“ရေထိန်းချုပ်ကွပ်ကဲရေးသို့ဦးတည်သော အိန္ဒိယနိုင်ငံရဲ့ လုံးလုံးလျားလျားချဉ်းကပ်မှု”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ရေထိန်းချုပ်ကွပ်ကဲရေးသို့ဦးတည်သော အိန္ဒိယနိုင်ငံရဲ့ လုံးလုံးလျားလျားချဉ်းကပ်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အလွန်ရည်မှန်းချက်ပြင်းပြသော ရေထိန်းချုပ်ကွပ်ကဲရေးစီမံကိန်း “Atal Bhujal Yojna” ကို ဝန်ကြီးချုပ်ဟောင်း Mr Atal Bihari Vajpayee အား ၎င်းရဲ့မွေးနေ့နှစ်ပါတ်လည်မှာအပ်နှံလျှက် အိန္ဒိယနိုင်ငံဟာ သန်းပေါင်းများစွာသော ပြည်သူတို့ကို ရေနဲ့သက်ဆိုင်တဲ့ အခက်အခဲတွေမှ လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့စိတ်ဆုံးဖြတ်ချက်ကို ဖေါ်ပြခဲ့ပါတယ်။ အမှန်တကယ်တော့ အိန္ဒိယနိုင်ငံရဲ့ ရေနဲ့ပါတ်သက်တဲ့ အခက်အခဲတွေကို လုပ်ကိုင်ဖြေရှင်းရေး ချဉ်းကပ်မှုတွေအား ကမ္ဘာ့ရှေ့မှောက် တင်ပြမှုကို ဝန်ကြီးချုပ် Mr Narendra Modi ဟာ ဒုတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်လာတဲ့အခါ “Jal Shakti” သို့မဟုတ် ရေစွမ်းအားဝန်ကြီးဌာနကို ဖွင့်လှစ်ခြင်းဖြင့် ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုပြုလုပ်လိုက်ခြင်းက ရေနဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ဌာနပေါင်းများစွာတို့မှတဆင့် ချဉ်းကပ်ဖြေရှင်းမဲ့အစား ပိုမိုဘက်စုံပါဝင်ပြီး၊ အရေးကိစ္စတခုလုံးကို လေ့လာခြင်းကို အထောက်အကူဖြစ်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးရေးဟာ များသောအားဖြင့် မြေအောက်ရေများကို တူးဖော်သုံးစွဲခြင်းအပေါ် အခြေခံလျှက်ရှိပါတယ်။ မြေအောက်ရေအရင်းအမြစ်ဟာ မြောက်များစွာ တူးဖော်ယူခြင်းနဲ့ မိုးရွာသွန်းမှုပုံသဏ္ဍာန်တွေအမျိုးမျိုး ပြောင်းလဲနေဒါကြောင့် တဖြေးဖြေးလျော့နည်းခမ်းချောက် လာလျှက်ရှိပါတယ်။ လေ့လာသုံးသပ်မှုတွေအရ နိုင်ငံအတွင်း မြေအောက်ရေပမာဏဟာ လွန်ခဲ့တဲ့ (၁၀) နှစ်မျှသောကာလအတွင်း ၆၁% မျှ လျော့နည်းသွားခဲ့ဒါကို သိရှိရပါတယ်။ ကမ္ဘာကြီးရဲ့ ပူနွေးမှုက ပုံမမှန်တဲ့ မိုးရွာသွန်းမှုနဲ့ နောက်ဆက်တွဲဖြစ်တဲ့ မြေအောက်ရေပမာဏ လျော့ကျခြင်းရဲ့ အဓိကအကြောင်းအချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်ကတည်းက ပျှမ်းမျှမိုးရွာသွန်းမှုက ၇% ခန့် လျော့နည်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မုတ်သုန်ရာသီဟာ ပုံမှန်အားဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလတွေမှာ ကျရောက်လေ့ရှိပြီး၊ အနောက်တောင်ဘက်မှ လေပြင်းဟာ အိန္ဒိယသမုဒ္ဒရာ၊ အာရေဗီးယားပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှ စိုထိုင်းမှုကို သယ်ဆောင်လာပြီး ကုန်းမြေအပေါ် မိုးရေအဖြစ် သွန်ချနေဒါဖြစ်ပါတယ်။ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း လေပြင်းဟာ ပြောင်းရွှေ့ပြီး တခြားအရပ်ဆီသို့ ဦးတည်တိုက်ခတ်လာပါတယ်။ သို့သော်ငြားလည်း ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတုစက်ဝန်းမှာ မုတ်သုန်ရွာသွန်းမှုဟာ အနှောင့်အယှက်နဲ့ ကျုံတွေ့ရပါတယ်။

ပုံမှန်ရာသီဥတုပုံစံအစား ယခုအခါမှာ အပိုင်းအလိုက် လုံလောက်မှုမရှိတဲ့မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး နောက်ဆက်တွဲအဖြစ် ခမ်းချောက်မှုနဲ့ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ အိန္ဒိယနိုင်ငံက တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် အစိမ်းရောင်ဖန်အိမ်ထွက်ဓာတ်ငွေ့ (GHG) နည်းပါးစွာ ထုတ်လွင့်ရေးအတွက် သမိုင်းမှတ်တိုင်စိုက်ထူလောက်အောင် ကြိုးပမ်းလုပ်ကိုင်နေပါတယ်။

သတင်းကောင်းတခုကတော့ အိန္ဒိယအစိုးရဟာ မြေအောက်ရေအရင်းအမြစ် လျော့နည်းသွားနေမှုကို ရင်ဆိုင်ဖြေရှင်းရေးအတွက် အသင့်ပြင်ဆင်နေဒါဘဲဖြစ်ပါတယ်။ ယခုတည်ဆောက်နေတဲ့ Atal Bhujal Yojna ရဲ့ ယန္တရားက ရှင်းလင်းတဲ့နည်းလမ်းနဲပ အကြံပေးခဲ့ပါတယ်။ အဆိုပါစီမံကိန်းဟာ မြေအောက်ရေပမာဏ ထိန်းချုပ်ရေးအတွက် ဌာနပိုင်းဆိုင်ရာ လုပ်ငန်းဘောင်တွေနဲ့ တည်မြဲတဲ့မြေအောက်ရေအရင်း အမြစ်ထိန်းသိမ်းကွပ်ကဲရေးအတွက် လူမှု့အသိုင်းအဝိုင်းအဆင့်မှာ ရေသုံးစွဲမှု အလေ့အကျင့်ကို ပြောင်းလဲဘို့ ရည်စူးထားပါတယ်။

ရေသုံးစွဲသူများအဖွဲ့၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ မြေအောက်ရေ Data များ ရေးဆွဲခြင်း၊ ဘဏ္ဍာငွေသတ်မှတ်ခြင်း၊ Gram Panchayat ခေါ် ကျေးရွာအုပ်ချုပ်ရေးအလိုက် ရေဖူလုံရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ခြင်းတို့ဟာ Atal Bhujal Yojna ရဲ့ သော့ချက်ကျ ရည်စူးချက်တွေဖြစ်ကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ခရိုင်ပေါင်း (၇၈) ခုတို့အတွင်း ပြန့်ကျဲနေတဲ့ကျေးရွာအုပ်ချုပ်ရေး (၈၃၅၀) တို့ဟာ အဆိုပါစီမံကိန်းအရ အကျိုးခံစားရမယ်ဖြစ်ပြီး၊ ဝန်ကြီးချုပ်က ရေထိန်းချုပ်ရေးကို အကောင်းဆုံးအကောင်အထည်ဖော်တဲ့ကျေးရွာအုပ်ချုပ်ရေးအား မက်လုံးတွေ ပေးကမ်းမယ်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ပိုမိုကောင်းမွန်စွာ ဒီစီမံကိန်းကို ကျင့်သုံးလုပ်ကိုင်တဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အတွက် ရံပုံငွေတွေပိုမိုပေးကမ်းလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအချက်ဟာ အမှန်တကယ်ဘဲ မြေအောက်ရေအရင်းအမြစ်ထိန်းချုပ်ရေးကို ရှေ့ရှုတဲ့ ရဲရင့်သောချဉ်းကပ်မှုဖြစ်ပါတယ်။ သို့သော် ဒီစီမံကိန်းကို ရလဒ်ကောင်းတွေပေးဆောင်နိုင်ဘို့အတွက် တောင်သူလယ်သမားတွေကို အတူတကွပေါင်းစည်းပြီး သူတို့ရဲ့လယ်ယာစိုက်ပျိုးမှု အလေ့အထမှာ ပြောင်းလဲမှုတခုယူဆောင်လာဘို့ တိုက်တွန်းရမယ်ဖြစ်ပါတယ်။ ရေလိုအပ်မှုနည်းပါးတဲ့ ကောက်ပဲသီးနှံတွေအတွက် ဆည်မြောင်းတူးဖော်သုံးစွဲနေကြတဲ့ နေရာတွေမှာ စိုက်ပျိုးရေးနည်းလမ်းပြောင်းဘို့လိုအပ်ပါတယ်။ ကြံစိုက်ပျိုးရေးအတွက် ရေနဲ့မြေနေရာ အမြောက်အများလိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမျိုးများ မြေအောက်ရေပမာဏ လျော့နည်းသွားဒါကို တွေ့ရပါတယ်။

ရေပြုန်းတီးမှုလျော့နည်းဘို့အတွက် ရှေးဟောင်းလယ်ယာလုပ်ကိုင်ရေး နည်းပညာမှာပြောင်းလဲမှုတွေ ယူဆောင်သုံးစွဲဘို့ လိုအပ်ပါတယ်။ လယ်သမားတွေကို မြေအောက်ရေနည်းပါးတဲ့နေရာတွေမှာ ဘတ်ဂျက်ငွေတည်ဆောက်ဘို့ အားပေးရမယ်ဖြစ်ပြီး၊ ရွာသားအားလုံးက လက်တွဲပါဝင်ပြီး ရေအတွက်အရေးယူဆောင်ရွက်ရေးအစီအစဉ်ကို ချမှတ်ကာ၊ ရေရံပုံငွေတခု ဖတ်တီးရမယ်ဖြစ်ပါတယ်။ မည်သူပင်ဖြစ်စေကာမူ ဒီလိုပြုလုပ်ခြင်းက နိုင်ငံတောရဲ့ အတွေးအခေါ်အမြော်အမြင်ကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း Mr Atal Bihari Vajpayee အား လေးစားဂုဏ်ပြုမှုတခုဖြစ်ပါလိမ့်မယ်။ အကယ်၍သာ ဒီစီမံကိန်းက Mr Vajpayee ရှုမြင်ခဲ့တဲ့အတိုင်း ခမ်းချောက်တဲ့မြေနေရာတွေကို အစိမ်းရောင်မြေတွေဖြစ်လာစေခြင်းကို ပြည်သူတို့အား ရေသုံးစွဲမှုနဲ့ပါတ်သက်ပြီး အလေ့အကျင့်တွေကို ပြောင်းလဲကာ နိုင်ငံအတွင်း ရေထိန်းချုပ်ကွပ်ကဲရေးကို ထမြောက်အောင်မြင်မှုတခုဖြစ်ပါလိမ့်မယ် စသည်ဖြင့် ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားထားဒါကို နောက်ဆုံးအစီအရင်ခံတင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”