“တောင်တရုတ်ပင်လယ်ဟာ မီးတောက်လောင်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ နေရာသစ်တခုဖြစ်နိုင်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့အာရှနဲ့ အိန္ဒိယသမုဒ္ဒရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင်ပါမောက္ခ Baladas Ghoshal ဝေဖန်ရေးသားပေးပို့ထားတဲ့ “တောင်တရုတ်ပင်လယ်ဟာ မီးတောက်လောင်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ နေရာသစ်တခုဖြစ်နိုင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်းက မျဉ်းကြောင်းနီကိုဖြတ်ကျော်ပြီး ဗီယက်နမ်နိုင်ငံရဲက သီးသန့်စီးပွားရေးဇုံ (EEZ) ထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာရဲ့ ဥပဒေကို ချိုးဖောက်ပြီးဖြစ်တယ်လို့ စွတ်စွဲနေကြပါတယ်။ အဲဒီစွတ်စွဲမှုက တရုတ်နိုင်ငံရဲ့ တိုင်းတာလေ့လာရေးသင်္ဘောဟာ ဗီယက်နမ်နိုင်ငံကမ်းခြေဒေသနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ရေမိုင် (၆၀) အနီးရောက်ရှိသွားပြီဆိုဒါဘဲဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတခု ဖန်တီးနေပြီး၊ တရုတ်နိုင်ငံမှ ကြီးမားတဲ့ဝင်ရောက်ခိုလှုံမှုတွေဒါဏ် ခံနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ စီးပွားရေးလုံခြုံမှုကို ခြိမ်းခြောက်လျှက်ရှိနေပါတယ်။ အဲဒီတရုတ်သင်္ဘောဟာ တခြားသင်္ဘော (၄) စီးတို့နဲ့ ခြံရံပြီး ဗီယက်နမ်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုံထဲ (၁၀၂) ကီလိုမီတာခန့် ဝင်ရောက်တိုင်းတာမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွတ်စွဲတင်ပြကြပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ Phu Quy ကျွန်းနဲ့ ဗီယက်နမ်နိုင်ငံတောင်ပိုင်း Phan Thiet မြို့မှာရှိတဲ့ ကမ်းခြေဒေသတွေမှ ၁၈၅ ကီလိုမီတာအထိ ရောက်ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားဒါကို တွေ့ရှိရပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်းအနီး ယခုလို သင်္ဘောရှိနေဒါဟာ ပီကင်းအစိုးရရဲ့ Hanoi အစိုးရရဲ့ရေကြောင်းသွားလာရေးစွမ်းအားကို ထိုးစွနေဒါဘဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ဗီယက်နမ်နိုင်ငံရဲ့ ရုရှားနိုင်ငံ ‘Rosneft’ ရေနံထွက်ပစ္စည်းကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ရေနံနဲ့ ဓါတ်ငွေ့ စူးစမ်းရှာဖွေရေးကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာကတည်းက တောင်တရုတ်ပင်လယ်အတွင်းက စွမ်းအင်ကြွယ်ဝတဲ့ ရေနယ်နိမိတ်တွေနဲ့ အသွားအလာမပြတ်ရှိနေတဲ့ သင်္ဘောသွားလာရေးလမ်းကြောင်းနဲ့ပါတ်သက်ပြီး အငြင်းအခုံတွေဖြစ်ပွားနေစဲဘဲဖြစ်ပါတယ်။ ပီကင်းအစိုးရရဲ့ ဗီယက်နမ်စီးပွားရေးဇုံထဲ ကျူးကျော်ဝင်ရောက်မှုဟာ မကြာသေးမှီသောနှစ်များအတွင်း အထူးသဖြင့် လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ပိုမိုများပြားလာခဲ့ပါတယ်။

ဒီလိုပြုလုပ်နေဒါက သမ္မတ Mr Xi Jinping ရဲ့ အိမ်မက်ဖြစ်တဲ့ဒေသပိုင်းအတွင်း တရုတ်နိုင်ငံရဲ့ နယကအဖြစ် စိုးမိုးအုပ်ချုပ်လိုခြင်းကို ဖြည့်ဆည်းပေးဖို့နဲ့ ကွန်မြူနစ်သမ္မတနိုင်ငံ တည်ထောင်ခဲ့တဲ့ နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပပွဲနဲ့လည်း တိုက်ဆိုင်နေဒါဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ တဖက်သတ်ကြေငြာခဲ့တဲ့ “nine-dash line” ဟာ အလွန်ကျယ်ဝန်းပြီး၊ U ပုံသဏ္ဍာန်ရှိကာ၊ ပီကင်းအစိုးရ ကြေငြာနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း တိုးချဲ့ခြင်းတို့ဟာ ကြီးမားလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ တိုက်ကြီးဆိုင်ရာ ဆင်မြင့်တခုဖြစ်တဲ့ ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ကို ဈေးနှုန်းသက်သွာစွာနဲ့ ရေနံဖြန့်ဖြူးပေးခဲ့တဲ့ Hanoi မြို့အထိ အကျုံးဝင်လျှက်ရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အလေ့အကျင့်တွေကို ထိန်းချုပ်ဘို့အတွက် ယန္တယားများ ဖန်တီးခြင်းနဲ့ ဌာနပိုင်းဆိုင်ရာ အစီအစဉ်တွေနဲ့ ထိန်းချုပ်ဘို့ရာ အတိတ်ကာလကတည်းက ကြိုးပမ်းခဲ့ပြီး ယခုတိုင် ဆက်လက်ပြုလုပ်လျှက်ရှိနေပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းမှုတွေဟာ ယခုထက်တိုင် အောင်မြင်မှုမရရှိသေးပါဘူး။ ဒါကြောင့် အဓိကအချက်ကတော့ ASEAN အဖွဲ့ကြီးက ငြိမ်းချမ်းရေးနဲ့ တည်တံ့ရေးတို့ကို ထိန်းသိမ်းထားပြီး၊ တောင်တရုတ်ပင်လယ်မှာ တိုက်ခိုက်မှုတွေ ထိန်းချုပ်ဘို့အတွက် ယန္တယားတခု တည်ဆောက်ရမယ်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ပါတ်သက်ပြီး ရပ်တည်ချက်ဟာ UNCLOS လို့ခေါ်တဲ့ ပင်လယ်များဆိုင်ရာဥပဒေအပေါ် ကုလသမဂ္ဂရဲ့ပြဋ္ဌာန်းချက်အတိုင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အဲဒီဒေသပိုင်းအတွင်းက နိုင်ငံတွေနဲ့ နည်းဗျူဟာကျ ဆက်ဆံရေးတွေ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူရ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ဆက်ဆံရေးဟာ ဝန်ကြီးချုပ် Mr Modi ရဲ့ Act East Policy ခေါ် အရှေ့သို့ အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီအောက် ပိုမိုတောင့်တင်းခိုင်မာလာခဲ့ပါတယ်။ ဒါကြောင့် အရှေ့အာရှ ထိပ်သီးညီလာခံမှာ အရှေ့အာရှနိုင်ငံတွေရဲ့ ခေါင်းဆောင်ပိုင်းသမ္မတ ASEAN အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကလည်း တောင်တရုတ်ပင်လယ်အရေးကိစ္စကို လေးလေးနက်နက် ထုတ်ဖေါ်ပြောဆိုကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ရပ်တည်ချက်ဖြစ်တဲ့ လွတ်လပ်စွာရေကြောင်းသွားလာမှု၊ စည်းမျဉ်းတွေအပေါ် အခြေခံတဲ့ ပင်လယ်ရေကြောင်း အမိန့်နဲ့အငြင်းအခုံတွေကို အေးချမ်းသောနည်းလမ်းများအရ ဖြေရှင်းရေး စသည်တို့ကို ထပ်လောင်းကတိပြုလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Baladas Ghoshal ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”