အိန္ဒိယ-တရုတ်တို့သည် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးရာ ဆွေးနွေးရေးယန္တယား ဖွဲ့စည်းသွားရန်ရှိ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ တရုတ်နိုင်ငံရေါ်ရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Rajdeep Pakanati ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-တရုတ်တို့သည် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေးရာ ဆွေးနွေးရေးယန္တယား ဖွဲ့စည်းသွားရန်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

Mamallapuram မြို့မှာ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် သမ္မတ Mr. Xi Jinping တို့အကြား အလွတ်သဘော ညီလာခံအတွင်း သိသာထင်ရှားတဲ့ဆုံးဖြတ်ချက်ကတော့ အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွဝ်ရေးရာ ဆွေးနွေးရေး ယန္တယားတစ်ခု ဖွဲ့စည်းထူထောင်သွားဖို့ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ နယ်စပ်ဒေသရေးရာတွေ အာရုံပြုဖိုပအတွက် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်တွေနှင့် အလားသဏ္ဍာန် တူပါတယ်။ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman နှင့် တရုတ်နိုင်ငံ ဒု-ဝန်ကြီးချုပ် Hu Chun Hua တို့က ဒီအဖွဲ့အစည်းကို ပူးတွဲ နာယကပြုသွားမှာ ဖြစ်ပါတယ်။

အလွတ်သဘော ဆွေးနွေးပွဲဟာ အမြင့်ဆုံး ခေါင်းဆောင်ပိုင်းအဆင့်မှာ အပြန်အလှန် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ရည်စူးထားတာဖြစ်ပြီး ယန္တယားအဖွဲ့ ဖွဲ့စည်းမှုကတော့ ပီကင်းအစိုးရရဲ့ နှစ်သက်မှုနှင့် ကုန်သွယ်ရေး အလိုပြမှု ဒေါ်လာ ၅၀ ဘီလျံကျော် ရှိနေမှုနှင့်အတူ အရေးကြီးနေတဲ့ ပြဿနာတစ်ရပ်ကို ဖြေရှင်းသွားကြဖို့ ၂ ဖက်စလုံးက ဆုံးဖြတ်လိုက်ကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအဖွဲ့အစည်းနှင့်ပတ်သက်ပြီး ပိုမိုအသေးစိတ် အချက်အလက် မထုတ်ပြန်သေးပေမယ့် အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်းကဏ္ဍဟာ တိုးတက်ထွန်းကားသွားဖို့ အခွင့်အလမ်း ရှိမရှိအပေါ် မေးခွန်း ပေါ်ပေါက်လျှက်ရှိပါတယ်။

ဒီလို ၂ နိုင်ငံအဖွဲ့အစည်း ဘာကြောင့်ထူထောင်ရတယ်ဆိုတဲ့ ဖြစ်နိုင်ဖွယ်အကြောင်းအရင်းကတော့ WTO ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းလို နိုင်ငံအများအပြားပါဝင်တဲ့ အဖွဲ့အစည်းမျိုးတွေဟာ ဒီလို ပြဿနာတွေမျိုးကို မဖြေရှင်းနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယခုအခါ WTO အဖွဲ့အစည်းရဲ့ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှာ တရားသူကြီး ၃ ဦးသာ ရှိတော့ပြီး ဒါဟာ စနစ် လည်ပတ်ဖို့ အနိမ့်ဆုံးအဆင့် ဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ထပ် တရားသူကြီး ၂ ဦးတို့က အငြိမ်းစားယူဖို့ရှိနေတာကြောင့် ရပ်ဆိုင်းသွားဖို့ အလားအလာတောင် ရှိပါတယ်။

အိန္ဒိယ-တရုတ် ကုန်သွယ်ရေးရာ ပြဿနာကိစ္စရပ်တွေနှင့်ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပါလီမန်ရေးရာ အမြဲတမ်း ကော်မတီအဖွဲ့ကတင်သွင်းခဲ့တဲ့ အစီရင်ခံစာ ၁ စောင်မှာ ကုန်သွယ်ရေး အလိုပြမှုဟာ ဒေါ်လာပေါင်း ၅၆ ဘီလျံကျော် ရှိနေမှုနှင့်အတူ အိန္ဒိယနိုင်ငံကို ထိခိုက်စေပြီး အိန္ဒိယ ကုန်စည်နှင့် ဝန်ဆောင်မှုတွေကလည်း တရုတ်နိုင်ငံမှ စည်းကျပ်ခွန်မဟုတ်တဲ့ အဟန့်အတားတွေနှင့် ကြုံတွေ့နေရတယ်လို့ လေ့လာသိရှိရကြောင်း ဖော်ပြထားပါတယ်။ ဒီအပြင် ကုန်စည်တွေ စုပြုံနေတာနှင့် တရုတ်နိုင်ငံဘက်မှာ ရင်းနှီးမြှုပ်နှံရေး ဆုံးဖြတ်ချက်ပုံစံမရှိတာတွေက ယခုလိုကုန်သွယ်ရေးရာ ဆက်ဆံရေးတွေကို ပြဿနာ ဖြစ်စေလျှက်ရှိပါတယ်။ ကုန်သွယ်ရေးရာ ဆက်ဆံရေးတွေအတွက် ရှုထောင့်သစ်ဟာ အိန္ဒိယနိုင်ငံအတွင်း Huawei ကုမ္ပဏီရဲ့ 5G ဝန်ဆောင်မှုတွေ ထုတ်ဖော်လိုက်တာကြောင့်ပေါ်ပေါက်လာတဲ့ လုံခြုံရေးရာ အရေးပါမှုတွေကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ နယူးဒေလီမြို့၊ တရုတ်နိုင်ငံ လေ့လာရေးဌာနက ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဒီဂျစ်တယ် ပိုးလမ်းမဆိုင်ရာ လတ်တလော ညီလာခံတစ်ခုမှ အချက်အလက်တွေမှာ Huawei နှင့် ZTE ကုမ္ပဏီတို့ဟာ ကြေးနန်းဆက်သွယ်ရေး ကဏ္ဍမှာ ဈေးကွက်ရှယ်ယာ ၄၂% ရှိထားကြပြီး တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ် ကုမ္ပဏီတွေကလည်း အိန္ဒိယနိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်တွေမှာ ရှယ်ယာ ၆၆% ရှိထားကြတယ်လို့ ပြသလျှက်ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံမှ စီးပွားရေး အရှင်းရင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးပမာဏ ဒေါ်လာ ၁၀ ဘီလျံကျော်တို့နှင့် ဆက်စပ်လျှက်ရှိပါတယ်။

ယန္တယားအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာ ချမှတ်ဖော်ထုတ်တော့မယ်ဆိုရင် လတ်တလော ဆွေးနွေးညှိနှိုင်းနေတဲ့ ဒေသဆိုင်ရာ ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP ရဲ့ လုပ်ပိုင်ခွင့်တွေနှင့် ဘယ်လောက် ကိုက်ညီမှုရှိတယ်ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေနှင့် ပြည့်နက်လာမှု၊ အီလက်ထရောနစ်နည်းဖြင့် ကူးသန်းရောင်းဝယ်ဖို့အတွက် နည်းပညာနှင့် အချက်အလက် ဒေသန္တရပြုဖို့ လိုအပ်ချက် နည်းပညာလွှဲပြောင်းမှုမရှိဘဲ ရင်းနှီးမြှုပ်နှံမှု စတာတွေနှင့် စိုးရိမ်နေရပါတယ်။ တရုတ်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ သတင်းပြန်ကြားရေး နည်းပညာလောကမှာ ဩဇာညောင်းမှု ရှိထားပြီးဖြစ်ပါတယ်။

ဂျပန်နိုင်ငံနှင့်အတူ လတ်တလော အတွေ့အကြုံတွေဟာ များများစားစား အကျိုးအမြတ်ထွက်မှု မရှိတာပြသနေတာကြောင့် ယန္တယားအဖွဲ့ဆိုင်ရာ စည်းမျဉ်းဥပဒေ သဘောသဘာဝပိုင်းအပေါ် မေးခွန်းထုတ်စရာတွေ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ၊ စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် ရောင်းအားမြှင့်တင်ရေးဌာန DIPP၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနနှင့် အိန္ဒိယအစိုးရတို့ဟာ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်တွေ အကျိုးရလဒ် ပိုမိုကောင်းမွန်ပြီး လွယ်ကူမြန်ဆန်စေဖို့ ‘Japan Plus’ ခေါ် အထူးစီမံခန့်ခွဲရေး အဖွဲ့ ၁ ဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက တိုးတက်မှုအဆင့် နှေးကွေးလာခဲ့ပါတယ်။ လျာထားတဲ့ Chennai-Bengaluru စက်မှုစင်္ကြံလမ်းမဟာ ဖွံ့ဖြိုးလုပ်ဆောင်အဆင့် အဆင့်မှာ ရှိနေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် ၉ ခုတို့အတွင်း ဂျပန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းမြို့တော် စီမံကိန်း ၁၂ ခုတို့မှာ တိုးတက်မှုအချို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အင်ဒို-ဂျပန် အတွေ့အကြုံအရ ချို့ယွင်းချက်တွေလို ကာကွယ်တားဆီးနိုင်ဖို့ တင်ပြထားတဲ့ ယန္တယားအဖွဲ့ကို ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းဟာ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံနှင့်ရှိနေတဲ့ စိုးရိမ်ချက်တွေနှင့် အလားတူ ဖြစ်ရပ်တွေကို အာရုံပြုသွားမှာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လက်ရှိပြဿနာတွေကို အာရုံပြုဖို့ ရည်စူးသွားမလား ဒါမှမဟုတ် စီးပွားရေးရာ စေ့စပ်လုပ်ဆောင်ရေး နယ်ပယ်ကဏ္ဍသစ်တွေ ရှာဖွေသွားမလားဆိုတာကတော့ ဆောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Rajdeep Pakanati ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”