“နယူးဒေလီနဲ့ Riyadh ရောင်းဝယ်ဖေါက်ကားမှု ဆက်ဆံမှုထက်ကျော်လွန်သွားခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JUN တက္ကသိုလ်မှ ဆောင်းပါးရှင် ပါမောက္ခ P R Kumara Swamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “နယူးဒေလီနဲ့ Riyadh ရောင်းဝယ်ဖေါက်ကားမှု ဆက်ဆံမှုထက်ကျော်လွန်သွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ယခုအပါတ်အတွင်း ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ Saudi Arabia မင်းနိုင်ငံသို့ နှစ်ရက်ကြာအလည်အပါတ်ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ Riyadh အစိုးရသို့ ရှေ့ရှုတဲ့ပေါ်လစီထဲမှ ပြောင်းလဲမှုတွေနဲ့ ဒီလိုပြုလုပ်ခြင်းရဲ့ အများဆုံးအကျိုးအမြတ်တွေကို မီးမောင်းထိုးပြလျှက်ရှိပါတယ်။ အစဉ်အလာအားဖြင့် Haj ဘုရားဖူးနဲ့ စွမ်းအင်မှာယူတင်သွင်းမှုတွေကသာ ဆက်ဆံရေးရဲ့အခြေခံကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာမှီသောနှစ်များအတွင်း နှစ်နိုင်ငံစလုံးတို့ဟာ ဆက်ဆံမှုတွေကို ရောင်းဝယ်ဖေါက်ကားမှုရှုထောင့်ရဲ့ တဖက်တချက်သို့ ပြောင်းလဲရေးအတွက် ကြိုးပမ်းလုပ်ကိုင်နေကြပါတယ်။ MbS လို့ အများအားဖြင့် သိရှိကြတဲ့ Saudi အိမ်ရှေ့မင်းသား Mohammed bin Salman က ကြီးမှူးကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ‘Future Investment Initiative (FII)’ အစည်းအဝေးပွဲကြီးမှာ ဝန်ကြီးချုပ် Mr Modi ရဲ့ သော့ချက်ကျမိန့်ခွန်းက အဲဒီဦးတည်ချက်အတွက် ထင်ရှားတဲ့ခြေလှမ်းတလှမ်းဖြစ်ခဲ့ပါတယ်။
“Davos in the Desert” လို့လည်းသိရှိကြတဲ့ FII အဖွဲ့ကြီးဟာ ဒီမင်းနိုင်ငံအတွင်း ရေနံနယ်ပယ်မဟုတ်တဲ့ သမရိုးကျမဟုတ်သောစွမ်းအင်၊ စီးပွားရေးဗဟုသုတ၊ ခရီးလှည့်လည်သွားလာမှုနဲ့ ဖျော်ဖြေဧည့်ခံမှု စတဲ့နယ်ပယ်တွေမှာလည်း စီးပွားရေးဆိုင်ရာ အခွင့်အရေးတွေကို ရယူနိုင်ကြဘို့ သရုပ်ပြခဲ့ပြီး၊ Saudi နိုင်ငံအပေါ် ရေနံနယ်ပယ်မှာ မှီခိုအားထားခြင်းအား လျော့နည်းသွားရေးသို့ ရှေ့ရှုလျှက်ရှိပါတယ်။ အိမ်ရှေ့မင်းသားရဲ့ဦးဆောင်မှုအောက် ယခုလိုအစပျိုးလုပ်ကိုင်မှုတွေက ဝန်ကြီးချုပ် Mr Modi ရဲ့ သက္ကရာဇ် ၂၀၂၄ ခုနှစ်အရောက် အိန္ဒိယနိုင်ငံကို ဒေါ်လာပေါင်း (၅) ထရီးလီယံ စီးပွားရေးနိုင်ငံအဖြစ် ဖန်တီးလိုတဲ့စိတ်ဆန္ဒနဲ့ ကိုက်ညီလျှက်ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ ကြီးထွားလာနေတဲ့ အိန္ဒိယနိုင်ငံရဲ့ Saudi Arabia နိုင်ငံနဲ့ စေ့စပ်မှု တစိတ်တပိုင်းဖြစ်ပါတယ်။ ယခုအကြိမ်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ် Mr Modi အာဏာရပြီးနောက် ခေါင်းဆောင်ပိုင်းနှစ်ခုတို့ဟာ (၈) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပြီး အိမ်ရှေ့မင်းသားနဲ့ (၆) ကြိမ်တွေ့ဆုံခဲ့ကာ၊ Jammu နဲ့ Kashmir ပြည်နယ်အတွင်း ပုဒ်မ (၃၇၀) ရုပ်သိမ်းပြီးတဲ့နောက် ပထမအကြိမ် တွေ့ဆုံခြင်းဖြစ်ပါတယ်။ အဲဒီ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ (၃၇၀) ဟာ ပါကစ္စတန်နိုင်ငံရဲ့ အာရပ်ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနဲ့ တဖက်တချက်က အစ္စလမ္မစ်နိုင်ငံတွေမှာ နိုင်ငံရေးထိုးစစ်ဆင်တဲ့ အချက်တချက်ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် Mr Modi ဟာ Saudi ခေါင်းဆောင်အများအပြားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီခေါင်းဆောင်တွေထဲမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း Brisbane မြို့ G-20 ထိပ်သီးညီလာခံမှာ ပထမအကြိမ်တွေ့ဆုံခဲ့တဲ့ အဲဒီကာလမှာ အိမ်ရှေ့မင်းသားဖြစ်နေခဲ့တဲ့ ဘုရင် Salman လည်း ပါဝင်ပါတယ်။ အဲဒီအချိန်ကစပြီး Mr Modi က Saudi မင်းဧကရာဇ်ကို (၃) ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး၊ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ဒါကတော့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဧပြီလက ဒီမင်းနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်မှာဘဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီး ထုတ်ပြန်ကြေငြာခဲ့တဲ့ ပူးတွဲကြေငြာစာတမ်းမှာ နှစ်နိုင်ငံစလုံးတို့ရဲ့ ခံယူချက်ဖြစ်တဲ့ နိုင်ငံများရဲ့ပြည်တွင်းအရေးကိစ္စတွေမှာ ပါဝင်စွတ်ဖက်ခြင်းကို ပြတ်သားစွာကန့်ကွက်မှုနဲ့ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းတို့အနေနဲ့ နိုင်ငံတို့ရဲ့ စိုးမိုးအုပ်ချုပ်မှုအပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို တားဆီးကာကွယ်ရေးတာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းရေးတို့အား ထင်ရှားစွာ ထပ်လောင်းအတည်ပြုဖေါ်ပြထားပါတယ်။ သံတမန်ရေးရာနဲ့သက်ဆိုင်ဒါကတော့ အိန္ဒိယနိုင်ငံက ကြုံတွေ့နေရတဲ့ နယ်ခြားဖြတ်ကျော်အကြမ်းဖက်ဝါဒနဲ့ Saudi နိုင်ငံရဲ့ ရေနံစက်ရုံတွေအပေါ် Drone နဲ့ တိုက်ခိုက်မှုတွေဖြစ်ကြဒါထင်ရှားပြီး၊ နိုင်ငံတကာလူမှုအသိုင်းအဝိုင်းအတွက် ထိရောက်တဲ့ တုန့်ပြန်မှုတွေ ပြုလုပ်ဘို့လိုအပ်ဒါကို ဖေါ်ပြထားပါတယ်။
ဒီခရီးစဉ်ရဲ့အဓိကသော့ချက်ကျ မီးမောင်းထိုးပြသရမဲ့အရာတခုကတော့ Saudi အိမ်ရှေ့မင်းသားနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ဦးဆောင်တဲ့ Strategic Partnership Council ကို တည်ထောင်ခဲ့ဒါဘဲဖြစ်ပါတယ်။
စွမ်းအင်၊ မြို့ပြလေကြောင်း၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနဲ့ ဆေးဖက်ဆိုင်ရာပစ္စည်းကိရိယာများ တရားဝင်ဖြစ်စေရေးအပါအဝင် သဘောတူစာချုပ်များစွာတို့ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က Saudi Arabia နိုင်ငံမှာ “RuPay” ကဒ်ပြားကိုလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ ပူးတွဲထုတ်ပြန်ချက်မှာ ပါလက်စတိုင်းအရေးကိစ္စအတွက် အထောက်အကူ စတဲ့ထုံးတမ်းအစဉ်အလာအရေးကိစ္စတွေ ပါဝင်ပါတယ်။ နိုင်ငံခြားပေါ်လစီနဲ့ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးတို့ဟာ အဲဒီမင်းနိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်စေတဲ့ Yemen နိုင်ငံအရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ Syria နိုင်ငံကိစ္စကလည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr Modi ဟာ အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်အခြေခံလိုအပ်ချက်အဆောက်အအုံဟာ Saudi Arabia နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုအတွက် ကြီးမားတဲ့ ပစ်မှတ်တခုဖြစ်ကြောင်း ဖေါ်ပြခဲ့ပြီး လာမဲ့နှစ်အနည်းငယ်အတွင်းမှာ ရင်းနှီးမှုပမာဏ အမေရိကန်ဒေါ်လာပေါင်း ဘီလီယံ (၁၀၀) ခန့်ရှိလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်ဟာ အင်အားကြီးမားတဲ့ စီးပွားရေးအတွက် ဇာတ်ခုံတခုပြင်ဆင်တည်ဆောက်ပေးခဲ့ပြီး နှစ်နိုင်ငံအကြား နည်းဗျူဟာကျ စေ့စပ်မှုတွ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ နည်းဗျူဟာကျ ရေနံအပိုအလျှံထားရှိမှုနဲ့ ရေနံထွက် ဓါတုဗေဒ စက်ရုံတွေကို အစိုးရနဲ့ ပုဂ္ဂလိကပိုင်နယ်ပယ်တွေမှာ ပါဝင်လုပ်ကိုင်ရေးတို့ ပါဝင်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ Riyadh မြို့သို့အလည်အပါတ်ခရီးစဉ်အတွင်းမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို နှစ်နိုင်ငံတို့ရဲ့ ဆွေးနွေးပွဲတွေကို အကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည်နဲ့ တိုတောင်းတဲ့အချိန်ကာလအတွကင်း ရလဒ်တွေထွက်ပေါ်လာအောင် ပြုလုပ်နိုင်တဲ့ စွမ်းရည်ကို တိုင်းတာဆုံးဖြတ်ကြမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Prof. P R Kumara Swamy ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံလိုက်ရပါတယ်ခင်ဗျား။

Comments
Post a Comment