Posts

Showing posts from September, 2020

မဟာဗျူဟာ အားသစ် ပူးပေါင်းလုပ်ဆောင်မှုဖြင့် အိန္ဒိယ-ဒိန်းမတ် ဆက်ဆံရေးများ ထပ်မံအခြေချခြင်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Prof. Ummu Salma Bava ရေးသားပေးပို့ထားတဲ့ ‘မဟာဗျူဟာ အားသစ် ပူးပေါင်းလုပ်ဆောင်မှုဖြင့် အိန္ဒိယ-ဒိန်းမတ် ဆက်ဆံရေးများ ထပ်မံအခြေချခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဝန်ကြီးချုပ် Narendra Modi နှင့် ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် Mette Frederiksen တို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေးတွေကို စစ်ဆေးဖို့အတွက် ညီလာခံတရပ် ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါနှင့် စီးပွားရေး ထိခိုက်မှုတွေကြောင့် နိုင်ငံတကာ စွမ်းအားအခြေအနေ ပြောင်းလဲနေတဲ့ အနေအထားမှာ ခေါင်းဆောင် ၂ ဦးစလုံးတို့ဟာ ကမ္ဘာ့သွင်းကုန်ကွင်းဆက်တွေကို တနိုင်ငံထက်မက ပေါက်ရောက်စေဖို့အတွက် ဖြန့်ကျက်သွားဖို့လိုအပ်ချက်ကို ဖော်ပြခဲ့ကြပါတယ်။ အိန္ဒိယဟာ ဒီလို ဖြန့်ကားဖို့အတွက် ဂျပန်၊ ဩစတြေးလျားတို့နှင့် လုပ်ဆောင်နေခဲ့ပြီး ဒါဟာ အိန္ဒိယ-ရုပ် နယ်စပ်မှာ လက်ရှိ ထိပ်တိုက်တွေ့ဆုံမှု အခြေအနေတွေနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ် Modi က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနှင့် ဒိန်းမတ်နို့ဟာ ၂၀၀၈၊ ၂၀၀၉ ခုနှစ်ကတည်းက ရေရှည် တည်တံ့ခိုင်မြဲနေခဲ့ပြီး အဲဒီတုန်းက...

စိတ်နှလုံးမှပြောသော စကားများ (၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ)

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့ မင်္ဂလာပါခင်ဗျာ… ဒီလို ကိုရိုနာကပ်ဘေး ဆိုက်ရောက်နေချိန်မျိုးမှာတော့ တကမ္ဘာလုံးမှာ အသွင်ပြောင်းလဲမှု ပုံစံအဆင့် အမျိုးမျိုးကို ဖြတ်သန်းနေကြရပါတယ်။ ဒီကနေ့မှာတော့ တယောက်နှင့်တယောက် ၂ ကိုက်အကွာအဝေးထားရမယ်ဆိုတဲ့ လူတွေနဲ့ ခတ်ခွာခွာ နေထိုင်မှုဟာ မဖြစ်မနေ အရေးကြီးပြီး ယခုလို အကျပ်အတည်းကာလကြီးဟာ မိသားစုဝင်တွေကို တဦးနှင့်တဦး ပိုမိုနီးကပ်စေရာမှာ တိုးတက်စေခဲ့ပါတယ်။ သဘာဝအားဖြင့် မိမိတို့ ဆွေးနွေးပြောဆိုမှု အများအပြားတို့ဟာ ကမ္ဘာ့ကပ်ရောဂါကြောင်းနှင့် လူသားမျိုးနွယ်တို့ ရင်ဆိုင်နေရတဲ့ ကပ်ဘေးအကြောင်းတွေ ဖြစ်ခဲ့ကြပေမယ့် ယခုရက်ပိုင်းတွေအတွင်း ကျွန်ုပ် သတိပြုမိတာကတော့ ဒီနှစ်ကာလဟာ ဘယ်တော့ ဖြတ်သန်းကုန်လွန်မလဲဆိုတဲ့ခေါင်းစဉ်နှင့် ပြည်သူတွေအလယ်မှာ အဆုံးမရှိတဲ့ ဆွေးနွေးမှုအကြောင်းပဲ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေဟာဆိုရင် ဒီနှစ်ဟာ ဘာကြောင့် ဒီလောက်နှေးကွေးစွာ ဖြတ်သန်းနေရတာလဲလို့ ဝမ်းနည်းစွာဖော်ပြချက်တွေနှင့် စတင်ခဲ့ကြပါတယ်။ တချို့ကျပြန်တော့လည်း ဒီ ၂၀၂၀ ခုနှစ်ဟာ သုဂတိကာလမဟုတ်တာကြောင့် ဒီကာလကို တနည်းနည်းနှင့် ကျော်ဖြတ်ကုန်လွန်သွားလိုကြတာပဲဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျာ…. ဘာကြောင့် ဒီ...

အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ဒီဂျစ်တယ် ဆွေးနွေးပွဲ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Prof. Aparajita Biswas ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ဒီဂျစ်တယ် ဆွေးနွေးပွဲ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယ-အာဖရိက ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာ အိန္ဒိယ စက်မှုလုပ်ငန်းနှင့် Exim Bank ဘဏ်လုပ်ငန်းဆိုင်ရာ ဒီဂျစ်တယ် ညီလာခံ ၁၅ ကြိမ်မြောက် ဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနတို့ရဲ့ ပံ့ပိုးမှုတို့ဖြင့် ဒေလီမြို့တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီညီလာခံကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေတွေနှင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသပိုင်း ၂ ခုတို့အကြား ပူးပေါင်းလုပ်ဆောင်မှု တိုးတက်အားကောင်းစေဖို့ တက်ကြွစွာ ပေါင်းကူးတံတား တည်ဆောက်ခဲ့ကြသူ အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့မှ ထင်ရှားတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေ ပါဝင်တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ ဒီညီလာခံဟာ လာမယ့်ပူးပေါင်းလုပ်ဆောင်မှုအဆင့်မှာ အရေးပါနေတဲ့ ဒေသပိုင်းတို့အကြား စီးပွားရေး စေ့စပ်လုပ်ဆောင်မှု တိုးတက်အေားကောင်းရေးအတွက် နည...

ကုလသမဂ္ဂ၏ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးညီလာခံသို့ ဝန်ကြီးချုပ်၏ မိန့်ခွန်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ရေးသားပေးပို့ထားတဲ့ ‘ကုလသမဂ္ဂ၏ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ထိပ်သီးညီလာခံသို့ ဝန်ကြီးချုပ်၏ မိန့်ခွန်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ တနင်္လာနေ့က ဝန်ကြီးချုပ် Narendra Modi ဟာ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂရဲ့ သမိုင်းဝင် ၇၅ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံ အထိမ်းအမှတ်အခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင်တွေနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ရှိနေတယ်ဆိုပေမယ့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းကြီးတခုအဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပုံပန်းသဏ္ဍာန်ကို ထုတ်ဖော်တွေ့ဆုံပွဲမှာဆုံတွေ့ကြဖို့ အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်လာခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် ၎င်းရဲ့ အထူးအဖွဲ့အစည်းများဖြစ်တဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရံပုံငွေအဖွဲ့နှင့် ဘမ္ဘာ့ဘဏ်တို့ကို ဒုတိယ ကမ္ဘာစစ်အပြီးမှာ အနိုင်ရရှိတဲ့ မဟာမိတ်နိုင်ငံတွေက ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ပရဟိတ တပ်သား ၂.၅ သန်းပါဝင်တဲ့ တပ်သားတွေဟာ အလားတူ မဟာမိတ် တပ်မတော်တွေအနက် ...

လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်တွင်းမှ လုပ်ငန်းဆောင်တာများ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတဲ့ ‘လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်တွင်းမှ လုပ်ငန်းဆောင်တာများ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ပါလီမန်လွှတ်တော်ရဲ့ မုတ်သုံရာသီ အစည်းအဝေးကာလဟာ တင်းကျပ်လှတဲ့ ဘေးကင်းလုံခြုံရေး ချမှတ်မှုတွေနှင့်အတူ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ခဲ့ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးတို့ဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း မနားဘဲ အစည်းအဝေးပြုလုပ်လျှက်ရှိပါတယ်။ လွှတ်တော်အသီးသီးတို့ဟာ မနက် ၁ ကြိမ်၊ နေ့လယ် ၁ ကြိမ်နှင့် ၁ ရက်မှာ ၄ နာရီကြာ အစည်းအဝေး ပြုလုပ်ပါတယ်။ မုတ်သုံကာလအတွင်း အစည်းအဝေးပြုလုပ်မှု စုစုပေါင်း ၁၈ ကြိမ် ရှိသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က လွှတ်တော်အတွင်း အာရုံပြုများတဲ့အရေးတွေမှာဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် ညွှန်ကြားချက်တွေကို အစားထိုးဖို့ မူကြမ်း ၁၁ ခုနှင့် တရုပ်နယ်စပ် ထိပ်တိုက်တွေ့ဆုံမှုကိစ္စတို့ ပါဝင်ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘယ်လိုအခြေအနေကိုမဆို ရင်ဆိုင်သွားဖို့ အပြည့်အဝ ပြင်ဆင်ထားကြောင်းနှင့် ပေပေါင်း ၁ သောင်းခွဲမြင့်မားတဲ့နေရာထားရှိတဲ့ အိန္ဒိယတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ခ...

အိန္ဒိယနိုင်ငံသည် Jeddah ပြင်ဆင်ချက် စည်းမျဉ်းအဖွဲ့တွင် ပါဝင်လိုက်ခြင်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lakshmi Priya ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံသည် Jeddah ပြင်ဆင်ချက် စည်းမျဉ်းအဖွဲ့တွင် ပါဝင်လိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံဟာ လတ်တလောပြီးဆုံးခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတခုနောက်ပိုင်းမှာ Djibouti ကျင့်ထုံးအတွက် Jeddah စည်းမျဉ်းပြင်ဆင်ရေးအဖွဲ့မှာ လေ့လာသုံးသပ်သူအဖြစ် လက်တွဲပါဝင်ခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ ဂျပန်၊ နော်ဝေ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ လေ့လာသူများအဖွဲ့မှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာဒေသပိုင်းအတွင်း ပင်လယ်ရေကြောင်း လုံခြုံရေး တိုးတက်မှုရှိစေဖို့အတွက် ပူးပေါင်း လက်တွဲလုပ်ဆောင်ရေးဆိုင်ရာ အဖွဲ့ဝင် ၁၈ နိုင်ငံပါ အုပ်စုနှင့်အတူ လက်တွဲလုပ်ဆောင်ဖို့ တာစူလျှက် ရှိပါတယ်။ Jeddah ပြင်ဆင်ချက်စည်းမျဉ်းဟာ ၂၀၁၇ ခုနှစ်က Djibouti ကျင့်ထုံးစည်းမျဉ်းအဖွဲ့မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံတွေ ချမှတ်ခဲ့တဲ့ စည်းမျဉ်းဆိုင်ရာ မွမ်းမံထားတဲ့ စည်းမျဉ်းတရပ် ဖြစ်ပါတယ်။ ဒါက ပင်လယ်ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိရောက်မှုရှိစွာ ကာကွယ်မှုရှိရေးအ...

အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ကတိပြုထားလင့်ကစား မြေနယ်နိမိတ် ကာကွယ်စောင့်ရှောက်သွားရန် အသင့်ရှိနေသည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Padam Singh ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံသည် ငြိမ်းချမ်းရေးအတွက် ကတိပြုထားလင့်ကစား မြေနယ်နိမိတ် ကာကွယ်စောင့်ရှောက်သွားရန် အသင့်ရှိနေသည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ကာကွယ်ရေးဝန်ကြီး Rajnath Singh ဟာ Ladakh အရှေ့ပိုင်းဒေသတွင်းမှ အခြေအနေတွေနှင့်ပတ်သက်လို့ အောက်လွှတ်တော်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အင်ဒို-တရုပ် နယ်စပ်ဒေသ ပိုင်းခြားမှုဟာ သဘောတူညီချက်တွေ၊ သဘောတူစာချုပ်တွေနှင့် နှစ်နိုင်ငံလုံး ရာစုနှစ်ပေါင်းများစွာ သုံးစွဲလာခဲ့ကြတဲ့ သမိုင်းအစဉ်အလာ အသုံးပြုပုံတွေနှင့် နည်းနာတွေသတ်မှတ်ထားတဲ့အတိုင်း ပထဝီဆိုင်ရာ စည်းမျဉ်းတွေအပေါ်မှာ အခြေတည်ထားမှုကို လက်ခံယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုပ်နိုင်ငံဘက်ကတော့ ၂ နိုင်ငံတို့အကြား နယ်ခြားမျဉ်း သတ်မှတ်ရေးဆွဲထားခြင်း မရှိသေးဘူးလို့ ဆိုနေပါတယ်။နယ်နိမိတ် အငြင်းပွားမှုတွေဟာ စိတ်ရှည်သည်းခံဖို့လိုအပ်တဲ့ ရှုပ်ထွေးကိစ္စရပ်တွေဖြစ်ပြီး အကျိုးသင့် အကြောင်းသ...

ဒိုဟာမြို့က အာဖဂန်ပြည်တွင်းရေး အပြန်အလှန်ပြောဆိုဆွေးနွေးပွဲ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တောင်အာရှအရေး စနစ်တကျ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဒိုဟာမြို့က အာဖဂန်ပြည်တွင်းရေး အပြန်အလှန်ပြောဆိုဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အချိန်ကြာစောင့်စားနေရတဲ့ အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဒိုဟာမြို့မှာ စက်တင်ဘာလ ၁၂ ရက်နေ့ကနေ စတင်ခဲ့ပါတယ်။ အဲသည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို မတ်လမှာ ပြုလုပ်သွားဖို့ မူလက သဘောတူထားခဲ့ကြတာဖြစ်ရင်လည်း၊ နှစ်ဦးနှစ်ဖက် ထိန်းသိမ်းဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးမှာ သဘောတူညီမှု မရရှိခဲ့တာကြောင့်၊ ရက်ရွှေ့ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။ အဲသည့် အကျဉ်းသားတွေလွှတ်ပေးရေး ညှိနှိုင်းချက်ဟာ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နိုင်ငံက ထွက်ခွာရေးလမ်းကြောင်းအတွက် တာလီဘန်အဖွဲ့နဲ့ အမေရိကန်နိုင်ငံတို့ကြားက လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး ရယူထားတဲ့ သဘောတူညီချက်တွေထဲက တစိတ်တပိုင်းဖြစ်ပါတယ်။ တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တာလီဘန်တပ်ဖွဲ့ဝင် ၅၀၀၀ ကိုလွှတ်ပေးဖို့ အလိုရှိပ...

အိန္ဒိယ-အာဆီယံ ဆက်ဆံရေး တိုးတက်ကြီးထွားရန် အသင့်ဖြစ်နေ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်သုံးသပ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အာဆီယံ ဆက်ဆံရေး တိုးတက်ကြီးထွားရန် အသင့်ဖြစ်နေ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။  လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေက သိသာထင်ရှားတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်လက်တိုးမြင့်လုပ်ဆောင်နေတဲ့ စီးပွားရေးလွတ်လပ်ခွင့် ဖော်ဆောင်မှုတွေနဲ့အတူ အိန္ဒိယနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့-အာဆီယံ (ASEAN) အဖွဲ့နဲ့ ဘက်ပေါင်းစုံကဏ္ဍတွေမှာ ဆက်ဆံရေးတွေအပေါ် အာရုံစိုက်လုပ်ဆောင်လာခဲ့ပါတယ်။ အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း (Act East Policy) မူဝါဒဟာ ယနေ့အချိန်မှာ ပြောင်းလဲမှုနဲ့ လက်တွေ့ကျတဲ့လုပ်ဆောင်မှုကို ဦးတည်တဲ့ ရင့်ကျက်တဲ့ မူဝါဒအဖြစ် ရပ်တည်လာပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ အရှေ့သို့လှမ်းမျှော်ကြည့်ခြင်း မူဝါဒကို လွန်ခဲ့သော ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၁၂ ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ညီလာခံနဲ့ ၉ ကြိမ်မြောက် အရှေ့...

မြန်နှုန်းမြင့်နည်းပညာရှိတဲ့ သီးသန့်နိုင်ငံအဖွဲ့ထဲ အိန္ဒိယဝင်ရောက်

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံဆိုင်ရာ အစီရင်ခံချက်ပေးသူ ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “မြန်နှုန်းမြင့်နည်းပညာရှိတဲ့ သီးသန့်နိုင်ငံအဖွဲ့ထဲ အိန္ဒိယဝင်ရောက်” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းမှာ ဖန်တီးထုတ်လုပ်ထားတဲ့ scramjet အင်ဂျင်နဲ့အတူ အသံထက်ပိုမြန်တဲ့ မြန်နှုန်းမြင့် (hypersonic) နည်းပညာနဲ့ဆောက်လုပ်ထားတဲ့ ယာဉ်ပျံကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး၊ ဒါဟာ နောက်မျိုးဆက်သစ် hypersonic ခရုဇ်ဒုံးကျည်များ တည်ဆောက်နိုင်ဖို့အတွက် အလွန်အရေးပါတဲ့ တိုးတက်အောင်မြင်မှုဘဲဖြစ်ပါတယ်။ နောက်ပြီးဒါဟာ အလွန်အရေးပါတဲ့ နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုတခုဖြစ်ကြောင်း အဲသည့်အဆင့်မြင့် နည်းပညာကို ဖွံ့ဖြိုးထုတ်လုပ်ခဲ့တဲ့ အိန္ဒိယ ကာကွယ်ရေး သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ scramjet အင်ဂျင်တပ်ဆင်ထားသည့် လေယာဉ်ပျံသည် လေထုအတွင်း အလွန်လျင်မြန်သော ဟိုင်ပါဆောနစ် အမြန်နှုန်းဖြင့် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ နည်းပညာပိုင်းဆိုင်...

တိုးတက်ကြီးပွားရေးကို ပြန်လည်ဖော်ဆောင်ပေးမယ့် လမ်းကြောင်းပေါ်က တဖန်ပြန်လည်နှိုးထလာတဲ့ စီးပွားရေး

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေး သတင်းထောက်ဖြစ်သူ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “တိုးတက်ကြီးပွားရေးကို ပြန်လည်ဖော်ဆောင်ပေးမယ့် လမ်းကြောင်းပေါ်က တဖန်ပြန်လည်နှိုးထလာတဲ့ စီးပွားရေး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။  ဆောင်းဦးရာသီဝင်ရောက်လာချိန်မှာ ပြည်တွင်းစီးပွားရေးဟာ တချို့ကဏ္ဍတွေမှာ တဖန်ပြန်လည် ခေါင်းထောင်လာတာနဲ့အတူ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာတွေ ပြသလာပါတယ်။ အဲသည့် လေ့လာဆန်းစစ်ချက် မှတ်တမ်းဟာ စီးပွားရေးရာ ဦးစီးဌာနက နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ လေ့လာသုံးသပ်ချက်ဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ကြီးက လတ်တလောထုတ်ပြန် လိုက်တာဖြစ်ပါတယ်။ COVID-19 နဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေနဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အချိန်မှာ၊ ထိခိုက်မှုအကြီးမားဆုံးဖြစ်ပေါ်စေခဲ့တဲ့ စီးပွားရေးကဏ္ဍတွေနဲ့ အပိုင်းတွေကို အရေးပေါ်အကူအညီများပေးအပ်ဖို့ စိန်ခေါ်မှုကြီးကိုလည်း ကြံ့ကြံ့ခံ လုပ်ကိုင်နေရပြီး၊ အစိုးရဟာ တင်ကြပ်းတဲ့ lockdown အမိန့်ကို ချမှတ်ခဲ့ရပါတယ်။ ရလဒ်ကတော့ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ...

SCO အစည်းအဝေးပွဲမှာ အိန္ဒိယ-တရုတ် တွေ့ဆုံဆွေးနွေမှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ တရုတ်နိုင်ငံအပေါ် မဟာဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. M S Prathibha ဝေဖန်ရေးသားပေးပို့ထားတဲ့ “SCO အစည်းအဝေးပွဲမှာ အိန္ဒိယ-တရုတ် တွေ့ဆုံဆွေးနွေးမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ ပါဝင်လှုပ်ရှားမှုဟာ ၎င်းရဲ့ ပြင်းပြတဲ့ဆန္ဒဖြစ်တဲ့ Eurasia ဒေသအတွင်း ပူးပေါင်းလုပ်ဆောင်မှုတွေကို အားကောင်းခိုင်မာစေရေးအတွက် ပိုမိုလေးနက်စေခဲ့ပါတယ်။ ဒေသအတွင်း အဖွဲ့အစည်းဟာ အိန္ဒိယနိုင်ငံကို ကုန်လမ်းဆက်သွယ်မှုပြတ်တောက်နေတဲ့ အလယ်အာရှဒေသကနိုင်ငံတွေနဲ့ ဆက်သွယ်နိုင်အောင် အခွင့်အရေးတွေပေးခဲ့ပြီး၊ အပြန်အလှန်အနေဖြင့် စီးပွားရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းလုပ်ကိုင်သွားရေးကို ကြိုးပမ်းသွားဖို့ဘဲဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်ရေးတွေဟာ မသေချာ မရေရာဖြစ်စေတဲ့ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံနေရပြီး၊ Ladakh ဒေသ တင်းမာမှုတွေဖြစ်ပွားနေတဲ့ အချိန်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ရုရှာနိုင်ငံ ...

ပိုမိုနက်ရှိုင်းလာဖို့အသင့်ဖြစ်နေတဲ့ အိန္ဒိယ-အီရန် ဆက်နွယ်မှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ စင်္ကာပူအမျိုးသား တက္ကသိုလ် အရှေ့အလယ်ပိုင်းဌာနမှ အကြီးတန်း သုတေသနအဖွဲ့ဝင်ဖြစ်သူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပိုမိုနက်ရှိုင်းလာဖို့ အသင့်ဖြစ်နေတဲ့ အိန္ဒိယ-အီရန် ဆက်နွယ်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အီရန်နိုင်ငံကို တပတ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ဝါရင့်ကတ်ဘိနက်ဝန်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် သွားရောက်ခဲ့တာဟာ အိန္ဒိယ-အီရန် ဆက်နွယ်မှုကို ပိုမိုခိုင်မာစေဖို့အတွက် လုပ်ဆောင်လိုက်တာဘဲ ဖြစ်ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnth Singh ဟာ ရုရှားနိုင်ငံ မှာပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှ ကာကွယ်ရေးဝန်ကြီးများရဲ့ အစည်းအဝေးကို တက်ရောက်ပါဝင်ခဲ့ပြီးနောက် အပြန်လမ်းမှာ တနင်္ဂနွေနေ့က အီရန်နိုင်ငံကို ခေတ္တဝင်ရောက်ရပ်နားခဲ့ပါတယ်။ အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ Mr Singh ဟာ အီရန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Amir Hatami နဲ့ တွေ့ဆုံပြီး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသအတွင်း လုံခြုံရေး အစရှိတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြား...

ပြုပြင်ပြောင်းလဲမှုက ရှေ့သို့သာတက်လှမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြား

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ပညာရေးကျွမ်းကျင်သူ ဆောင်ပါးရှင် Shazi Jah ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပြုပြင်ပြောင်းလဲမှုက ရှေ့သို့သာတက်လှမ်းသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြား” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ အုပ်ချုပ်ရေးမှူးများရဲ့ အစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ရာ ၂၀၂၀ ခုနှစ်ဆိုင်ရာ အမျိုးသားပညာရေး မူဝါဒ (NEP) ရဲ့ အရေးကြီးမှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ သမ္မတ Mr Ram Nath Kovind ကလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ NEP သည် မည်သည့်အစိုးရကမှ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ တနိုင်ငံလုံးကပိုင်ဆိုင်ခြင်းဖြစ်ကာ၊ ယင်းမူဝါဒဖော်ဆောင်မှုအား လက်ရှိအာဏာရအစိုးရမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကာ အကောင်အထည်ဖော်သွားရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ မူဝါဒများကို အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး၊ ကျောင်းသားများ၊ ဆရာများနဲ့ မိဘများကို NEP နှင့်ပတ်သက်ပြီး အသိပညာများပေးဝေမှုမှာ သက်ဆိ...

BRICS အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ ဒေလီမြို့က လူမှုရေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRICS အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွေနဲ့ အဆင့်မြင့် ဘက်ပေါင်းစုံကဏ္ဍ အစည်းအဝေးပွဲတွေဟာ ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှုဖြစ်တဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုပြဿနာ နဲ့ တွေ့ကြုံရင်ဆိုင်နေရပါတယ်။ အဓိကဆုံးဖြတ်ချက် ချမှတ်နိုင်ငံတဲ့သူတွေ တနေရာတည်းမှာ စုပြီး၊ စည်းရုံးလှုံ့ဆော်ခြင်းနဲ့ ဖော်ဆောင်မှုတို့ကတဆင့် နိုင်ငံတနိုင်ငံခြင်းအလိုက် လုပ်ဆောင်တာက ပိုပြီးလွယ်ကူပါတယ်။ ဒါပေမယ့် အဲသည့် အဓိကဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့သူတွေက အွန်လိုင်းပေါ်ကနေဘဲ တွေ့ဆုံနိုင်တဲ့အခါမှာတော့ သူတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးမှာ အပိုင်းအစလေးတွေသာ ဖြစ်လာပါတယ်။ အလွန်အရေးပါတဲ့ သံတမန်ရေးရာ ကော်ဖီသောက်ချိန်တွေ၊ အငှားယာဉ်Taxi စီးချိန်နဲ့ ညနှောင်းပိုင်း ညစာစားချိန်တွေ လစ်လပ်သွားတာနဲ့အတူ၊ နည်းဗျူဟာသစ်တွေ ချမှတ်ရေး ဒါမှမဟုတ် ရာထူးနေရာအခ...

ကာကွယ်ရေးဝန်ကြီး၏ ရုရှားခရီးစဉ်

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဟောင်းဖြစ်သူ ဆောင်းပါးရှင် Amb. Asoke Kumar Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကာကွယ်ရေးဝန်ကြီး၏ ရုရှားခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh ဟာ လွန်ခဲ့သောရက်သတ္တပတ်မှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး (SCO) အဖွဲ့ဝင်နိုင်ငံများရဲ့ ကာကွယ်ရေးဝန်ကြီးများ၊ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) နဲ့ ၇၅ နှစ်ပြည့် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းအထိမ်းအမှတ်မှာ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံ လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) တို့ရဲ့ စုပေါင်းအစည်းအဝေးပွဲကို တက်ရောက်ပါဝင်ခဲ့ပါတယ်။ ၎င်းရဲ့ခရီးစဉ်အတွင်း ကာကွယ်ရေးဝန်ကြီးဟာ ရုရှားကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ် Sergei Shoigu နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ကာကွယ်ရေးဝန်ကြီးအတွက် မော်စကိုမြို့ကို ဒုတိယအကြိမ်သွားရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပြီး၊ COVID-19 ကာလအတွင်း အိန္ဒိယနိုင်ငံရဲ့ နက်ရှိုင်းတဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်မှ...

နိုင်ငံတိုးတက်မှုရဲ့မောင်းနှင်အား ဆန်းသစ်တီထွင်မှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အိန္ဒိယသိပ္ပံဂျာနယ်မှ အမှုဆောင်အယ်ဒီတာဖြစ်သူ N. Bhadran Nair ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတိုးတက်မှုရဲ့မောင်းနှင်အား ဆန်းသစ်တီထွင်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်ပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဆန်းသစ်တီထွင်တဲ့ နိုင်ငံများအတွက် နှစ်ပါတ်လည် အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းနိုင်ငံ ၅၀ ထဲမှာပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကမ္ဘာတဝှမ်းလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအဆင့်သတ်မှတ်ချက်မှာ အိန္ဒိယနိုင်ငံဟာအဆင့် ၄၈ နေရာကို ရောက်ရှိခဲ့ပြီး၊ အဆင့် ၄ ဆင့်ခုန်တက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆွစ်ဇာလန်၊ ဆွီဒင်၊ အမေရိကန်၊ ယူကေနှင့် နယ်သာလန်နိုင်ငံတို့ဟာ အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာတွေက အသီးသီးရပ်တည်နေပြီး၊ အိန္ဒိယနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အဆင့်သတ်မှတ်ချက် ၈၁ ရှိနေရာကနေ၊ ၂၀၁၉ ခုနှစ်မှာ အဆင့် ၅၂ နဲ့ ၂၀၂၀ ခုနှစ်မှာ အဆင့် ၄၈ နေရာသို့ ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။ အဆင့်သတ်မှတ်ချက်ဟာ ဉာဏ်ပညာဗဟုသုတအရင်းအနှီး၊ တက်ကြွတဲ့ အစပြုလုပ်ငန်း ဂေဟစနစ်နဲ့ အများပိုင်နဲ့ ပုဂ္ဂလိက သုတေသနအဖ...

SCO အဖွဲ့ထဲမှာ အဓိကလှုပ်ရှားသူဖြစ်တဲ့ အိန္ဒိယ

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ၊ AIR သတင်းဌာနမှ သတင်းများကို ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “SCO အဖွဲ့ထဲမှာ အဓိကလှုပ်ရှားသူဖြစ်တဲ့ အိန္ဒိယ” အကြောင်း သတင်းဆောင်းပါကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုနှစ်နှောင်းပိုင်းမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစိုးရအကြီးအကဲများကောင်စီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူသွားဖို့ရှိပြီး SCO အဖွဲ့မှာ ၎င်းရဲ့အမှတ်လက္ခဏာကို ပိုမိုထင်ရှားစေပြီး ဆက်လက်တိုးချဲ့နေပါတယ်။ အခုလို တာဝန်ယူရမဲ့ ဆက်နွယ်မှုနဲ့ SCO အဖွဲ့ဝင်အဖြစ် အိန္ဒိယနိုင်ငံရဲ့ ၃ နှစ်တာကာလ ခရီးလမ်းကိုကြည့်မယ်ဆိုရင် တက်ကြွတဲ့ သည်အဖွဲ့အစည်းအတွက် သိသာထင်ရှားတဲ့ အကောင်းလက္ခဏာဖြစ်ပြီး၊ ပြန်ပြီးထူထောင်လာနိုင်ဖို့နဲ့ ကိုယ့်အားကိုယ်ကိုးလမ်းစဉ် (Atmanirbhar Bharat) အတွက် လမ်းဖွင့်ပေးနေတဲ့ ကြီးမားတဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။ SCO အဖွဲ့ဟာ ယူရေးရှီရန် (Eurasian space) ဒေသမှာ အဓိကအဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့တာ ဆယ်စုနှစ်ပေါင်း ၂ ခုမျှရှိခဲ့ပြီဖြစ်ပါတယ်။ Eurasian နယ်မြေရဲ့ ၆၀% နဲ့ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ ၄၀% ကျော်ရှိတဲ့ SCO အဖွ...