“အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီကို ထပ်လောင်းတိုးမြှင့်နေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့တောင်အာရှဆိုင်ရာ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီကို ထပ်လောင်းတိုးမြှင့်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံသမ္မတ Mr Ram Nath Kovind ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီ Act East ရဲ့ အရေးပါလှသော အခြေစိုက်နိုင်ငံနှစ်နိုင်ငံဖြစ်ကြတဲ့ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတို့ကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ ခရီးစဉ်ရဲ့ ပထမရပ်နားစခန်းအဖြစ်သမ္မတ Mr Kovind က ဖိလစ်ပိုင်နိုင်ငံသို့ သံတမန်ရေးရာဆက်ဆံမှုများ စတင်တည်ဆောက်ခဲ့တဲ့အကြိမ် ၇၀ ပြည့် နှစ်ပါတ်လည်အခမ်းအနားသို့ တက်ရောက်ဘို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် သမ္မတဟာ Chrysanthemum ရာဇပလ္လင်သို့ ဂျပန်မင်းဧကရာဇ် Naruhito နန်းတက်တဲ့အခမ်းအနားတွေကို တက်ရောက်ဘို့ ရောက်ရှိသွားခဲ့ပါတယ်။

နည်းပညာဆိုင်ရာအကျိုးအမြတ်တွေကို မျှယူဘို့နဲ့ အပြန်အလှန်အကျိုးရှိရေးအတွက် ဖိလစ်ပိုင်နိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးအတွက် အရေးပါလှတဲ့ စည်းမျဉ်းဥပဒေတွေ ရေးဆွဲချမှတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတွေအကြား ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ညီတူညီမျှဖြစ်စေမှုတွေကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်တဲ့နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ ဆက်ဆံမှုတွေကို တောင်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒီမိုကရေစီ မူဝါဒကျင့်သုံးရေးအပေါ် အခြေခံတည်ဆောက်ထားပြီး၊ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီ လုပ်ငန်းဘောင်တွေကြောင့် နောက်ထပ်အရှိန်အဟုန်မြင့်မားလာခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း အိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံတို့ဟာ သဘောတူစာချုပ်သစ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အဲဒီနယ်ပယ်တွေမှာရေကြောင်း သွားလာရေး၊ လုံခြုံရေး၊ ခရီးလှည့်လည်သွားလာမှု သိပ္ပံနဲ့နည်းပညာနဲ့ ယဉ်ကျေးမှုတို့ပါဝင်ပါတယ်။ အရေးပါတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးအပြင် အကြမ်းဖက်ဝါဒနဲ့ အာကာသနယ်ပယ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေး၊ လုံခြုံရေးနဲ့စီးပွားရေးတို့မှာ ရောက်စုံကွဲပြားစုံလင်မှု ပြည်သူတို့အချင်းချင်းဆက်ဆံမှုတွေကို အပြန်အလှန်ဆက်ဆံရေးမှာ အဓိပ္ပါယ်ဖေါ်ထားပါတယ်။ Mr Kovind ဟာ Mahatma Gandhi ကြီးရဲ့ ကိုယ်တပိုင်းရုပ်တိုကို Quezon မြို့မှာရှိတဲ့ Miriam ကောလိပ်မှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီအတောအတွင်း အိန္ဒိယ-အာဆီယံအဖွဲ့ကြီးတို့ရဲ့ နည်းဗျူဟာကျ ဆက်ဆံမှုကလည်း နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို ထပ်လောင်းအထောက်အကူဖြစ်စေခဲ့ပါတယ်။

အိန္ဒိယ-ဖိလစ်ပိုင်အရောင်းအဝယ်ဖေါက်ကားမှု နှီးနှောဖလှယ်ပွဲနဲ့ စတုတ္ထအကြိမ်မြောက် အာဆီယံ-အိန္ဒိယ ရောင်းဝယ်ဖောက်ကားမှုထိပ်သီးအစည်းအဝေးပွဲမှာ Digital လုပ်ငန်းတွေ၊ စမ်းသစ်တီထွင်မှုနဲ့ လုပ်ငန်းစတင်ဖွင့်လှစ်လုပ်ကိုင်မှုများ၊ ကျန်းမာရေးနဲ့ ဆေးဝါးနယ်ပယ်နဲ့ သော့ချက်ကျစိုက်ပျိုးရေး ဖွံ့ဖြိုးမှုနယ်ပယ်တွေမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်တွေ စူးစမ်းရှာဖွေရန် လိုအပ်တယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။ အပြန်အလှန်ကုန်သွယ်ရေးဟာ တန်ဘိုးအားဖြင့်ဒေါ်လာပေါင်း (၂.၃) ဘီလီယံခန့်ရှိတယ်။

သမ္မတ Mr Kovind ဟာ ခရီးစဉ်ရဲ့ ဒုတိယရပ်နားစခန်းအဖြစ် ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သမ္မတဟာ မင်းဧကရာဇ် Naruhito ရဲ့ နန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မင်းဧကရာဇ်နဲ့ မိဘုရားကြီးတို့ တည်ခင်းခဲ့တဲ့ တော်ဝင်ဧည့်ခံပွဲနဲ့ ဝန်ကြီးချုပ် Mr Shinzo Abe ကတည်ခင်းခဲ့တဲ့ တရားဝင်ဧည့်ခံပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယသမ္မတဟာ Tsukiji Hongwanji ဗုဒ္ဓဘာသာ ကျောင်းတော်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင် Tokyo မြို့မှာရှိတဲ့ မင်းဧကရာဇ် Meiji နဲ့ မိဘုရားကြီး Soakin တို့ အထိမ်းအမှတ်နဲ့ တည်ဆောက်ထားတဲ့ ကျောင်းတော်ကိုလည်း သွားရောက်ခဲ့ပါတယ်။

သမ္မတ Mr Kovind ဟာ Kakegawa မြို့မှာ Sino Soto ဘုရားကျောင်းအုတ်မြစ်ချပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသမ္မတရဲ့ ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ်ဟာ ကြီးထွားလာနေတဲ့ အိန္ဒိယ-ဂျပန်ဆက်ဆံရေးတွေကို ပိုမိုနက်ရှိုင်းစေခဲ့ပါတယ်။ နှစ်နိုင်ငံတို့ဟာ ဒီမိုကရေစီစနစ်၊ လွတ်လပ်မှု၊ နည်းဗျူဟာတကျ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးတို့အပေါ် ကမ္ဘာလုံးဆိုင်ရာတန်ဘိုးတွေကို စေ့စပ်ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ လာမဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာကျင်းပဘို့ရာထားတဲ့ ဂျပန်-အိန္ဒိယ နှစ်ပါတ်လည်ထိပ်သီးညီလာခံမတိုင်မှီ ပထမဦးဆုံးသော နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများဆိုင်ရာ (၂+၂) အစည်းအဝေးပွဲကို လက်ခံကျင်းပလိမ့်မယ်ဖြစ်ပါတယ်။ မကြာသေးမှီသောအချိန်မှာ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ဟာ ဒုဝန်ကြီးများအဆင့်ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီမှာ အရှေ့တောင်နဲ့-အရှေ့အာရှပိုင်းတို့က ဗဟိုအချက်အချာမှာ တည်ရှိနေကြတဲ့အလျောက် အိန္ဒိယနိုင်ငံဟာ ဆက်လက်ပြီး နိုင်ငံရေးစွမ်းအင်တွေကို မြင့်မားလာနေတဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်ရေးမှာ အဆင့်မြင့်သစ်တခုသို့ ရောက်ရှိရေးအတွက် အတတ်နိုင်ဆုံး တိုးမြှင့်ရင်းနှီးသွားလိမ့်မယ်ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသပိုင်းရဲ့ တည်ရှိမှုဟာ ပထဝီရေးရာနိုင်ငံရေးနဲ့ နည်းဗျူဟာကျ အခန်းကဏ္ဍမှာ ပိုမိုကြီးမားတဲ့ အနေအထားကို တည်ဆောက်ထားပုံရဒါကြောင့် အိန္ဒိယနိုင်ငံအတွက် အဲဒီအရပ်ဒေသမှာ ၎င်းရဲ့နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်ရေးကို စွမ်းအားအပြည့်အဝနဲ့ ပြီးပြည့်စုံစေရေးသို့ ရှေ့ရှုတွေးခေါ်စဉ်းစားရာမှာ စေ့စပ်ပါဝင်ဘို့ရာ မလွှဲမသွေ ကြိုးပမ်းလုပ်ကိုင်သွားရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”