ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးတွင်ရှိနေသည့် စိန်ခေါ်ချက်များ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဒေလီမြို့ လူမှုသိပ္ပံဌာနမှ ညွှန်ကြားရေးမှူး ဆောင်းပါးရှင် Dr. Ash Narain Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးတွင်ရှိနေသည့် စိန်ခေါ်ချက်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

NAM ခေါ် ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးဟာ တချိန်က ကမ္ဘာ့အာရုံပြုမှုရရှိခဲ့ပေမယ့် လက်ရှိကာလမှာတော့ အာရုံပြုမှု မရှိတော့တဲ့အချိန်ကာလမှာ ၁၈ ကြိမ်မြောက် NAM ထိပ်သီးညီလာခံကို လာမယ့်သီတင်းပတ်အတွင်း အဇာဘိုင်ဂျန်နိုင်ငံက လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ဘက်မလိုက်ရေး အဖွဲ့ကြီးမှာ အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှု မရှိတော့တာလည်း မဟုတ်ပါဘူး။ ဒီအဖွဲ့အစည်းကို စိတ်မဝင်စားကြတော့တာကတော့ ကမ္ဘာလုံးဆိုင်ရာ ပါဝါစွမ်းအား ပြောင်းရွှေ့သွားတာကြောင့်ဖြစ်ပြီး ဒီလိုပြောင်းရွှေ့မှုဟာ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ထင်ရှားကျော်ကြားမှု ကဏ္ဍသစ်တစ်ရပ် ပေါ်ပေါက်စေခဲ့ပါတယ်။ ဒီကနေ့ကမ္ဘာကြီးဟာ အတ္တလန်တိတ် ခေတ်ကာလအဆုံးသတ်ပြီး အာရှဒေသရဲ့ ရာစုနှစ် ပေါ်ထွန်းလာတဲ့ ပထဝီ နိုင်ငံရေး အသွင်အပြင် ခေတ်သစ်တပ်ရပ်ကို ကြုံတွေ့နေရပါတယ်။ တကယ်တော့ ၂၁ ရာစုခေတ်ဟာ ပညာရှင် ပါရဂူ ၁ ဦးက “G-Zero world” သို့မဟုတ် ပါဝါစွမ်းအား ကင်းမဲ့တဲ့ ကမ္ဘာကြီးတစ်ခုလို့ခေါ်တဲ့ ခေတ်ကာလ ဖြစ်ပေါ်လာနေပြီး ဒေသပိုင်းနှင့် ကမ္ဘာ့ အဖွဲ့အစည်းတွေ တဟုန်ထိုး ပေါက်ဖွားလာတာတွေကို မြင်တွေ့နေရပါတယ်။ စွမ်းအား ကင်းမဲ့တဲ့ ကမ္ဘာကြီး ဆိုတဲ့ စကားလုံးရဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကတော့ စစ်မှန်တဲ့ နိုင်ငံတကာ လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ဖို့ ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းမှာမှ နိုင်ငံရေး၊ စီးပွားရေးနှင့် မဟာဗျူဟာရေး ဩဇာအရှိန်အဝါ မရှိဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်း မဟာဗျူဟာရေး ကျွမ်းကျင်သူတွေဟာ “အမှတ် ၂၊ ဘက်မလိုက်ရေး လှုပ်ရှားမှု” လို့ခေါ်တဲ့ စာတမ်းတစ်ခုကို ဖော်ထုတ်ခဲ့ကြပြီး အဲဒီအထဲမှာ ဘက်မလိုက်ရေးလှုပ်ရှားမှုရဲ့ အခြေခံမူဝါဒတွေ လိုက်နာစောင့်ထိန်းမှုဟာ အိန္ဒိယနိုင်ငံကို ကမ္ဘာ့စင်မြင့်မှာ ဦးဆောင်ပါဝင်တဲ့နိုင်ငံ ဖြစ်စေမှာဖြစ်ပြီး နိုင်ငံရဲ့ ဗျူဟာရေး လုပ်ပိုင်ခွင့်နှင့် တန်ဖိုးစနစ်ကို ထိန်းသိမ်းသွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ခေတ်ဟောင်း စစ်အေးတိုက်ပွဲကာလ ပြီးဆုံးသွားပြီဖြစ်ပြီး ဒုတိယအကြိမ် စစ်အေးတိုက်ပွဲ ခေတ်သစ် စတင်လာပြီဖြစ်ပါတယ်။ ဒါဟာ လက္ခဏာနားဖြင့် မတူကွဲပြားပေမယ့် ခြိမ်းခြောက်မှု စွမ်းရည်ရှိပြီး အကျိုးစီးပွား ယှဉ်ပြိုင်မှုအတွက်သာမက တန်ဖိုး ယှဉ်ပြိုင်မှုတို့အပေါ်မှာပါ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘက်မလိုက်ရေးလှုပ်ရှားမှုကို ပြန်လည် တီထွင်ဆန်းသစ်ဖို့ လိုအပ်နေပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar ဟာ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို ဖော်ပြခဲ့ပြီး အဲဒီအထဲမှာ ဘက်မလိုက်ရေး၊ စွမ်းအားကြီးမားတဲ့ ဆက်ဆံရေးရာ စီမံလုပ်ဆောင်ရေးနှင့် အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့အတိုင်းအတာ ပေါက်ရောက်မှု တိုးများလာနေမှုတို့အခြေခံထားတဲ့ အရေးကိစ္စတွေပါဝင်ပါတယ်။

NAM ညီလာခံတွေထံကနေ ဘယ်သောအခါကမှ မျှော်မှန်းချက် များများစားစား မရှိခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ ဘက်မလိုက်ရေး ကမ္ဘာလောကမှာ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိတဲ့ ဒေသပိုင်းအတွင်းမှာ ဖြစ်ပွားနေပြီး ဒါဟာ G20 နှင့် BRICS တို့လို အခြားသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပြောဆိုချက်တွေ ထိရောက်တဲ့ဒေသတွေမှာ ကမ္ဘာ့လုပ်ငန်းစဉ်တွေ စတင်ချမှတ်လာကြတာကြောင့် ဖြစ်ပါလိမ့်မယ်။ NAM ဟာ အကြီးမားဆုံး နိုင်ငံများအုပ်စုအဖြစ် ရှိနေဆဲဖြစ်ပြီး အိန္ဒိယနိုင်ငံဟာ ဒီအဖွဲ့အစည်းရဲ့ စတင်ထူထောင်မှု အဖွဲ့ဝင်နိုင်ငံ ၁ ခုဖြစ်ပါတယ်။ ကမ္ဘာစစ်ကြီးတွေအပြီးမှာ အိန္ဒိယနိုင်ငံဟာ လူသားအားလုံး လွတ်မြောက်ဖို့အတွက် လွတ်လပ်ရေးဟာ ကြိုးပမ်းမှု တစိတ်တပိုင်းဖြစ်ရမယ်ဆိုတဲ့ ဂန္ဒီကြီးရဲ့ မျှော်မှန်းချက်တွေ ဖြည့်ဆည်းမှုအဖြစ် ဘက်မလိုက်ရေး လှုပ်ရှားမှုကို ရှုမြင်ထားပါတယ်။

NAM အဖွဲ့အစည်းဟာ နိုင်ငံခြားရေး မူဝါဒတစ်ရပ်အဖြစ် ကာလအတော်ကြာ တည်ရှိနေခဲ့ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံသစ်တွေဟာ အင်အားကြီးနိုင်ငံတွေနှင့်အတူ မဟာမိတ်ဖွဲ့မှုမှတဆင့် ၎င်းတို့ရဲ့ အချုပ်အခြာအာဏာ လျော့နည်းမှုမှကာကွယ်ဖို့ NAM ကို ပူးပေါင်းခဲ့ကြပါတယ်။ NAM မှာ ထားရှိတဲ့ အရေးကိစ္စတချို့တို့ဟာ ကမ္ဘာ့စွမ်းအားအာဏာချိန်ခွင့်လျှာ ဘက်မျှရေးအပါအဝင် ဘောင်ဝင်နေဆဲဖြစ်ပြီး တခြားအရာတွေကို ပုံစံအမျိုးအစားသစ်တွေ ပြုလုပ်ထားပေမယ့် ဘုံစိန်ခေါ်ချက် အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ခေတ်စနစ်တွေနှင့် လိုက်လျောညီထွေဖို့ဆိုရင် NAM ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်ပုံသွင်းပြီး လုပ်ငန်းလည်ပတ်မှုတွေကို ထပ်မံ တိုးတက် အားကောင်းအောင်လုပ်ဖို့ လိုအပ်သွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဘက်မလိုက်ရေး လှုပ်ရှားမှုအဖွဲ့ကြီးရဲ့ ရည်မှန်းချက်တွေအတွက် သန္နိဋ္ဌာန်ပြုထားပြီး NAM အဖွဲ့ကြီးဟာ ဖွံ့ဖြိုးဆဲကမ္ဘာရဲ့ ဘုံအကျိုးစီးပွားတွေကို ကာကွယ်ရာမှာ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးစနစ်နှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ပြုပြင်မွမ်းမံမှုတို့လို အရေးကိစ္စတွေအပေါ် ဆောင်ရွက်ဖို့ ဆက်လက်ကိုယ်စားပြုနေတယ်လို့ အိန္ဒိယနိုင်ငံက ထင်မြင်ယူဆထားပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကလည်း တချိန်တုန်းက ထိရောက်မှုရှိသလောက် လက်ရှိ မရနိုင်တော့ပါဘူး။ ဒီကနေ့ခေတ်ဟာ ကမ္ဘာ့တောင်အရပ်ချင်း ပူးပေါင်းလုပ်ဆောင်မှုက လမ်းကြောင်း ရယူထားပြီဖြစ်ပါတယ်။

လာလတ္တံ့သော ဘာကူမြို့ ညီလာခံဟာ တောင့်တင်းခိုင်မာတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ၂၀၃၀ ခုနှစ် လုပ်ငန်းစဉ်နှင့် ရာသီဥတု ပြောင်းလဲလာမှုဆိုင်ရာ ပဲရစ်မြို့ သဘောတူစာချုပ်တို့ အကောင်အထည် ဖော်ဆောင်ရေးတို့အပြင် ကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တွေမှာ ပြုပြင်မွမ်းမံရေးတို့အတွက်လိုအပ်ချက်ကို ဖော်ပြသွားနိုင်ဖွယ်ရှိပါတယ်။ အကြမ်းဖက်ဝါဒကလည်း အဓိက ပါဝင်သွားမှာဖြစ်ပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံဟာ ဒီအဖွဲ့ကြီးကို ဦးဆောင်သွားဖို့ ရှေ့ရှုလျှက်ရှိပါတယ်။ ၎င်းနိုင်ငံရဲ့ နိုင်ငံခြားရေး ပေါ်လစီပိုင်းကလည်း အတော်လေး ကောင်းလှသလို အဓိက ပြိုင်ဘက်တွေဖြစ်ကြတဲ့ ရုရှားနှင့် နေတိုးတပ်ဖွဲ့တို့ ၂ ခုစလုံးနှင့် ပူးပေါင်းလုပ်ဆောင်မှု ထူထောင်ထားပါတယ်။ ဘာကူမြို့ညီလာခံဟာ ဒေသပိုင်းနှင့် ကမ္ဘာ့ စိန်ခေါ်ချက်တွေအပေါ် ဘယ်လိုဖြေရှင်းသွားမယ်၊ နိုင်ငံတကာ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ကို ဘယ်လို တိုးတက်အားကောင်းစေမယ်၊ NAM အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လို တိုးမြှင့်သွားမယ်ဆိုတဲ့အပေါ် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Ash Narain Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”