေး ညီလာခံဟာ ပြီးခဲ့တဲ့သီတင်းပတ် ဂျာမဏီနိုင်ငံ၊ မြူးနစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံရဲ့ အာရုံပြုချက်ဟာ ၎င်းတို့ရဲ့ တန်ဖိုးနှင့် မဟာဗျူဟာ အခင်းအကျင်းတွေမှာ အနောက်နိုင်ငံများရဲ့ မတူကွဲပြားမှုနှင့် မသေချာ မရေရာမှုတွေကြောင့် ပေါ်ထွက်လာခဲ့တဲ့ ကမ္ဘာကြီးအပေါ် ဩဇာသက်ရောက်မှု ဆုတ်ယုတ်လာတဲ့ အနောက်နိုင်ငံတွေရဲ့ အခြေအနေဆိုင်ရာ အယူအဆနှင့်ပတ်သက်ပြီး ဖြစ်ခဲ့ပါတယ်။ အဲဒီညီလာခံ အမှာစကားပြောကြားရာမှာ နေတိုးတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Jens Stoltenberg က ဝါရှင်တန်အစိုးရဟာ မဟာမိတ်တွေနှင့် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ချက်တွေကနေ ခွဲခွာနေခဲ့တယ်လို့ မှတ်ချက်ပေး ဖော်ပြခဲ့ပါတယ်။ ဥရောပဒေသရဲ့ အခြေအနေတွေ အာမခံရှိဖို့ဖော်ပြရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mr. M...

အိန္ဒိယ-ပေါ်တူဂီ ဆက်ဆံရေးများတွင် အခမ်းကဏ္ဍသစ်တရပ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA မှ သုတေသီ ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ပေါ်တူဂီ ဆက်ဆံရေးများတွင် အခမ်းကဏ္ဍသစ်တရပ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပေါ်တူဂီနိုင်ငံသမ္မတ Mr. Marcelo Rebelo de Sousa ဟာ အိန္ဒိယနိုင်ငံကို အကျိုးဖြစ်ထွန်းတဲ့ ခရီးစဉ်တရပ် လာရောက်လည်ပတ်ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ အရေးပါမှုကတော့ အပြန်အလှန် အကျိုးရှိမယ့် အရေးကိစ္စအဖြာဖြာတို့ပါဝင်တဲ့ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် စုစုပေါင်း ၁၄ ခုတို့ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အဲဒါတွေမှာဆိုရင် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးနှင့် ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးရာ ကြံဆလုပ်ဆောင်ရေး၊ အာကာသ နည်းပညာ၊ သံတမန်ရေးရာ လေ့ကျင့်သင်တန်း၊ သိပ္ပနည်းကျ သုတေသနနှင့် လူထုဆိုင်ရာ ပေါ်လစီချမှတ်ရေးတို့ ပါဝင်ကြပါတယ်။ ဒီခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အိန္ဒိယ-ပေါ်တူဂီတို့ရဲ့ အဓိပ္ပါယ် အသွင်သဏ္ဍာန် အပြည့်အဝပြောင်းလဲလာခဲ့တဲ့ ဆက်ဆံရေးတွေနှင့်အတူ အင်သစ်အားသစ်တွေကို ထင်ဟပ်လျှက်ရှိပါတယ်။ ဒီကနေ့ကာလမှာ အိန္ဒိယနှင့် ပေါ်တူဂီနိ...

လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “ လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman ဟာ အိန္ဒိယနိုင်ငံအတွင်း ယုံကြည်မှုရှိကြောင်း ဆက်လက်ပြသကြဖို့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဖော်ပြလိုက်ပါတယ်။ ပါလီမန်လွှတ်တော်အတွင်း ၂၀၂၀ - ၂၁ ခုနှစ်ဆိုင်ရာ ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုတွေကို တုံ့ပြန်ရာမှာ အစိုးရအနေနှင့် ၂၀၂၄ - ၂၅ ခုနှစ်အရောက်မှာ လူထုအခြေခံအဆောက်အအုံကဏ္ဍအတွင်း ရူပီးငွေ ကုဋေ ၁ သိန်းကျော် ရင်းနှီးမြှုပ်နှံသွားမယ်လို့ အခိုင်အမာဖော်ပြလျှက် ယခုအခါ ဖွံ့ဖြိုးရေး မြှုပ်နှံမှုတွေအပေါ် ငွေကြေးပေးအပ်ဖို့အတွက် ဘဏ်တွေကို ပိုမိုကောင်းမွန်စွာ လောက်ငပြည့်စုံအောင် ပြုလုပ်ထားကြောင်း သူမကဖော်ပြခဲ့ပါတယ်။ GST အခွန်ဘဏ္ဍာကောက်ယူရာမှာ တဖြည်းဖြည်း တိုးတက်လာကြောင်း၊ နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်လ...