အိန္ဒိယနိုင်ငံရဲ့ ဒုတိယလမစ်ရှင်စတင်ခြင်း
သောတရှင်များရှင်၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံဆောင်းပါးရှင် Mr Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ ဒုတိယလမစ်ရှင်စတင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်ကြီးသော အာကာသအစီအစဉ်အနက် တခုသည် တနင်္လာနေ့တွင် စတင်ခဲ့ပါတယ်။ နိုင်ငံ၏အင်အားအကြီးမားဆုံးသော ဒုံးပျံ GSLV Mk-III သည် Chandrayaan-2 အား သယ်ဆောင်ပြီး Andhra Pradesh ပြည်နယ် Sriharikota ရှိ Satish Dhawan အိန္ဒိယအာကာသငှာနမှ တနင်္လာနေ့ ၂ နာရီ ၄၃ မိနစ် အချိန်တွင် စတင်လွှင့်တင်ခဲ့ပါတယ်။ မိနစ် (၁၇) နောက်ပိုင်းတွင် chandrayann-2 သည် ကမ္ဘာမြေပတ်လည် ကြိုတင်သတ်မှတ်ထားသော လွှဲပြောင်းပတ်လမ်းသို့ လွှတ်တင်နိုင်ခဲ့ပါတယ်။
အဆိုပါခရီးစဉ်ကို ဇူလိုင်လ (၁၅) ရက်နေ့က စီစဉ်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာ မှားယွင်းမှုကြောင့် တပတ်နောက်ကျခဲ့ပါတယ်။ အိန္ဒိယသိပ္ပံပညာရှင်များ၏ ကျွမ်းကျင်မှုကြောင့် အချိန်တိုအတွင်း အားနည်းချက်ကို ဖေါ်ထုတ်ပြီး ပြင်ပေးခဲ့ပါတယ်။
ISRO ခေါ် အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း၏ ကြိုးစားမှုကြောင့် အလွန်ရှုပ်ထွေးသော အာကာသမစ်ရှင်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ Chandrayaan-2 သည် လကမ္ဘာသို့ ရောက်စေရန် ၄၈ ရက်ကြာလိမ့်မယ်ဖြစ်ပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် လပေါ်သို့ ပျော့ပျောင်းစွာ ဆင်းသက်စေရန် စီစဉ်လျက်ရှိပါတယ်။
လပေါ်သို့ အိန္ဒိယရဲ့ ပထမဆုံးမစ်ရှင် Chandrayaan-1 ဟာ လ၏ ဂြိုလ်ပတ်လမ်းကြောင်းနဲ့သာ သက်ဆိုင်ခဲ့၍ ယခုဒုတိယမစ်ရှင်ဟာ ပိုမိုရှုပ်ထွေးခဲ့ပါတယ်။ ၎င်းတွင် Orbiter ခေါ် ဂြိုလ်ပတ်ယာဉ်၊ Lander ခေါ် ဆင်းသက်ယာဉ်နဲ့ Rover ခေါ် မောင်းနှင်းသွားလာယာဉ်သို့သော အစိတ်အပိုင်း (၃) ခုရှိပြီး လကို အထက်နဲ့မျက်နှာပြင်ကနေ လေ့လာဖို့ကူညီလိမ့်မယ်ဖြစ်ပါတယ်။ Chandrayaan-2 ရဲ့ ဆင်းသက်ယာဉ်ကို Vikram လို့ခေါ်ဝေါ်ခဲ့ပြီး ၎င်းက အိန္ဒိယသိပ္ပံပညာရှင် Mr Vikram Sarabhai ကို ဂုဏ်ပြုအမည်ပေးခဲ့ပါတယ်။ မောင်းနှင်သွားလာယာဉ်ကို Pragyan လို့အမည်ပေးထားပြီး Sanskrit ဘာသာ၌ “ဥာဏ်ပညာ” လို့အဓိပ္ပါယ်ရပါတယ်။ ဂြိုလ်ပါတ်ယာဉ်ဟာ လမျက်နှာပြင်မှ ကီလိုမီတာ ၁၀၀ ခန့်မှာ လည်ပါတ်မှာဖြစ်ပြီး၊ ဆင်းသက်ယာဉ်ဟာ လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းအနီး ဖြေးညှင်းစွာ ဆင်းသက်ပြီး၊ Rover ခေါ် လည်ပါတ်ယာဉ်ဟာ စမ်းသပ်မှုတွေ ပြုလုပ်လိမ့်မယ်ဖြစ်ပါတယ်။
ရုရှားနိုင်ငံနဲ့ ရထားသောသဘောတူညီချက်အရ ရုရှားကဆင်းသက်ယာဉ် ပေးရန်ပြောဆိုသော်လဲ နောက်ပိုင်းတွင် ၎င်းရဲ့နောက်ဆုတ်မှုကြောင့် ISRO ကိုယ်တိုင် ဒီဇိုင်းလုပ်ပြီး ဆောက်လုပ်ခဲ့ရာ Chandrayaan-2 ဟာ လုံးဝအိန္ဒိယမစ်ရှင်ဖြစ်ပါတယ်။
Chandrayaan-2 တွင် အိန္ဒိယ သယ်ဆောင်မှုဝန်ချိန် (၁၃) ခု ပါဝင်ခဲ့ပြီး (၈) ခု ဂြိုလ်ပတ်ယာဉ်၊ (၃) ခု ဆင်းသက်ယာဉ်နဲ့ (၂) ခု လည်ပါတ်ယာဉ်ထဲ ပါဝင်ခဲ့ပြီး လကမ္ဘာကို လေ့လာဖို့ရည်ရွယ်ခဲ့ပါတယ်။ ဆင်းသက်ယာဉ်ထဲ NASA မှ (Laser retro-reflector) လေဆာရောင်ခြည်ပြန်လည်သယ်ဆောင်မှုလဲ ပါဝင်ခဲ့ပါတယ်။ Chandrayaan-2 ရဲ့ ဆင်းသက်မှုကို လမျက်နှာပြင်ရဲ့ တောင်ဝင်ရိုးစွန်းမှ ကီလိုမီတာ ၆၀၀ အကွာတွင် ထားရှိမှာဖြစ်ပါတယ်။ Chandrayaan-2 သည် ကမ္ဘာပတ်လမ်းကြောင်းထဲ (၂၇) ရက်နေပြီး လမျက်နှာပြင်မှာ ပါဝင်တဲ့ ဓာတ်သတ္တုနှင့် အခြားအရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကမ္ဘာမြေပြင်သို့ ပေးပို့လိမ့်မယ်ဖြစ်ပါတယ်။
စက်တင်ဘာလ ပထမအပတ်အတွင်း ဆင်းသက်ယာဉ်သည် လမျက်နှာပြင်ပေါ်၌ (၁၅) မိနစ်အတွင်း ဆင်းသက်လိမ့်မယ်ဖြစ်ရာ ISRO ဥက္ကဌ Mr K. Sivan က မစ်ရှင်ရဲ့ “အလွန်အရေးကြီးသောအချိန်” ဖြစ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အကယ်၍ Chandrayaan-2 ဟာ လကမ္ဘာပေါ် အောင်မြင်စွာဆင်းသက်နိုင်မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ လမျက်နှာပြင်ပေါ်ဆင်းသက်တဲ့ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့နောက်ပိုင်း စတုတ္ထမြောက်နိုင်ငံဖြစ်လာပါလိမ့်မယ်။ လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ပြီး လည်ပတ်ယာဉ် ဆင်းသက်ယာဉ်မှ ခွဲထွက်ပြီး (၁၄) ရက်ကာလအတွင်း လမျက်နှာပြင်ပေါ်တွင် စမ်းသပ်မှုများ ပြုလုပ်လိမ့်မယ်ဖြစ်ပြီး ဂြိုလ်ပတ်ယာဉ်သည် တနှစ်ထိ မိမိမစ်ရှင်ကို ဆောင်ရွက်လိမ့်မယ်ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တွင် Chandrayaan-1 မစ်ရှင်၊ ၂၀၁၃ ခုနှစ် အင်္ဂါဂြိုလ်ပတ်လမ်းမစ်ရှင်များ အောင်မြင်မှုနောက်ပိုင်း ယခု Chandrayaan-2 မစ်ရှင် အောင်မြင်မှုဟာ ISRO ရဲ့ အောင်မြင်မှုမှာ နောက်ထပ်မှတ်ကျောက်တခုဖြစ်ကြောင်း စသည်ဖြင့် ဆောင်းပါးရှင် Mr Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments
Post a Comment