“မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများက တင်းမာမှုများကို တခါပြန် တိုးမြှင့်လိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နဲ့အရှေ့တောင်အာရှဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “မြောက်ကိုးရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများက တင်းမာမှုများကို တခါပြန် တိုးမြှင့်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ကိုးရီးယားကျွန်းဆွယ်မှာ ထာဝရငြိမ်းချမ်းရေးမျှော်ကိုးချက်တွေအပေါ် ထိုးနှက်ချက်နောက်တခုအဖြစ် လွန်ခဲ့တဲ့အပါတ်က မြောက်ကိုးရီးယားနိုင်ငံဟာ လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှု (၂) ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစမ်းသပ်ပစ်လွှတ်မှုတွေက မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် Mr Kim Jong-un နဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump တို့ရဲ့ ကိုးရီးယားနှစ်နိုင်ငံတို့အကြား စစ်မဲ့ဇုံ (DMZ) အဖြစ် သတ်မှတ်ထားတဲ့အရပ်မှာ တွေ့ဆုံပွဲအပြီး တလကြာကာလအတွင်း ပေါ်ပေါက်ခဲ့ဒါဖြစ်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ကျန်ရှိနေတဲ့ အရေးကိစ္စတွေအတွက် တိကျပြတ်သားတဲ့ဖြေရှင်းချက်အတွက် ဦးတည်ကြိုးပမ်းလုပ်ကိုင်ဘို့ သန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။

အဆိုပါဒုံးကျည်နှစ်ခုတို့ကို မြောက်ကိုးရီးယားနိုင်ငံအရှေ့ဘက် ကမ်းရိုးတမ်းရှိ Wonsan အရပ်မှ ပစ်လွှတ်ခဲ့ဒါဖြစ်ပါတယ်။ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားအေဂျင်စီနှစ်ခုစလုံးတို့ဟာ ဒီဒုံးကျည်တွေမှာ ကွာခြားတဲ့နည်းပညာတွေပါရှိပြီး၊ ပိုမိုလှုပ်ရှားနိုင်ကာ၊ သယ်ဆောင်ဘို့နဲ့ ဖုန်းကွယ်ထားရှိဘို့လွယ်ကူတဲ့အပြင် အရေးကြီးဆုံးအချက်ကတော့ ဒီဒုံးကျည်တွေကို ရှာဖွေတွေ့ရှိဘို့ ပိုမိုခက်ခဲတယ်ဆိုဒါကို အတည်ပြုကြဒါဘဲဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ အကျိုးသက်ရောက်မှုက အမေရိကန်ပြည်ထောင်စုထက် ကိုးရီးယားကျွန်းဆွယ်အပေါ် တိုက်ရိုက်ကျရောက်မှာက ရှင်းလင်းနေပါတယ်။

ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးတဲ့နောက် ထုတ်ပြန်ချက်တခုမှာ Mr Kim Jong-un က အဆိုပါဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုမှာ မြောက်ကိုးရီးယားနိုင်ငံရဲ့ လုံခြုံရေးအတွက် တိုက်ရိုက်နဲ့ ကြီးမားတဲ့လုံခြုံရေးခြိမ်းခြောက်မှုအတွက်မဆို တန်းတူဖြစ်စေဘို့ရာ ရည်ရွယ်တဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် Mr Kim က ယခုလိုပြုလုပ်ရခြင်းအတွက် တောင်ကိုးရီးယားနိုင်ငံမှာ တာဝန်ရှိကြောင်း ဖေါ်ပြခဲ့ပြီး ဤလှုပ်ရှားမှုက လှုပ်ရှားနိုင်တဲ့စွမ်းရည်ကို ဖေါ်ပြလိုက်တာဘဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရှေ့လမှာ တောင်ကိုးရီးယားနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်လိမ့်မယ်ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုက ရှေးနှစ်ပေါင်းများစွာကတည်းက ပြုလုပ်နေတဲ့ အလေ့အထတခုဖြစ်ပါတယ်။ မြောက်ကိုးရီးယားနိုင်ငံရဲ့ ရေရှည်အနုမြူစွမ်းရည်တည်ဆောက်မှုတွေကို နိုင်ငံတော်တည်ရှိနေရေးအတွက် စိတ်ဓာတ်တက်ကြွစေဒါဖြစ်တယ်လို့ ဖေါ်ပြနေချိန်မှာ လောလောဆယ်က စမ်းသပ်ပစ်လွှတ်မှုက လာမဲ့အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ရဲ့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်ရေးနဲ့သက်ဆိုင်နေပါတယ်။ ဒါ့အပြင် တောင်ကိုးရီးယားနိုင်ငံဟာ F-35 A အမျိုးစား လျှို့ဝှက်ပျံသန်းနိုင်တဲ့ ဂျက်လေယာဉ်အစင်း (၄၀) ဝယ်ယူခဲ့ဒါကလည်း မြောက်ကိုးရီးယားနိုင်ငံကို ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဘို့ နိုးဆော်ခဲ့ဟန်ရှိနေပါတယ်။ တောင်ကိုးရီးယားနိုင်ငံသမ္မတ Mr Moon Jae-in က ယင်းစမ်းသပ်မှုကို အပြစ်တင်ပြီး မြောက်ကိုးရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ပြုံယမ်းအစိုးရကို လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည်နည်းပညာစမ်းသပ်မှုနဲ့ ဖွံ့ဖြိုးမှုတွေအား တားမြစ်ထားတဲ့ပြဋ္ဌာန်းချက်ကို ချိုးဖေါက်ခဲ့တယ်လို့ ဖေါ်ပြလိုက်ပါတယ်။

ဒီဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်တို့ရဲ့ တုန့်ပြန်ချက်ကတော့ အားနည်းတဲ့စမ်းသပ်မှုတခုဖြစ်တယ်လို့ ဖေါ်ပြခြင်းဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ရဲ့ လွန်ခဲ့တဲ့ မေလအတွင်းက စမ်းသပ်မှုအပေါ်တုံ့ပြန်ချက်ကလည်း အားနည်းတယ်လို့ မှတ်ချက်ချခဲ့ဒါဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း Hanoi မြို့မှာကျင်းပခဲ့တဲ့ Mr Trump နဲ့ Mr Kim တို့အကြား ဆွေးနွေးပွဲက မအောင်မြင်ခဲ့ပေမဲ့ ခေါင်းဆောင်နှစ်ဦးတို့ဟာ ယခုနှစ် ဇွန်လမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးပွဲမှာလည်း ထွက်ပေါက်မတွေ့ရှိခဲ့ပါဘူး။ မြောက်ကိုးရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား အမှုဆောင်အဆင့် တွေ့ဆုံဆွေးနွေးပွဲကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေက Mr Trump ရဲ့ လုပ်ကိုင်မှု ပုံစံ ချဉ်းကပ်မှုဟာ ဆွေးနွေးပွဲမအောင်မြင်ဘို့ ဖြစ်စေခဲ့တယ်လို့ ဖေါ်ပြကြပြီး၊ မြောက်ကိုးရီးယားနိုင်ငံက ယခုတိုင် စစ်ဖက်ဆိုင်ရာစွမ်းရည်ကို အင်တိုက်အားတိုက် တည်ဆောက်နေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ တခြားအရေးပါလှတဲ့အချက်တချက်ကတော့ မြောက်ကိုးရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံနဲ့ နီးကပ်သော ဆက်ဆံရေးဘဲဖြစ်ပါတယ်။

ပီကင်းအစိုးရရဲ့ မပါဝင်ဘဲရှိနေခြင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုရှိမယ်တော့ မဟုတ်ပါဘူး။ ဒီပြဿနာအတွက် အကောင်းဆုံးဖြေရှင်းချက်တခုရရှိဘို့ရာ (၆) နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည်စတင်နိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်အချိန်မှာ တရုတ်-အမေရိကန်တို့ရဲ့ အပြန်အလှန်သဘောထားကွဲလွှဲမှုတွေက မြောက်ကိုးရီးယားနိုင်ငံကို အနုမြူစွမ်းရည်တည်ဆောက်နေမှုတို့မှ ရှောင်ရှားမှုတွေအတွက် ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုအတွက် မြောက်ကိုးရီးယားနိုင်ငံနဲ့ ဆက်နွယ်မှုတွေ ဆက်လက်ထားရှိပြီး၊ နောက်ထပ်စမ်းသပ်ပစ်လွှတ်မှုတွေ မပြုလုပ်ဘို့ သွေးဆောင်ရမှာက အလွန်အရေးကြီးလှပါတယ်။



အိန္ဒိယနိုင်ငံဟာ တည်တံ့ပြီး၊ လုံခြုံကာ၊ တင်းမာမှုကင်းတဲ့ ကိုးရိးယားကျွန်းဆွယ်အတွက် ဆုတောင်းလျှက်ရှိပါတယ်။ သက်ဆိုင်တဲ့တာဝန်ရှိနိုင်ငံအားလုံးတို့က အဆိုပါပန်းတိုင်ရောက်ရှိရေးအတွက် ရှေ့ရှုလုပ်ကိုင်သင့်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”