“အိန္ဒိယ-အမေရိကန် မဟာဗျူဟာရေးရာဆွေးနွေးပွဲဖြင့် စီးပွားရေးအမြင်ကို အတည်ပြုခြင်း”
သောတရှင်များရှင့်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The New Indian Express သတင်းစာမှ အထူးသတင်းထောက် Mr Manish Anand ဝေဖန်ရေးသားထားတဲ့ “အိန္ဒိယ-အမေရိကန် မဟာဗျူဟာရေးရာဆွေးနွေးပွဲဖြင့် စီးပွားရေးအမြင်ကို အတည်ပြုခြင်း” ဆိုသောခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယ-အမေရိကန်မဟာဗျူဟာ- ဒုတိယဆွေးနွေးပွဲဖြင့် (၂) နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ လာမည့် (၅) နှစ်ကာလအတွင်း အိန္ဒိယနိုင်ငံကို ဒေါ်လာငွေ (၅) ထရီလီယံ စီးပွားရေးနိုင်ငံဖြစ်လာစေရန် ကြိုးပမ်းမည့်အချက်များကို အိန္ဒိယဝန်ကြီးချုပ် Mr Modi က ၎င်းရဲ့ မကြာမှီက အမေရိကန်နိုင်ငံသို့ခရီးစဉ်အတွင်း အသေးစိတ် ရှင်းပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးကို နှစ်ဆတိုးမြှင့်စေရန် ၎င်း၏ဆုံးဖြတ်ချက်အပေါ် အိန္ဒိယ-အမေရိကန် မဟာဗျူဟာ ဖိုရမ်ကိုယ်စားလှယ်အဖွဲ့က ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
လာမည့် (၅) နှစ်အတွင်းဖြစ်လာမည့် အိန္ဒိယနိုင်ငံ၏ အခြေအနေသည် နောက်ကမ္ဘာ၏ (၂၅) နှစ်ကို သတ်မှတ်လိမ့်မည်ဟု အဆိုပါ ဖိုရမ်ရှိ ထိပ်သီးကော်ပိုရေးရှင်းအကြီးအကဲများနှင့် သံအမတ်များက သောတူညီခဲ့ပါတယ်။ ဖိုရမ်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယဝန်ကြီးချုပ် Mr Modi ရဲ့အမြင်ကို မှန်ကန်စွာထောက်ခံခဲ့ပါတယ်။ အဆိုပါဖိုရမ်အား Mr John Chambers က ဦးဆောင်ခဲ့ပါတယ်။ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်စစ်ဘေးခေတ်က သံတမန် Mr Henry Kissinger အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Ms Condoleeza Rice နှင့် ထိပ်သီးကော်ပိုရေးရှင်းမှ ဥက္ကဌ (၃၀၀) ကျော်များ ပါဝင်ကြသည်။
လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်း အိန္ဒိယနှင့် အမေရိကန်တို့၏ဆက်ဆံရေး အရည်အသွေး တိုးတက်ပြောင်းလဲလာကြောင်း မြင်တွေ့ခဲ့ရာ ၎င်းကို အိန္ဒိယဗဟိုဘဏ္ဍာရေးရဲ့ စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး Mr Piyush Goyal က ထောက်ခံခဲ့ပါတယ်။ (၂) နိုင်ငံဆက်ဆံရေးအလွန်တိုးတက်ကောင်းမွန်လျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ (၂) နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးသည် ၂၀၂၅ ခုနှစ်အထိ ဒေါ်လာငွေ ၂၃၈ ဘီလီယံအထိ တိုးမြှင့်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။ တချိန်ထဲမှာပင် အိန္ဒိယနိုင်ငံသည် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များသည် အမေရိကန်သံတမန်ရေးရာ ဗိသုကာ၏ ဗဟိုအချက်အချာကျနေသည်ကို ကောင်းစွာသိထားသည့် အိန္ဒိနိုင်ငံသည် အမျိုးသားအကျိုးစီးပွားကို အပြန်အလှန်ညီညွှတ်မှုရှိစေရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်အသစ်အကြောင်းကို Mr Goyal က ဖိုရမ်အား ပြောဆိုခဲ့ပါတယ်။
စီးပွားရေးကို ပိုမိုလွယ်ကူစွာပြုလုပ်စေရန် ကြိုးပမ်းခဲ့သော အဆင့်များအကြောင်းကို Mr Modi က ဖိုရမ်အား ပြောဆိုခဲ့သည်။ စီးပွားရေး တိုးတက်မှုအတွက် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုကို လှုံ့ဆော်စေရန်အတွက် ကုမ္ပဏီသည် အခွန်ကောက်ခံမှုကို အချိန်မှီ လျှော့ချခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အင်အားသည် 3Ds ဒီမိုကရေစီ၊ Demography နှင့် Dimag ခေါ် ဦးနှောက်တွင်ရှိသည်ဟု Mr Modi က ဖိုရမ်အား ပြောဆိုခဲ့သည်။
မကြာသေးမှီ ဆယ်စုနှစ်များအတွင်း အိန္ဒိယ-အမေရိကန်စီးပွားရေးသည် လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ကန်ထရိုက်ထုတ်လုပ်ခြင်းအတွက် (၁၀၀) နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်အကြီးစားကုန်ထုတ်လုပ်သော ကုမ္ပဏီကြီးများသည် တရုတ်အစား အခြားသောကုန်ထုတ်အခြေစိုက်စခန်းများ ရှာဖွေလျက်ရှိပါတယ်။ တချို့သောအရှေ့အာရှနိုင်ငံများသည် အခွင့်ကောင်းယူရန် ကြိုးစားခဲ့ကြသည်။ အိန္ဒိယနိုင်ငံရဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနဲ့ ကျွမ်းကျင်သော လူအင်အားရှိမှုကြောင့် ရင်းနှီးမြှပ်နှံရန် ဆွဲောဆင်မှုရှိသော တိုင်းပြည်တခုဖြစ်ခဲ့ပါတယ်။
စီးပွားရေးသည် ယခုအခါ (၂) နိုင်ငံဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ဖိုရမ်ကို မှန်ကန်စွာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်သည် မိမိ၏ အမေရိကန်န်ိုငငံသို့ မကြာမှီခရီးစဉ်အတွင်း အမေရိကန်စွမ်းအား ကုမ္ပဏီကြီး ဥက္ကဌများနှင့် Houston မြို့၎င်း တွေ့ဆုံခဲ့ပါတယ်။ အိန္ဒိယရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီး Mr Dharmendra Pradhan က အိန္ဒိယ-အမေရိကန် စွမ်းအင်ကုန်သွယ်ရေးသည် ဒီနှစ် ဒေါ်လာငွေ (၁၀) ဘီလီယံသို့ ရောက်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် ယခင်က အမေရိကန်နိုင်ငံမှ သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို အသုံးချခဲ့ပါတယ်။
အိန္ဒိယထိပ်သီးနိုင်ငံရေးခေါင်းဆောင်များနှင့် ဖိုရမ်၏ အပြန်အလှန်ဆွေးနွေးမှုသည် Mr Trump အစိုးရမှ ထိပ်သီးခေါင်းဆောင်များရဲ့ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်အတွက် အကူအညီပြုလိမ့်မယ်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးပြုသော အိန္ဒိယ-အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်သည် (၂) နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် အကူအညီပြုနိုင်လိမ့်မယ်ဖြစ်ကြောင်း စသဖြင့် ဆောင်းပါးရှင်း Manish Anand ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။
Comments
Post a Comment