“အိန္ဒိယနိုင်ငံက မိုဇမ်ဘစ်နိုင်ငံနဲ့ ဆက်ဆံရေးများကို ခိုင်မြဲအောင်ပြုလုပ်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက မိုဇမ်ဘစ်နိုင်ငံနဲ့ ဆက်ဆံရေးများကို ခိုင်မြဲအောင်ပြုလုပ်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနိုင်ငံက စီးပွားရေး ရင်းနှီးမျြပ်နှံမှု အတော်အတန်ရှိတဲ့ မိုဇမ်ဘစ်နိုင်ငံနဲ့ အပြန်အလှန်ဆက်ဆံရေးတွေအား တောင့်တင်းခိုင်မာစေဘို့အတွက် နှစ်နိုင်ငံတို့ဟာ များမကြာမှီက ကုန်ဆုံးခဲ့တဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Mr Rajnath Singh ရဲ့ ဒီအာဖရိကနိုင်ငံသို့ (၃) ရက်ကြာခရီးစဉ်မှာ White Shipping ရေကြောင်းသယ်ယူပို့ဆောင်ရေးနဲ့ Hydrography နယ်ပယ်တို့မှာအရေးပါလှတဲ့ MoU နားလည်မှုစာချွန်လွှာနှစ်ခုကို လက်မှတ်ရေးထိုးခြင်းဖြင့် ထင်ရှားတဲ့ခြေတလှမ်းကို လှမ်းခဲ့ကြပါတယ်။
မိုဇမ်ဘစ်ကာကွယ်ရေးဝန်ကြီး Mr Atanasio Mtumuke နဲ့ နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့အခါ Mr Singh က အိန္ဒိယနိုင်ငံဟာ မိုဇမ်ဘစ်နိုင်ငံအား အာဖရိကတိုက်မှာ အရေးကြီးဆုံးမိတ်ဆွေနဲ့ ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံတနိုင်ငံအဖြစ် ယူဆကြောင်း ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ များသောအားဖြင့် မိုဇမ်ဘစ်နိုင်ငံရဲ့ စွမ်းအင်နဲ့ကျောက်မီးသွေးနယ်ပယ်တို့မှာ အမေရိကန်ဒေါ်လာပေါင်း (၇) ဘီလီယံ ရင်းနှီးမြှပ်နှံဒါက လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း အာဖရိကတိုက်အတွင်း အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုရဲ့ ၂၅% ဖြစ်ဒါကို ညွှန်ပြနေပါတယ်။ အိန္ဒိယနိုင်ငံဟာ မိုဇမ်ဘစ်နိုင်ငံအတွက် အကြီးမားဆုံးတင်ပို့ရောင်းချရာ ဒေသဖြစ်ပြီး ဒီနိုင်ငံရဲ့ တင်ပို့ရောင်းချမှု ၃၅% ရှိနေပါတယ်။
ထူးခြားမှုတခုဖြစ်စေဒါကတော့ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးတဦးရဲ့ မိုဇမ်ဘစ်နိုင်ငံသို့ ပထမဦးဆုံးသော အလည်အပတ်ခရီးစဉ်နဲ့ရောက်ရှိသွားခဲ့တဲ့ Mr Singh ဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးတွေမှာ နောက်ထပ်အရှိန်ရရှိစေဘို့ရာ တည်ရှိနေတဲ့ အိန္ဒိယ-မိုဇမ်ဘစ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးတွဲလုပ်ကိုင်ရေးစွမ်းရည်မှာ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ဘို့ရှိတယ်လို့ ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဟာ သမရိုးကျမဟုတ်တဲ့ခြိမ်းခြောက်မှုတွေဖြစ်ကြတဲ့ မှောင်ခိုမှု၊ အကြမ်းဖက်ဝါဒ၊ ပင်လယ်ဓါပြ၊ တိရိစ္ဆာန်များဖမ်းဆီးခြင်းတို့ကို တားဆီးဘို့အတွက် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုတခုလုံးအတွက် ဆက်သွယ်ရေးပစ္စည်းကိရိယာတွေနဲ့ ထောက်ပံ့ကူညီပြီး၊ အတူတကွလက်တွဲလုပ်ကိုင်ခြင်းရဲ့ အရေးပါပုံကို မီးမောင်းထိုးဖေါ်ပြခဲ့ပါတယ်။ စောစောပိုင်းက မိုဇမ်ဘစ်ကာကွယ်ရေးဝန်ကြီးဟာ ပြည်တွင်းလုံခြုံရေးအခြေအနေတွေကို ရှင်းလင်းဖေါ်ပြခဲ့ပါတယ်။
Mr Singh ဟာ Maputo မြို့မှာ မိုဇမ်ဘစ်နိုင်ငံဝန်ကြီးချုပ် Mr Carlos Agostinho do Rosario နဲ့တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံတို့အကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အားသစ်လောင်းပေးရေးနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာခဲ့ပါတယ်။ အဲဒီအာဖရိကနိုင်ငံ ကြီးထွားလာနေတဲ့အကြမ်းဖက်ဝါဒနဲ့ အရင်းအမြစ်မှ အယူစွဲလမ်းရေးဝါဒအန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းရန် အိန္ဒိယနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တောင်းခံခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ အိန္ဒိယသမုဒ္ဒရာဒေသပိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ခြင်းမှာ ပူးတွဲလုပ်ကိုင်ရန် နည်းလမ်းတွေကို စူးစမ်းလေ့လာခဲ့ကြပါတယ်။
ရင်းနှီးမြှပ်နှံမှုအပြင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးကလည်း လွန်ခဲ့တဲ့နှစ်တွေမှာ တိုးမြှင့်လာခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တို့အကြား အပြန်အလှန်ကုန်သွယ်ရေးဟာ (၅) ဆ တိုးများလာခဲ့ပြီး အမေရိကန်ဒေါ်လာပေါင်း ၂.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှ မိုဇမ်ဘစ်နိုင်ငံကိုတင်ပို့တဲ့ အဓိကပစ္စည်းတွေက အပြီးအပြတ်ထုတ်လုပ်ပြီးဖြစ်တဲ့ ရေနံထွက်ပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေဖြစ်ပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှတင်သွင်းယူတဲ့ အဓိကပစ္စည်းတွေကတော့ ကျောက်မီးသွေးနဲ့ သီဟိုသီးတွေဖြစ်ကြပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ အိန္ဒိယလူမျိုး သွေးသားချင်းဆက်နွယ်တဲ့ မိုဇမ်ဘစ်နိုင်ငံသားပေါင်း (၂၀,၀၀၀) ခန့်ရှိကြပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဖေါ်ပြခဲ့သလို အိန္ဒိယနိုင်ငံဟာ မိုဇမ်ဘစ်နိုင်ငံနဲ့ အလွန်နီးကပ်ပြီး နွေးထွေးကာ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံမှုတွေကို အင်အားကြီးမားတဲ့ ဖွံ့ဖြိုးရေးဖက်စပ်လုပ်ကိုင်မှုနဲ့ အလွန်ကြီးမားတဲ့ အဝေးရောက်အိန္ဒိယအမျိုးအနွယ်တွေရှိနေခြင်းတို့ဖြင့် ခိုင်မာတောင့်တင်းလျှက်ရှိနေပါတယ်။
ဒီနှစ်နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်လာခြင်းက လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ အဲဒီ အာဖရိကနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်နဲ့ သွားရောက်ခဲ့ပြီးတဲ့နောက်ပိုင်း တိုးတက်ခဲ့ဒါကို သတိရကြမယ်ဖြစ်ပါတယ်။ အရင်းအမြစ်ကြွယ်ဝတဲ့ အာဖရိကအရပ်ဒေသတွေဆီသို့ အဆင့်မြင့်အလည်အပါတ်ခရီးစဉ်တွေ တိုးများလာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် တတိယအကြိမ်မြောက် အိန္ဒိယ-အာဖရိက ထိပ်သီးညီလာခံကတည်းက တိုးတက်ခဲ့ဒါဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယနိုင်ငံမှ အာဖရိကနိုင်ငံများသို့ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးချုပ်နဲ့ တခြားထိပ်တန်းဝန်ကြီးများအဆင့် အလည်အပါတ်ခရီးစဉ်ပေါင်း (၂၉) ခု ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း သမ္မတ Mr Ram Nath Kovind ဟာ အနောက်အာဖရိကသုံးနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်နဲ့ သွားရောက်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Vinit Wahi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment