“Baghdadi သေဆုံးမှုက အာရပ်ကမ္ဘာမှာ ခေတ်သစ်တခုဆီသို့ သယ်ဆောင်သွားမည်လား”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဆိုင်ရာ ခွဲခြမ်းလေ့လာသူ ဆောင်းပါးရှင် Dr. Fazzur Rahman Siddiqui ဝေဖန်ရေးသားပေးပို့ထားတဲ့ “Baghdadi သေဆုံးမှုက အာရပ်ကမ္ဘာမှာ ခေတ်သစ်တခုဆီသို့ သယ်ဆောင်သွားမည်လား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
မိမိကိုယ်ကို ISIS အစ္စလမ္မစ်သူပုန်တို့ရဲ့ လူစွမ်းကောင်းအဖြစ် ကြေငြာအသိအမှတ်ပြုခံထားတဲ့ Abu Bakr Baghdadi ရဲ့ သေဆုံးသွားခြင်းသတင်းဟာ ၂၀၁၄ ခုနှစ်မှာ အီရတ်အစ္စလာမ္မစ်နိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတို့တည်ထောင်လိုက်ကြောင်း မင်းဆိုးမင်းညစ်အုပ်ချုပ်ရေးကြေငြာခဲ့တဲ့ အီရတ်နိုင်ငံ Mosul မြို့ရဲ့ လမ်းတွေပေါ်မှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုအားပေးမှုတွေကို ခံနေရပါတယ်။ အဲဒီနောက်မှာ ပေါ်ထွက်လာတဲ့ဇာတ်လမ်းတွေကတော့ လူအမြောက်အများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူများစုပေါင်းအဓမ္မပြုကျင့်မှု၊ လမ်းတွေအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ငွေညစ်မှုနဲ့ အဆုံးမရှိတဲ့ အခင်းဖြစ်ပွားမှုတွေဖြစ်ပါတယ်။ Mosul မြို့အတွင်းကဘဲ ပြည်သူပေါင်း (၃) သိန်းကျော်တို့ဟာ အတင်းအဓမ္မ မြို့ထဲက နှင်ထုတ်ခံခဲ့ရပြီး ထောင်ပေါင်းများစွာတို့က သူတို့ရဲ့ ဆွေမျိုးမိတ်ဆွေတွေ ဆုံးရှုံးခဲ့ကြပါတယ်။
Al-Baghdadi ဟာ အကြမ်းဖက်သမားများအုပ်စု ISIS ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ဒီအုပ်စုဟာ အတိတ်ကာလမှာ အကြိမ်ကြိမ်အဖန်ဖန် ပျက်စီးခဲ့ရာမှ ပြန်လည်ခေါင်းထောင်လာခဲ့ပြီး၊ တခါက ဗြိတိန်နိုင်ငံလောက်အရွယ်အစားရှိတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံအကြား ရှည်လျားတဲ့နယ်နိမိတ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပါတယ်။ Abu Bakr Al-Baghdadi ရဲ့ ISIS အဖွဲ့ကြီးဟာ ဆီးရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ အမဲကွက်တွေများစွာ တင်ရှိသွားစေခဲ့ပါတယ်။ Baghdadi က Palmyra မြို့ကို ဖျက်ဆီးခဲ့ပြီး၊ ၂၀၁၇ ခုနှစ်မှာ သမိုင်းဝင် al-Nuri ဗလီကျောင်းကြီးကို ဖေါက်ခွဲဖျက်ဆီးခဲ့ပြီး၊ ၂၀၁၄ ခုနှစ်က အဲဒီနေရာမှာ အစ္စလမ္မစ်သူတော်စင် မိုဟာမက်အား ဆက်ခံသူအဖြစ် ကြေငြာခဲ့ပါတယ်။ ဖေါ်ပြဘို့လိုအပ်ဒါကတော့ အဲဒီစစ်ပွဲဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတို့မှာ အမေရိကန်တို့ဦးဆောင်တဲ့စစ်ပွဲဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ်တွေမှာ ဆီးရီးယားနိုင်ငံအတွင်း Kurds လူမျိုးတွေဦးဆောင်တဲ့ ရဲစွမ်းသတ္တိနဲ့ ဆင်နွှဲခဲ့တဲ့စစ်ပွဲဟာ ISIS ကို အားနည်းသွားစေခဲ့ဒါဖြစ်ပါတယ်။
Baghdadi သေဆုံးသွားတဲ့သတင်းတွေရောက်ရှိလာခဲ့အခါ လူအများအပြားတွေအဖို့ ဒီအကြမ်းဖက်သမားကြီးသေဆုံးတဲ့သတင်းကို ယုံကြည်ဘို့ မလွယ်ဘဲရှိခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုရရင် ဒီလိုသတင်းထွက်လာဒါက ပထမအကြိမ်မဟုတ်သာ မဟုတ်ဒါကြောင့်ဘဲဖြစ်ပါတယ်။ တကြိမ်တည်းမှာဘဲ ဒီသတင်းကို အမေရိကန်သမ္မတ Mr Trump ကိုယ်တိုင် ကြေငြာခဲ့ဒါမို့ လူအများတို့အတွက် ဘေးပယ်ထားလို့မရနိုင်ဘဲလည်း ဖြစ်ခဲ့ရပါတယ်။ သမ္မတ Mr Trump ရဲ့ပေါ်လစီဟာ အဓိကအားဖြင့် ISIS ကို တိုက်ရိုက်ဖျက်ဆီးချေမှုန်းရေးကို အဓိကထားခဲ့ပြီး၊ သမ္မတက “သူဟာခွေးတကောင်နဲ့ သူရဲဘောကြောင်သူတယောက်လို အသတ်ခံရတယ်” လို့ ကြေငြာခဲ့ပါတယ်။ သမ္မတ Mr Trump က Baghdadi ဟာ လှိုင်ခေါင်းထဲမှာ ဂျောင်ပိတ်မိတဲ့အခါ သူ့ခါးမှာပတ်ထားတဲ့ ပေါက်ကွဲစရာ ပစ္စည်းတွေကို ခလုတ်နှိပ်ဖေါက်ခွဲခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ Osama Bin Laden ကို ဆန့်ကျင်ပြီး စစ်ဆင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အထူး Delta Force တပ်ဖွဲ့ကို Abu Bakr Al-Baghdadi ကို ချေမှုန်းသုတ်သင်ရာမှာလည်း အသုံးပြုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ Baghdadi ရှိနေတဲ့နေရာနဲ့ပါတ်သက်ပြီး သတင်းပေးမှုအတွက် ဆုငွေအမေရိကန်ဒေါ်လာပေါင်း (၂၅) သန်း ထုတ်ပြန်ကြေငြာထားခဲ့ပါတယ်။
Baghdadi သေဆုံးပျောက်ကွယ်သွားဒါနဲ့အတူ နိုင်ငံတကာ လူမှုအသိုင်းအဝိုင်းဟာ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒရဲ့ Baghdadi နောက်ပိုင်းအသွင်အပြင်ကို စိုးရိမ်ကြောင့်ကြစွာနဲ့ သိရှိလိုကြလိမ့်မယ်ဖြစ်ပါတယ်။ Osama ဇာတ်သိမ်းသွားခဲ့တဲ့နောက်ပိုင်းလည်း အလားတူမျှော်လင့်ချက်တွေနဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာခဲ့ဒါကို သတိရကြမယ်ဖြစ်ပါတယ်။ သို့သော်ငြားလည်း အကြမ်းဖက်ဝါဒရဲ့ သရုပ်မှန်ဟာ သိသိသာသာလျော့ကျလာဒါကိုတော့ မတွေ့မြင်ရပါဘူး။ ဒီလိုဖြစ်မဲ့အစား ခေတ်သစ်ကာလက ကြောက်မက်ဖွယ်ရာ အကြမ်းဖက်အုပ်စုနှစ်ခုဖြစ်ကြတဲ့ Al-Nusrah နဲ့ ISIS တို့ကို Al Qaeda ရဲ့ ကြီးကြပ်မှုအောက် ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။
Al-Qaeda ရဲ့ အရှိန်အဝါကျဆင်းလာတဲ့အခါ ISIS ဟာ ပိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ ISIS တပ်ဖွဲ့ဝင်တွေက ကမ္ဘာတဝှမ်း ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေများစွာ ပြုလုပ်ခဲ့ကြပါတယ်။ Baghdadi နဲ့ Osama တို့ဟာ သူတို့ကို ကြင်နာသနားထောက်ပံ့ကြသူတွေအတွက် အရှိန်အဝါမြင့်မားတဲ့ မျက်နှာသွင်နဲ့ စွမ်းအားတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ စစ်မှန်တဲ့အာဏာရှင်တွေမဟုတ်ကြပါဘူး။ ဒီနေ့ဒီအခါမှာ ISIS ဟာ တိုက်ကြီးအဖြာဖြာတို့မှာ အရေးယူဆောင်ရွက်ကြတဲ့ ကွန်ယက်တွေကို သူတို့ရဲ့ အာဏာလွှမ်းမိုးရာဒေသမှာ ဖွင့်လှစ်ထားကြပါတယ်။ ISIS ကို ဆန့်ကျင်တဲ့ ရှုထောင့်ပေါင်းစုံမှ စစ်ပွဲတွေဆင်နွှဲနေပြီး၊ တချို့ဒေသမှာ အောင်မြင်မှုလည်း ရရှိလျှက်ရှိပါတယ်။ Syria နဲ့ အီရတ်နိုင်ငံမှာ ထောင်ပေါင်းများစွာသော ISIS တပ်သားတွေကို ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ထဲမှာ ဥရောပနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
ကွဲပြားခြားနားတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ISIS ကေဒါတွေကို အကြီးအကျယ် ဝိုင်းရံထားမှုကို အရင်းအမြစ်မှ ပြုလုပ်ဘို့ဖြစ်လာခဲ့ပါတယ်။ Baghdadi ရဲ့နိဂုံးချုပ်မှုနဲ့အတူ ISIS ရဲ့ဇာတ်လမ်းကလည်း အဆုံးသတ်သွားမယ့်ဟန်ရှိပါတယ်။ တခဏအတွက်ငြိမ်သက်မှုလည်းရှိနိုင်ပါတယ်။ သူ့ကိုဆက်ခံမှုနဲ့ပတ်သက်ပြီး အုပ်စုအတွင်း တိုက်ခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ISIS ဟာ နိုင်ငံရေးဟာကွက်ရှိပြီး၊ ဒေသပိုင်းအတွင်း မငြိမ်မသက်မှုတွေရှိနေသမျှ ဆက်လက်တည်ရှိနေမှာသာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ထင်မြင်ချက်ကတော့ ISISi ကို ဆန့်ကျင်တိုက်ခိုက်မှုတွေ ဆက်လက်တည်ရှိရမယ်ဆိုဒါဘဲဖြစ်ပါတယ်။ ပြည်သူတို့အနေနဲ့ ISIS အကြမ်းဖက်သမားတွေ ကျူးလွန်ခဲ့တဲ့ နှိပ်စက်ကြမ်းကြုတ်မှုတွေကို သတိရသင့်ပါတယ်။ ISIS ရဲ့ အလယ်အလတ်အသက်အရွယ် အတွေးအခေါ်ဝါဒတွေက ကျဆင်းလာမယ်ဖြစ်ပါတယ်။ ပျောက်ကွယ်တတ်တဲ့အပိုင်း ကာလတခုကို ဖြတ်ကျော်နေတဲ့ ပိုမိုကြီးမားတဲ့ အာရပ်ကမ္ဘာအတွင်းမှ နိုင်ငံရေးစနစ်တွေမှာ ယုံကြည်အားကိုးမှုကို ပြန်လည်တည်ဆောက်သွားရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Fazzur Rahman Siddiqui ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment