“ဒုတိယ Modi အစိုးရ ကျမ်းသစ္စာကျိန်ဆိုခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ New Indian Express နေ့စဉ်သတင်းစာမှ အထူးသတင်းထောက် ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဒုတိယ Modi အစိုးရ ကျမ်းသစ္စာကျိန်ဆိုခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။ အလွန်မြောက်မြားစွာသော မဲအရေအတွက်ရရှိပြီးတဲ့နောက် Mr Narendra Modi ဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ်ဆက်တိုက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ သမ္မတ Mr Ram Nath Kovind ဟာ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အဖွဲ့ဝင် (၅၈) ဦးပါ ဝန်ကြီးများကောင်စီကို ကျမ်းသစ္စာတိုင်တည်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အတွင်းဝန်ဟောင်း Mr Subramaniam Jaishankar အပါအဝင် ဝန်ကြီးများကောင်စီကို BJP ပါတီအတွင်းနှင့် မဟာမိတ်ပါတီများမှ ကျွမ်းကျင်သူတွေနဲ့ အားဖြည့်တည်ဆောက်ထားပါတယ်။ ဝန်ကြီးချုပ် Mr Modi ရဲ့ အံ့အားသင့်စေတဲ့ ရွေးချယ်မှုကတော့ Mr Jaishankar ဘဲဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှာ သော့ချက်ကျ အကြံပေးအရာရှိတဦးဖြစ်ခဲ့ပါတယ်။ Mr Jaishankar ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေက အလွန်ကြီးမားတဲ့ အထောက်အကူဖြစ်စေပါတယ်။ BJP ပ...