လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် V. Mohan Rao ဝေဖန်ရေးသားပေးပို့ထားတဲ့ “လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်အတွင်းမှ လုပ်ငန်းဆောင်တာများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
၂၀၁၉ ခုနှစ်၊ နိုင်ငံသားဖြစ်တည်မှု (ပြင်ဆင်ချက်) ဥပဒေမူကြမ်း အတည်ပြုလိုက်ခြင်းဟာ ပါလီမန်လွှတ်တော် ဆောင်းရာသီ အစည်းအဝေးကာလရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးတို့ဟာ ဒီမူကြမ်းကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖကန်နစ္စတန်တို့အတွင်း လူနည်းစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုပြုပြင်ဖို့ သမိုင်းရဲ့လိုအပ်ချက် တရပ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Mr. Amit Shah က ဖော်ပြခဲ့ပါတယ်။ ဒီမူကြမ်းဟာ အိန္ဒိယနိုင်ငံသားဖြစ်လာဖို့ အရည်အချင်း ပြည့်မီတဲ့ အာဖကန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ အသိုင်းအဝိုင်း ၆ ခုတို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်စေဖို့ ၁၉၅၅ ခုနှစ်၊ နိုင်ငံသားဖြစ်တည်မှု အက်ဥပဒေ ပြင်ဆင်သွားဖို့ ဖော်ပြထားတာဖြစ်ပြီး အဲဒီ လူမှုအသိုင်းအဝိုင်းတွေကတော့ ဟိန္ဒူ၊ ဆက်ခ်၊ ဗုဒ္ဓဘာသာဝင်၊ ဂျိန်း၊ ပါစီနှင့် ခရစ်ယာန်ဘာသာ အသိုင်းအဝိုင်းတို့ ဖြစ်ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဖြစ်ကြောင်း ဖြေကြားရာမှာတော့ Mr. Shah က ဒီဥပဒေမှာ စည်းမျဉ်းစည်းကမ်းတွေပြည့်မီဖို့ အကျိုးသင့်အကြောင်းသင့် ရှင်းလင်းသတ်မှတ်ချက်တွေပါရှိကြောင်း ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အိန္ဒိယနိုင်ငံဟာ အဲဒီနိုင်ငံတွေမှ မူဆလင်ဘာသာဝင် ၅၆၆ ဦးတို့ကို နိုင်ငံသားပေးအပ်ဖို့ ထည့်သွင်းစဉ်းစားနေခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့ပါတယ်။ ဒီဥပဒေဟာ အတိုက်အခံတွေ စွပ်စွဲထားသလို အရေးကိစ္စအာရုံလွှဲဖို့အတွက် အလျင်စလို ဒါမှမဟုတ် မီးခိုးမှိုင်းတိုက်မှုတွေနှင့် လုပ်ဆောင်ထားတာမဟုတ်ကြောင်း ၎င်းကဖော်ပြခဲ့ပါတယ်။ ဒီကနေ့အချိန်ဟာ အိန္ဒိယနိုင်ငံအတွက်နှင့် နိုင်ငံရဲ့ ညီရင်းအကိုစိတ်ဓါတ်အတွက် သမိုင်းဝင်နေ့ရက်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကလည်း ဖော်ပြခဲ့ပါတယ်။
ပါလီမန်လွှတ်တော်ဟာ ကြာသပတေးနေ့မှာ အထက်လွှတ်တော်က ၂၀၁၉ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၂၆ ကြိမ်မြောက် ပြင်ဆင်ချက်) ဥပဒေမူကြမ်းကို အတည်ပြုလိုက်ခြင်းနှင့်အတူ ဒါကို ဥပဒေပြုခဲ့ပါတယ်။ ဒီမူကြမ်းဟာ အောက်လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွေမှာ သီးသန့် သတ်မှတ်ထားတဲ့ လူတန်းစားနှင့် သီးခြား တိုင်းရင်းသားတွေအတွက် ၂၀၃၀ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ နောက်ထပ် ၁၀ နှစ် တိုးချဲ့ဖို့ ဖော်ဆောင်ထားတာဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အစိုးရဟာ လူ့အဖွဲ့အစည်း ၂ ခုတို့ ပြုစုစောင့်ရှောက်ရေးအတွက် အစီအစဉ်အများအပြားတို့ကို တွက်ချက်ဖော်ထုတ်ထားပြီး အစိုးရဟာ ပညာရေးနှင့် တပ်ဖွဲ့တွေမှာ အင်္ဂလိပ်-အိန္ဒိယ ကပြားအသိုင်းအဝိုင်းတွေရဲ့ ပါဝင်လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုကြောင်း ဥပဒေနှင့် တရားရေးဝန်ကြီး Mr. Ravi Shankar Prasad က ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအထိ အာသံပြည်နယ်အတွင်း နိုင်ငံခြားသားများဆိုင်ရာ ခုံရုံးအသီးသီးတို့ဟာ လူပေါင်း ၁.၂၉ သိန်းကျော်တို့ကို နိုင်ငံခြားသားတွေအဖြစ် ကြေညာထားပြီး နိုင်ငံခြားသားတွေအဖြစ် ဖြစ်တည်မှု အခြေအနေအပေါ် စောဒကတက်ထားသူ ၁.၁၄ သိန်းတို့ကိုလည်း အိန္ဒိယနိုင်ငံသားအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး Nityanand Rai က အောက်လွှတ်တော်ကို အသိပေးဖော်ပြခဲ့ပါတယ်။
ဩဂုတ်လ ၅ ရက်နေ့မှာ ပုဒ်မ ၃၇၀ ပြန်လည်ရုပ်သိမ်းခဲ့တဲ့အချိန်ကတည်းက Jammu နှင့် Kashmir ဒေသအတွင်း ထိန်းချုပ်ရေး လိုင်းကြောင်းတလျှောက် အကြမ်းဖက်သမားတွေရဲ့ စိမ့်ဝင်ရေးကြိုးပမ်းမှု ၈၅ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီအနက် ၅၉ ကြိမ်တို့ဟာ အောင်မြင်ခဲ့ဟန်ရှိတယ်လို့ ခန့်မှန်းရကြောင်း ပြည်ထဲရေးဒုဝန်ကြီး G. Kishan Reddy က အောက်လွှတ်တော်မှာ စာဖြင့်ရေးသား ဖြေကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ အိန္ဒိယနိုင်ငံသား ၂၉၂ ဦးရှိနေကြပြီး အရပ်သားတွေနှင့် တံငါသည်တွေဖြစ်လိမ့်မယ်လို့ ယူဆရကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး V. Muraleedharan က လွှတ်တော်ကို အသိပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ မျှဝေပေးအပ်တဲ့စာရင်းအရ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်ပုံရတဲ့ အရပ်သား ၅၂ ဦးနှင့် တံငါသည် ၂၀၉ ဦးတို့ ဖမ်းဆီးအကျဉ်းချထားကြောင်း လက်ခံခဲ့တယ်လို့ ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ စစ်သုံ့ပန်းတွေအပါအဝင် ပျောက်ဆုံးနေတဲ့ အိန္ဒိယ ကာကွယ်ရေးတပ်သား ၈၃ ဦးတို့အပေါ် ထိမ်းသိမ်းထားကြောင်း အစ္စလာမာဘတ် အစိုးရက လက်ခံမထားတဲ့ကိစ္စလည်းရှိနေတယ်လို့ ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း ပါကစ္စတန် အကျဉ်းထောင်ကနေ တံငါသည်တွေ အပါအဝင် အိန္ဒိယနိုင်ငံသား ၂၁၁၂ ဦးတို့ လုံခြုံစိတ်ချရစွာ လွတ်မြောက်လာခဲ့တာဟာ နယူးဒေလီအစိုးရရဲ့ တစိုက်မတ်မတ် ကြိုးပမ်းမှုရလဒ်ဖြစ်တယ်လို့လည်း ဝန်ကြီးက ဖော်ပြခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် V. Mohan Rao ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment