“အိန္ဒိယနိုင်ငံက RCEP စေ့စပ်ဆွေးနွေးပွဲတွေမှာ ခိုင်မာစွာ ဆက်လက်ရပ်တည်နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နဲ့ အရှေ့တောင်အာရှဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက RCEP စေ့စပ်ဆွေးနွေးပွဲတွေမှာ ခိုင်မာစွာ ဆက်လက်ရပ်တည်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဒေသပိုင်းဆိုင်ရာ ဘက်စုံစီးပွားရေး ဖက်စပ်လုပ်ကိုင်မှု (RCEP) ကို နားလည်သဘောပေါက်ရေးဆိုင်ရာ စေ့စပ်မှုတွေဟာ လာမဲ့အရှေ့အာရှ ထိပ်သီးညီလာခံ၊ ASEAN ထိပ်သီးညီလာခံနဲ့ တခြားသက်ဆိုင်တဲ့ အစည်းအဝေးတွေ ကျင်းပမဲ့အချိန် နိုဝင်ဘာလ (၂) ရက်နေ့မှ နိုဝင်ဘာလ (၄) ရက်နေ့မတိုင်မှီ ပြီးဆုံးသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီစေ့စပ်ဆွေးနွေးပွဲတွေဟာ လာမဲ့ ၂၀၂၀ ခုနှစ်မှ တရားဝင်ရေးဆွဲချမှတ်မဲ့ သဘောတူညီချက်တွေအတွက် လမ်းဖွင့်ပေးလိမ့်မယ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ် Mr Narendra Modi ရှေ့လစောစောမှာ ဘန်ကောက်မြို့မှာကျင်းပဘိုပရှိတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ တခြားအစည်းအဝေးပွဲတွေကို တက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ RCEP ကလည်း အေဂျင်ဒါမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။
RCEP စေ့စပ်ညှိနှိုင်းမှုတွေမှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ ၎င်းရဲ့ဆွေးနွေးရေးမှာ စေ့စပ်ပါဝင်တဲ့ (၆) နိုင်ငံဖြစ်ကြတဲ့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ဩစတြေးလျားနဲ့ တရုတ်နိုင်ငံတို့ပါဝင်ပြီး လွန်ခဲ့တဲ့သက္ကရာဇ် ၂၀၁၂ ခုနှစ်ကစတင်ခဲ့ဒါဖြစ်ပါတယ်။ ASEAN အဖွဲ့ကြီးကကြီးမှူးခဲ့တဲ့ အဓိကအာရှစီးပွားရေးနိုင်ငံတွေပါဝင်တဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စေ့စပ်ဆွေးနွေးမှုတွေကို လွန်ခဲ့တဲ့ (၇) နှစ်မျှသောကာလအတွင်း အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
အဲဒီမဟာဒေသပိုင်းဆိုင်ရာ ကုန်သွယ်ရေးအုပ်စုရဲ့ နောက်ဆုံးအကြိမ်စည်းဝေးပွဲကို ယခုအပါတ်အတွင်း ဘန်ကောက်မြို့မှာကျင်းပပြီးဆုံးခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးမှု သဘောတူညီချက် ၈၀% ကို အဆုံးသတ်ခဲ့ကြပါတယ်။ သတင်းများအရ စေ့စပ်ဆွေးနွေးကြတဲ့ နိုင်ငံတွေဟာ သဘောတူညီချက် (၂၂၅) ခုတို့အနက် (၁၈၅) ချက်တို့ကို သဘောတူခဲ့ကြပြီး၊ သဘောတူညီချက်တိုင်းဟာ သော့ချက်ချ အရေးကိစ္စတွေဖြစ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှပ်နှံမှုတွေအပေါ် အထူးအလေးထားခဲ့ကြောင်း သိရှိရပါတယ်။
ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ ဝန်ကြီးများအဆင့် အစည်းအဝေးပွဲမှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Piyush Goyal က အိန္ဒိယနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးပွဲက ကျန်ရှိနေခဲ့တဲ့အရေးကိစ္စတွေကို မဖြေရှင်းနိုင်ဒါမို့ ရည်မှန်းချက်တွေကို မပြည့်စုံစေဘဲ ဖြစ်ခဲ့ရပါတယ်။
RCEP ဟာ ASEAN အဖွဲ့ဝင်နိုင်ငံတွေနဲ့ အိန္ဒိယအပါအဝင် ၎င်းတို့ရဲ့ ဖက်စပ်လုပ်ကိုင်သူ နိုင်ငံတွေပါဝင်တဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အချက်အချာတခုဖြစ်ပါတယ်။ RCEP စေ့စပ်ညှိနှိုင်းပွဲတွေမှာပါဝင်ခြင်းဟာကလည်း အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေး ပေါ်လစီအတွက် သော့ချက်ကျအရာတခုဖြစ်တယ်လို့ ယူဆကြပါတယ်။ RCEP ကို တခါနားလည်သဘောပေါက်သွားမယ်ဆိုရင် ပါဝင်ဆင်နွှဲကြတဲ့နိုင်ငံတွေက ကုန်သွယ်ရေးကို ချောမောစွာနဲ့ အဟန့်အတားမရှိ ကြိုတင်မျှော်မှန်းထားပြီး တည်တံ့တဲ့ဒေသပိုင်းဆိုင်ရာ ကုန်သွယ်ရေးဆက်ဆံမှုတွေ တည်ဆောက်ဘို့ လမ်းဖွင့်လုပ်ကိုင်နိုင်ကြမယ်ဖြစ်ပါတယ်။
ဒါပေမဲ့ RCEP စေ့စပ်ဆွေးနွေးမှုတွေရဲ့ ကျေနပ်ဖွယ်ရှိတဲ့ နဂုံးချုပ်ရေးအတွက် လမ်းခရီးနုညံ့တဲ့အရေးကိစ္စတွေနဲ့ ခက်ခဲလျှက်ရှိနေပါတယ်။ စေ့စပ်ဆွေးနွေးကြတဲ့ နိုင်ငံတွေအကြား ဈေးကွက်ထဲ ဝင်ရောက်ခွင့်နဲ့ ကန့်သတ်ထိန်းချုပ်ထားတဲ့ ကုန်ပစ္စည်းတွေဟာ သဘောတူညီမှုမရတဲ့ အဓိကအချက်အလက်တွေဖြစ်ကြပါတယ်။ အထူးသက်ဆိုင်မှုတွေဟာ အရေးကိစ္စ (၈) ခုတို့အပေါ်ဖြစ်ပြီး၊ RCEP စေ့စပ်ဆွေးနွေးပွဲတွေ အပြီးအပြတ် ဆုံးဖြတ်ချက်မချမှီ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေ ကျင်းပဘို့ လိုအပ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ RCEP မှာ ပူးတွဲပါဝင်ဘို့အတွက် New Delhi အစိုးရက ဒီယန္တယားအား ထိန်းသိမ်းရန် အကြံပေးချက်တွေကို ထည့်သွင်းထားပါတယ်။ အဲဒီအကြံပြုချက်က အိန္ဒိယဆင်းရဲတဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှ ထိပါးလွယ်တဲ့နယ်ပယ်တွေ၊ အထူးသဖြင့် အလတ်တန်းစား တောင်သူလယ်သမားတွေနဲ့ အလတ်စားနဲ့ အသေးစားရောင်းဝယ်ဖေါက်ကားမှုနယ်ပယ် (MSME) တို့အပေါ် နစ်နာမှုတွေ မဖြစ်ပေါ်စေရေးကို သတိပြုထားခဲ့ပါတယ်။
အစိုးရရဲ့ ချဉ်းကပ်မှုကို ထပ်လောင်းအတည်ပြုလျှက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Goyal ဟာ ဘယ်သိုပသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အကောင်အထည်မဖေါ်မှီ ပြည်တွင်းလုပ်ငန်းတွေနဲ့ အိန္ဒိယပြည်သူတို့ရဲ့ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရလိမ့်မယ်လို့ ဖေါ်ပြခဲ့ပြီး၊ အိန္ဒိယနိုင်ငံက လုပ်ငန်းဆောင်တာ၊ ရင်းနှီးမြှပ်နှံမှုကို နိုင်ငံတော်ရဲ့ ရှုထောင့်အသီးသီးမှ အကျိုးစီးပွားကို အသေအချာဖြစ်စေလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ရာမှာ ဒေသပိုင်းဆိုင်ရာနဲ့ နိုင်ငံပေါင်းစုံကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတို့အကြား ကောင်းမွန်တဲ့ ညီတူညီမျှဖြစ်မှုအတွက် ဆက်လက်ခိုင်မာစွာ ရပ်တည်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment