“နိုင်ငံတကာ တရားမျှတမှုတရားရုံး၌ အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာအောင်ပွဲ”


သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ် Mr Asoke Kumar Mukerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတကာ တရားမျှတမှုတရားရုံး၌ အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာအောင်ပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လအတွင်း အိန္ဒိယနိုင်ငံသားတဦးဖြစ်တဲ့ Kulbhushan Sudhir Jadhav ကို ပါကစ္စတန်နိုင်ငံက အကြမ်းဖက်ဝါဒနဲ့ သူလျှိုလုပ်မှုနဲ့ စွတ်စွဲပြီး ဖမ်းဆီးသွားခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၇ ခု ဧပြီလမှာ ပါကစ္စတန် စစ်တရားရုံးက Jadhav ကို သေဒါဏ်ပေးလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မေလမှာ အိန္ဒိယနိုင်ငံက The Hague မြို့မှာရှိတဲ့ နိုင်ငံတကာတရားမျှတရေး တရားရုံး ICJ မှာ ပါကစ္စတန်နိုင်ငံကိုဆန့်ကျင်ပြီး ပါကစ္စတန်နိုင်ငံက Vienna စာချုပ်ပါ ၁၉၆၃ ခုနှစ်ဆိုင်ရာ ကောင်စစ်ဝန်ဆိုင်ရာ ဆက်ဆံမှုတွေနဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖေါက်ခဲ့မှုနဲ့ အမှုဖွင့်တိုင်တန်းခဲ့ပတယ်။ အဆိုပါပြဋ္ဌာန်းချက်ရဲ့ စာပိုဒ်အမှတ် (၃၆) မှာ အထူးသဖြင့် ပါကစ္စတန်နိုင်ငံအနေနဲ့ နှောင့်နှေးခြင်းမပြုဘဲ အိန္ဒိယနိုင်ငံအား Kulbhushan Jadhav ကို ဖမ်းဆီးထားမှုကို အကြောင်းကြားရမဲ့အပြင် Jadhav ကိုလည်း သူ့ရဲ့ရပိုင်ခွင့်တွေကို အသိပေးပြီး၊ အိန္ဒိယကောင်စစ်ဝန်အရာရှိတွေအား Kulbhushan Jadhav နဲ့ တွေ့ဆုံခွင့်ပေးရမယ်လို့ ဖေါ်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံက ICJ တရားရုံးမှာ အိန္ဒိယနိုင်ငံရဲ့တောင်းဆိုချက်တွေကို အမျိုးမျိုးအဖြာဖြာသော တရားဥပဒေရေးရာငြင်းခုံမှုတွေကိုအသုံးပြုပြီး ပယ်ချခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့မှာ နိုင်ငံတကာ တရားမျှမှု တရားရုံး ICJ က ၎င်းရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး “တရားရုံးက-အိန္ဒိယနိုင်ငံသား Mr Kulbhushan Sudhir Jadhav ကို ဖမ်းဆီးပြီး၊ တရားစွဲမှုနဲ့ပါတ်သက်ကာ၊ ပါကစ္စတန် အစ္စလာမစ်သမ္မတနိုင်ငံက ကောင်စစ်ဝန်ဆိုင်ရာ ဆက်ဆံရေးများနဲ့သက်ဆိုင်တဲ့ Vienna ပြဋ္ဌာန်းချက်ပါ စာပိုဒ်အမှတ် (၃၆) ကို ချိုးဖောက်ခဲ့တယ်” လို့ ဖေါ်ပြလိုက်ပါတယ်။

ICJ ဆုံးဖြတ်ချက်ရဲ့ ဗဟိုအချက်အချာအဖြစ် ပါကစ္စတန်နိုင်ငံက ယခု Vienna ပြဋ္ဌာန်းချက်ကို ချိုးဖောက်မှုအတွက် ပုဒ်မ (၆) ပါ ပြန်လည်ပြင်ဆင်ရေးနည်းလမ်းတွေကို ဖေါ်ပြခဲ့ပါတယ်။ တရားရုံးက ပါကစ္စတန်နိုင်ငံရဲ့ Kulbhushan Jadhav ရဲ့ ရပိုင်ခွင့်တွေနဲ့ ကောင်စစ်ဝန်ရေးရာ ရပိုင်ခွင့်ကိုတားဆီးမှုတွေဟာ နိုင်ငံတကာအရ လွှဲမှားစွာဆက်လက်ကျင့်သုံးနေတဲ့ အပြုအမူတခုဖြစ်တယ်လို့ဖေါ်ပြပြီး၊ ပါကစ္စတန်နိုင်ငံကို အဆိုပါအချက်အလက်နှစ်ခုစလုံးကို ဖြည့်ဆည်းပေးဘို့ ညွှန်ကြားလိုက်ပါတယ်။ နောက်ပြီး ICJ က ဒီအမှုမှာ သင့်တော်တဲ့ပြင်ဆင်ချက်ကတော့ Pakistan နိုင်ငံအနေနဲ့ Mr Jadhav အပေါ် စွတ်စွဲထားတဲ့အမှုနဲ့ ချမှတ်ခဲ့တဲ့အပြစ်ဒါဏ်ကို ထိရောက်စွာ ပြန်လည်သုံးသပ်ပြီး၊ ခြွင်းချက်မရှိ အရေးယူဆောင်ရွက်ရမယ်ဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။ ဒီအမိန့်မှာ ပါကစ္စတန်နိုင်ငံက တရားမျှတမှုအတွက် လိုအပ်ဒါက သင့်တော်တဲ့တရားဥပဒေရေးရာ အချက်အလက်တွေကို တင်ပြနိုင်လိမ့်မယ်ဖြစ်ပါတယ်။ အဲဒီအချိန် ICJ တရားရုံးက သေဒါဏ်ပေးမှုကို ဆက်လက်ဆိုင်းငံ့ထားရမယ်ဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။

ဝန်ကြီးချုပ် Mr Narendra Modi ဟာ ဆုံးဖြတ်ချက်ချမှတ်ပြီးတဲ့နောက် “အမှန်တရားနဲ့ တရားမျှတမှုတွေပေါ်လွင်လာပါတယ်။ အကြောင်းအချက်တွေရဲ့ အခြေခံကို အသေအချာလေ့လာစီစစ်ပြီး အမိန့်ချမှတ်ခဲ့ခြင်းအတွက် ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်ုပ်အနေနဲ့ Kulbhushan Jadhav က တရားမျှတမှုကို ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ရဲ့အစိုးရက အစဉ်အမြဲ အိန္ဒိယနိုင်ငံသားတိုင်းရဲ့ ဘေးကင်းရေးနဲ့ ပြုစုစောင့်ရှောက်ရေးအတွက် လုပ်ကိုင်သွားလိမ့်မယ်ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အကြောင်းကိစ္စအမျိုးမျိုးတို့အတွက် ထူးကဲမှုတခုဖြစ်ပါတယ်။ အဆိုပါအမိန့်ဟာ “သက်ဆိုင်သူတွေနဲ့ သက်ဆိုင်ရာအမှုတခုကို ရိုသေလေးစားမှု” အား ICJ အဖွဲ့အစည်းရဲ့စာပိုဒ်အမှတ် (၅၉) အရ နှောင်းဖွဲ့ထားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ တည်မြဲတဲ့ယုံကြည်ချက်နဲ့ တရားဥပဒေကို အသုံးပြုပြီး၊ မိမိတို့ရဲ့နိုင်ငံသားတွေအတွက် တရားမျှတမှုရရှိစေခြင်းအပြင် နိုင်ငံတို့အကြား အငြင်းအခုံတွေအား အေးချမ်းသောနည်းလမ်းနဲ့ ဖြေရှင်းခြင်းတို့ကို ရှေ့ရှုလုပ်ကိုင်စေခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်အား အကောင်အထည်ဖေါ်ခြင်းက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ မူဝါဒကို တီခေါက်စမ်းသပ်မှုတခုဖြစ်ပြီး၊ တရားဥပဒေရဲ့ စည်းမျဉ်းတွေအပါအဝင် လက်ရှိနိုင်ငံပေါင်းစုံပါဝင်တဲ့ စံနစ်ကို တွေ့ရှိလိုက်တာဘဲဖြစ်ပါတယ်။

ပိုမိုကြီးမားတဲ့လုပ်ငန်းဘောင်အတွင်းမှာ ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ အိန္ဒိယနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်ကတည်းက ကုလသမဂ္ဂပဋိညာဉ်စာချုပ် စာပိုဒ်အမှတ် ၁၃.၁ အား ခိုင်မြဲအောင် ပြုလုပ်လေ့ရှိတဲ့ မှတ်သားလမ်းကြောင်းကို သင်္ကေတတခုအဖြစ် အတည်ပြုလိုက်ဒါဘဲဖြစ်ပါတယ်။ အဆိုပါစာပိုဒ်က “နိုင်ငံတကာ တရားဥပဒေနဲ့ ၎င်းရဲ့တရားဥပဒေအားလုံးကို စုပေါင်းဖေါ်ပြခြင်းရဲ့ တိုးတက်တဲ့ ဖွံ့ဖြိုးမှုအဖြစ် ဖေါ်ပြထားပါတယ် ကောင်စစ်ဝန်ဆိုင်ရာ ဆက်ဆံရေးတွေနဲ့ပါတ်သက်တဲ့ Vienna ပြဋ္ဌာန်းချက်က ဒီအမှုမှာ ထင်ရှားစွာဘဲ ကိုက်ညီလျှက်ရှိနေပါတယ်” စသည်ဖြင့် ဆောင်းပါးရှင် သံအမတ်ကြီး Mr Ashoke Kumar Mukherji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”