Posts

Showing posts from July, 2020

Kashmir ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတဲ့ ‘Kashmir ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံရဲ့ နှလုံးသည်းပြွတ်ဖြစ်တဲ့ Kashmir ဒေသဟာ တဦးရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို တခြားသူတဦးက တန်ဖိုးထားမှုရှိပြီး ခေတ်အဆက်ဆက် အတူတကွ ပူးတွဲတည်ရှိခဲ့တဲ့ အရောင်အသွေးစုံ ယဉ်ကျေးမှုတည်ရှိရာ အသင့်လျော်ဆုံး သာဓကတွေအနက် တခုဖြစ်ပါတယ်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ လွှမ်းမိုးတဲ့ ရှုထောင့်စုံ အတွေးခေါ်တွေ ပေါင်းစုရာအရပ်ဖြစ်ပြီး ‘Kashmiriyat’ ဒေသရယ်လို့ အမွေအနှစ် တွင်ခဲ့ပါတယ်။ အဲဒီဒဿနရဲ့ အနှစ်ချုပ်ကတော့ ညီရင်းအစ်ကို သဟဇာတာကျစွာ နေထိုင်ကြဖို့ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ မပေါ်ထွန်းမီ ၁၄ ရာစုနှစ်အတွင်းက Kashmir ဒေသဟာ ဟိန္ဒီဘာသာနှင့် ဗုဒ္ဓဘာသာတို့ရဲ့ အဆုံးအမအောက်မှာ ရှိခဲ့ကြပါတယ်။ အဲဒီနောက် အစ္စလာမ်ဘာသာ လွှမ်းမိုးမှုအောက် ကျရောက်ခဲ့ပါတယ်။ အဲဒီလို ဘာသာရေး လှိုင်းလုံးတွေရှိခဲ့ပေမယ့် စိတ်ဓာတ်နှင့် အတွေးအခေါ်တွေဟာ တဦးနှင့်တဦး ရန်ဘက်မရှိဘဲ လိုက်လျောညီထွေ တည်ရှိခဲ့ကြပါတယ်။ Lal Ded လို့ လူသိများတ...

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုဆီကို ချဉ်းကပ်သွားနေတဲ့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံ 

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဥရောပသမဂ္ဂအရေးဆိုင်ရာ နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Sanghamitra Sarma ဝေဖန်ရေးသားပေးပို့ထားတဲ့ “လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီမှုဆီကို ချဉ်းကပ်သွားနေတဲ့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို စေ့စပ်ညှိနှိုင်းဖို့ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတို့က ကြေငြာလိုက်တာနဲ့အတူ နှစ်နိုင်ငံအကြားစီးပွားရေး ဆက်ဆံမှုများဟာ တိုးမြှင့်ကြီးထွားလာဖို့ အလားအလာရှိကြောင်း ပြသခဲ့ပါတယ်။ ယင်းသဘောတူညီချက်နှင့် ပတ်သက်ပြီး၊ နှစ်နိုင်ငံတို့အကြား အွန်လိုင်ပေါ်မှတဆင့် ကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကော်မတီ (JETCO) အစည်းအဝေးပွဲတွင် ပြောဆိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲသည့် ဆွေးနွေးပွဲကို အိန္ဒိယ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး Piyush Goyal နဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အတွင်းဝန် Elizabeth Truss တို့က ပူးတွဲ သာဘာပတိအဖြစ်ဆောင်ရွက်ကာ ကျင်းပခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲလုပ်ဆောင်ချက် အနေနဲ့ ယင်းရည်မှန်းချက်ပြည့်မ...

စီးပွားရေးလုပ်ဆောင်မှုများမှာ ဆန်းသစ်တီထွင်ကြပါဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းဌာနမှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “စီးပွားရေးလုပ်ဆောင်မှုများမှာ ဆန်းသစ်တီထွင်ကြပါဖို့ ဝန်ကြီးချုပ်က တောင်းဆိုလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ All India ရေဒီယိုအစီအစဉ်ကနေ လစဉ်ထုတ်လွှင့်နေတဲ့ ၎င်းရဲ့ Mann Ki Baat အစီအစဉ်ကနေ အိန္ဒိယနိုင်ငံသူ နိုင်ငံသားများကို အမှာစကားပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ဟာ အိန္ဒိယနိုင်ငံအတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂၁ နှစ်က အဆိုပါနေ့ရက်မှာ အိန္ဒိယစစ်တပ်ဟာ Kargil စစ်ပွဲမှာ အောင်မြင်မှု အလံကို လွှင့်ထူခဲ့ပါတယ်။ Kargil မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအခြေအနေတွေကို အိန္ဒိယနိုင်ငံက ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါဘူး။ ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ဖိအားတွေကို အဲသည့်နေရာဖက်ကို အာရုံလွှဲပြောင်းဖို့အတွက် အိန္ဒိယနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ပြီး မှားယွင်းတဲ့အပြုအမူတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဖက်ကတော့ ပါကစ္စတန်နိုင်ငံနဲ့ ကော...

Kulbhushan Jadhav အမှုကိစ္စနှင့် ပါကစ္စတန်နိုင်ငံ၏ ဟန်ဆောင်မှု

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားပေးပို့ထားတဲ့ ‘Kulbhushan Jadhav အမှုကိစ္စနှင့် ပါကစ္စတန်နိုင်ငံ၏ ဟန်ဆောင်မှု’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံဟာ Kulbhushan Jadhav ကို ကောင်စစ်ဝန် တွေ့ဆုံခွင့်ရရှိဖို့ တောင်းဆိုချက် ၁၂ ကြိမ် ပြုလုပ်ပြီးတဲ့နောက် လွန်ခဲ့တဲ့သီတင်းပတ်က ပါကစ္စတန်နိုင်ငံဟာ ကောင်စစ်ဝန်တွေ့ဆုံဖို့ ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ပါတယ်။ ဒီတခါတွေ့ဆုံမှုဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တဲ့ ယခင်တွေ့ဆုံခွင့်ရရှိခဲ့တာထက် ပိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မေတ္တာ ရပ်ခံချက်ကို တုံ့ပြန်ရာမှာ လူသိများလှတဲ့ ပါကစ္စတန်နိုင်ငံအတွင်း သူလျှိုလုပ်မှုနှင့် အဖျက်အမှောင့် လုပ်မှုကိစ္စတို့ကြောင့် Jadhav ကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ စစ်ခုံရုံတခုကချမှတ်ခဲ့တဲ့ စီရင်ချက်ကို ပြန်လည်သုံးသပ်စဉ်းစားရေးအတွက် ထိရောက်တဲ့ ယန္တယားအဖွဲ့ ၁ ခု ဖွဲ့စည်းပေးဖို့ဖြစ်တဲ့ နိုင်ငံတကာ တရားရုံး ICJ ထံမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ အမိန့်ညွှန်ကြားချက်နှင့်အညီဖြစ်စေဖို့ ၂၀၂၀ ခုနှစ်၊ မေလမှာ အပြင်ပန်းအားဖြင့်...

အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Stuti Banerjee ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယ-အမေရိကန်ပြည်ထောင်စု ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ အိန္ဒိယနိုင်ငံဟာ Andaman နှင့် Nicobar ကျွန်းစုဒေသရဲ့ ကမ်းလွန်မှာ အမေရိကန် ရေတပ်မတော်နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနှင့် ဒီလေ့ကျင့်မှုတွေဟာ PASSEX သို့မဟုတ် ဖြတ်ကျော် လေ့ကျင့်မှုတွေပါဝင်ပြီး မြေပြင်လေ့ကျင်ရေး၊ ထောက်လှမ်းရေးနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေ့ကျင့်မှုတွေလို ပူးပေါင်းဆောင်ရွက်ရတဲ့ လေ့ကျင့်မှု အသီးသီးတို့ ပါဝင်ကြပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ တရုပ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာဒေသအတွင်းမှာ တည်ရှိမှုတိုးများလာနေတာတွေနှင့် ထူးခြားလျှက်ရှိပါတယ်။ တရုပ်နိုင်ငံဟာ စနစ်တကျ စည်းမျဉ်းထိန်းချုပ်မှု ချိုးဖောက်ဖို့နှင့် အနိုင်ကျင့်မှုတွေ အားပေး လုပ်ဆောင်နေချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံနှင့်အတူ ကြီးထွားတိုးတက်နေတဲ့ လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေကို၂၁ ရာစုရဲ့ အလုံးစုံအရေးပါတဲ့ ကာကွယ်ရေးရာ ဆ...

ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ ကောင်စီအဖွဲ့ထံသို့ ဝန်ကြီးချုပ်၏ ပန်ကြားလွှာ - ပြုပြင်မွမ်းမံထားသည့် နိုင်ငံပေါင်းစုံဝါဒသည်သာလျှင် ရှေ့သို့ချီရန် တခုတည်းသောနည်းလမ်း

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် သံအမတ် Asoke Kumar Mukerji ရေးသားပေးပို့ထားတဲ့ ‘ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးရာ ကောင်စီအဖွဲ့ထံသို့ ဝန်ကြီးချုပ်၏ ပန်ကြားလွှာ - ပြုပြင်မွမ်းမံထားသည့် နိုင်ငံပေါင်းစုံဝါဒသည်သာလျှင် ရှေ့သို့ချီရန် တခုတည်းသောနည်းလမ်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ECOSOC ရဲ့ အဆင့်မြင့် ညီလာခံသို့ ဝန်ကြီးချုပ် Narendra Modi ရဲ့ အွန်လိုင်းမှ အမှာစကားပြောကြားချက်ဟာ ပြုပြင်မွမ်းမံထားတဲ့ နိုင်ငံပေါင်းစုံဝါဒအတွက် အိန္ဒိယနိုင်ငံရဲ့ တောင်းဆိုချက်နောက်မှ ပေါ်ထွက်နေတဲ့ ပုံပန်းသဏ္ဍာန်ကို သတိပြုမိစေပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒေါသူပုန်ထမှုကနေ ပေါ်ထွက်လာခဲ့တာကို ပြန်ပြောင်းဖော်ပြလျှက် ဝန်ကြီးချုပ်ဟာ ပြန်လည်ဆန်းသစ်မွမ်းမံမှုရှိတဲ့ နိုင်ငံပေါင်းစုံဝါဒ ဖြစ်စေဖို့အတွက် Covid-19 ကပ်ရောဂါကြောင့်ပေါ်ပေါက်နေတဲ့ လက်ရှိအကျပ်အတည်းတွေကို အသုံးပြုသွားဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး Mr. Modi ရဲ့ အမှာစကားဟာ SDG ခေါ် ထိန်းသ...

ခေတ်သစ်လမ်းကြောင်းဆီသို့ လျဉ်မြန်စွာရွှေ့လျားနေတဲ့ အိန္ဒိယမီးရထား

သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဆောင်းပါးရှင် သတင်းထောက် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ “ခေတ်သစ်လမ်းကြောင်းဆီသို့ လျဉ်မြန်စွာရွှေ့လျားနေတဲ့ အိန္ဒိယမီးရထား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယမီးရထားဟာ ၂၀၃၀ ခုနှစ်အရောက်မှာ ကာဘွန်ထုတ်လွှင့်မှု သုညအမှတ်နဲ့ ပြည့်ဝတဲ့ စိမ်းလမ်းစိုပြေရေးကို သံလမ်းနှစ်ခုအကွာအား လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်းလဲခြင်း၊ စွမ်းအင်လုံလောက်မှုကို သက်သေပြခြင်းနဲ့ ပြန်လည်ဆန်းသစ်နိုင်တဲ့ စွမ်းအင်ကို ပြောင်းလဲအသုံးပြုခြင်းအပါအဝင် စီးမံကိန်းအများအပြားတို့ကတဆင့် ဖော်ဆောင်သွားနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအရောက်မှာ ရထားလမ်းအားလုံးရှိ သံလမ်းနှစ်ခု အကွာအဝေးမှာ လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်လဲသွားဖို့ကိုလည်း စီမံချမှတ်ထားပြီးဖြစ်ပါတယ်။ ရထားကို လျှပ်စစ်ဓာတ်အားသုံးစနစ်ကို ပြောင်လဲခြင်းမှာ၊ ရထားများနဲ့ ရထားစက်ခေါင်းများကို လုံလောက်တဲ့ စွမ်းအင်များရရှိအောင် လုပ်ဆောင်ခြင်း၊ တည်ဆောင်ပြုပြင်ခြင်း၊ တည်ဆောက်ခြင်းနဲ့ ဘူတာရုံများကို စိမ်းလမ်းစိုပြေမှုရစေခြင်း၊ ရထားတွဲများရှိ ရေအိမ်များကို ဇ...

အိန္ဒိယနိုင်ငံရဲ့ မော်လဒိုက်နိုင်ငံကို ကူညီထောက်ပ့ံမှုက ကပ်ရောဂါကျရောက်သည့်ကာလအတွင်း ကြီးမားတဲ့ အကူအညီဖြစ်စေခဲ့ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယသမုဒ္ဒရာဒေသ မဟာဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. M Samatha ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ မော်လဒိုက်နိုင်ငံကို ကူညီထောက်ပ့ံမှုက ကပ်ရောဂါကျရောက်သည့်ကာလအတွင်း ကြီးမားတဲ့ အကူအညီဖြစ်စေခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးကူးစက်ပျံ့ပွားနေသည့် ကပ်ရောဂါကျရောက်နေသည့် ကာလအတွင်း အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများရဲ့ လူမှုစီးပွားရေး လိုအပ်ချက်များကို ဖော်ထုတ်ဖြေရှင်းဆောင်ရွက်ဆောင်နိုင်ဖို့ အကူအညီများ ဆက်လက်ပေးနေခဲ့ပါတယ်။ ယခုအပတ်အတွင်းမှာဘဲ အိန္ဒိယနိုင်ငံဟာ မော်လဒိုက်နိုင်ငံက ကျွန်းဆွယ်ပေါင်း ၆၁ ခုတို့ကို အိမ်ပြင်ဘက် ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးပို့ခဲ့ပါတယ်။ အဲသည့် ထောက်ပံ့ကူညီမှုဟာ ၂၀၁၉ ခုနှစ် မတ်လမှာ မော်လဒိုက်နိုင်ငံသမ္မတ Mohammed Ibrahim Solih အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်စဉ်အတွင်း အိန္ဒိယနိုင်ငံက ကတိပြုထားတဲ့ မော်လဒိုက်နိုင်ငံရဲ့ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေမှာ ကူညီထောက်ပံ့သွားဖို့ ပြောဆိုထ...

၁၅ ကြိမ်မြောက် အိန္ဒိယ-အီးယူ ထိပ်သီးညီလာခံက နည်းဗျူဟာသစ် ၂၀၂၅ ခုနှစ် လမ်းပြမြေပုံကို ချမှတ်လိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ Jean Monnet ဥက္ကဌ၊ ဥရောပရေးရာ လေ့လာဆန်းစစ်ရေးဗဟိုဌာနနှင့် Jawaharlal Nehru တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “၁၅ ကြိမ်မြောက် အိန္ဒိယ-အီးယူ ထိပ်သီးညီလာခံက နည်းဗျူဟာသစ် ၂၀၂၅ ခုနှစ် လမ်းပြမြေပုံကို ချမှတ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ဘေးကြောင့် အိန္ဒိယ-ဥရောပသမဂ္ဂ (အီးယူ) တို့ရဲ့ ၁၅ ကြိမ်မြောက် ထိပ်သီးညီလာခံကို အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ရပါတယ်။ နှစ်ဖက်အကြား ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးနှင့် လူအခွင့်အရေးတန်းဖိုးတို့အား လေးစားတန်းဖိုးထားမှုနှင့် မြင့်တင်မှုတို့ကို အပြန်အလှန်ဖလှယ်ခဲ့ကြပြီး၊ ထိရောက်တဲ့ ဘက်ပေါင်းစုံပါဝင်ရေးဝါဒနှင့် တရားဥပဒေအခြေခံ ဘက်ပေါင်းစုံညွှန်ကြားမှုကို ဗဟိုပြုတဲ့ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ဖြစ်လာရန် ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ နှစ်ဖက်စလုံး ကတိပြုခဲ့ကြပါတယ်။ ယင်းထိပ်သီးညီလာခံဟာ နှစ်ဖက်အကြားက ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခွင့်ကို ပေးဆောင်ခဲ့တာသာမက၊ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖ...

Google ကုမ္ပဏီရဲ့ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုက အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးထဲသို့ တိုးဝင်လိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဖေန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “Google ကုမ္ပဏီရဲ့ ကြီးမားတဲ့ရင်းနှီးမြှပ်နှံမှုက အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးထဲသို့ တိုးဝင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လာမယ့် ၅ နှစ်မှ ၇ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ (ရူပီးငွေ ကုဋေပေါင်း ၇၅,၀၀၀) ရင်းနှီးမြှပ်နှံသွားဖို့ အမေရိကန် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Google ရဲ့ ကမ်းလှမ်းမှုနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ ဒီဂျစ်တယ်ဂေဟစနစ်ဟာ အမှန်တကယ်ပြောင်းလဲမှုလမ်းကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံခြင်းရဲ့ အဓိရည်မှန်းချက်မှာ အိန္ဒိယနိုင်ငံ၏စီးပွားရေးအား ဒီဂျစ်တယ်စနစ်တို့ပြောင်းလဲရေး ရည်မှန်းချက်မှာ အရေးကြီးတဲ့ ကဏ္ဍ ၄ ခုတို့ကို အဓိကထား အာရုံစိုက်ပြီး အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်များကို ဖော်ထုတ်သွားဖို့နဲ့ ဝန်ဆောင်မှုများပေးအပ်သွားဖို့ စတာတွေဘဲဖြစ်ပါတယ်။ အဲသည့်ရည်မှန်းချက်တွေမှာ၊ အိန္ဒိယနိုင်ငံသူ နိုင်ငံသားတိုင်း ၎င်းတို့ရဲ့ မိခင်ဘာသာစကားဖြင့် သတင်းအချက်အလက်များကို လွယ်ကူစွာ ရ...

ပါရီသဘောတူညီချက်အရ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်တိုးမြင့်သွားရန် ချမ်းသားသည့်နိုင်ငံများအား အိန္ဒိယက တိုက်တွန်းလိုင်းခြင်း

သောတရှင်များခင်ဗျား သည်ကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သတင်းထောက် ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါရီသဘောတူညီချက်အရ ငွေကြေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ဆက်လက်တိုးမြင့်သွားရန် ချမ်းသားသည့်နိုင်ငံများအား အိန္ဒိယက တိုက်တွန်းလိုင်းခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်တင်ပြသွားမှာဖြစ်ပါတယ်။ ယခုအချိန်ကစပြီး ၅ လအကြား ဒီဇင်ဘာလအရောက်မှာတော့ နိုင်ပေါင်း ၁၉၇ နိုင်ငံက ညှိနှိုင်းဆွေးနွေးပြီး သဘောတူခဲ့ကြတဲ့ သမိုင်းဝင် ပါရီသဘောတူညီချက် ဖော်ဆောင်ခဲ့တဲ့ ၅ နှစ်ပြည့်မြောက်သည့် နှစ်ဖြစ်လာပါမယ်။ အဲသည့် သဘောတူညီချက်ဟာ ကမ္ဘာ့လုံးဆိုင်ရာ အပူချိန်မြင့်တက်မှုကို စက်မှုလုပ်ငန်းခေတ်မတိုင်မီ အချိန်က အဆင့်အတိုင်း ၂ ဒီဂရီဆဲလ်စီးယပ် ထက်ရော့နည်းအောင်လုပ်ဆောင်ရေးနှင့် ၁.၅ ဒီဂရီ ဆဲလ်စီးယပ်ထက်မပိုအောင် လုပ်ဆောင်ရေးကို ပစ်မှတ်ထားပါတယ်။ အဲသည့် ရည်မှန်းချက်ပြည့်မီနိုင်ဖို့အတွက် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတိုင်းဟာ ၎င်းတို့တနိုင်ငံချင်းစီရဲ့ လုပ်ငန်းအစီအစဉ်များကို တင်ပြရမှာဖြစ်ပြီး၊ လေထုညစ်ညမ်းမှုကို လျော့ချခြင်းနဲ့ ရည်မှန်းထားတဲ့ ...

အိန္ဒိယနိုင်ငံသည် ပြောင်းလဲပြင်ဆင်ရေး၊ စွမ်းဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်အရန်အသင့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ပြောင်းလဲပြင်ဆင်ရေး၊ စွမ်းဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့ကို လုပ်ဆောင်အရန်အသင့်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ အိန္ဒိယ ရက်သတ္တပတ် အခမ်းအနားမှာ ဗီဒီယိုအစည်းအဝေးကတဆင့် အမှာစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ ပါဝင်သူများမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb ၊ ဗြိတိန်ပြည်ထဲရေးဝန်ကြီး Priti Patel ၊ စွန့်ဦးတီထွင်စီးပွားရေးသမားများ အစရှိတဲ့ ထင်ရှားသော ဂုဏ်သရေရှိလူကြီးများ ပါဝင်ခဲ့ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးကို စည်းရုံးလုပ်ကိုင်ပေးခဲ့တဲ့ India Inc အဖွဲ့ကို ဝန်ကြီးချုပ်က ကျေးဇူတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ယခုအခမ်းအနားဟာ ကမ္ဘာတဝှမ်းလုံးက ပရိသတ်များအား အိန္ဒိယနိုင်ငံအတွင်း အခွင့်အလမ်းများကို သယ်ဆောင်လာပေးဖို့ ကူညီပေးကြောင်း Mr Modi က ပြောပါတယ်။ အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံအကြား ဆက်နွ...

အိန္ဒိယ-တရုတ် နယ်စပ်ဒေသများမှာ တင်းမာမှုများကို လျော့စေခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ၊ Jawaharlal Nehru တက္ကသိုလ်မှ ပါမောက္ခဖြစ်သူနဲ့ တရုတ်အရေးလေ့လာဆန်းစစ်ရေး ဗဟိုဌာနမှ Srikanth Kondapalli ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-တရုတ် နယ်စပ်ဒေသများမှာ တင်းမာမှုများကို လျော့စေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ မေလ ၅ ရက်နေ့မှစပြီး ကြီးထွားလာခဲ့တဲ့ Ladakh ဒေသ နယ်စပ်စည်းမျဉ်းနေရာက အိန္ဒိယနဲ့ တရုတ်နိုင်ငံရဲ့ တင်းမာမှုတွေဟာ နှစ်နိုင်ငံ အထူးကိုယ်စားလှယ်နှစ်ဦးအကြား ၂ နာရီကြာ နယ်စပ်အရေးကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပြီး၊ တင်းမာမှုတွေကို လျော့ချသွားဖို့ သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာ ကြီးမားတဲ့ သက်သာရာရမှုကို ပေးအပ်ခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ Ajit Doval နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ဟာ နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ဖို့အတွက်အပါအဝင် နှစ်နိုင်ငံလုံခြုံရေး အရေးကိစ္စအဝဝတို့ကို အွန်လိုင်းပေါ်ကတဆင့် ဆွေးနွေးခဲ့ကြပြီး၊ အဲသည့်ဆွေးနွေးပွဲဟာ အနောက်ပိုင်း နယ်စပ်ဒေသက နှစ်နိုင်ငံ စစ်တပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို အစောဆုံးလုံးဝရပ်တန့်ရေးအတွ...

လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ Atmanirbhar ကိုလုပ်ဆောင်ရန်နှင့် ဆန်းသစ်တီထွင်ကြဖို့ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားလိုက်ခြင်း 

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ AIR မှ သတင်းဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ Atmanirbhar ကိုလုပ်ဆောင်ရန်နှင့် ဆန်းသစ်တီထွင်ကြဖို့ရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက် အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကစီးပွားရေးအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ အိန္ဒိယလယ်ယာလုပ်သားများဟာ နိုင်ငံရဲ့ စားသောက်ကုန် ဖူလုံရေးအတွက် လုပ်ဆောင်ပေးနေကြသူတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်ဘဲ အိန္ဒိယနိုင်ငံသား ကုဋေ ၈၀ လောက်ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ Pradhan Mantri Garib Kalyan Anna Yojana စီမံကိန်းအောက် စားသောက်ကုန် အခမဲ့ပေးဝေသွားမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Narendra Modi ဟာ အိန္ဒိယနိုင်ငံအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍ သုတေသန၊ မြင့်တင်ရေးနဲ့ ပညာရေးဆိုင်ရာ တိုးတက်မှုအခြေအနေများကို ဗီဒီယိုအစည်းအဝေးကတဆင့် ပြန်လည်သုံးသပ်ခဲ့ပါတယ်။ အိန္ဒိယလယ်ယာစိုက်ပျိုးရေးသုတေသနကောင်စီ (ICAR) မှ အထွေထွေညွှန်ကြားရေးမှူး Dr. Trilochan Mohapatra နဲ့ လယ်ယာစိုက်ပျိုးရေးသု...

နီပေါနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နီပေါနိုင်ငံအပေါ် နည်းဗျူဟာကျ လေ့လာဆန်းစစ်သူ ဆောင်းပါးရှင် Dr. Nihar R Nayak ဝေဖန်ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။ COVID-19 ကူးစက်ပျံ့ပွားမှု ကပ်ဘေးဆက်လက်ဖြစ်ပေါ်နေဆဲကာလအတွင်း၊ လက်ရှိ နီပေါနိုင်ငံ အုပ်ချုပ်ရေးအစိုးရ နီပေါကွန်မြူနစ်ပါတီ (NCP) မှ ဝါရင့်ပါတီခေါင်းဆောင်တချို့ရဲ့ ဝန်ကြီးချုပ် K P Sharma Oli ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုမှုကြောင့် နီပေါနိုင်ငံဟာ နိုင်ငံရေး လှိုင်းဂယက်နဲ့ တွေ့ကြုံနေရပါတယ်။ ဒါဟာ ပထမဦးဆုံးအကြိမ်အဖြစ် အမြဲတမ်းကော်မတီ (SC) အဖွဲ့ဝင် ၄၄ ဦးထဲမှ ၃၁ ဦး Mr Oli ကို ပွင့်ပွင့်လင်းလင်းဘဲ ဆန့်ကျင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ SC ရဲ့ အစည်းအဝေးပွဲကို ခေါင်းစဉ် ၃ ခုဖြစ်တဲ့၊ COVID-19 အခြေအနေကိုင်တွယ်မှုအပါအဝင် နီပေါအစိုးရရဲ့ မူဝါဒနှင့် စွမ်းဆောင်ရည်၊ အိန္ဒိယ-နီပေါ နယ်စပ်အရေးကိစ္စနဲ့ လက်ရှိအုပ်ချုပ်ရေး NCP ပါတီမှ အထင်ကရပုဂ္ဂိုလ်များအပါအဝင် အဖွဲ့အစည်းပေါင်းများစွာ ဆန့်ကျင်နေတဲ့ လွှတ်တော်ကအတည်ပြုလိုက်တဲ့ UN Millennium Challenge Coopera...

ဝန်ကြီးချုပ်သည် Garib Kalyan Anna Yojana စီမံကိန်း ဆက်လက်တိုးချဲ့မှုကို ကြေညာလိုက်ခြင်း

ဒီနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတဲ့ ‘ဝန်ကြီးချုပ်သည် Garib Kalyan Anna Yojana စီမံကိန်း ဆက်လက်တိုးချဲ့မှုကို ကြေညာလိုက်ခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။ ဒုတိယအကြိမ် လော့ဒေါင်းပိတ်ဆို့မှု ဖွင့်လှစ်ချက်အစမတိုင်မီလေးမှာတင်ပဲ ဝန်ကြီးချုပ် Narendra Modi ဟာ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံအတွင်း မုတ်သုံရာသီ စတင်နေပြီဖြစ်ကာ ဒီရာသီနှင့်အတူ နာမကျန်းဖြစ်မှုတွေ ဖြစ်ပေါ်လာနိုင်ပြီး ဒီကာလအတွင်းမှာ ကိုယ်တိုင် အထူးဂရုစိုက်မှုတွေပြုလုပ်ကြဖို့ အိန္ဒိယနိုင်ငံသားအားလုံးကို ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ ကိုရိုနာကြောင့် သေဆုံးမှုနှုန်းကိုအကဲဖြတ်လျှက် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအများအပြားနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့အနေအထားမှာရှိကြောင်း ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ လော့ဒေါင်းပိတ်ဆို့မှုတွေနှင့် တခြားဆုံးဖြတ်ချက်တွေ အချိန်မီ ချမှတ်မှုတို့ဟာ ပြည်သူတွေ သန်းပေါင်းများစွာတို့ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး အစောပိုင်းကလည်း မျက်နှာဖုံးစွပ်ခြင်း၊ တယောက်နှင့်တယောက် ခတ်ခ...