“Trump က တခါပြန်ပြီး အံ့အားသင့်စေလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Hindu နေ့စဉ်သတင်းစာမှ ထိပ်တန်းဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “Trump က တခါပြန်ပြီး အံ့အားသင့်စေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ဟာ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi က သူတို့ Kashmir အရေးကိစ္စမှာ ဝင်ရောက်စွက်ဖက်ဘို့နဲ့ ကြားဝင်စေ့စပ်ပေးသူတဦးအဖြစ် လုပ်ကိုင်ပေးဘို့ တိုက်တွန်းခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချက်ဟာ ဇာတ်လမ်းထက်ဝက်သာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား နည်းဗျူဟာကျ ဆွေးနွေးပွဲက အိန္ဒိယနိုင်ငံအတွက် စိတ်ပါဝင်စားစွာ စောင့်ကြည့်ရမဲ့ အရာတခုဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ပြည်ထောင်စုဟာ Kashmir အရေးကိစ္စဟာ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား အပြန်အလှန်အရေးကိစ္စတခုဖြစ်ဒါကြောင့် ဝင်ရောက်စွက်ဖက်ဘို့ အခန်းကဏ္ဍတခုကို စောင့်မျှော်နေခြင်းမရှိဘူးလို့ ရှင်းလင်းဖေါ်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုသမ္မတရဲ့ မှတ်ချက်ကို တုန့်ပြန်သောအားဖြင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr.S. Jaishankar က ပြတ်သားစွာဘဲ ဝန်ကြီးချုပ် Mr Modi က အမေရိကန်သမ္မတအား ယခုလိုတောင်းပန်မှုမပြုလုပ်ခဲ့ဘူးလို့ ပြောဆိုတုန့်ပြန်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က ဒုတိယအကြိမ်ဝန်ကြီးချုပ်အဖြစ် အပြတ်အသတ်အနိုင်ယူဆက်ခံပြီးတဲ့နောက် လွန်ခဲ့တဲ့လအတွင်း ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ Osaka G-20 ထိပ်သီးညီလာခံရဲ့ ကြားကာလမှာ အမေရိကန်သမ္မတနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ Washington D.C မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲက ကြားကာလအတွင်း တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ Mr Trump နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးပွဲအတွက် များမကြာမှီ အိန္ဒိယနိုင်ငံကို လာရောက်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။
ယခုလို အဆင့်မြင့်ဆုံး တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်စလုံးတို့က များပြားလှသောအရေးပါတဲ့ အရေးကိစ္စတွေကို ဆွေးနွေးဘို့ ပြင်ဆင်နေတုံးမှာ သမ္မတ Mr Trump ထံမှ ယခုလိုတုန့်ပြန်ချက် ပေါ်ထွက်လာဒါဖြစ်ပါတယ်။
တဖက်မှာ အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံကို NATO လို မဟာမိတ်အဆင့်ပေးကမ်းဘို့ရာ July လ ပထမအပါတ်မှာ တရားဥပဒေအရ ခွင့်ပြုခဲ့ပြီး၊ တခြားတဖက်မှာ နှစ်နိုင်ငံစလုံးတို့က Afghanistan ဆိုင်ရာ ဒေသပိုင်း အရေးကိစ္စကို ဆွေးနွေးနေကြပါတယ်။ ဒါ့အပြင် အလွန်တန်ဘိုးမြင့်မားတဲ့ ကာကွယ်ရေးကန်ထရိုက်တွေလည်း ရှိနေပါတယ်။ ဒါကြောင့် အစဉ်အလာအရ ကျင့်သုံးလေ့ရှိတဲ့ သံတမန်ရေးရာရဲ့ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အကျုံးမဝင်တော့ဘူးဆိုဒါကို အချက်ပြနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ Simla သဘောတူစာချုပ်ကို လိုက်နာလျှက်ရှိပြီး ဘယ်လိုအငြင်းအခုံမျိုးကိုမဆို ပါကစ္စတန်နိုင်ငံဟာ အပြန်အလှန် ဆွေးနွေးဖြေရှင်းချက်မှတဆင့်သာ ပြုလုပ်ပြီး ဒီကိစ္စတွေမှာ ဘယ်သူကိုမျှ တတိယ ကြားဝင်စေ့စပ်ပေးသူအဖြစ် လက်ခံလိမ့်မယ်မဟုတ်ဘူးဆိုဒါကို လက်ကိုင်ထားပါတယ်။ ဒီမူဝါဒကို ပါကစ္စတန်နိုင်ငံက ၁၉၇၁ ခုနှစ် စစ်ပွဲနောက်ပိုင်း တင်သွင်းခဲ့ပြီး၊ အိန္ဒိယနိုင်ငံက စစ်နိုင်ထားတဲ့အလျောက် ပိုမိုခိုင်မာလာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ပါကစ္စတန်နိုင်ငံဟာ တတိယနိုင်ငံ ကြားဝင်စေ့စပ်ရေးကို တောင်းဆိုနေပြီး အိန္ဒိယနိုင်ငံက ပုံမှန်သံတမန်ရေးရာလုပ်ငန်းစဉ်အဖြစ် သဘောထားပြီး ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာလည်း အိန္ဒိယနိုင်ငံက လက်ရှိ နှစ်နိုင်ငံအပြန်အလှန်အရေးကိစ္စမှာ တတိယနိုင်ငံတနိုင်ငံအတွက် ကြားဝင်ဖြေရှင်းပေးဘို့ နေရာမရှိဘူးလို့ ရှင်းလင်းပြတ်သားစွာ ညွှန်ပြလိုက်ပါတယ်။
တကယ်တန်းစိတ်ဝင်စားစရာကောင်းလှဒါကတော့ ပါကစ္စတန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွေဟာ Islamabad အစိုးရကို တောင်အာရှအရေးကိစ္စနဲ့ အိန္ဒိယနိုင်ငံနဲ့ ပြန်လည်ညီတူဖြစ်စေရေးအား ထိန်းချုပ်ဘို့အတွက် အခန်းကဏ္ဍသစ် ပေးနေဒါဖြစ်ပါတယ်။ ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် အမေရိကန်အုပ်ချုပ်ရေးဟာ ပါကစ္စတန်နိုင်ငံအား Afghanistan နိုင်ငံရဲက ကြေကွဲလွယ်တဲ့အရေးကိစ္စတွေကို ထိန်းချုပ်ရေး အခန်းကဏ္ဍကို ပေးကမ်းပြီး၊ အမေရိကန်ပြည်ထောင်စုက Afghanistan နိုင်ငံမှ ဂုဏ်သိက္ခာရှိရှိနဲ့ နှစ်ပေါင်း (၂၀) ကျော်သွားပြီးဖြစ်တဲ့ စစ်ဖက်ရေးရာ စခန်းချထားမှုမှ ထွက်ခွာသွားဘို့ အစွန်းကုန် ကြိုးစားလိုက်သည့်ဟန် ဖေါ်ဆောင်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမရိုးကျမဟုတ်တဲ့ သံတမန်ရေးရာစတိုင်လ်ရှိနေပြီး၊ သူဟာ အမေရိကန်တို့နဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ ဇုံမြေတွေမှာ သူ့ရဲ့လက်စွမ်းကိုစမ်းသပ်ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးပေါ် တောင်အာရှဒေသပိုင်းရဲ့ အနုမြူအန္တရာယ်ကြီးမားတဲ့နေရာမှာ ကြားဝင်စေ့စပ်ပေးရေးကို ရှာဖွေခြင်းဟာ နိုင်ငံတကာစေ့စပ်ရေး အစီအစဉ်သစ်တွေရေးဆွဲထားပြီးဖြစ်တယ် ဆိုဒါကို အချက်ပြလျှက်ရှိပါတယ်။ အင်ဒို-အမေရိကန် ဆက်ဆံရေးရဲ့ အဆင့်နေရာကိုကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံအနေနဲ့ မိမိတို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာကို ထိခိုက်နစ်နာမှုမရှိဘဲ သတိကြီးစွာနဲ့ နည်းဗျူဟာကျစွာ လုပ်ကိုင်ဘို့ လိုအပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံခြားရေးပေါ်လစီမှာ ရင့်ကျက်မှုအရ တိုးတက်ထွန်းကားလေ့ရှိပြီး၊ ကမန်းကတန်းပြုလုပ်တဲ့ ထုတ်ပြန်ချက်တွေအပေါ် မူတည်ဒါမဟုတ်ဘူးလို့ နားလည်သဘောပေါက်သင့်ပါတယ်။ Kashmir နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ပေါ်လစီမူဝါဒဟာ အစိုးရအဖြာဖြာတို့ လက်ထက်မှာလည်း အစဉ်တည်မြဲလျှက်ရှိပြီး ဘယ်တတိယနိုင်ငံကိုမှ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ကြားဝင်စေ့စပ်ပေးခြင်းပြုလုပ်ဘို့ ခွင့်ပြုလိမ့်မယ်မဟုတ်ဘူး စသည်ဖြင့် ဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment