“အိန္ဒိယစီးပွားရေးက မြင့်မားသောကြီးထွားမှုကိုပေးဆောင်ရန် ဟန်ပြင်နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားပေးပို့ထာတးဲ့ “အိန္ဒိယစီးပွားရေးက မြင့်မားသောကြီးထွားမှုကိုပေးဆောင်ရန် ဟန်ပြင်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) က ၎င်းရဲ့ နောက်ဆုံးပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ “The World Economic Outlook” လေ့လာသုံးသပ်ချက်မှတ်တမ်းမှာ အိန္ဒိယနိုင်ငံရဲ့ GDP ကြီးထွားနှုန်းကို လက်ရှိဘဏ္ဍာရေးနှစ်အတွက် ၇% နဲ့ နောက်လာမဲ့ ဘဏ္ဍာရေးနှစ်အတွက် ၇.၂% ရှိလိမ့်မယ်လို့ ခန့်မှန်းဖေါ်ပြထားပါတယ်။ IMF ရဲ့ ကြိုတင်ခန့်မှန်းချက်ဟာ ၂၀၁၉ ခုနှစ်ဆိုင်ရာ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းကို မထုတ်ပြန်မှီ အစိုးရရဲ့ စီးပွားရေးဆိုင်ရာ လေ့လာတိုင်းတာမှု အစီအရင်ခံချက်မှာပါရှိတဲ့ ပရိုဂျက်တွေကို မှန်ကန်ကြောင်း အသိအမှတ်ပြု ဖေါ်ပြလိုက်တာဘဲဖြစ်ပါတယ်။ ဗဟိုအစိုးရဘတ်ဂျက်ငွေစာရင်းဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးက ဆက်လက်ပြီး အရှိန်အဟုန်မြင့်လားစွာနဲ့ ကြီးထွားလာမှာကို ဖေါ်ပြနေပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF ဟာ ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ ကိုယ်ကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးဝါဒနဲ့ အဓိကစီးပွားရေးမှာ နှေးကွေးမှုတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ကြီးထွားမှုနှုန်းကို ၇.၃% မှ ၇% သို့ လျော့ချလိုက်ပေမဲ့ ယခုကြီးထွားမှုခန့်မှန်းချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ကြီးထွားလာနေတဲ့ စီးပွားရေးမှာ စစ်မှန်တဲ့အောင်မြင်မှုတခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်ကျော်ကာလမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကြီးထွားမှုက ၇.၅% ခန့်ရှိခဲ့ပြီး ကမ္ဘာပေါ် အလျင်အမြန်ဆုံး ကြီးထွားလာနေတဲ့ စီးပွားရေးနိုင်ငံတနိုင်ငံဖြစ်ခဲ့ပါတယ်။ ဝယ်ယူရေးစွမ်းအားကိုကြည့်မယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဂျာမဏီနိုင်ငံပြီးရင် တတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ရောင်းဝယ်ဖေါက်ကားမှုလွယ်ကူဘို့အတွက်နဲ့ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု စွဲဆောင်နိုင်ဘို့ရာ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတွေကိုတောင် အရှိန်မြင့်တင်လုပ်ကိုင်ဘို့ ခိုင်မာစွာ သန္နိဋ္ဌာန်ပြုထားပါတယ်။ သက္ကရာဇ် ၂၀၁၈-၂၀၁၉ ခုနှစ်များမှာ နိုင်ငံခြားမှတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာပေါင်း ၆၄ ဘီလီယံအထိရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ထက် ၆% ပိုမိုကြီးထွားလာခဲ့ပါတယ်။ ရင်းနှီးမြှပ်နှံမှုတွေကို နှစ်စဉ် အမေရိကန်ဒေါ်လာပေါင်း ၃၀၀ ဘီလီယံအထိ ရောက်ရှိစေရေး ရည်မှန်းချက်နဲ့အစိုးရက မြို့ပြလေကြောင်းနဲ့ အာမခံစတဲ့နယ်ပယ်တွေမှာ တိုက်ရိုက်ရင်းနှီးမှုမြှပ်နှံမှုအတွက် လမ်းဖွင့်ပေးဘို့ စီမံထားပြီး၊ ဈေးကွက်တွေကို ပိုမိုနက်ရှိုင်းစေကာ ရေရှည်ကုမ္ပဏီများစာချုပ်တွေအား စွဲဆောင်နိုင်ဘို့အတွက် ကြိုးပမ်းနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ သက္ကရာဇ် ၂၀၂၄ ခုနှစ်အရောက် အမေရိကန်ဒေါ်လာပေါင်း (၅) ထရီလီယံ စီးပွားရေးနိုင်ငံအဖြစ် ဖန်တီးရေးရည်မှန်းချက်ကို ဖြည့်ဆည်းပေးရန် အစွမ်းကုန်ကြိုးပမ်းလျှက်ရှိနေပါတယ်။ ယခုအချိန်အထိ အိန္ဒိယစီးပွားရေးဟာ ဒေါ်လာပေါင်း ၂.၈၇ ထရီလီယံနီးပါးရှိနေပြီး ဖြစ်ပါတယ်။ ဒီပမာဏကို နှစ်ဆတိုးမြှင့်ဘို့ရာ ကြီးထွားမှုနှုန်း ၈% ရရှိဘို့လိုအပ်ပါတယ်။ Make in India အစီအစဉ်ကို အားသစ်လောင်းပေးရေးအတွက် အစိုးရက ကမ္ဘာတဝှမ်းလုံးမှ ကုမ္ပဏီတွေကို ပွင့်လင်းမြင်သာမှုရှိတဲ့ တင်ဒါစနစ်မှတဆင့် အလွန်ကြီးမားတဲ့ Mega ကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေကို “Sunrise” နဲ့ ခေတ်မှီတိုးတက်တဲ့ နယ်ပယ်တွေမှာ တည်ထောင်ဘို့ စီမံကိန်းတွေ ဖွင့်လှစ်ကာ၊ အဲဒီကုမ္ပဏီတွေကို ရင်းနှီးမြှပ်နှံမှုနဲ့ဆက်နွယ်တဲ့ အခွန် သက်သာမှုတွေ ပေးကမ်းဘို့ စီစဉ်နေပါတယ်။
မြင့်မားတဲ့ ကြီးထွားမှုနှုန်းကို ထိန်းသိမ်းနေချိန်မှာ အိန္ဒိယနိုင်ငံဟာ ဖေါင်းပွမှုနှုန်းကို ၄% အတွင်း ထိန်းချုပ်ထားပြီး၊ ထိန်းသိမ်းနိုင်တဲ့ လက်ရှိလိုငွေကို GDP အချိုးနဲ့ ကိုက်ညီစေလျှက်ရှိပါတယ်။ IMF ရဲ့ခန့်မှန်းချက်က ချီးကျူးထိုက်ပေမဲ့ အိန္ဒိယနိုင်ငံဟာ ဒီအချက်အပေါ် အထင်ကြီး၊ နှစ်သိမ့်နေမယ်မဟုတ်ပါဘူး။ ထင်ရှားတဲ့အချက်ကတော့ အိန္ဒိယနိုင်ငံရဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အဂျင်ဒါမှာ အလျင်အမြန်ဆောင်ရွက်ဘို့ ခံယူထားဒါဘဲဖြစ်ပါတယ်။ ဥပဒေစည်းမျဉ်းတွေကို သက်သာချောင်ချိစေခြင်းနဲ့ ငွေကြေးဆိုင်ရာ ခိုင်ခံ့စေဘို့ ထပ်လောင်းပြုလုပ်ခြင်းတို့ဟာ ဘဏ်လုပ်ငန်းနဲ့ အလုပ်သမားရေးရာနယ်ပယ်တွေအပြင် အစိုးရအကြွေးအမှီတွေ လျော့နည်းစေရေးတို့ကို စီးပွားရေးမှာ ဖြစ်ပေါ်စေပြီး အိန္ဒိယနိုင်ငံဟာ များမကြာမှီ ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှုနဲ့ ဆန်းသစ်တီထွင်မှုအတွက် အဓိကလှုပ်ရှားတဲ့နိုင်ငံဖြစ်လာဘို့ အသေအချာဖြစ်စေလျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံတင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment