လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်တွင်းမှ လုပ်ငန်းဆောင်တာများ

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ရေးသားပေးပို့ထားတဲ့ ‘လွန်ခဲ့သည့်သီတင်းပတ် ပါလီမန်လွှတ်တော်တွင်းမှ လုပ်ငန်းဆောင်တာများ’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပါလီမန်လွှတ်တော်ရဲ့ မုတ်သုံရာသီ အစည်းအဝေးကာလဟာ တင်းကျပ်လှတဲ့ ဘေးကင်းလုံခြုံရေး ချမှတ်မှုတွေနှင့်အတူ စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ခဲ့ပါတယ်။ လွှတ်တော် ၂ ရပ်စလုံးတို့ဟာ စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း မနားဘဲ အစည်းအဝေးပြုလုပ်လျှက်ရှိပါတယ်။ လွှတ်တော်အသီးသီးတို့ဟာ မနက် ၁ ကြိမ်၊ နေ့လယ် ၁ ကြိမ်နှင့် ၁ ရက်မှာ ၄ နာရီကြာ အစည်းအဝေး ပြုလုပ်ပါတယ်။ မုတ်သုံကာလအတွင်း အစည်းအဝေးပြုလုပ်မှု စုစုပေါင်း ၁၈ ကြိမ် ရှိသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်က လွှတ်တော်အတွင်း အာရုံပြုများတဲ့အရေးတွေမှာဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် ညွှန်ကြားချက်တွေကို အစားထိုးဖို့ မူကြမ်း ၁၁ ခုနှင့် တရုပ်နယ်စပ် ထိပ်တိုက်တွေ့ဆုံမှုကိစ္စတို့ ပါဝင်ကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ဘယ်လိုအခြေအနေကိုမဆို ရင်ဆိုင်သွားဖို့ အပြည့်အဝ ပြင်ဆင်ထားကြောင်းနှင့် ပေပေါင်း ၁ သောင်းခွဲမြင့်မားတဲ့နေရာထားရှိတဲ့ အိန္ဒိယတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ခွန်အား အလွန်မြင့်မားကြောင်း ကာကွယ်ရေးဝန်ကြီး Rajnath Singh က အောက်လွှတ်တော်ကိုဖော်ပြခဲ့ပါတယ်။ Ladakh ဒေသအရှေ့ပိုင်း အခြေအနေတို့နှင့် ပတ်သက်၍ အထက်လွှတ်တော်တွင် Ladakh ဒေသအတွင် နိုင်ငံတော်၏ နယ်စပ်ဒေသများကို အိန္ဒိယတပ်သားများ ကင်းစောင့်နေခြင်းမှ မည်သည့်အရာကမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

အထက်လွှတ်တော်အတွင်း တင်သွင်းခဲ့သည့် မူကြမ်းများတွင် ၂၀၂၀ ခုနှစ် ဝန်ကြီးများ လစာငွေကြေးနှင့် ခွင့်ပြုချက်များ (ပြင်ဆင်ချက်) ဥပဒေမူကြမ်း၊ ၂၀၂၀ ခုနှစ် ကမ္ဘာ့ကပ်ရောရာများ (ပြင်ဆင်ချက်) ဥပဒေမူကြမ်း၊ ၂၀၂၀ ခုနှစ် ဟိုမီဟိုပသီ ဗဟိုကောင်စီ (ပြင်ဆင်ချက်) ဥပဒေမူကြမ်းနှင့် ၂၀၂၀ ခုနှစ် အိန္ဒိယ ဆေးဝါးဆိုင်ရာ ဗဟိုကောင်စီ (ပြင်ဆင်ချက်) ဥပဒေမူကြမ်းတို့ကို အထက်လွှတ်တော်တွင် နှုတ်ဖြင့် မဲခွဲတင်သွင်းခဲ့သည်။

အထက်လွှတ်တော်ဟာ ယခုနှစ် မတ်လ ၂၅ ရက်နေ့မှစပြီး ကိုဗစ်-၁၉ ဆိုင်ရာ အကြွေးမဆပ်နိုင်မှုကို နောက်ထပ် အမြင့်ဆုံး ၁ နှစ်ကာလအတွက် ဒေဝါလီခံမှု လုပ်ငန်းဆောင်တာ ဆိုင်းငံ့သွားရေး ဥပဒေမူကြမ်းတရပ်ကိုလည်း အတည်ပြုခဲ့ပါတယ်။ ငွေကြေး ခဝါချခြင်းနှင့် ဘဏ်များ ဒေဝါလီခံမှုဆိုင်ရာ စည်းမျဉ်းဥပဒေ၏ ရည်စူးချက်မှာ ကုမ္ပဏီများကို ၎င်းတို့ ငွေကြေးပေါ်လွယ်စေမှုထက် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး ထားရှိရန်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က အထက်လွှတ်တော်တွင် ဖော်ပြခဲ့သည်။ အောက်လွှတ်တော်သည် အခွန်ငွေ ပေးဆောင်သူများအတွက် အခွန် ကြီးကျပ်စီမံရာတွင် သက်သာလျော့ပါးရေးနှင့် ပွင့်လင်းမြင်သာမှုရှိရေးထားရှိရန် အခွန်ကောက်ယူမှုဆိုင်ရာ ဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်… စသဖြင့် ဆောင်းပါးရှင် Yogesh Sood ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”