“အိန္ဒိယနိုင်ငံ ဒေါ်လာ(၅) Trillion စီးပွားရေးလမ်းကြောင်းပေါ် ရှိနေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံတော်ပြည်သူ့ဘဏ္ဍာရေးနဲ့ပေါ်လစီဌာနမှ ပါမောက္ခ Dr. Lekha S. Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံ ဒေါ်လာ(၅) Trillion စီးပွားရေးလမ်းကြောင်းပေါ် ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
၂၀၁၉ ခုနှစ် ဘတ်ဂျက်ငွေစာရင်းမှာ ဘဏ္ဍာရေးဝန်ကြီး Mrs Nirmala Sitharaman က ၂၀၂၄ ခုနှစ်အရောက် ဒေါ်လာ (၅) Trillion စီးပွားရေးကို ရယူနိုင်ဘို့အတွက် လမ်းပြမြေပုံအပေါ် အာရုံပြုခဲ့ပါတယ်။ သူမဟာ “Vision for the decade” ခေါ် ၁၀ နှစ်မျှသောကာလအတွက် ရှုမြင်ချက်ကို ကြေငြာခဲ့ရာ ပေါ်လစီနည်းလမ်းအများအပြားတို့ကို ဖေါ်ပြခဲ့ပြီး၊ ယင်းကြေငြာချက်က ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးကြီးထွားမှုအပေါ် ရှင်းလင်းတဲ့အာရုံပြုမှုတခုဖြစ်ပါတယ်။
ပေါ်လစီနည်းလမ်းတွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးရာအခြေခံလိုအပ်ချက် အဆောက်အအုံတွေကို အားဖြည့်တောင့်တင်းစေခြင်း၊ digital အခြေခံလိုအပ်ချက်အဆောက်အုံမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ ထည့်ဝင်မှုကို တိုးမြှင့်စေခြင်း၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအတွက် အဟာရဓါတ်နဲ့ ကောင်းမွန်တဲ့ကျန်းမာရေး၊ ရေထိန်းချုပ်ရေး၊ ပင်လယ်ရေကြောင်းစီးပွားရေးအပေါ် အာရုံစိုက်မှု၊ အာကာသအစီအအစဉ်ကို အားဖြည့်ပေးခြင်း၊ ကောက်ပဲသီးနှံနဲ့ ပဲမျိုးစုံစိုက်ပျိုးရေးမှာ ဖူလုံမှုရှိစေခြင်း “Make in India” စီမံကိန်းကို တိုးချဲ့လုပ်ကိုင်ခြင်း “Ayushman Bharat” ခေါ် ကျန်းမာသန်စွမ်းသော အိန္ဒိယနိုင်ငံ စီမံကိန်းအား “minimum government ၊ maximum governance” ဆိုတဲ့ဆောင်ပုဒ်ကို အလေးအနက်ပြုပြီး တောင့်တင်းခိုင်မာစေခြင်းတို့ ပါဝင်ပါတယ်။ ဝန်ကြီးချုပ် Mr Narendra Modi က အိန္ဒိယနိုင်ငံသားတိုင်းဟာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ပါတ်သက်ကြသူတွေဖြစ်ကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။
သို့သော် သက္ကရာဇ် ၂၀၂၄ ခုနှစ်အရောက် ဒေါ်လာ (၅) Trillion သို့ ရောက်ရှိရေးအတွက် မူဝါဒဆိုင်ရာ ပြန်လည်ပြင်ဆင်ရေးကို ရှင်းလင်းစွာ ရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲဒီနေရာမှာ ဝန်ကြီးချုပ်ရဲ့ စီးပွားရေးအကြံပေးကောင်စီဝင်တဦးဖြစ်တဲ့ Mr Rathin Roy သတိပေးထားသလို အိန္ဒိယနိုင်ငံမှာ အလတ်တန်းစား ဝင်ငွေထောင်ချောက်သို့ ပိုမိုမြင့်မားတဲ့ကြီးထွားမှုလမ်းကြောင်းအား လွှဲချော်သွားနိုင်တဲ့ အလားအလာတွေ ရှိနိုင်ပါတယ်။
Modi 2.0 (အို) အစိုးရရဲ့ အာရုံစိုက်မှုဟာ ကြီးထွားရေးအတွက် ရင်းနှီးမြှပ်နှံမှုကို မက်လုံးပေးရေးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ဘဏ္ဍာရေးခိုင်ခံ့စေခြင်းနဲ့ပတ်သက်ပြီး သတိထားဘို့လိုအပ်ပါတယ်။ ဒီအချက်ဟာ စီးပွားရေးမှာ စုစုပေါင်း ငွေပမာဏတည်ဆောက်မှုကို နစ်နာစေဒါမျိုး မဖြစ်သင့်ပါဘူး။ စီးပွားရေးကြီးထွားမှုအတွက် အခွန်များမှတဆင့် ငွေကြေးခိုင်မာစေဒါက ပြည်သူတို့အတွက် ကုန်ကျငွေအပေါ် ချုပ်ချယ်ခြင်းထက် ပိုမိုကောင်းမွန်ပါတယ်။
အခွန်ချမှတ်ခြင်းဟာ စီးပွားရေးကြီးထွားမှုအတွက် အင်အားကြီးမားတဲ့ ပေါ်လစီဖြစ်ပါတယ်။ အခွန်ချမှတ်ရေးနယ်ပယ်မှာ ကုမ္ပဏီများအပေါ် အခွန်ကို စနစ်တကျပြင်ဆင်မှုက အလွန်ထင်ရှားတဲ့ရှေ့သို့ခြေတလှမ်းဖြစ်ပါတယ်။ ကုမ္ပဏီများအပေါ် အခွန်ကို နှစ်စဉ်ဝင်ငွေရှုပီးငွေ ကုဋေပေါင်း (၄၀၀) ထက်လျော့နည်းတဲ့ ကုမ္ပဏီတွေအားလုံးအတွက် ၂၅% သို့ လျော့ချလိုက်ပါတယ်။ အမြတ်တော်ခွန်ပေးဆောင်ဖို့အတွက် ဝင်ငွေအသေးစိတ်ကိုဖေါ်ပြတဲ့ လျှောက်လွှာပုံစံကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပြီး၊ GST မှ အခွန်မြင့်မားလာဘို့ အလေးအနက်ပြုလုပ်ရမယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနယ်ပယ်မှ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဘို့အတွက် ပေါ်လစီမူဝါဒတွေ ချမှတ်ဘို့ လိုအပ်ပါတယ်။ ယနေ့ခေတ်ကာလမှာတောင် အိန္ဒိယနိုင်ငံမှ ကောက်ပဲသီးနှံတွေဟာ မိုးရေကို ပေးသွင်းပေါက်ပွားစေဒါဖြစ်ပြီး၊ မုတ်သုန်ရာသီရဲ့ ဖေါက်ပြန်မှုက ကောက်ပဲသီးနှံထွက်ပေါ်မှုကို နစ်နာပျက်ပြားသွားစေမှာမို့ တောင်သူလယ်သမားတွေကို အဆုံးမရှိတဲ့ အကြွေးအမှီနဲ့ နေထိုင်ဘို့ ဦးတည်သွားစေမယ်ဖြစ်ပါတယ်။ ဒီအချက်က စိုက်ပျိုးရေးနယ်ပယ်အတွက် အရေးတကြီး ငွေကြေးပမာဏတိုးမြှင့်ဘို့ ဖန်တီးနေပါတယ်။ ဘဏ္ဍာရေးဝန်ကြီးက ကျွမ်းကျင်သူများကော်မတီကို လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်က နယ်ပယ်အလိုက် ဘတ်ဂျက်ငွေသတ်မှတ်ချက်အား ခန့်မှန်းဘို့အတွက် တည်ထောင်လိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ယခုပေါ်လစီကြေငြာချက်က ဒုတိယအကြိမ် Modi အစိုးရရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Leave No one Behind” ကို အားသစ်လောင်းပေးလိုက်ပါတယ်။
“Last mile connectivity” ဆိုတဲ့ဆောင်ပုဒ်ဟာ အစိုးရရဲ့ စီမံကိန်းတွေကို ဆင်းရဲနွမ်းပါးသူ မိသားစုတွေအထိရောက်ရှိရေးအတွက် အလွန်အရေးကြီးပါတယ်။ UJJWALA စီမံကိန်းဟာ စွမ်းအင်နယ်ပယ်မှာ Modi အစိုးရရဲ့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်ပါတယ်။ The UDAY စီမံကိန်းဟာ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးတဲ့ DISCOMs ရဲ့ ဘဏ္ဍာရေးနဲ့ လည်ပါတ်ရေးကို ရည်စူးထားတဲ့ စီမံကိန်းဖြစ်ပြီး ၁၀၀% မိသားစုတိုင်း ဓာတ်အားရရှိရေးကို လုပ်ကိုင်နေပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အဆိုပါပေါ်လစီတွေ အကောင်အထည်ဖေါ်ကြတဲ့အဆင့်မှ အတားအဆီးတွေကို ရှာဖွေရမယ်ဖြစ်ပါတယ်။ အဲဒီလိုမပြုလုပ်ဘူးဆိုရင် အခြေခံအဆောက်အအုံမှာ ချို့ယွင်းချက်တွေ ပေါ်ပေါက်ပြီး လူနေမှုအရည်အသွေးကို ထိခိုက်နစ်နာစေနိုင်ပါတယ်။
အိန္ဒိယစီးပွားရေးသို့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမှု (FDI) ကတဆင့် နိုင်ငံခြားငွေရရှိအောင် ပြုလုပ်ဒါက မြို့ပြလေကြောင်းအပါအဝင် ထင်ရှားတဲ့နယ်ပယ်တွေ ကြီးထွားဘို့ အထောက်အကူပြုပါလိမ့်မယ်။
ကုန်သွယ်ရေးနယ်ပယ်အတွက် ဘတ်ဂျက်ငွေကြေငြာချက်မှာ အကောက်အခွန်တိုးမြှင့်ထားဒါကို ဖေါ်ပြထားပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲအခြေအနေကို ဆန့်ကျင်ပြီး အိန္ဒိယနိုင်ငံက ကုန်သွယ်ရေးပေါ်လစီကို တရားဥပဒေနဲ့အညီ ရေးဆွဲချမှတ်ဘို့ လိုပါတယ်။
ယခုအခါမှာ အိန္ဒိယနိုင်ငံဟာ ဒေါ်လာပေါင်း ၂.၈၇ ထရီလီယံ စီးပွားရေးနိုင်ငံဖြစ်ပါတယ်။ အကယ်၍ကာ သာမန်အချိန်ကာလမှာ ကြီးထွားမှုနှုန်းကို နှစ်စဉ် ၁၀% ရရှိအောင် ပြုလုပ်နိုင်မှသာ ၂၀၂၄ ခုနှစ်အရောက် ဒေါ်လာ ၅ ထရီလီယံ စီးပွားရေးနိုင်ငံဖြစ်လာနိုင်ပါတယ်။ နယ်ပယ်အဆင့် အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ ငွေပမာဏသတ်မှတ်ခြင်းတို့ကို ပြည်နယ်နဲ့ ဒေသခံအဆင့်တွေပြုလုပ်မှသာ ဒေါ်လာ (၅) ထရီလီယံ စီးပွားရေးကို ရောက်ရှိနိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment