“LPG ဓါတ်ငွေ့ အပြုံလိုက်မှာယူတင်သွင်းရေးဆိုင်ရာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် MoU နားလည်မှုစာချွန်လွှာ”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Statesman နေ့စဉ်သတင်းစာမှ အထူးကိုယ်စားလှယ်ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “LPG ဓါတ်ငွေ့ အပြုံလိုက်မှာယူတင်သွင်းရေးဆိုင်ရာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် MoU နားလည်မှုစာချွန်လွှာ” အကြောင်း သတင်းဆောင်းပါးကိုး ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
မကြားသေးမှီလေးက အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Sheikh Hasina တို့အကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရည်အဖြစ်ဖန်တီးထားသောရေနံဓါတ်ငွေ့ LPG အများအပြား အပြုံလိုက် မှာယူတင်သွင်းရေးအတွက် MoU နားလည်မှုစာချွန်လွှာတခု လက်မှတ်ရေးထိုးခဲ့ကြခြင်းဟာ အိမ်နီးချင်းနှစ်နိုင်ငံတို့အကြား အပြန်အလှန်ဆက်ဆံမှုတွေကို ထပ်လောင်းခိုင်မာစွဲမြဲစေရေးမှာ အရေးပါတဲ့ မှတ်ကျောက်တခုဖြစ်ပါတယ်။
အိန္ဒိယအစိုးရရဲ့ အရှေ့မြောက်ပိုင်း Tripura ပြည်နယ်အတွက် ထူးကဲလှတဲ့ စိန်ခေါ်မှုဖြစ်တဲ့ LPG ဓါတ်ငွေ့တွေ ချောမောစွာ ဖြန့်ဖြူးနိုင်ရန် အဓိကအာရုံပြုခြင်းအားဖြင့် Bangladesh နိုင်ငံနဲ့ နားလည်မှုတခု ရရှိနိုင်စေခဲ့ဒါဟာ ရိုသေလေးစားမှုနဲ့ တဦးတယောက်ရဲ့ အခက်အခဲတွေကို နားလည်သဘောပေါက်ပြီး၊ ထိရောက်စွာ အရေးယူဆောင်ရွက်ရေးအတွက် နည်းလမ်းတွေ ရှာဖွေမှုနဲ့ပတ်သက်ပြီး အကျယ်တဝန့် ဖေါ်ပြလျှက်ရှိပါတယ်။ ယခုကိစ္စမှာ အိန္ဒိယနိုင်ငံရဲက နယ်စပ်ပြည်နယ်တခုအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ LPG ဓါတ်ငွေ့တွေ အပြုံလိုက် မှာယူတင်သွင်းခြင်းဟာ တနှစ်ပါတ်လုံး LPG ဓါတ်ငွေ့ဖြန့်ဖြူးမှုကို အသေအချာဖြစ်စေရုံသာမက သယ်ယူပို့ဆောင်ရေးကုန်ကျငွေနဲ့ အချိန်ကိုလည်း လျော့နည်းသက်သာစေလိမ့်မယ်ဖြစ်ပါတယ်။
လက်ရှိအချိန်ကာလမှာ Tripura ပြည်နယ်ဟာ LPG ဖြန့်ဖြူးရေးကို Meghalaya ပြည်နယ်မှတဆင့် Guwahati မြို့သို့မဟုတ် (၂၈၇) ကီလိုမီတာခန့်ဝေးကွာတဲ့ Silchar အရပ်မှရရှိနေပါတယ်။ Guwahati မြို့မှနေ LPG ဓါတ်ငွေ့တင်ဆောင်တဲ့ မော်တော်ယာဉ်တွေဟာ ကီလိုမီတာ (၆၀၀) ကျော်ရှိတဲ့ တောလမ်းတွေကို ဖြတ်ကျော်သယ်ယူလာရဒါက အလွန်ရှည်လျားပြီး၊ တောင်ထူထပ်ပြီး၊ မြေပြိုမှုလွယ်ကူတဲ့လမ်းတွေကို ဖြတ်ကျော်ရပါတယ်။ မိုးရာသီမှာဆိုရင် ယခုလိုအရေးပါလှတဲ့ LPG ဓါတ်ငွေ့ဖြန့်ဖြူးရေးဟာ ရက်ပေါင်းများစွာ အနှောင့်အရှက်တွေနဲ့ ကြုံတွေ့ရစမြဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက LPG ဓါတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသိအမှတ်ပြုထားတဲ့ ပုဂ္ဂလိကပိုင်၊ ဖြန့်ဖြူးသူတို့ထံမှ ထရပ်ကားတွေနဲ့ တင်သွင်းယူမှုတွေကို အနီးကပ်ဆုံး ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရဲ့ Mongla ဆိပ်ကမ်းမှ Indian Oil Corporation သို့မဟုတ် အိန္ဒိယရေနံကော်ပိုရေးရှင်းရဲ့ Tripura အနောက်ပိုင်း ပုလင်းများထဲထည့်သွင်းရေးစက်ရုံသို့ ပိုပပေးခြင်းဟာ ခရီးစဉ်ကို အကြီးအကျယ် ဖြတ်တောက်ပြီ ကီလိုမီတာ (၁၂၀) ခန့်သာ ရှိစေလိမ့်မယ်ဖြစ်ပါတယ်။
မကြာခဏဆိုသလိုဘဲ စိန်ခေါ်မှုတွေရှိလာသည့်တိုင် Mr Modi နဲ့ Ms Hasina တို့ဟာ နီးကပ်ပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေတဲ့ ဆက်ဆံမှုတွေရဲ့ အရေးကြီးပုံကို အလေးထားလျှက်ရှိကြပါတယ်။
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ သဘောတူစာချုပ်ဟာ လိုအပ်တဲ့လောင်စာတွေ ရှားပါးနေတဲ့ အရပ်ဒေသသို့ မှီခိုအားထားရတဲ့ ဓါတ်ငွေ့နဲ့လောင်စာဖြန့်ဖြူးမှုတွေကို မှီခိုအားထားစေလိမ့်မယ်ဖြစ်ပါတယ်။
LPG ဓါတ်ငွေ့တင်ပို့ရောင်းချခြင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အလုပ်နေရာဖန်တီးခြင်းနဲ့ ဝင်ငွေတိုးများလာစေခြင်းတို့အပြင် နှစ်နိုင်ငံအတွင်း သက်သာချောင်ချိစွာနေထိုင်ရေးကိုလည်း ပေးဆောင်လိမ့်မယ်လို့ ဝန်ကြီးချုပ် Mr Modi ဟာ Sheikh Hasina နဲ့အတူ တိုတောင်းသော အမှာစကားပြောကြားစဉ် မှတ်ချက်ချဖေါ်ပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ LPG ဓါတ်ငွေ့တင်ပို့ရေးနဲ့ တခြားမရှိမဖြစ်ကုန်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသပိုင်းသို့ ပို့ဆောင်ရေးအတွက် ရှေ့သို့ချီခဲ့ပါတယ်။
အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓါတ်ကို ဆက်လက်ထိန်းသိမ်းလျှက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းအရပ်ဒေသတွေနဲ့ ရထားလမ်းဆက်သွယ်ရေးကို Akhaura မြို့မှတဆင့် ပြန်လည်တည်ဆောက်သွားလိမ့်မယ်ဖြစ်ပါတယ်။ Feni မြစ်ပေါ် တံတားတခုဆောက်လုပ်ပြီးတဲ့အခါ ကုန်းလမ်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပြီး၊ အပြန်အလှန်ကြီးထွားမှုနဲ့ စီးပွားတိုးတက်ရေးအတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ပေးလိမ့်မယ်ဖြစ်ပါတယ်။
ဘူမိဗေဒပညာရှင်တွေအဆိုအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရေကြောင်းသွားလာရေးဆိုင်ရာ စီးပွားရေးဇုံဟာ အာရှ-ပစိဖိတ်ဒေသပိုင်းမှာ အကြီးမားဆုံးရေနံနဲ့ ဓါတ်ငွေ့သိုက်တွေရှိနေတယ်လို့ ဖေါ်ပြကြပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လိုအပ်တဲ့ အခငွေသက်သာစွာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ ပေးကမ်းကူညီပြီး၊ အဓိကဖက်စပ်လုပ်ကိုင်သူဖြစ်လာယုံမက ကမ္ဘာလုံးဆိုင်ရာ အဓိက Hydrocarbon ထုတ်လုပ်သူအဖြစ် ပေါ်ထွန်းလာနိုင်ပါတယ်။
ရည်မှန်းချက်မှာ LNG ဓါတ်ငွေ့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် ပိုက်လိုင်းနဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေဆီသို့ မှာယူတင်သွင်းရေးဘဲဖြစ်ပါတယ်။ မကြာသေးမှီသောကာလမှာ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ (၁၀) စုနှစ်ကစပြီး အလျင်အမြန်ဆုံး စွမ်းအင်သုံးစွဲနှုန်းရှိတဲ့နိုင်ငံဖြစ်လာနေပါတယ်။ ဒီလိုဖွံ့ဖြိုးမှုတွေက နှစ်နိုင်ငံစလုံးတို့ကို အတိတ်နိမိတ်ကောင်းတွေ ဖေါ်ပြနေပြီး သူတို့ရဲ့နှစ်ဦးနှစ်ဖက် မျှော်လင့်ချက်တွေနဲ့ စိတ်အားထက်သန်မှုတွေအား အကောင်းဆုံးအကောင်အထည်ဖေါ်ဘို့ စိတ်ဝင်စားစေလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment