အမေရိကန်ပြည်ထောင်စုသည် ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအား ဖိစီးနှိပ်စက်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စု သည် ပါကစ္စတန်နိုင်ငံအတွင်း လူနည်းစုများအား ဖိစီးနှိပ်စက်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံရဲ့ ဘာသာရေးရာ လူနည်းစုလေးတွေဟာ လူများစုကြီးစိုးရေးဝါဒီရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ကို ခံစားနေကြရပြီး ဒီနိုင်ငံကလည်း လူနည်းစု အရေအတွက် လျော့နည်းလာမှုကို ရင်ဆိုင်နေရပါတယ်။ ပါကစ္စတန်နိုင်ငံ ထူထောင်ခဲ့တဲ့ ကာလက ဟိန္ဒူ၊ Sikh၊ ခရစ်ယာန်၊ ပါစီနှင့် ဗုဒ္ဓဘာသာဝင်တွေအပါအဝင် လူနည်းစု အရေအတွက်စုစုပေါင်းတို့ဟာ ၂၈% ရှိခဲ့ပြီး အရှေ့ပါကစ္စတန်နိုင်ငံမှာ ဟိန္ဒူဘာသာဝင် လူဦးရေက လည်း ၂၂% ဝန်းကျင်ရှိခဲ့တယ်ဆိုပေမယ့် ဒီကနေ့ကာလမှာတော့ ပါကစ္စတန်နိုင်ငံရဲ့ လူနည်းစုအရေအတွက် ဟာ ၄% အောက်အထိ လျော့နည်းလျှက်ရှိနေပါတယ်။
ပါကစ္စတန်နိုင်ငံ ထူထောင်ခဲ့တဲ့ နိုင်ငံ့ဖခင်ကြီး Mohammad Ali Jinnah ဟာ ဘာသာရေးနှင့် ပတ်သက်မှုမရှိ တဲ့ ပါကစ္စတန်နိုင်ငံ ၁ နိုင်ငံကို မျှော်မှန်းခဲ့ပေမယ့် သူ့ဘဝ ရှင်သန်စဉ် ကာလမှာပဲ နိုင်ငံတော် ဘာသာရေးအ တွက် ဘာသာရေးအယူသည်းသူတွေ အမြစ်တွယ်လာခဲ့ပြီး နောက်ဆုံး ၁၉၈၀ ခုနှစ်အတွင်း သမ္မတ Zia ul Haq လက်ထက်မှာ ပါကစ္စတန်နိုင်ငံကို ဘာသာရေးနိုင်ငံ ၁ နိုင်ငံဖြစ်လာဖို့ အဆင့်ထိ ရောက်ရှိလာခဲ့ပါတယ်။ လူနည်းစုတွေအပေါ် ဆန့်ကျင်ဖိနှိပ်မှုတွေဟာ ယနေ့ကာလအထိ ပါကစ္စတန်နိုင်ငံရဲ့ ဆယ်စုနှစ်ချီ အဖြစ်တွေ ဖြစ်နေခဲ့ပါတယ်။ ခေတ်နောက်ကျတဲ့ ဥပဒေစည်းမျဉ်းတွေနှင့် မတော်မတရား စွဲချက်တွေအပေါ် စိုးရွံ့မှုတို့ဟာ ဘာသာရေးရာ လူနည်းစုတွေကို အကြီးအကျယ် ဘေးကင်းမှုမရှိ ဖြစ်စေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ပါကစ္စတန်နိုင်ငံအတွင်း ပြည်သူတွေအနေနှင့် ၎င်းတို့ရဲ့ ကိုးကွယ်ယုံကြည်မှု ကြောင့် ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ အစီရင်ခံချက်တွေနှင့် ပတ်သက်လို့ များစွာ စိုးရိမ်မိကြောင်း ဖော်ပြခဲ့ပါတယ်။ ဝါရှင်တန်အစိုးရဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှာပြဋ္ဌာန်းထားတဲ့ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်ခွင့်တွေ ထိန်းသိမ်းထားရှိဖို့ Khan အစိုးရကို တိုက်တွန်း ခဲ့ပါတယ်။ လက်ရှိ နိုင်ငံတကာ ငွေကြေးဆိုင်ရာ ရံပုံငွေအဖွဲ့ရဲ့ အစီအစဉ်အောက်မှာ လုပ်ဆောင်နေတဲ့ ပါကစ္စ တန်နိုင်ငံ ပြုပြင်မွမ်းမံမှုတွေဟာ ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ရေး ဆီသို့ဦးတည်လျှက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးရာ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအုတ် မြစ်တွေ ချပေးသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ကော်မတီအဖွဲ့ရဲ့ အာရှ၊ ပစိဖိတ်နှင့် လက်နက် မပြန့်ပွားရေးဆိုင်ရာ လက်အောက်ခံ ကော်မတီအဖွဲ့ခွဲထံသို့ တင်သွင်းခဲ့တဲ့ ထုတ်ပြန်ကြေညာချက် ၁ စောင်မှာ တောင်အာရှနှင့် အာရှအလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ့ ယာယီ လက်ထောင်နိုင်ငံခြား ရေးဝန်ကြီး မစ် Alice G Wells က ဖော်ပြခဲ့ပါတယ်။
လတ်တလောနှစ်ကာလတွေအတွင်း လူ့ဘောင်အဖွဲ့အစည်းနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တို့အတွက် ဘောင်ကျဉ်းသွားမှုအပါအဝင် ပါကစ္စတန်နိုင်ငံအတွင်း ပြဿနာတက်စေမယ့် အလားအလာတွေ ရှိနေခဲ့ပါ တယ်။ လွန်ခဲ့တဲ့နှစ်တလျှောက်လုံး နှောက်ယှက်မှု၊ ခြိမ်းခြောက်မှု၊ ဘဏ္ဍာရေးရာနှင့် ထိန်းချုပ်လုပ်ဆောင် မှုအပါအဝင် သတင်းမီဒီယာနှင့် လူ့ဘောင်အဖွဲ့အစည်းအပေါ် ဖိအားတွေ တိုးများလာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ တရားဥပဒေစိုးမိုးမှုရှိစေဖို့ ပါကစ္စတန်အစိုးရကို ဆက်လက် တိုက်တွန်းလျှက်ရှိ တယ်လို့ မစ် Wells က ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်ပိုင်းတွေနှင့် လုံခြုံရေး အဖွဲ့အစည်းတွေအပေါ် ဝေဖန်တဲ့ အုပ်စုတွေရဲ့ရပိုင်ခွင့်လည်း ပါဝင်ပါတယ်။ ပါကစ္စတန်လူထု အကျိုးဖြစ်ထွန်းစေမယ့် အရေးကြီး အလုပ်တွေလုပ်ဖို့ ကျော်ဇောထင်ရှား လေးစားထိုက်တဲ့ အဖွဲ့အစည်းတွေကို ဟန့်တားကြန့်ကြာစေလျှက်ရှိတာ ကြောင့် နိုင်ငံတကာမှ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအတွက် ပါကစ္စတန်နိုင်ငံရဲ့ ပြဿနာတက်စေတဲ့ မှတ်ပုံတင် မူဝါဒအပေါ်မှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်းတို့က စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီကိစ္စအကြောင်း ဖော်ပြဖို့နှင့် ပါကစ္စတန်ပြည်သူလူထုတို့ရဲ့ လူနေမှုဘဝတိုး တက်ရေး လုပ်ငန်းတွေ အားပေးထောက်ပံ့ဖို့အတွက် အရပ်ဖက် လူ့ဘောင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမား တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနှင့် သတင်းစာဆရာတွေအပါအဝင် ပြည်နယ်အ ဆင့်နှင့် ပြည်မအဆင့် အာဏာပိုင်တွေအပြင် တခြား သက်ဆိုင်သူတွေနှင့်အတူ ပုံမှန်အားဖြင့် စေ့စပ်လုပ် ဆောင်လျှက်ရှိတယ်လို့ အမေရိကန် ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
အမေရိကန် အုပ်ချုပ်ရေးအဖွဲ့ဟာ ကိုးကွယ်ယုံကြည်မှုကြောင့် ပါကစ္စတန်ပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ခွဲခြားဆက်ဆံမှု အစီရင်ခံချက်တွေအပေါ် များစွာ စိုးရိမ်လျှက်ရှိပါတယ်။ ပါကစ္စတန်နိုင်ငံဟာ Lashkar-e-Jhangvi နှင့် Tehreek-e-Taliban ပါကစ္စတန်တို့လို နိုင်ငံတော်အတွက် တိုက်ရိုက်ခြိမ်းခြောက်နေကြတဲ့ အန္တရာယ်ကြီးသူ အကြမ်းဖက်သမား အဖွဲ့အစည်းတွေကိုထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့တယ်လို့လည်း သူမက ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံ တရားရုံးချုပ်ကလည်း ဘုရားရဲ့မြင့်မြတ်မှုအပေါ် ကြမ်းတမ်းစော်ကား ပြောဆိုမှုဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက ရုံးတော်ကိုယ်၌ စွပ်စွဲထားတဲ့ အမျိုးသမီး ၁ ဦးရဲ့အမှုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ အပြစ်မရှိကြောင်း တရားသေ လွှတ်ပေးမှု အတည်ပြုပေးလိုက်ခြင်းဖြင့် အရေးပါတဲ့ လုပ်ဆောင်ချက် ၁ ရပ် ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေနှင့် အဲဒီအမျိုးသမီးကို နိုင်ငံကနေ ဘေးကင်းစွာ ထွက်ခွာခွင့် ရရှိစေခဲ့ပါတယ်။ တရားရုံးရဲ့ စီရင်ချက်ဟာ ဘာသာရေးလူနည်းစုအဖွဲ့ဝင်တွေရဲ့ ဘာသာမတူညီမှုဆိုင်ရာ သည်းခံစိတ် လိုအပ်မှုနှင့် လူနည်းစုဝင်တွေရဲ့ အခွင့်အရေးတွေကို လျော့ချလို့မရကြောင်း အလေးပေးဖော်ပြခဲ့ပြီး ဒီ ၂ ချက်စလုံးတို့ဟာ ပါကစ္စတန်နိုင်ငံအတွင်း ဘာသာရေးလွန်လပ်ခွင့် တိုးတက်စေဖို့ လွန်စွာအရေးကြီးလှပါတယ်။
ဒါပေမယ့်လည်း ဒီစီရင်ချက်ကို နိုင်ငံအတွင်း ယူဝါဒစွဲ အဖွဲ့အစည်းဝင်တွေရဲ့ အပြင်းအထန် ဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ပေးဖို့ Imran Khan အပေါ် ဖိအားကျရောက်စေခဲ့ပြီး ဒီစီရင်ချက်ကို ပါကစ္စတန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ် Imran Khan က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ပါကစ္စတန်နိုင်ငံရဲ့ ဥပဒေနှင့် ပေါ်လစီတွေဟာ လူနည်းစု အသိုင်းအဝိုင်းတွေနှင့် Shia နှင့် Ahmadiya တို့လို လူနည်းစုတွေအပေါ် ဆက်လက် ခွဲခြားဆက်ဆံလျှက် ရှိပါတယ်။ အခြေအနေအားလုံး တို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၈ ခုနှစ်၊ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေအောက် မှာ ပါကစ္စတန်နိုင်ငံကို “သီးခြားစိုးရိမ်ရတဲ့ နိုင်ငံ” အဆင့်မှာ သတ်မှတ်ထားရှိဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mr. Mike Pompeo ကို လှုံ့ဆော်ပေးခဲ့ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျာ။
Comments
Post a Comment