“England အသင်းက ၂၀၁၉ ခုနှစ် ICC ခရစ်ကက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အားကစားရေးရာဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Rahul Banerji ဝေဖန်ရေးသားပေးပို့ထားတဲ့ “England အသင်းက ၂၀၁၉ ခုနှစ် ICC ခရစ်ကက်ကမ္ဘာ့ဖလားဆွတ်ခူးသွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိမ်ရှင်နဲ့ ရေပန်းစားခဲ့တဲ့ England အသင်းဟာ ၂၀၁၉ ခုနှစ် ICC ခရစ်ကက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဘို့အတွက် အချိန်ကာလ (၄၄) နှစ်မျှ စောင့်မျှော်ကြိုးပမ်းခဲ့ပြီး၊ New Zealand အသင်းကို အသံထိပ်ရင်ဖို့ကောင်းလှတဲ့ တနင်္ဂနွေနေ့ညက Lords ခရစ်ကက်ကစားကွင်းကြီမာ ကျင်းပခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ Super Over ခေါ် အဆုံးဖြတ်ပေး Over မှာ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးခရစ်ကက်သမား Ben Stokes ရဲ့ အနိုင်မခံ၊ အရှုံးမပေး ကြိုးပမ်းကစားမှုနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။
သာမန်ကစားရမယ့် Over (၅၀) စီမှာ နှစ်သင်းစလုံးက ပြေးမှတ် (၂၄၁) မှတ်စီနဲ့ သရေကျနေပါတယ်။ နောက်ဆုံး ဆုံးဖြတ်ပေးမဲ့ ဘော်လုံးပစ် Over မှာ Ben Stokes နဲ့ Jos Buttler တို့က New Zealand အသင်းအတွက် အနိုင်ယူဘို့ ပြေးမှတ် (၁၆) မှတ် သတ်မှတ်ခဲ့ကြပါတယ်။ တုန့်ပြန်သောအားဖြင့် New Zealand အသင်းဟာ Jimmy Neesham နဲ့ Martin Guptill တို့ရဲ့လက်စွမ်းကြောင့် ပြေးမှတ် (၁၅) မှတ် ရိုက်ယူကာ တခါပြန် သရေကျခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ မိမိတို့ရဲ့ ဘက်ရိုက်ကစားအလှည့်မှာ ကွင်းပြင်သို့ ဘော်လုံးရိုက်မှု Boundaries အရေအတွက်ပေါ်အခြေခံပြီး၊ အိမ်ရှင် England အသင်းကို ချန်ပီယံအဖြစ် ကြေငြာခဲ့ရပါတယ်။ သာမန်ပွဲကစားရတဲ့ Over (50) မှာ England အသင်းက boundary ပေါင်း (၂၂) ခု ရိုက်ယူနိုင်ခဲ့ပြီး၊ New Zealand အသင်းက (၁၄) ကြိမ်သာ ဘော်လုံးကို ကွင်းပြင်သို့ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အနိုင်ရရှိတဲ့အသင်းအတွက် ကမ္ဘာ့ဖလားမှာ ပထမအကြိမ်ပါဝင်ကစားတဲ့ bowler ခေါ် ဘော်လုံးပစ်သမား Jofra Archer က ဘော်လုံး (၆) လုံးကို ထိန်းသိမ်ပစ်ပြီး၊ New Zealand ဘက်ရိုက်သမားတွေကို စွန့်စားမှုများစွာ ပြုလုပ်ဘို့ ဖန်တီးခဲ့ပါတယ်။ ဒီဗိုလ်လုပွဲကြီးဟာ အချိန် (၇) ပါတ်မျှ ကြာခဲ့ပြီး၊ နောက်ဆုံး ချန်ပီယံရွေးချယ်ဘို့အတွက် ပွဲပေါင်း (၄၈) ပွဲ ကစားခဲ့ရပါတယ်။ နောက်ဆုံးမှာ England အသင်းက ၁၉၇၉ ၊ ၁၉၈၇ ခုနဲ့ ၁၉၉၂ ခုတို့မှာ နောက်ဆုံးဗိုလ်လုပွဲမှာ အရေးနိမ့်ပြီး ဒုတိယနဲ့သာ နှစ်သိမ့်ခဲ့ရတဲ့အစဉ်အလာကို ဖြတ်ကျော်လိုက်ပါတယ်။ New Zealand အသင်းအတွက်ကတော့ အဲဒီဗိုလ်လုပွဲဟာ အသဲကွဲစရာဖြစ်ခဲ့ပြီး၊ သူတို့ဟာ Australia အသင်းရဲ့ (၈) ကြိမ်တိုင်တိုင် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ စံချိန်နဲ့ ထပ်တူဖြစ်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ တောင့်တင်းပြီး ရေပန်းစားတဲ့ အသင်းတသင်းဖြစ်တဲ့ အိန္ဒိယအသင်းကို အနိုင်ကစားခဲ့ပါတယ်။
New Zealand အသင်းအတွက် Opener ခေါ် ပွဲဦးဘက်ရိုက်ကစားသမား Henry Nichols ရဲ့ ပြေးမှတ် (၅၅) နဲ့ Wicketkeeper ခေါ် ဘော်လုံးဖမ်းသမား Tom Latham ရဲ့ ပြေးမှတ် (၄၇) မှတ်က အဓိကဖြစ်ခဲ့သလို England အသင်းအတွက် ဘော်လုံးပစ်သမား Chris Woakes နဲ့ Liam Plunket တို့က ကစားသမား (၃) ဦးစီကို ထွက်သွားစေခဲ့ဒါက အရေးပါလှခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းလှဒါကတော့ ဒီပြိုင်ပွဲမှာ စုစုပေါင်းပြေးမှတ် (၆၄၈) မှတ်နဲ့ အများဆုံး ရိုက်ယူခဲ့တဲ့ ထိပ်ဆုံးက အိန္ဒိယနိုင်ငံမှ Rohit Sharma နဲ့ ဒုတိယအများဆုံးပြေးမှတ် (၆၄၇) မှတ် ရိုက်ယူခဲ့တဲ့ Australia အသင်းက David Warner တို့ဟာ ကမ္ဘာ့စံချိန်ရှင် Sachin Tendulkar ရဲ့ ပြေးမှတ် (၆၇၃) ကို ချိုးအောင် မကစားနိုင်ကြဘဲ ဆီမီးဖိုင်နယ်တွေမှာ လွယ်လွယ်နဲ့ထွက်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ Rohit Sharma ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတခုလုံးမှာ အမှတ် (၁၀၀) ကျော် အများဆုံး ရိုက်ယူနိုင်တဲ့ စံချိန်တင်ခဲ့ပါတယ်။
Bowler ခေါ်ဘော်လုံးပစ်သမားတွေထဲမှာ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလားတခုတည်းမှာ Australia နိုင်ငံက Mitchell Starc က မိမိနိုင်ငံကဘဲ Glenn McGrath ရဲ့ Wickets (၂၈) ခု စံချိန်ကို Wicket တခုအသာ (၂၉) ခုနဲ့ချိုးပြီး အကောင်းဆုံး ဘော်လုံးပစ်သမားဖြစ်လာပါတယ်။ ကမ္ဘာ့ချန်ပီယံဟောင်းတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ Australia နှစ်သင်းစလုံးတို့ဟာ ဆီးမီးဖိုင်နယ်မှာ ရှုံးနိမ့်သွားခဲ့ကြပါတယ်။ အမှတ်ပေးပါတ်လည်ပွဲတွေမှာဘဲ အရေးနိမ့်သွားခဲ့တဲ့အသင်း (၆) သင်းမှာ ပါကစ္စတန်နိုင်ငံအသင်းက အကောင်းဆုံးဖြစ်ခဲ့ပေမဲ့ Afghanistan နိုင်ငံအသင်းကိုလည်း လူကြိုက်များခဲ့ပါတယ်။ နာမည်ကျော်ကြားတဲ့ West Indies နဲ့ တောင်အာဖရိကအသင်းတို့ကလည်း ဆီမီးဖိုင်နယ်မတက်နိုင် ဖြစ်ခဲ့ကြပါတယ်။
အားလုံးကို ခြုံကြည့်မယ်ဆိုရင် အကောင်းဆုံး (၄) သင်းတို့ဟာ ဆီမီးဖိုင်နယ်တက်ခဲ့ကြပြီး၊ အဲဒီထဲက အနိုင်ရတဲ့နှစ်သင်းဟာ ရွှေရောင်တောက်ပတဲ့ ကမ္ဘာ့ဖလားကို Lords ကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြဒါကို သတိရမယ်ဖြစ်ပါတယ်။ သာယာလှတဲ့ England နိုင်ငံရဲ့ ညနေခင်းမှာ Cricket အားကစား ဖွားမြင်ရာမြေပေါ်မှာ အိမ်ရှင်အသင်းက ထိုက်တန်စွာ အောင်ပွဲဆင်ခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rahul Banerji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment