“ပါကစ္စတန်နိုင်ငံက Hafiz Saeed ကို တခါပြန် အာမခံနှင့်လွှတ်ပေးလိုက်ခြင်း”


သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA တောင်အာရှဗဟိုဌာနမှ ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားထားတဲ့ “ပါကစ္စတန်နိုင်ငံက Hafiz Saeed ကို တခါပြန် အာမခံနှင့်လွှတ်ပေးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Lahore မြို့မှာရှိတဲ့ ပါကစ္စတန်အကြမ်းဖက်ဝါဒဆန့်ကျင်ရေး တရားရုံး (ATC) ဟာ ပိတ်ပင်ထားတဲ့ Jamaat-ud-Daawa (JuD) ပါတီဥက္ကဌ Hafiz Muhammad Saeed နဲ့ တခြားသုံးဦးတို့ကို အဖမ်းမခံရမှီ ကြိုတင်အာမခံနဲ့ လွှတ်ပေးလိုက်တဲ့သတင်းတွေက အာရုံပြုဘို့ဖြစ်လာပါတယ်။ သို့သော် သတင်းများအရ ပါကစ္စတန်အာဏာပိုင်တွေက Saeed ကိုဖမ်းဆီးပြီး၊ ထိန်းသိမ်းခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီသတင်းက အံ့ဩစရာတော့မဟုတ်ပါဘူး။ ယခုအမှုက JuD ပါတီရဲ့ နယ်မြေတွေကို တရားမဝင် ဘာသာရေးသင်ကျောင်းဖွင့်လှစ်ထားခြင်းနဲ့ အကြမ်းဖက်ဝါဒအတွက် ငွေကြေးထောက်ပံ့မှုဖြစ်ပါတယ်။

စောစောပိုင်းကအဆိုပါ ယာယီအာမခံကို Saeed ၊ သူ့ရဲ့ညီ Hafiz Masood နဲ့ Lashkar-e-Taiba (LeT) အုပ်စုကို ပူးတွဲတည်ထောင်ခဲ့ကြတဲ့ Ameer Hamza နဲ့ Malik Zafar တို့အတွက် လာမဲ့ဩဂုတ်လ (၃၁) ရက်နေ့အထိ ပါကစ္စတန်ရူပီးငေါ ၅၀,၀၀၀ စီ စာချုပ်နဲ့ ပေးထားဒါဖြစ်ပါတယ်။ Hamza နဲ့ Zafar နှစ်ဦးစလုံးကို JuD အုပ်စုအတွက် ရံပုံငွေထောက်ခံမှုအတွက် တာဝန်ရှိသူတွေဖြစ်ကြပါတယ်။ အတည်မပြုသေးတဲ့သတင်းတွေအရ လွန်ခဲ့တဲ့တနှစ်ကျော် ၂၀၁၈ ခုနှစ် မတ်လအတွင်း Hamza က LeT မှ ခွဲထွက်သွားခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် Jaish-e-Marqafa ကို တည်ထောင်ခဲ့တယ်လို့ သိရှိရပါတယ်။

ပါကစ္စတန်သတင်းမီဒီယာက နိုင်ငံတော်လုံခြုံရေးကော်မတီ NSC ရဲ့ ညွှန်ကြားချက်နဲ့အညီ JuD နဲ့ သူ့ရဲ့ ကုသိုလ်ပြုဌာန Falah-i-Insaniyet (FiF) အပေါ် ပိတ်ပင်ထားမှုကို အသေးစိတ် စုံစမ်းစစ်ဆေးပြီးတဲ့နောက် အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးဌာန (CTD) က JuD ဟာ ငွေကြေးထောက်ပံ့မှုနဲ့ ရုံးတင်တရားစွဲဘို့ စိတ်ဝင်စားမှုနည်းပါးနေဒါကို ဖေါ်ပြနေတဲ့အပြင် ဒီအမှုမှာ နိုင်ငံအတွင်းက CTD နဲ့ ATC တရားရုံးတို့အကြား အကြမ်းဖက်ဝါဒကို ကိုင်တွယ်ရာမှာ သဘောထားခြင်းကွဲလွှဲနေဒါကို ထင်ရှားစေပါတယ်။ အစိုးရက အဲဒီအဖွဲ့အစည်းတွေကို သိမ်းယူလိုက်ပြီးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ပါကစ္စတန်အစိုးရက ယခုလိုအရေးယူမှုကို ပထမအကြိမ်ပြုလုပ်ဒါမဟုတ်ပါဘူး။ Hafiz Saeed ကို စောစောပိုင်းက အကျယ်ချုပ်နဲ့ (၁၀) လကြာထားရှိပြီးနောက် လွန်ခဲ့တဲ့ ၂၀၁၇ ခု နိုဝင်ဘာလမှာ Lahore တရားရုံးက လွှတ်ပေးလိုက်ပါတယ်။ Saeed ကအစိုးရအေဂျင်စီတွေဟာ သူ့နဲ့ သူ့အဖွဲ့အစည်းအပေး အနည်းဆုံးနှစ်နာမှုကိုသာဖြစ်ပေါ်စေမှာကို ကောင်းစွာ သိရှိထားပါတယ်။

အမှန်စင်စစ်ဆိုရရင် ယခုလိုပြုလုပ်ရဒါက လွန်ခဲ့တဲ့လက အမေရိကန်ပြည်ထောင်စု Orlando မြို့မှာကျင်းပခဲ့တဲ့ ပြန်လည်သုံးသပ်ရေး အစည်းအဝေးပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားကြောင်သာဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အရေးယူရေးတာဝန်ခံအဖွဲ့ FATF က ၎င်းရဲ့သုံးသပ်ချက်မှာ သင်္ကာမကင်းဖြစ်သူများစာရင်း Grey List မှာ ပါရှိနေတဲ့ ပါကစ္စတန်နိုင်ငံက နောက်ဆုံးသတ်မှတ်ချိန် ဇန်နဝါရီလကို ကျော်လွန်ပြီး မေလမှာ ကုန်ဆုံးတဲ့အချိန်အထိ အရေးယူဆောင်ရွက်ရေးဆိုင်ရာ အချက်အလက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည်မဖေါ်သေးကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် ဒီအဖွဲ့ကြီးက အရေးယူဆောင်ရွက်ရေးစီမံကိန်းကို လာမဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမတိုင်မှီ ပြီးပြတ်အောင် ပြုလုပ်ဘို့ တိုက်တွန်းထားပြီး၊ အကယ်၍ ပျက်ကွက်ပါက FATF က နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ်လိမ့်မယ်လိုပ သတိပေးလိုက်ပါတယ်။ ဒါကြောင့် ပါကစ္စတန်နိုင်ငံမှာ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှုကို အရေးယူဆောင်ရွက်တဲ့ရလဒ်တွေကို သရုပ်ဖေါ်ရမယ်ဖြစ်ပြီး၊ ရှေ့နေတွေနဲ့ တရားဥပဒေဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အထောက်အကူနဲ့ မိမိတို့ရဲ့ စွမ်းရည်ကို တိုးမြှင့်ဘို့ လိုအပ်လာပါလိမ့်မယ်။



FATF ရဲ့ဖိအားအပြင် ယခုလှုပ်ရှားမှုဟာ ဝန်ကြီးချုပ် Mr Imran Khan ရဲ့ ယခုအပါတ်ကုန်မှာ သွားရောက်ဘို့ရှိတဲ့ အမေရိကန်ပြည်ထောင်စုသို့ ခရီးစဉ်မတိုင်မှီ ပေါ်ပေါက်ခဲ့ဒါမို့ ပါကစ္စတန်နိုင်ငံဟာ သူတို့မြေပေါ်လှုပ်ရှားနေကြတဲ့ အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်ကြောင့်ကြမှုကို အာရုံပြုဘို့ အသင့်ရှိနေခြင်းအား အချက်ပြလိမ့်မယ်ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အတွင်းကျကျနဲပ LeT လို့ အကြမ်းဖက်အုပ်စုတွေအကြား ဆက်နွယ်မှုဟာ အလွန်တောင့်တင်းခိုင်မာပြီး ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမား Hafiz Saeed လို ပုဂ္ဂိုလ်တွေကို အပြီးအပြတ်အရေးယူဘို့ရာ အလွန်ခက်ခဲ့ပါလိမ့်မယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”