“BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ”

သောတရှင်ခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ လူမှု့ရေးသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။
ကမ္ဘာ့သမိုင်းစဉ်မှာ နည်းဗျူဟာကျ အခန်းကဏ္ဍဟာ အရှိန်အဟုန်မြင့်မားစွာနဲ့ လှုပ်ရှားနေပါတယ်။ စွမ်းအားဟာ အနောက်ဘက်မှ အရှေ့ဘက်သို့ နဲ့ မြောက်ဖက်မှ တောင်ဖက်သို့ ပြောင်းရွှေ့လာနေပါတယ်။ ပြောင်းလဲလာနေတဲ့ပုံစံဟာ တခြားဖွဲ့စည်းပုံတွေနဲ့ တမူထူးခြားနေပါတယ်။ ဒီလှုပ်ရှားမှုဟာ သမိုင်းဝင်ပြောင်းလဲမှုတခုဖြစ်ပါတယ်။ ခေတ်သစ်ကာလမှာ ပထမဦးဆုံးအကြိမ်အဖြစ် ကြွယ်ဝချမ်းသာမှုနဲ့ ကမ္ဘာ့လူဦးရေကို တနေရာတည်းမှာဘဲ အာရုံပြုကြပါတယ်။ ဒီပြောင်းလဲမှုက BRICS အဖွဲ့ကြီးကို ဦးဆောင်လာဘို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ကမ္ဘာကြီးဟာ အရှိန်နဲ့ ပြောင်းလဲလာစေဒါနဲ့အမျှ ခေါင်းဆောင်တွေလည်း ပြောင်းလဲလာကြပါတယ်။ ကမ္ဘာကြီးရဲ့အာရုံစိုက်မှုဟာ BRICS အဖွဲ့ကြီးအပေါ် ကျရောက်လျှက်ရှိနေပါတယ်။
ဒီအုပ်စုဟာ တခြားအုပ်စုတွေနဲ့မတူဘဲ အင်အားကြီးနိုင်ငံကောင်းတနိုင်ငံ၊ အာရှတခွင်မှာ အင်အားကြီးမားတဲ့ စွမ်းရည်ကို ဖန်တီးတဲ့ အင်အားကြီးနိုင်ငံ၊ အာဖရိကနဲ့ လက်တင်အမေရိကားနိုင်ငံတွေနဲ့ ဖွဲ့စည်းထားဒါဖြစ်ပါတယ်။ BRICS အဖွဲ့ကြီးဟာ မတူခြားနားပြီး၊ ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေတွေဖန်တီးလျှက်ရှိပါတယ်။ ပိုပြီးအရေးကြီးဒါကတော့ ဒီအဖွဲ့ကြီးဟာ မဟာထွန်းတောက်လာနေတဲ့ စွမ်းအားတွေ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် တည်တံ့ပြီး ကြီးပွားတိုးတက်ရေးအတွက် အရေးပါမှုတွေကို မီးမောင်းထိုးပြလျှက်ရှိပါတယ်။ BRICS အဖွဲ့ကြီးဟာ G-7 ထက် ပိုမိုကိုယ်စားပြုမှုတွေပြုလုပ်နေကာ၊ ၎င်းရဲ့ဒုတိယမြောက် (၁၀) စုနှစ်ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်က Rio de Janeiro မြို့မှာ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲကြီးဟာ ၎င်းရဲ့နိုင်ငံပေါင်းစုံပါဝင်ရေးမူဝါဒနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နိုင်ငံတကာအရေးကိစ္စတွေမှာ ဗဟိုကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်ရေးကို တညီတညွှတ်တည်းနဲ့ မတွန့်မဆုတ် ထောက်ခံလျှက်ရှိဒါကို ထုတ်ဖေါ်ပြသခဲ့ပါတယ်။ BRICS အဖွဲ့ကြီးဟာ ကုလသမဂ္ဂ WTO နဲ့ IMF စတဲ့အဖွဲ့အစည်းတွေ ပြန်လည်ပြင်ဆင်ဖွဲ့စည်းတည်ထောင်ရေးအတွက် ရပ်တည်နေပါတယ်။ WTO အား တောင့်တင်းခိုင်မာစေဘို့ရာ အဖွဲ့ဝင်နိုင်ငံတွေအကြား ဆွေးနွေးပွဲတွေ အတော်အတန်ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ဝန်ကြီးတွေဟာ ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး၊ ၎င်းရဲ့သဘောတူညီချက်တွေအား အပြည့်အဝ အကောင်အထည်ဖေါ်ရေးအတွက် ကြိုးပမ်းလုပ်ကိုင်ရန် အရေးကြီးပုံကို မှတ်ချက်ချဖေါ်ပြခဲ့ကြပါတယ်။
အဆိုပါဝန်ကြီးတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့၊ အကြမ်းဖက်ဝါဒရဲ့ အသွင်ပုံစံအားလုံးနဲ့ ဝါဒဖြန့်ကူးစက်ခြင်းတို့ကို အပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ သူတို့တတွေဟာ BRICS အဖွဲ့ကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ BRICS အမှုဆောင်ကော်မတီမှတဆင့် ပြုလုပ်ရာမှာ တိုးတက်မှုများအား အသိအမှတ်ပြုခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ လမ်းများ၊ သယ်ယူပို့ဆောင်ရေးနဲ့ အဝေးပြေးလမ်းမကြီးမားဌာန ဒုဝန်ကြီးဗိုလ်ချုပ်ကြီး V K Singh ဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ ရာဇဝတ်ကျူးလွန်ခဲ့ကြတဲ့ စီးပွားရေးသမားတွေနဲ့ ဥစ္စာပစ္စည်းတွေ ပြန်လည်ကောက်ခံယူဘို့ရာ အချက် (၉) ချက်ပါ အရေးယူဆောင်ရွက်ရေးအေဂျင်ဒါကို တင်သွင်းခဲ့ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကအရပ်ဒေသတွေမှာ ပေါ်ပေါက်နေပြီး ဒေသပိုင်းနဲ့ နိုင်ငံတကာအခြေအနေတွေအပေါ် အကြပ်အတည်းပေါက်ပွားစေတဲ့ တိုက်ပွဲတွေကြောင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ဖေါ်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ Venezuela နိုင်ငံနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့အခါ အဖွဲ့ဝင်နိုင်ငံတွေအကြား ထင်မြင်ယူဆချက်ချင်း ကွာခြားနေဒါကို တွေ့မြင်ရပြီး၊ ရုရှားနိုင်ငံက သူ့ရဲ့ဆန့်ကျင်ကန့်ကွက်ချက်ဖြစ်တဲ့ “ပြည်ပမှ ဝင်ရောက်စွက်ဖက်မှု” ကို ဆက်လက်အတည်ပြုသလို၊ Brazil နိုင်ငံက BRICS ဟာ Venezuela နိုင်ငံသားတွေရဲ့ အတိဒုက္ခကို ဖြေရှင်းပေးရန်ရှိတယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒါပေမဲ့ Venezuela နိုင်ငံအတွင်းက နိုင်ငံရေးပြဿနာတွေကို အေးချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့အပေါ် သဘောတူညီချက် ရရှိခဲ့ပါတယ်။

ယခုနှစ်စောစောပိုင်းက အာဏာရရှိလာခဲ့တဲ့ Brazil နိုင်ငံသမ္မတနဲ့ပတ်သက်ပြီး၊ မသေမချာ မရေမရာဖြစ်မှုတချို့ ရှိနေခဲ့ပါတယ်။ လူအများစုက သမ္မတ Mr Bolsonaro ဟာနိုင်ငံတကာနဲ့အညီ ပြန်လည်ညှိနှိုင်းပြီး ဖွံ့ဖြိုးစဲနိုင်ငံတွေနဲ့ကွဲခွာကာ၊ အနောက်နိုင်ငံခေါင်းဆောင်တွေရဲ့ ပေါ်လစီမူဝါဒတွေ အထူးသဖြင့် သမ္မတ Mr Donald Trump ရဲ့ အယူအဆနဲ့ ပိုမိုနီးကပ်စွာ လုပ်ကိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ BRICS အဖွဲ့ကြီးနဲ့ ၎င်းရဲ့အေဂျင်ဒါတွေကို အပြည့်အဝထောက်ခံလျှက်ရှိပါတယ်။ Mr Bolsonaro ရဲ့ သဘာပတိအဖြစ် သက်တမ်းမှာ သော့ချက်ကျတိုင်လုံးကြီးတွေကတော့ စွမ်းအင်၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဆန်းသစ်တီထွင်မှုနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေဟာ BRICS ရဲ့ အေဂျင်ဒါနဲ့ အံ့ဝင်ခွင်ကျဖြစ်နေပါတယ်။ BRICS အဖွဲ့ကြီးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ လာမဲ့စက်တင်ဘာလအတွင်း New York မြို့မှာကျင်းပမဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ ကြားကာလတွေမှာ တခါပြန် တွေ့ဆုံစည်းဝေးကြပါလိမ့်မယ် စသည်ဖြင့် ဆောင်းပါးရှင် Ash Narain Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”